Showing posts with label money. Show all posts
Showing posts with label money. Show all posts

Thursday, May 31, 2018

Bitcoin ဘာလဲ ဘယ်လဲ

Bitcoin ဘာလဲ ဘယ်လဲ
Bitcoin ဘာလဲ ဘယ်လဲ
----------
Bitcoin ဆိုတာ အွန်လိုင်းလုပ်ငန်းတွေမှာ အသုံးများတဲ့ ငွေကြေးယူနစ်တစ်ခုပါ။ တကယ်တော့ ခုဆိုရင် အွန်လိုင်းငွေပေးချေမှုတင် မကတော့ပဲ Bitcoin နဲ့ မြေကွက်ဝယ်တယ် အိမ်ဝယ်တယ်ဆိုတဲ့အထိ တစ်ချို့နေရာမှာ လုပ်လို့ရလာပါပြီ။ Bitcoin နဲ့ ငွေပေးချေမှုကို လက်ခံပါတယ်လို့ ဆိုင်းဘုတ်တင်ထားတဲ့ ဆိုင်တွေ၊ Online Shopping Site ကြီးတွေ၊ လုပ်ငန်းတွေ၊ ဘဏ်တွေလည်း အများကြီးရှိလာပါပြီ။

BTC လို့ အတိုကောက်ခေါ်တဲ့ Bitcoin ကို စတင်တီထွင်ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ မိတ်ဆက်ပေးခဲ့သူကတော့ ပရိုဂရမ်မာတစ်ယောက်ဖြစ်တဲ့ ဆာတိုရှီ နာကာမိုတို (Satoshi Nakamoto) လို့ လူသိများပါတယ်။ နာမည်ပဲလူသိများတာပါ သူက ဘယ်သူပါဆိုတာတော့ သိပ်မသိကြပါဘူး။

ငွေကြေးယူနစ်တစ်ခုဖြစ်နေပေမယ့် သူ့မှာ စီမံခန့်ခွဲ ချုပ်ကိုင်ထားတဲ့ ဘဏ်ဆိုတာမရှိပါဘူး။ ငွေကြေး အလွှဲအပြောင်းတွေကို စီမံပေးတဲ့ ဆော့ဖ်ဝဲ အသုံးပြုပြီး ကမ္ဘာတစ်ဝန်းက လူတွေက အလွန်စွမ်းဆောင်ရည်မြင့်တဲ့ ကွန်ပျူတာတွေ သီးသန့်ပြုလုပ်ထားတဲ့ စက်တွေ အသုံးပြုပြီး ပါဝင် ဆောင်ရွက်နေပါတယ်။ အဲ့လို အလွှဲအပြောင်းတွေကို ဆောင်ရွက်ပေးတဲ့သူတွေအတွက် အကျိုးအမြတ်အဖြစ် သူတို့လည်း BTC ရပါတယ်။ အဲလို လုပ်ငန်းကို Bitcoin Mining လို့ခေါ်ပါတယ်။

၂၀၀၈ မှာ စပြီးပေါ်တုန်းကတော့ 1BTC ကို 0.3 USD လောက်ပဲတန်ဖိုးရှိခဲ့ပါတယ် အသုံးပြုရအဆင်ပြေမှု လူသုံးများ လူကြိုက်များလာမှု တွေကြောင့် တဖြည်းဖြည်း တန်ဖိုးရှိလာလိုက်တာ 1BTC ကို USD 1200 ကျော်အထိတက်ခဲ့ဖူးပါတယ်။ တောက်လျှောက်တက်ခဲ့တာတော့ မဟုတ်ပါဘူး ဒေါ်လာဈေးလို တက်လိုက် ကျလိုက်ပါပဲ။ ခုထက်ထိလဲ နေ့စဉ်တော့ ဈေးအတက်အကျ အနည်းငယ်ရှိနေဆဲပါပဲ ခုဒီပို့စ်ကို ရေးတဲ့အချိန်မှာတော့ 1BTC ကို USD 950 ကျော် ရှိပါတယ်။ နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးကို လွှမ်းမိုးတဲ့ အချက်တွေ အများကြီးရှိပေမယ့် Bitcoin ကိုတော့ လွှမ်းမိုးမှုသိပ်မရှိတဲ့အတွက် တန်ဖိုးက တည်ငြိမ်ပြီး ရင်းနှီးမြုပ်နှံထားချင်သူတွေ ဘဏ်အစားထိုး သိမ်းထားချင်သူတွေ အလုံးအရင်း ၀ယ်ယူမှုတွေကြောင့် ဈေးကတော့ ဆက်တက်နေဖို့များပါတယ်။

