Showing posts with label Window. Show all posts
Showing posts with label Window. Show all posts

Thursday, October 18, 2018

Bat File ကနေ ပြောင်းထားတဲ့ EXE ဖိုင်တွေနဲ့ Unicode သုံးထားတဲ့ Bat File တွေကနေ မူရင်း Code ကို ပြန်ကြည့်ကြမယ်

Bat File ကနေ ပြောင်းထားတဲ့ EXE ဖိုင်တွေနဲ့ Unicode သုံးထားတဲ့ Bat File တွေကနေ မူရင်း Code ကို ပြန်ကြည့်ကြမယ်
**********************************************************************************************************************************************************
တစ်ခါတစ်လေမှာ Batch File ရေးသားသူတစ်ယောက်ဟာ သူရေးထားတဲ့ Batch File ထဲက Code တွေကို တစ်ပါးသူ မမြင်ရအောင် Bat to EXE ဆိုတဲ့ Software လေးကို သုံးပြီးတော့ ကာကွယ်ထားတတ်ကြပါတယ်။
တစ်ချို့တစ်လေကလည်း Batch File ကနေ ရေးထားတဲ့ Code တွေကို လွယ် လွယ်ကူကူပြန်မဖော်နိုင်အောင် Unicode Character တွေပြောင်းလဲထား တတ်ကြပါတယ်။ အဲဒီလို ပြောင်းလဲထားတဲ့ Unicode Batch File ကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် တရုတ်စာလို၊ ကိုးရီးယားစာလို မြန်မာစာလို အက္ခရာ မျိုးတွေကိုပဲ တွေ့ရမှာဖြစ်ပါတယ်။
ဒီတော့လေ့လာချင်လို့ အဲဒီလိုမျိုး Batch File တွေက ရေးသားတဲ့ Code တွေကို ဘယ်လိုကြည့်မလဲ။ ဒီနည်းကတော့ လွယ်လွယ်လေးပဲဖြစ်သလို ဘယ် Tool ကိုမှလည်း အသုံးပြုစရာမလိုပါဘူး။ အတွေ့အကြုံရှိပြီးသားတွေအတွက် ကတော့ သိပြီးသား အကြောင်းအရာတွေပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မသိသေးသူတွေ အတွက် ရည်ရွယ်ပြီးတော့ ဖော်ပြပေးထားတာဖြစ်ပါတယ်။

