Xiaomi Mi A2 ROOT, TWRP, MAGISK, MM FONT
အပိုင်း ၁-TWRP ထည့်ခြင်းပြဿနာ
ပြဿနာ အစက မြန်မာဖောင့်ပျောက်သွားတာ။
ဆိုင်က ဝယ်ကတည်းက Bootloader ကို Unlock လုပ်ထားပြီးသား။ Magisk Manager ကိုသုံးပြီး MMONE.zip Module နဲ့ မြန်မာဖောင့်ထည့်ထားခဲ့တဲ့စက်၊ အခု ဘယ်ကဘယ်လို မြန်မာဖောင့်ပျောက်သွားတယ်မသိ။ ဖြစ်နိုင်ခြေအများဆုံးက Update လုပ်လိုက်မိလို့ boot.img က A2 ရဲ့ Stock boot image ပြန်ဖြစ်သွားတယ်ထင်ပါရဲ့။ Magisk လည်း အလုပ်မလုပ်တော့ဘူးဖြစ်နေတယ်။ Root Access လည်း မရှိတော့။
အဲဒီတော့ ဘယ်ကနေ စ ရ မလဲ။

ခေါင်းထဲ ပထမဆုံး ပေါ်လာတာ TWRP ။
TWRP ကိုသုံးပြီး MIUI myanmar font zip ဖိုင်လေး Flash လိုက်ရင် ပြီးပြီပေါ့။
ဟင့်အင် မရပါဘူး။ Xiaomi A1 တို့ A2 တို့လို ANDROID ONE စက်တွေက A,B Partitions ဆိုပြီး Slot နှစ်ခုနဲ့ လာတယ်။ အဲဒီမှာ မျောက်စေ့တွေလည်ရော။
boot ဆိုလည်း boot_a နဲ့ boot_b
system ဆိုလည်း system_a နဲ့ system_b
modem ဆိုလည်း modem_a နဲ့ modem_b
အစရှိသဖြင့် Slot နှစ်ခုစီနဲ့လာတယ်။ ဒါပေမယ့်
splash.img တို့ userdata တို့ persist တို့ကတော့ တစ်ခုပဲ။ သူတို့မှာတော့ slot a, b ဆိုပြီး မခွဲထားဘူး။
အဲဒီတော့ TWRP ဖိုင် ရှိလို့ fastboot mode ကနေ

fastboot flash recovery ဘာညာကွိကွ.img
(မှတ်ချက်- ဘာညာကွိကွ = TWRPfilename) 😂
ဆိုပြီး ထည့်လိုက်ရင် သူက လက်ရှိ Active ဖြစ်နေတဲ့ Slot ထဲကို ထည့်သွားရော။ ပုံမှန်တော့ Active slot က A ပါ။ အပေါ်က command က
fastboot flash boot_a ဘာညာကွိကွ.img
ဆိုတဲ့ command နဲ့ အတူတူပဲဖြစ်သွားတယ်။ ပြဿနာက အခုလက်ရှိ ရှာလို့ရတဲ့ TWRP ဖိုင်တွေကို Slot A မှာ ထည့်လိုက်မိရင် လစ်ရော။ boot animation မှာပဲ တစ်လစ်ကြီးလည်ခံနေရော။ ဆိုဒေါ့ဂါ . . . . . .
TWRP ကို လုံးဝ Flash မလုပ်ပါနဲ့။
တစ်နည်းပဲရှိပါတယ် ထည့်မှ ထည့်ချင်သပဆိုရင်ဒေါ့ ဒီလိုလုပ်
TWRP ကို လုံးဝ Flash မလုပ်ပါနဲ့။
တစ်နည်းပဲရှိပါတယ် ထည့်မှ ထည့်ချင်သပဆိုရင်ဒေါ့ ဒီလိုလုပ်
fastboot flash boot_b ဘာညာကွိကွ.img
ပြီးရင်
fastboot set_active b
လို့ရိုက်။
ပြီးရင် Volume up နဲ့ Power နဲ့ တွဲပြီး Recovery ခေါ်ရင် ရပါတယ်။
တစ်ခု ဆိုးတာက သူက Slot B မှာသွင်းလိုက်ပြီး Slot B မှာပဲ ပြန်ခေါ်တာဖြစ်တဲ့အတွက် TRWP တက်လာလို့ ထည့်လိုက်သမျှ zip ဖိုင်းတိုင်းဟာ ( ဥပမာ - supersu.zip, lazy_flasher.zip, magisk.zip, စသဖြင့် ) Slot B မှာပဲ သက်ရောက်မှုရှိပါတယ်။ Xiaomi A2 ရဲ့ active system က Slot A ထဲမှာ ရှိနေတာဖြစ်တဲ့အတွက် ဒီနည်းလည်း အဆင်မပြေလှပါဘူး) အဲဒီ Recovery သုံးပြီးရင်လည်း သူ့ရဲ့ Reboot မီနူးမှာ Slot A ကို ပြန်ရွေးပေးရပါတယ်။ ဒါမှ စက်ကပွင့်လာမှာကို။ Slot A ပြန်မရွေးမိရင် Slot B ကြီးပဲ ပြန် Boot နေမှာမို့ Animation Logo မှာပဲ ရပ်နေမှာပါ။ အဲဒီတော့ Recovery သုံးပြီးတာနဲ့ သူ့ရဲ့ Reboot ကိုနှိပ်၊ ပြီးရင် Slot A ကိုနှိပ်။ ဒါမှ မဟုတ်ရင်လည်း ဖုန်းကို Fastboot mode ပြန်ခေါ်၊ command ကနေ
fastboot set_active a
လို့ရိုက်။ အတူတူပဲ။