Bitcoin ရဲ့အားသာချက်တွေ
----------
ငွေကြေးယူနစ်သုံးစွဲမှု မတူတဲ့ ကမ္ဘာတစ်ဝန်းက လူတစ်ယောက်နဲ့ တစ်ယောက် ပိုက်ဆံ လွှဲချင်ရင် Bticoin အသုံးပြုခြင်းဖြင့် ဘာ ကြားခံ ဘဏ်စနစ်မှ မလိုပဲ လွှဲခ၀န်ဆောင်မှုကုန်ကျစားရိတ် မရှိသလောက်နဲ့ လွှဲလို့ရပါတယ်။
မြန်ဆန်တဲ့ နည်းလမ်းကို သုံးပြီးလွှဲရင် စက္ကန့်ပိုင်းအတွင်း လွှဲတဲ့ ငွေကို ရရှိပါတယ်။ အလွန်ဆုံးကြာရင် အများအားဖြင့် နာရီပိုင်းပါပဲ။

အသုံးပြုရအဆင်ပြေတဲ့ အတွက် အွန်လိုင်းလုပ်ငန်းတိုင်းလိုလိုမှာ Bitcoin နဲ့ ငွေပေးချေနိုင်အောင်လုပ်ပေးထားလေ့ရှိပါတယ်။ တိုက်ရိုက်ပေးလို့မရရင်တောင် Bitcoin ရှိထားရင် လိုချင်တဲ့ ငွေကြေးယူနစ်ရအောင် Exchange လုပ်ဖို့ အလွန်လွယ်ကူပါတယ်။

သိထားသင့်တဲ့အချက်တွေ
----------
Bitcoin ၀ယ်ယူရာမှာ တခြားနိုင်ငံတွေမှာတော့ Local Bank Account တွေ Visa/Master Card တွေကတစ်ဆင့် အလွယ်တကူဝယ်လို့ရပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တရားဝင် Vodaexchange Website ကတစ်ဆင့်ဝယ်လို့ ရောင်းလို့ရတယ် MyanPay Account တော့ လုပ်ထားရမယ်။ အသုံးပြုသူ အချင်းချင်း ၀ယ်ရောင်းလုပ်ပေးနေတဲ့ Exchangers တွေဆီကလည်း ၀ယ်ရောင်းလုပ်လို့ရပါတယ်။

Bitcoin က အပြင်ကပိုက်ဆံလို လက်နဲ့ ကိုင်လို့ ရတာ မဟုတ်တော့ သူ့ကို သိမ်းဖို့အတွက် အွန်လိုင်း ပိုက်ဆံအိတ်သုံးရပါတယ် Digital Wallet ဆိုပါတော့။ အသုံးများတာကတော့ Blockchain နဲ့ Coinbase ပဲ တခြား အမျိုးအစားတွေလည်းအများကြီးတော့ ရှိတယ်။ ပိုက်ဆံအိတ်လုပ်ဖို့ အကောင့်လုပ်ထားရပါတယ် အခမဲ့ပါပဲ။