လေ့လာနိုင်စေရန် သပ်သပ်သာဖြစ်ပါသည်။

ဒီဖိုင်တွေကို သမရိုးကျဖွင့်ကြည့်မယ်ဆိုရင် exe ဖိုင်ဖြစ်နေပြီးတော့ Notepad, Notepad ++ နဲ့ ဖွင့်ကြည့်လို့မရပါဘူး။ နောက်တစ်ခုက Notepad, Notepad ++ နဲ့ဖွင့်ကြည့်တဲ့အခါမှာ တရုတ်စာသားတွေနဲ့ဖြစ်နေတာကိုပဲ ထူးထူးဆန်းဆန်းတွေ့ရပါမယ်။
EXE ဖိုင်ပြောင်းထားတဲ့ Batch File တွေထဲက Code ကို ကြည့်ဖို့အတွက်
*******************************************************************************
၁။ Coding လေ့လာချင်တဲ့ Batch ဖိုင်ကို မောင်းနှင်ထားပေးပါ။ ဖွင့်ရုံပဲဖွင့်ထားပြီးတော့ ဘာမှနှိပ်စရာမလိုပါဘူး။ ဘာမှမနှိပ်ပါနဲ့။
၂။ Batch ဖိုင် ပွင့်နေတဲ့အခိုက်မှာ Start > Run ကိုသွားပြီးတော့ Run Box မှာ %temp% လို့ရိုက်ထည့်ပေးပါ။ Temp Folder ပွင့်လာမှာဖြစ်ပါတယ်။
၃။ အဲဒီ Temp ဖိုင်ဒါမှာ ကိုယ်ဖွင့်ထားခဲ့တဲ့ Batch File နာမည်နဲ့ ရှာကြည့်ပါ ခင်ဗျာ။ တစ်ခါတစ်လေ နာမည်တူတတ်သလို တစ်ခါတစ်လေလည်း နာမည်မတူတတ်ပါဘူး။ date & time နဲ့လည်း Filter လုပ်ပြီးတော့ ရှာလို့လည်းရပါတယ်။
၎။ တွေ့ပြီဆိုရင်တော့ ရှာတွေ့တဲ့ Batch File လေးမှာ Right Click > Edit လုပ်ပြီးဖွင့်ကြည့်လိုက်ပါ။ ရေးထားတဲ့ Code လေးတွေကို တွေ့ရပါလိမ့်မယ် ခင်ဗျား။
၅။ အဲဒီကနေပြီးတော့ Code တွေကို လေ့လာချင်တာလေ့လာလို့ ရပြီဖြစ်ကြောင်းပါ။
----------------------------------------------------------------------------------------------------------------------------------------------------------------------
Unicode Character ပြောင်းထားတဲ့ BATCH ဖိုင်တွေကို Code ပြန်ကြည့်ဖို့ အတွက်
**********************************************************************************
၁။ ကြည့်ချင်တဲ့ Batch File ကို WinRar နဲ့ Zip ဒါမှမဟုတ် Rar ဖိုင်အဖြစ် Zip ချုံ့လိုက်ပါ။
၂။ ရလာတဲ့ Zip ဖိုင် ဒါမှမဟုတ် Rar ဖိုင်ကို Double Click နှိပ်ဖွင့်ပေးလိုက်ပါ။ Win RAR နဲ့ ပွင့်လာပြီဆိုရင်တော့ တွေ့ရမယ့် Batch File မှာ Right Click နှိပ်ပြီးတော့ View File ကို ရွေးချယ်ပေးလိုက်ပါ။
၃။ မူရင်း Coding တွေ ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီမှာစိတ်ကြိုက်လေ့လာနိုင်ပြီပဲဖြစ်ပါတယ်။

Credit : ဆရာရဲမင်းအောင် (Ray Marm Aung)
https://www.facebook.com/permalink.php?story_fbid=1985500025083702&id=100008711711370&__xts__%5B0%5D=68.ARCzrBP8HEmh_aeuFXe-4fWazUQsmv2Ba1Ck0b6ArdhGpIZAbveHhnlSrZTTXWqjhm8xSojjVisT6wtW-5uan4blmwrj5qNRre8mKgWZsAq61DrZUtPhahbJXbKSIc4pRVLrWAFrGQ9Pq5anqAVxJ13OfLO_4xPZ3_SqaIT7gbf9RLxQcT6NxbC9mVIMAiaWdRm9pkW7w0Kkc0Mz-wg5Segi&__tn__=H-R

Saturday, June 23, 2018

text crawler

text crawler
txt doc html ဖိုင် အထဲထိ ရှာ ပေးနိုင်ပါတယ် စာသားတွေကို
https://openload.co/f/Tme_LWhEEt0/TextCrawlerPro_setup.exe
https://openload.co/f/j4UpE4c0oT8/TextCrawler_Setup.exe
https://www.digitalvolcano.co.uk/download/TextCrawler_Setup.exe
https://www.digitalvolcano.co.uk/download/TextCrawlerPro_setup.exe

Tuesday, June 12, 2018

DriverEasy_PRO_v5.6.2.12777

DriverEasy_PRO_v5.6.2.12777
DriverEasy_Professional_v5.6.2.12777_FULL.zip, Size 3.72 MB...
https://openload.co/f/reQBQnjy_lo/DriverEasy_Professional_v5.6.2.12777_FULL.zip
https://uptobox.com/63029ozte5ke
https://my.pcloud.com/publink/show?code=XZnTdu7ZEufAWSP1G2LG5V67nId1Mb30WCbV
Setup ကို Install ပြုလုပ်ပါ။ ပြီးရင် License ဖိုင်ကို ဒီနေရာအောက်မှာ Copy & Paste ပြုလုပ်ပါ။
C:\Users\<UserName>\AppData\Roaming\Easeware\DriverEasy\