Magisk ပြန်ထည့်ခြင်း၊ Root ဖောက်ဖြင်း မအောင်မြင်သေးပါဘူး။ ရှင်းရှင်းပြောရရင် TWRP က အသုံးမတည့်ပါဘူး။ Slot B မှာထည့်ရင် သုံးလို့မရ၊ Slot A မှာထည့်ရင် လိုဂိုရပ်။ 😂
အပိုင်း ၂
အပိုင်း ၁ တုန်းက TWRP ကလိတာရယ်၊ ဟိုဟာ သွင်း ဒီဟာသွင်းလုပ်တာတွေရယ်၊ Fastboot ROM ပြန်တင်ရတာရယ်နဲ့ အကုန်ပေါင်းပြီး ဖြစ်သွားတာကတော့ Wifi မရ၊ လိုင်းမတက် ဖြစ်သွားတော့တာပါပဲ။ About Phone မှာစစ်ကြည့်တော့ Baseband ရှိ၊ IMEI ရှိ၊ အကုန်ရှိ။ ပျောက်နေတာ တစ်ခုပဲ။ WIFI ရဲ့ MAC Address ။ ကောင်းတာတစ်ခုက TWRP ကို Slot B မှာသွင်းခဲ့တုန်းက ဖုန်းက လိုဂိုလည်ခဲ့တယ်၊ ဒါပေမယ့် Diag Port တော့ ပွင့်လာတယ်။ 😂 ပုံမှာကြည့်ကြည့်ပါ။ Diagnosis port 9091 ဖြစ်ချင်ဖြစ်မယ်၊ 9092 ဖြစ်ချင်ဖြစ်မယ်။ နှစ်ခုလုံး အလုပ်ဖြစ်ပါတယ်။ အဲလိုဖြစ်တုန်းက Miracle Box လေးနဲ့ QCN ကို Back up ယူထားတာရှိတယ်ဗျ။
ဗျာ !!!
Miracle လား ? Cracked ပါဗျာ။ ဝယ်ဖို့ ပိုက်ဆံ မရှိသေးပါဘူး။
Miracle လား ? Cracked ပါဗျာ။ ဝယ်ဖို့ ပိုက်ဆံ မရှိသေးပါဘူး။
အဲဒီဖိုင်လေးကို Miracle နဲ့ ပြန်ရေးလိုက်တယ်။ WIFI ပြန်ရတယ်။ လိုင်းမတက်သေး၊ IMEI ပါပျောက်။ 😇😇
( မှတ်ချက်- Mi A2 ရဲ့ Wifi တစ်ခုပဲ ပြဿနာတက်နေတယ်ဆိုရင် persist.img ကို 9008 ကနေပြန် flash လို့ ရပါတယ်။ Mi 6X Firmware ထဲက persist.img လည်း အလုပ်ဖြစ်ပါတယ်)
အခုက Root လည်းမရှိဘူးဆိုတော့ Diag Port ဖွင့်ချင်ရင် TWRP ကို fastboot ကနေ boot ချလိုက်တာပဲ။ Flash တော့ မလုပ်နဲ့နော်။
😂 command က ဒီလို
😂 command က ဒီလို
fastboot boot ဘာညာကွိကွ.img
အဲလိုလုပ်ရင် Qualcomm Diag Port ပွင့်တယ် ။
ပြဿနာပိုတက်သွားတာက Miracle နဲ့ Back up ယူထားတဲ့ Qcn×××××.Falcon ဖိုင်ကို ပြန်ရေးတာ ကြိုက်သလောက်ရေး လိုင်းမတက်တော့ဘူး။ IMEI လည်း ဖြုံဖြုံတောင်မရှိ၊ Invalid ဖြစ်လိုက် 0 ဖြစ်လိုက်နဲ့။ Port က အလုပ်လုပ်တာသေချာတယ်။ QPST နဲ့ ရော DFS Tool နဲ့ရော Diag Port ကနေပြန်စစ်/ ရေးကြည့်တော့ ရတယ်။ ဒါပေမယ့် လိုင်းက မတက်လာသေးဘူး။
နောက်တစ်ခါ MI 6X ရဲ့ Qcn ဖိုင်လေးဒေါင်းပြီး ထည့်တော့ IMEI ပေါ်တယ်၊ လိုင်းမတက်နိုင်၊ No Service ပြ။ ( Mobile Radio အလုပ်မလုပ်နိုင်)

