သင့်ကို စိတ်ရင်းနဲ့ပေါင်းတဲ့ သူငယ်ချင်းကောင်းတွေမှာသာ တွေ့ရမယ့် အပြုအမူ (၇)မျိုး
Sponsored
သူငယ်ချင်းကောင်းဆိုတာ သင်မှားနေတာကို မျက်နှာချင်းဆိုင် ပြောရဲ၊ ထောက်ပြရဲတဲ့သူ၊ သင့်အတွက် ကောင်းတဲ့အကြံတွေကို အမုန်းခံပြီး ပေးရဲတဲ့သူတွေပါ။ ပြီးတော့ သင်အခက်အခဲတွေ ကြုံနေရချိန်မှာ ဘယ်တော့မှ စွန့်ခွာမသွားဘဲ သင်ကျရှုံးနေချိန်မှာလည်း သင့်ဘေးနားမှာ အမြဲရှိနေသူတွေပေါ့။ အပေါင်းအသင်းကောင်းရဖို့ မလွယ်တဲ့ခေတ်ထဲမှာ ဒီလိုသူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားရရင်တော့ သင်ဟာ ကံအရမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး သူတို့ကို တန်ဖိုးထားဖို့ လိုပါတယ်နော်။
(၁) အရက်မူးပြီး ရည်းစားဟောင်းဆီ စာပို့တာမျိုး လုပ်ခွင့်မပြုသူ
TGIF တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ အပေါင်းအသင်းတွေစုပြီး အပျော်တမ်း သောက်စားကြတဲ့အခါမှာပဲဖြစ်ဖြစ် မူးလာရင် ရည်းစားဟောင်းဆီ မက်ဆေ့ပို့တတ်ကြတဲ့ အကျင့်လေးတွေ ရှိတတ်ကြပါတယ်။ သင့်ရဲ့ သူငယ်ချင်းကတော့ သင့်ကို အဲ့လိုလုပ်ဖို့ ခွင့်မပြုဘူး၊ မရရအောင် တားတယ်ဆိုရင် သူက သင့်အတွက် သူငယ်ချင်းကောင်းလေးပါ။
(၂) အရမ်းဖော်လွန်းတဲ့အ၀တ်အစားတွေကို အမြဲရှုံ့ချတတ်သူ
Sponsored
သူငယ်ချင်းတွေက အရမ်းချစ်ကြတဲ့အခါ ရည်းစားတွေထက်တောင် သ၀န်တိုတတ်ကြပါသေးတယ်။ သင့်သူငယ်ချင်းက သင့်ရဲ့ အ၀တ်အစားတွေနဲ့ပတ်သက်လို့ ရင်ဘတ်ဟိုက်လွန်းတယ်၊ တိုလွန်းတယ် စသဖြင့်ဝေဖန်တယ်၊ တွန့်တိုနေတယ်ဆိုရင် သူသင့်ကို အရမ်းချစ်တာ ပေါ်လွင်နေပါတယ်။
(၃) အချစ်ရေးနဲ့ပတ်သက်လို့ အတင်းမစပ်စုသူ
သူငယ်ချင်းကောင်းတစ်ယောက်က သင့်ရဲ့ အချစ်ရေးအဆင်မပြေမှုတွေအတွက် ရင်ဖွင့်တိုင်ပင်ဖို့ အကောင်းဆုံးသူတစ်ယောက်ဖြစ်ရင်ဖြစ်ပါမယ်။ ဒါပေမယ့် အချစ်ရေးနဲ့ပတ်သက်လို့ သင်မပြောချင်တဲ့ တချို့သောအကြောင်းအရာတွေကိုတော့ အတင်းစပ်စုမှာမဟုတ်ပါဘူး။ သူ့စည်းကိုယ့်စည်း နားလည်တန်ဖိုးထားတတ်တဲ့ သူငယ်ချင်းမျိုးပါ။
(၄) မလိုက်ဖက်တဲ့ဆံပင်ကေမညှပ်ဖို့ တားတတ်သူ
လွန်ခဲ့တဲ့နှစ်နှစ်လောက်က သင့်အရှေ့ဆံမြိတ်တွေကို ညှပ်လိုက်လို့ အပြင်းအထန်စိတ်ဆင်းရဲခဲ့ဖူးရင်၊ အဲ့ဒါမျိုးထပ်မဖြစ်အောင် သူက အတင်းလိုက်တားမှာပါ။ မလိုက်ဖက်တဲ့ ဆံပင်ပုံစံကြောင့် သင်စိတ်ဆင်းရဲနေတာကို သူထပ်မမြင်ချင်တော့ပါဘူး။
(၅) အဆိုး၊အကောင်းခွဲတတ်အောင် ပြောပြပေးသူ
တစ်ခါတစ်ခါ သူငယ်ချင်းတွေကပဲ ကိုယ့်ကို လမ်းပြပေး၊ တချို့အရာတွေကို သင်ကြားပေးသွားတာမျိုးတွေ ရှိပါတယ်။ ဘ၀ရှေ့ရေးအတွက် မရေမရာဖြစ်နေတဲ့ သင့်ကို အကြံကောင်းလေးတွေ ပေးပြီး အကောင်းအဆိုး ခွဲတတ်အောင် သင်ပေးခဲ့တဲ့ သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင့်လောက် ကံကောင်းတဲ့သူ မရှိတော့ပါဘူး။
(၆) ကျန်းမာရေးလိုက်စားဖို့ပြောတဲ့သူ
သူငယ်ချင်းကောင်းဆိုတာ သင့်ခန္ဓာကိုယ်အလှအတွက် အပြင်းအထန်ဝေဖန်တာမျိုး ဘယ်တုန်းကမှ မလုပ်ဖူးပေမယ့် “နင်ကတော့ ဖက်တီးဖြစ်တော့မယ် Gym လေးဘာလေး ကစားဖို့ စိတ်ကူးသင့်နေပြီ” “အချိုတွေ စားတာ လျှော့သင့်ပြီ” “လမ်းဘေးစာတွေ ရှောင်သင့်ပြီ” စသဖြင့် ကျန်းမာရေးလိုက်စားဖို့ ပြောတတ်တဲ့သူပါ။
(၇) အနာဂတ်အတွက် သတိပေးတတ်တဲ့သူ
မကောင်းတဲ့ သူငယ်ချင်းတွေက သင်မကောင်းတာတွေ လုပ်ဖို့ တွန်းအားပေးနေတဲ့အချိန်မှာ သူငယ်ချင်းကောင်းတွေကတော့ သင့်အတွက် အကျိုးမရှိတာတွေကို မလုပ်ဖို့၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ အမြဲသတိပေးတတ်ကြပါတယ်။
No comments:
Post a Comment