Thursday, October 11, 2018

Facebook Security မှာ ကျွန်တော်သိတာတော့ အဆင့် ၃ ဆင့်ရှိတယ်။

Facebook Security မှာ ကျွန်တော်သိတာတော့ အဆင့် ၃ ဆင့်ရှိတယ်။

1.Email (Gmail,Yahoomail,Microsoftmail,Russiamail,..,etc)

2.Two Factor Authentication ( Phone Number, One-Time-Password[OTP] )

3.Trusted Contact ( Legacy Contact )

တခြား Security Settings တွေလည်းရှိပါသေးတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ဟာတွေပဲ ကျွန်တော် သိသလောက်ပြောပြသွားမှာပါ။

နံပတ် ၁ Email Security

Email နေရာမှာ အမျိုးမျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ များသောအားဖြင့် Gmail(Google Mail) အသုံးများပါတယ်။ တချို့က Yahoo Mial နဲ့ တစ်ချို့ကတော့ mail.ru ဆိုတဲ့ Russia အခြေစိုက် Email Service Provider ကို သုံးကြပါတယ်။ တစ်ချို့ဆို QQmail လို တရုပ်အခြေစိုက် Email Service Provider တွေကိုလည်း သုံးကြလေ့ရှိတယ်။

Google Mail (Gmail) ကဒီနိုင်ငံမှာအသုံးများဆုံးမို့ Gmail နဲ့ပတ်သက်တဲ့ Security အကြောင်းလေး ထပ်ပြောပါမယ်။ တခြား E-mail Service တွေလည်း လုံခြုံမှုသူ့ဟာသူရှိပါတယ်။ Gmail မှာလည်း ရှိပါတယ်။

Google Mail ကို စဖွင့်ကတည်းက ကိုယ့်ဖုန်းနံပတ်နဲ့ကိုယ်ဖွင့်ပါ။ သူများဖွင့်ပေးတာ၊ သူငယ်ချင်းကလုပ်ပေးတာတွေ ဘာတွေ မသုံးပါနဲ့။ Gmial မှာ Security စနစ် ၃ ခုရှိပါတယ်။

၁.ဖုန်းနံပတ် နဲ့ OTP(one-time-password) တစ်ခါသုံး Password Code ပို့ ခိုင်းပြီး Login ဝင်တာ၊

၂.Recovery Mail ကို Comfirmation Code ပို့ခိုင်းပြီး Login ဝင်တာ၊

၃.Security Questions ဖြေပြီး Login ဝင်တာ။

အဲ့တော့ ကိုယ့်ရဲ့ Gmial ကို လုံခြုံစေချင်တယ်ဆိုရင်တော့ အဲ့ ၃ မျိုးလုံးကို အလွတ်မှတ်ထားဖို့လိုပါမယ်။ ဖုန်းနံပတ်ရော Recovery Mail ရော အားလုံးကိုယ့် ခေါင်းထဲထည့်ထားရပါမယ်။

Facebook Account မှာ အသုံးပြုထားတဲ့ ကိုယ့်ရဲ့ E-mail ကို အမြဲတမ်း Only Me မှာထားဖို့ မမေ့ပါနဲ့။

-Account Setting > Contact Info > အဲ့နေရာမှာ ကိုယ့် E-mail ရဲ့ Privacy ကို Only Me ဖြစ်နေရပါမယ်။

နံပတ် ၂ Two Factor Authentication ( Phone Number && OTP )

ဒီအချက်ကတော့ Facebook Account မှာ အသုံးပြုတဲ့ ဖုန်းနံပတ်ပါ။ ဒီနံပတ်ဟာ ကိုယ့်ဖုန်းနံပတ်ပဲ ဖြစ်နေရပါမယ်။ ဘာလို့လဲဆို အရေးကြီးလို့ပါ။

ဒီဖုန်းနံပတ် လက်ထဲကိုင်ထားတဲ့လူဟာ အဲ့ကောင့်ရဲ့ ပိုင်ရှင်ပါပဲ။ ဘယ်သူပဲအကောင့်ကို သုံးနေသည်ဖြစ်စေ၊ အကောင့်ထဲက ဖုန်းနံပတ်ပိုင်ဆိုင် လက်ဝယ်ရှိသူဟာ အဲ့အကောင့်ရဲ့ပိုင်ရှင်အစစ်ပါပဲ။ ဒါ Facebook Security Team က သတ်မှတ်ထားတာပါ။

ဒါကြောင့် ဖုန်းနံပတ်ကို ကိုယ့်ကိုယ်ပိုင် နံပတ်ထည့်ထားဖို့ အရမ်းအရေးကြီးပါတယ်။

နောက်တစ်ခုက နံပတ်ထည့်ထားပြီးရင် Privacy မှာ Only Me လုပ်ထားဖို့ မမေ့ပါနဲ့။

Two-Factor Authentication ဆိုတာက အဲ့ဒိ ဖုန်းနံပတ်ကို တစ်ခါသုံး Password (One-Time-Password) OTP Code လှမ်းပို့ပေးပြီး အဲ့ဒိ ကုဒ် ၆ လုံး ရိုက်ထည့်ပေးနိုင်မှ အကောင့်ကို အသုံးပြဲုခွင့်ပေးတဲ့ လုံခြုံရေးစနစ်ပါ။