Mi A2 ရဲ့ Qcn ဖိုင်အမှန်နဲ့မှကို ရတော့မယ့် အနေအထား။ Miracle နဲ့ ဆွဲထုတ်ထားတဲ့ qcn က အလုပ်မဖြစ်။ TWRP နဲ့ Back up ယူထားတဲ့ EFS ကလည်း Firmware ပြန်တင်တုန်းက ပျက်သွား။
ရှာရင်း ရှာရင်းနဲ့ Mi A2 ရဲ့ QCN နောက်ဆုံး တွေ့ပါလေရော။ ဒါပေမယ့် IMEI ကို 0 တွေနဲ့ ပြင်ထားတဲ့ ဖိုင် ။ သူ့ကို Restore လုပ်တော့ အားလုံး အဆင်ပြေ။ IMEI 0 တွေဖြစ်နေတာတစ်ခုပဲ။
IMEI အမှန်ပြန်ပြင်ဖို့ QCN ကို Hex Editor နဲ့ ပြင်ဖို့လိုသေးတယ်။
အပိုင်း ၄ - Rooting
MM Font ထည့်တာကတော့ Mi A1 နဲ့ ပုံစံဆင်တူပါတယ်။
Mi A1 Root နဲ့ mm font အသေးစိတ်ကို ဒီ Link မှာ ကြည့်ပါ။ 👇
Mi A1 Root နဲ့ mm font အသေးစိတ်ကို ဒီ Link မှာ ကြည့်ပါ။ 👇
တကယ့်တကယ်တော့ အစကတည်းက ဒီ အပိုင်း ၄ ကို အရင်ဆုံးလုပ်ရင် အားလုံးအဆင်ပြေပါတယ်။ လျှာရှည်၊ အရစ်ရှည်ပြီး TWRP ထည့်ချင်တာဆိုတော့ အကုန်ရှုပ်ကုန်ရော။ အရစ်ရှည်ချင်ရတဲ့ အကြောင်းကတော့ အခုကျနော် ပြင်တဲ့ဖုန်းက Customer ရဲ့ ဖုန်း မဟုတ်ပါဘူး။ ကျနော့် မိန်းမရဲ့ဖုန်းပါ 😅😂။ Service သမားဆိုတော့ကလည်း ကိုယ်နဲ့ ဆိုင်ရာဖုန်းတို့ ကိုယ်ပိုင်ဖုန်းတို့ဆို မလိုအပ်လည်း Root ဖောက်ချင်ရတာနဲ့၊ TWRP ထည့်ချင်ရတာနဲ့၊ Magisk လေးသုံးချင်ရတာနဲ့ . . .စသဖြင့်ပေါ့လေ။ 😇
အသေးစိတ်တော့ မရေးတော့ပါဘူး။ အပေါ်က Mi A1 Link မှာ အစုံပါပါတယ်။
အသေးစိတ်တော့ မရေးတော့ပါဘူး။ အပေါ်က Mi A1 Link မှာ အစုံပါပါတယ်။
Bootloader unlock ဖြစ်နေရပါမယ်။
Magisk Manager apk ကို Install လုပ်ပါ။ Mi A2 ရဲ့ Stock Boot Image ကို Patch လုပ်ပါ။ (လက်ရှိ တင်ထားတဲ့ ROM နဲ့ Patch လုပ်မယ့် boot.img Version တူရပါမယ်။ Stock boot.img ကို Fastboot Rom ကို ဖြည်ချလိုက်ရင်တွေ့ပါလိမ့်မယ်။ boot.img ကို ဖုန်းထဲကိုအရင်ကူးပါ။ ပြီးမှ Patch လုပ်ပါ။ ဖုန်းက အင်တာနက်ဖွင့်ထားရပါမယ်)

ပြီးရင် Patch လုပ်ပြီးသား patched-boot.img ကို ဖုန်းရဲ့ Download Folder ထဲမှာရှာပါ။ တွေ့ရင် PC ထဲကိုပြန်ကူးထားပါ။
ပြီးရင် ဖုန်းကို Fastboot mode ဝင်ပါ။
ပြီးရင် ဖုန်းကို Fastboot mode ဝင်ပါ။
fastboot flash boot_a patched-boot.img
fastboot flash boot_b patched-boot.img
fastboot reboot
fastboot flash boot_b patched-boot.img
fastboot reboot
ဖုန်းပြန်တက်လာတဲ့ အခါ Magisk နဲ့ Root ပါပြီးသား ဖြစ်နေပါလိမ့်မယ်။ Magisk ရဲ့ Module ကနေ + ကိုနှိပ်ပြီး MMONE.zip ကိုရွေးပေးပါ။
မြန်မာဖောင့် ရပါပြီ။
Download mmone.zip magisk module 👇👇
https://my.pcloud.com/publink/show…
မြန်မာဖောင့် ရပါပြီ။
Download mmone.zip magisk module 👇👇
https://my.pcloud.com/publink/show…
ပြီးစီးကြောင်း။
အပိုင်း ၃ ခဏ နေအုံး။ ရေးလိုက်အုံးမယ်။
အပိုင်း ၃ ခဏ နေအုံး။ ရေးလိုက်အုံးမယ်။
No comments:
Post a Comment