နိုင်ငံတစ်ချို့မှာဆိုရင် Bitcoin ကနေ နိုင်ငံတွင်းသုံးတဲ့ ပိုက်ဆံ (Local Currency) ပြောင်းပြီး သွင်းနိုင်ထုတ်နိုင်တဲ့ Bitcoin ATM စက်တွေတောင် ရှိနေပါပြီ။ စုစုပေါင်း ATM ၈၀၀ ကျော်ရှိပြီး အမေရိကန် တစ်နိုင်ငံထဲမှာတင် စက်ပေါင်း ၅၀၀ ကျော်ရှိပါတယ်။ အဲလို ရှိနေရင်တော့ တော်တော်အဆင်ပြေမှာပေါ့။

တကယ်တော့ အွန်လိုင်းမှာသုံးလို့ရတဲ့ ငွေကြေးအမျိုးအစား (Cryptocurrency) တွေ တော်တော်များပါတယ်။
အွန်လိုင်းစီးပွားရေးလုပ်မယ်ဆိုရင် အနည်းဆုံးတော့ Bitcoin ဆိုတာဘာလဲ နောင်အနာဂါတ်မှာ ဘယ်လိုဖြစ်လာနိုင်လဲဆိုတာ သိထားဖို့တော့ လိုတဲ့အတွက် ခုလို ကျွန်တော် နားလည်သလောက် ပြောပြလိုက်ပါတယ်။