အဲ့ဒိ Two-Factor Authentication ဟာကိုယ်အသုံးပြုနေကျ စက်မဟုတ်ဘဲ တစ်ခြား တစ်နေရာကနေ ကိုယ့်အကောင့်ရဲ့ E-mail && Password တွေ သိတယ်ဆိုရင်တောင် OTP ကုဒ် ၆ လုံးရိုက်ထည့်မပေးနိုင်သ၍ အကောင့်အသုံးပြုခွင့် မပေးတာပါ။

အဲ့တော့ ဒီ Two-Factor Authentication ဟာလည်း ဖွင့်ထားသင့်တဲ့ လုံခြုံရေး စနစ်တစ်ခုပါ။

-Account Setting > Security and Login > Use Two-Factor Authentication အဲ့ကနေ ကိုယ့်ဖုန်းနံပတ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

ဖုန်းနံပတ်ပေါ်မူတည်တာဖြစ်တဲ့အတွက် အဲ့ဒိမှာ ထည့်ထားတဲ့ ဖုန်းနံပတ်ကိုတော့ ကိုယ်နဲ့မကွာ ဆောင်ထားဖို့ လိုပါတယ်။

နံပတ် ၃ Trusted Contact ( Lagacy Contact ) ကတော့ ကိုယ့် Facebook Account ထဲက ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်း အနည်းဆုံး ၃ ယောက်မှ ၅ ယောက် အထိ ဒီလူတွေဟာ ယုံကြည်ထိုက်တဲ့လူတွေ ဖြစ်ကြောင်းနဲ့ တစ်ကယ်လို့ ကိုယ့်အကောင့်မှာ Unusual Activity လို့ ခေါ်တဲ့ ပံမှန်မဟုတ်သော လုပ်ဆောင်ချက်တွေကို တွေ့လာရရင်၊ အကောင့် Lock ကျသွားတာမျိုးနဲ့ Hacking လုပ်ခံရတာမျိုးတွေ ကြုံလာခဲ့ရင် အသုံးပြုနိုင်ပါတယ်။

သူအလုပ်လုပ်ပုံက ကိုယ့်အကောင့် တစ်ခုခု ဖြစ်သွားခဲ့ရင် ကိုယ်ရွေးချယ်ပေးထားတဲ့ contact တွေကို ကုဒ်နံပတ်တွေ ပို့ ခိုင်းလို့ပါတယ်။ ဥပမာ ၃ ယောက်ရွေးထားရင် တစ်ယောက်ကို ကုဒ် ၆ လုံးစီ Facebook က ပို့ပါလိမ့်မယ်။ အဲ့လို ကုဒ် ၆ လုံး ယောက် ဆိုတော့ ၃ ခု ပို့ မှာပါ။ အဲ့ကုဒ်တွေ အားလုံးကို Lock ကျသွားတဲ့အကောင့် ဒါမှမဟုတ် Hacking လုပ်ခံရတဲ့ အကောင့်ပိုင်ရှင်ကို ပြန်မေးပါတယ်။ ပိုင်ရှင်က သူ့ သူငယ်ချင်းတွေကို ဆက်သွယ်ပြီး အဲ့ကုဒ် ၆ လုံး ၃ ခု ရိုက်ထည့်ပေးနိုင်ရင် အကောင့်ကို ပြန်ရနိုင်ပါတယ်။

ဒီနည်းလမ်းက သူငယ်ချင်းတွေနဲ့ အဆက်သွယ်မပြတ်ရှိနေဖို့ တော့ လိုပါတယ်။

PS: ပုံထဲမှာ ပြထားတဲ့ထဲက Authorized Logins ထဲကနေ ကိုယ်အသုံးပြုနေတဲ့ စက်တွေ ကို စစ်ဆေးသင့်ပါတယ် အမြဲတမ်း။ ကိုယ် မသိတဲ့ အသုံးပြုမှုတစ်ခုခုတွေ့ရင် အဲ့ကနေ Log Out လုပ်ပေးပါ။

PS: Get Alerts About Unrecognized Logins ကိုလည်းဖွင့်ထားပေးသင့်ပါတယ်။ သူက ကိုယ်အသုံးပြုနေကျမဟုတ်တဲ့ စက်တစ်ခုခုကနေ ကိုယ့်အကောင့်ကို ဝင်ရောက်တဲ့အခါ ကိုယ်သုံးနေကျစက်ထဲကကို Noti လာပေးတာပါ။

Password က သိပ်အရေးကြီးပါတယ်။ ကိုယ့်ရဲ့ Profile မှာထားတဲ့ Birthday, Phone Number တွေကို လုံးဝ(လုံးဝ) မထားသင့်ပါ။

Password တွေမှာ Special Character တွေဖြစ်တဲ့ !@#$%^&* စတဲ့ စာလုံးတွေလည်း ထည့်ထားသင့်ပါတယ်။

Facebook အကောင့် တင်မဟုတ်ဘဲ၊ တခြား E-mail နဲ့ Social Account များကိုလည်း လုံခြုံအောင် ထားတတ်ကြပါစေ။

#StopCyberbullying
https://www.facebook.com/photo.php?fbid=747702372244066&set=a.188564054824570&type=3

No comments:

Post a Comment

300 250