အဟာရလည်းကိုယ်တိုင်ကျွေးလို
ရွှေ ၃ မိုင် ဒီဆိုင်တွေ့တာနဲ့ မိဘမဲ့ကျောင်းလေးရောက်ပါပီ ဆိုင်ဘေးမှာပါနော်
ဒါကတော့ Mdyတည်းမှာရှိတဲ့ ပင်မတည်နေရာလေးပါ
19:10:2018
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ၃မိုင်
အလှူငွေ-၁သိန်းကျပ်လှူခဲ့ပါတယ်
ကျောင်းလေးမှာလိုအပ်မှုတွေများနေပါတယ်
တည်ထောင်သူဘုန်းဘုန်းမှာ
ကျွဲဆည်ကန်အနီနားသွားလာရင်း
ဖားရိုက် ငါးမြှားကလေးငယ်လေးတွေကို
သွားလာတိုင်းတွေ့နေရသဖြင့်
ကျောင်းမတတ်ဖူးလားမေးရာမှ နေချင်ပါကြောင်း
ပိုက်ဆံမရှိတာကြောင့်မိဘများမထားနိင်ပါ
သူတို့လေးတွေရဲ့မိခင်များနဲ့တွေ့ဆုံရာ
ကျမတို့မှာတစ်ရက်လုပ်တစ်ရက်စား
ပိုက်ဆံမရှိသောကြောင့်
ကျောင်းမထားနိင်တာပါဆိုသည့်စကားမှာ ဘုန်းဘုန်းရင်ထဲဝမ်းနည်းကြေကွဲရပါသည်
နောက်ဆုံး ပိုက်ဆံမကုန်စေရ ထမင်းပါကျွေးမယ် ကျောင်းထားမလားဟုမေးရာမှ
ထားချင်ပါကြောင်းသိရပီ
ကျွဲဆည်ကန်တွင် တဲလေးထိုး အမိုးလေးမိုးကာ
စံပယ်လေးရုံ မိဘမဲ့ကျောင်းလေးစတည်ထောင်ပီး
စာပေပို့ချခဲ့လေသည်
ထိုမှတစ်ပါ ရင်ခွင်မဲ့ သောအဖေဆိုတာသူတို့မသိ အမေရယ်ဆိုတာမရှိမိဘမဲ့ကလေးများရောက်ရှိ လာပါတယ် ချို့တဲ့ကလေးများ လည်းပညာသင်နိင်စေတော့သည်
ဘုန်းဘုန်းမှာ မတည်အလှူရှင်မရှိသဖြင့်
တိုးပွားလာတဲ့မိဘမဲ့ကလေးများနေထိုင်ဖို့
ဆောက်လုပ်ဆဲအဆောက်ဦးမှာ မပီးမြောက်နိင်သေး
သွားရောက်လှူပေးကြပါဦးနော်
ခု၃မိုင်မှာ မိဘမဲ့ကလေး ကျောင်းခွဲလေးတစ်ခုရှိပါတယ် အဲဒီမှာလည်း ရင်ခွင်မဲ့ကလေးများနေအိမ် မပီးမြောက်သေးပါ
တစ်ထောင်ဆိုတာ သင့်အတွက် တစ်ရက်စာဘေဖိုးပါ
သူတို့အတွက် ဆေးတစ်ခွက်လိုအရေးပါတဲ့ အဓိကထမင်းအိုးလေးပါ လိုအပ်တဲ့အိုးကိုရေဖြည့်ပေးခြင်းဟာ
ပိုပီး ပိတိဖြစ်စေရပါတယ်
အို သူဌေးများ ပြည့်နေသောရေအိုးအပြိုင်မဖြည့်ကြပါနဲ့ တကယ်လိုအပ်နေသောဒီလိုကျောင်းလေးတွေကိုလှူဒါန်းပေးကြပါနော်
ဘဝလေးအေးချမ်းပီး စီးပွားရေးများတိုးတတ်ပါစေ🙏
https://www.facebook.com/kgma.lay.16100/posts/775803316102270
No comments:
Post a Comment