#Bitcoin #BTC
Reference
Wikipedia

စာဖတ်ရသူတိုင်း အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိကြပါစေခင်ဗျာ
(၁) ငွေမည်းများစီးဆင်းရာ
မှန်သင့်သလောက်တော့မှန်ပါတယ်။ BTC Address တွေက လုံးဝခြေရာခံလိုက်လို့ မရတာတော့ မဟုတ်ဘူးခင်ဗျ။ ငွေအလွှဲအပြောင်းတွေက အားလုံးကြည့်လို့ရနိုင်တဲ့ မြင်နေနိုင်တဲ့ ပွင့်လင်းတဲ့ စနစ်တဲ့ လုပ်ထားတာ။ ဘယ်အကောင့်ထဲကိုတော့ ငွေဘယ်လောက်ဝင်တယ် အဲဒီ့ အကောင့်နဲ့ဆက်သွယ်နေတဲ့ အကောင့်တွေကတော့ ဘာတွေပါ စသည်ဖြင့် လိုက်ကြည့်လို့ရနိုင်ပါတယ်။ နည်းပညာ အကူအညီယူရင်တော့ ဘယ်သူသုံးတာဖြစ်နိုင်မလဲလို့ ရှာလို့ ရရင်ရနိုင်ပါတယ်။
(၂) Bank တွေနဲ့ပတ်သက်လို့
ဘဏ်တွေတောင် အာမမခံတာ သူ့ကိုလည်း အာမတော့မခံနိုင်တာ မဆန်းပါဘူး ဒါပေမယ့် ရပ်တည်လာတာတော့ ဆယ်စုနှစ်ပြည့်တော့မယ်။
Bitcoin ကို ဗဟိုချုပ်ကိုင် စီမံခန့်ခွဲနေတာမရှိဘူး၊ ဘယ်ဘဏ်တွေနဲ့တော့ ချိတ်လိုက်မယ်ဟဲ့ဆိုတာလည်း မရှိဘူးလေ။ ချိတ်ဆက်ထားတယ်ဆိုတာတွေကလည်း Bitcoin ရဲ့ ကောင်းကြောင်းကိုသိလို့ သူတို့ကလာချိတ်ဆက်ကြတာပါ ဒီလိုနဲ့ Bitcoin ကိုလက်ခံတဲ့ လုပ်ငန်းတွေများလာတာ။
နိုင်ငံတွေရဲ့ Local Bank တွေ ထိန်းချုပ်မှုအောက်မှာ မရှိလို့ Bitcoin တန်ဖိုးကို နိုင်ငံတွေက ထိန်းချုပ်လို့မရနိုင်တာက ကောင်းတဲ့အချက်ပါ။ ဈေးအတက်ကျကတော့ ရှိနေပါတယ် ဒါပေမယ့် သူ့ Demand နဲ့သူသွားနေတာများပါတယ်။ နိုင်ငံတစ်ခုရဲ့ ငွေကြေး (e.g. USD, China Yuan စသည်) မတည်ငြိမ်ရင် နည်းပညာနားလည်သူတွေက Bitcoin ၀ယ်ထားလိုက်တယ် အများအားဖြင့် ၀ယ်ထားပြီး ဈေးတက်လာရင် မြတ်တာများတဲ့အတွက် ရင်နှီးမြုပ်နှံမှုလုပ်ထားချင်သူတွေကလည်း Bitcoin ကို ပမာဏများများဝယ်ကြတယ်။ ဒီလိုနဲ့ BTC တန်ဖိုးလည်း ပိုမြင့်လာတယ်လေ။
(၃) ပြည်တွင်းမှာသုံးဖို့
ပြည်တွင်းမှာ တရားဝင် Exchange Website ရှိတယ်လေ။ အချင်းချင်းရောင်းဝယ်ပေးနေတဲ့ Exchanger တွေလည်း များမှများပဲ။ Exchanger လိုသာ နေ့စဉ် ၀ယ်ရောင်းလုပ်မနေတာပဲရှိမယ် လိုအပ်ရင် ရောင်းဝယ်ပေးနိုင်တဲ့ ကျွန်တော်တို့လို လူမျိုးတွေလည်း အများကြီးရှိသေးတယ်ခင်ဗျ။ BTC to Myanmar Kyat ကြိုက်သလို လဲနိုင်နေမှတော့ Bitcoin ရလာရင် သုံးရပါ့မလားဆိုတာ စိတ်ပူဖို့မလိုပါဘူးဗျာ။
(၄) Server Virus ကိုက်ရင်
ကျွန်တော်သိသလောက်တော့ ငွေကြေးအလွှဲအပြောင်းတွေကို ကြားထဲမှာ Server ကြီးခံပြီးလုပ်နေတာတော့မဟုတ်ဘူးထင်တယ် Bitcoin Mining သမားတွေက ကမ္ဘာတစ်ဝန်းမှာ Block တွေကို ၀ိုင်းဖြေရှင်း Confirm လုပ်ပေး နေခြင်းနဲ့ လွှဲပြောင်းတယ်လို့မှတ်ဖူးတယ်။ Server တစ်ခုနဲ့လုပ်တာမဟုတ်လို့ Virus လည်းကိုက်ဖို့မလွယ်သလို တစ်ခုပြဿနာဖြစ်လည်း တခြား Miner တွေရဲ့ အလုပ်နဲ့အဆင်ပြေမှာပါ။
Bitcoin ရဲ့ ငွေကြေးလွှဲပြောင်းမှုကို စီမံတဲ့စနစ်က ထူးခြားတယ်ခင်ဗျ Blockchain Technology လို့ခေါ်တယ်ထင်တယ် ငွေလွှဲပြောင်းတာကို Node တွေနဲ့ တစ်ခုချင်း ချိတ်ဆက် Confirm လုပ်ပေးပြီး Blockchain Ledger မှာမှတ်တမ်းတင်ပေးတာ တစ်ကမ္ဘာလုံးက Miners အားလုံးရဲ့ အလုပ်တွေပါဝင်တယ်။