အဲဒါပြီးရင် Program ကို ဖွင့်ပါ။ PRO Version ဖြစ်နေပါမယ်။
crd http://gslink.co/bvaT

Friday, May 25, 2018

Partition (diskmgmt.msc)

Partition (diskmgmt.msc)
-----------------------------
Command Prompt(Cmd) ဖြင့် Partition ပိုင်းနည်း 👨‍💻

ကွန်ပျူတာကို Super User,Advanced User အဖြစ်အသုံးပြုဖို့
စိတ်ကူးထားသူတွေအတွက် Cmd ကနေ Partition ပိုင်းနည်းလေး
ရေးတင်ပေးလိုက်ပါတယ်။ပုံမှန်လို Graphic User Interface(GUI)
ကနေ Partition ပိုင်းနည်းကတော့ ကွန်ပျူတာနဲ့မစိမ်းသူတိုင်း ပိုင်း
တတ်မယ်လို့ထင်ပါတယ်။ Run Box မှာ diskmgmt.msc ကိုရိုက်
ထည့်၊ သို့မဟုတ် Computer-This PC ကို Right Click\Manage\
Disk Management ထဲကိုနှိပ်ဝင်ပြီး ခွဲချင်သည့် Partition အပေါ်
Right Click\Shrink Volume\ ပိုင်းချင်သလောက် Size ထည့်ပေး၊
Next နှိပ်၊ Drive နာမည်ပေးပြီး ပိုင်းနိုင်ပါတယ်။

Partition ပိုင်းတာကို Super User,Advanced User အနေဖြင့်
ပိုင်းချင်တယ်ဆိုရင် Run Box မှာ Cmd ကိုရိုက်ထည့်ပြီးCmd ကို
Admin Right နဲ့ဖွင့်ဖို့ OK ကိုမနှိပ်သေးပဲ Ctrl+Shift+Enter ကို
တွဲနှိပ်လိုက်ပါ။ သို့မဟုတ် Search box မှာ cmd ကို ရိုက်ရှာ၊
Right Click\Run As Admin ကို နှိပ်ဖွင့်ပါ။ ကွန်ပျူတာမှာ Drive,
Partition ဘယ်နှစ်ခုရှိလဲကြည့်ဖို့၊စစ်ဆေးဖို့ Cmd Prompt မှာ
diskpart ကို ရိုက်ထည့်ပါ။ ပြီးရင် list volume ကို ရိုက်ထည့်ပါ။
External HDD ကို ပိုင်းချင်တယ်ဆိုရင် list volume ကို မရိုက်
ထည့်သေးပဲ list disk ကို အရင်ထည့်ကြည့်ပါ။ Internal &
External HDD နှစ်ခု တွေ့ရပါမယ်။ ဒီနေရာမှာ စဉ်းစားစရာ
တစ်ခုရှိတာက HDD တစ်ခုလုံးထဲကနေ ပိုင်းမှာလား၊ HDD မှာ
ရှိပြီးသား နေရာလွတ်များတဲ့နေတဲ့ Partition ကနေပြန်ပိုင်းမှာလား။

HDD တစ်ခုလုံးထဲကနေ ပိုင်းမယ်ဆိုရင် ပိုင်းချင်တဲ့ HDD ကိုရွေးရမယ်။
အဲ့ဒါကြောင့် list disk ကိုရိုက်ထည့်ပြီး ပိုင်းချင်တဲ့ disk နံပါတ်ကို မှတ်ထားပါ။
နောက်တစ်ကြောင်းမှာ select disk 1 ကို ရိုက်ထည့်ပါ။ (1) နေရာမှာ ပိုင်း
ချင်တဲ့ disk နံပါတ်ကိုထည့်ပါ။ များသောအားဖြင့် HDD နှစ်ခု စက်မှာ တပ်
ထားတယ်ဆိုရင် Disk 0, Disk 1 လို့ပြပါတယ်။ ပိုင်းချင်တဲ့ disk ကို
ရွေးပြီးပြီဆိုရင် အောက်ပါ command ကို ရိုက်ထည့်ပါ။