ဆိုတော့ကာ တစ်နေရာက ပြဿနာတတ်ရုံနဲ့ Process ကြီးတစ်ခုလုံးပျက်သွားတယ်တော့ မဟုတ်ဘူးပေါ့။ ငွေတစ်ဖြစ်လဲ Bitcoin တွေကိုလဲ User တွေရဲ့ eWallet တွေထဲမှာပဲ Store လုပ်ထားတာလို့ သိထားပါတယ် အကောင့် Password နဲ့ Security Steps တွေသာသေချာလုပ်ထားပါ အေးဆေးပါ။ ငွေလွှဲမှ Mining Process တွေလုပ်တာပါ။
(၅) အ၀ယ်များရင်ဈေးတက်နိုင်
မှန်တာပေါ့ အသုံးများ လူကြိုက်များ အ၀ယ်များလာလို့ 1BTC = 0.3 USD မှသည် ယနေ့ 1BTC = >1200 USD အထိတန်ဖိုးတက်လာတာပါ။ သူ့ကြောင့် ဒေါ်လာဈေးတက်လာတယ်တော့ မဟုတ်ဘူးလေ။
(၆) ပြန်ရောင်းမရရင်
ကျွန်တော်တို့နိုင်ငံမှာ သုံးနေတယ်ဆိုတာ လူနည်းစုရယ် ဒါတောင် တဖြည်းဖြည်း လူသိများလို့ အွန်လိုင်းစီးပွားရေးလုပ်တဲ့သူတွေသုံးလာကြပြီ Exchange လုပ်ပေးတဲ့သူတွေလည်း ပိုပိုများလာပြီ။ တကယ်တော့ နိုင်ငံတကာမှာ လုပ်နေတဲ့သူတွေက အများကြီးပဲ တော်တော်တောင်ကြာနေပြီလေ။ Bitcoin လက်ထဲရှိနေလို့ကတော့ ကြိုက်တဲ့ ငွေကြေးယူနစ်ကို ပြောင်းလိုက်ဖို့ လွယ်ပါတယ် တစ်ဆင့်တည်းမရရင်တောင် နှစ်ဆင့်လောက်လဲရင် ရပြီ။
ကဲ ...
သိသလောက်တော့ ပြောလိုက်ပြီ
လိုအပ်တာ၊ ဖြည့်စွက်ပြောလိုတာရှိရင် ဝေဖန်အကြံပေး ဆွေးနွေးနိုင်ပါတယ်
Bitcoin ဘာလဲ ဘယ်လဲ … ဆိုတဲ့ ပို့စ်ကို မဖတ်ရသေးရင် ဒီလင့်ကို နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်
>> https://www.facebook.com/…/a.152099688302…/690829667763100/…
လက်တွေ့လုပ်နေတဲ့အွန်လိုင်းစီးပွားရေးလုပ်ငန်းတစ်ခုအကြောင်း ဖတ်ကြည့်ချင်ရင်တော့ ဒီလင့်ကို နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်
>> https://www.facebook.com/drnyeinko/posts/1469441719751088?pnref=story
ပို့စ်ကို Share ပေးခြင်းဖြင့် အွန်လိုင်းစီးပွားရေးဗဟုသုမျှဝေရာမှာ ကူညီနိုင်ပါတယ်

Wednesday, May 16, 2018

upload video and earn money


register here https://cloudvideo.tv/reg38.html
video auto convert to hd format and lower format 
mini payout pm btc paypal 10 usd

register here
https://cloudvideo.tv/reg38.html
video တင်ပြီး ပိုက်ဆံ ရယူပါ
view only ဘဲ ပေးသည်
payout
btc
pm
paypal
wire transfer
web money
mini payout 10 usd
video တွေ ကြီးနေရင် သူက ချုံပေးသေးသည် 3 format နဲ့
လိုတာ ရွှေး ဒေါင်း လို့ ရသေး သည်
views 10 K 35 usd
All Tier rates are listed for 10,000 views.
Very high Tier
35$
Australia, Canada, United Kingdom, United States
High Tier
25$
Sweden, Germany, Norway, Denmark, Finland
Moderate Tier
15$
Japan, Netherlands, Switzerland, Austria, Italy, France, Spain, South Africa
Low Tier
8$
Slovakia, Belgium, Singapore, Czech Republic, Poland, Portugal
Others
4$
All other Countries
http://www.namkhamlay.ml/2018/05/upload-video-and-vw-and-earn-money.html

300 250