create partition primary size=51300

1GB မှာ 1024 MB ရှိတာတော့ သိထားရမယ်။ အပေါ်မှာ ပြထားတဲ
51300 MB ဆိုရင် 50 GB ကျော်ဖြစ်သွားပါမယ်။ 50 GB ဆိုရင် 51200 MB
တိတိပါ။ ဒါပေမယ့် တကယ်တမ်း Partition ပိုင်းပြီးသွားတဲ့အခါမှာ 49.78 GB
လောက်ပဲ ထွက်လာပါမယ်။ အဲ့ဒါကြောင့် 50GB အတိကျ ပိုင်းချင်တယ်၊ဖြစ်ချင်တယ်
ဆိုရင် 100 MB ပိုထည့်ရမယ်။ ကိုယ်ပိုင်းချင်သလောက် MB Size ကိုရွေးထည့်ပါ။
ပိုင်းချင်တဲ့ GB Size ကို 1024 MB နဲ့ မြှောက်ပါ။ Partition ပိုင်းပြီးသွားပြီဆိုရင်
Drive Letter ပေးဖို့လိုပါတယ်။ Drive Letter မပေးခဲ့ရင် Unallocated ဖြစ်နေပြီး
Partition အနေနဲ့  Explorer မှာ ပေါ်လာမှာမဟုတ်ပါ။ နောက်ပြီးတော့ Drive Letter
ပေးထားရုံးတင်မဟုတ်သေးဘူး။ File System,Format Type တစ်မျိုးကို ရွေးချယ်
အသုံးပြုရမယ်။ အဲ့ဒါကြောင့် Drive Letter အရင်ပေးဖို့ အောက်ပါ Command ကို
ရိုက်ထည့်ပါ။ assign letter F (F)နေရာမှာ ပေးချင်တဲ့ Letter ပေးပါ။ Successfully
ဖြစ်သွားရင် နောက်တစ်ကြောင်းမှာ FORMAT FS=NTFS QUICK ကိုရိုက်ထည့်ပါ။
100% Completed Successfully ဖြစ်သွားရင် 50GB ကို F နာမည်နဲ့ပိုင်းပြီးသွားပါပြီ။

ပိုင်းပြီးသား Parition ကို ပြန်ဖျက်ချင်ရင် အောက်ပါ Command ကိုရိုက်ထည့်ပါ။
delete partition
ဒါဆိုရင်တော့ 50GB K ကို ဖျက်ပြီးသွားပါပြီ။

HDD မှာရှိပြီးသား နေရာလွတ်များတဲ့နေတဲ့ Partition ကနေ Extend Patition
ပိုင်းချင်တယ်ဆိုရင် Cmd Prompt မှာ diskpart ကိုရိုက်ထည့်ပါ။ ပြီးရင် list volume ကို
ရိုက်ထည့်ပါ။ အဲ့ဒီမှာ ဘယ် Partition,Drive တစ်ခုကို ထပ်ပိုင်းချင်သလဲ၊ ပိုင်းချင်တဲ့
Volume နံပါတ်ကိုမှတ်ထားပါ။ နောက်တစ်ကြောင်းမှာ select volume 3 ကိုရိုက်ထည့်ပါ။
(3) မှာ ပိုင်းချင်တဲ့ Volume No ကိုထည့်ပါ။ ပြီးရင် အောက်ပါ Command ကိုရိုက်ထည့်ပါ။
extend size=25700
50GB ထဲကနေ 25GB ထပ်ခွဲလိုက်တာပါ။ ပြီးသွားရင် list volume ကိုရိုက်ထည့်ကြည့်ပါ။
ပြီးသွားရင် ပိုင်းလိုက်တဲ့ အပိုင်းကို Select မှတ်၊ Drive Letter ပေးလိုက်ပါ။ Cmd ကနေ
Disk Managemet ဆိုင်ရာတွေ ဒီထက်မက များစွာကျန်ပါသေးတယ်။

respect & credit - #NetComplus
https://www.facebook.com/permalink.php?story_fbid=18284819445684&id=1815830958710783

300 250