Monday, October 1, 2018

ပရဟိတသူ​တောင်းစားမ​လေး ၀င့်​သဇင်​ဖြိုး






ပရဟိတသူ​တောင်းစားမ​လေး ၀င့်​သဇင်​ဖြိုး”








အသံ​လေးကချိုချို ချစ်​စရာမျက်နှာ​လေးနဲ့ သူ​တောင်းစားမ​ချော​ချော ​လေးတစ်​​ယောက်​ တိရိစ္ဆာန်​ဥယျာဉ်​ထဲမှာ ​တောင်း​နေတာပါ။ အဲဒီသူ​တောင်းစားမ​လေးက တခြားသူမဟုတ်​ပါဘူး ရတနာပုံတက္ကသိုလ်​ ဖိုင်​နယ်​ရီးယား​ဖြေဆိုထားတဲ့ ညီမငယ်​၀င့်​သဇင်​ဖြိုးပါပဲ။




မိဘက​ရေခဲစက်​ပိုင်​ရှင်​ ​မောင်​​တွေ အစ်​မ​တွေကလည်း စီးပွားကိုယ်​စီနဲ့။ မွေးချင်း​မောင်​နှမငါး​ယောက်​အနက်​ ​လေး​ယောက်​​မြောက်​ ဖြစ်​တဲ့ ညီမ၀င့်​သဇင်​ဖြိုးတစ်​ယောက်​ ဘာ​ကြောင့်​​တောင်းရမ်း​နေသလဲ။ညီမ၀င့်​သဇင်းဖြိုးနဲ့ အင်​တာဗျူး​လေး တင်​​ပေးလိုက်​ပါတယ်​…
★ ​နွေ…။ ။ အင်​တာဗျူး​လေးလုပ်​ချင်​လို့ပါ……
ဝင့်​…။ ။ဟုတ်​ ​မေးပါ..
နွေ ။ ။ ပရဟိတကိုဘယ်​ချိန်​တည်းကစလုပ်​တာလဲ..
ဝင့်​ ။ ။ ညီမက​ကျောင်းသူပါ .. အသင်းအဖွဲ့ရယ်​လို့​တော့မရှိပါဘူး …ပရဟိတကို တတ်​နိုင်​သ​လောက်​လုပ်​တယ်​.. ငယ်​ငယ်​တည်းက ဘယ်​သူကိုမဆိုကူညီခဲ့တာပဲ.. မုန့်​ဖိုးရသမျှလည်း ၀ယ်​​ကျွေးလိုက်​တာပဲ…
နွေ ။ ။ ​ကျောင်းသူဆို​တော့ လက်​ရှိဘယ်​​ကျောင်း တက်​​နေလဲ..
‌၀င့်​ ။ ။ ရတနာပုံတက္ကသိုလ်​ပါ ဖိုင်​နယ်​​ဖြေထားပါတယ်​ရှင့်​…
နွေ ။ ။ မိသားစုအ​ကြောင်း​လေး​ပြောပြ​ပေးဦး..
ဝင့်​ ။ ။ ​မွေးချင်း ငါး​ယောက်​ရှိပါတယ်​ ညီမက ​လေး​ယောက်​​မြောက်​ပါ.. မိဘ​တွေက ​ကောလင်းမှာ ချမ်းသာ​ဆိုတဲ့နာမည်​နဲ့ ​ရေခဲစက်​​ထောင်​ထားပါတယ်​ အစ်​မကြီးက မန္တ​လေးမှာ​ရေခဲမုန့်​လုပ်​ငန်းလုပ်​ပါတယ်​။ အစ်​ကိုကြီးက ​ကျောက်​အ​ရောင်းအ၀ယ်​ ​နောက်​အစ်​မ
တစ်​​ယောက်​က အထည်​ဆိုင်​ဖွင့်​ထားပါတယ်​ ညီမက​ ကျောင်းတက်​​နေတုန်းပါ ​မောင်​လေးက ​ကျောက်​ပွဲစား လုပ်​​နေပါတယ်​…
နွေ ။ ။ ထူးထူးခြားခြား ​တောင်းရမ်းပြီးပရဟိတလုပ်​ဖို့ ဘယ်​လိုစိတ်​ကူးရသွားတာလဲ….
ဝင့်​ ။ ။ challenge ကစားရင်းနဲ့ စိတ်​ကူးရသွားတာပါ .. မိဘမဲ့က​လေး​ကျောင်းကိုလဲ​တွေ့ပြီးလှူချင်​​နေတာနဲ့ ဒီလိုကစားရင်း လုပ်​ဖြစ်​သွားတာ..
နွေ။ ။အခက်​အခဲ​တွေ​ရောကြုံရ​သေးလား..
ဝင့်​။ ။ကြုံရတာ​ပေါ့ အ​မေဖုန်းဆက်​ပြီးလှမ်းဆူ တာ​တော်​​တော်​ခံလိုက်​ရတယ်​..ပါတ်​၀န်းကျင်​က​ပြောကြတာ​ပေါ့ နင့်​သမီး​တောင်းမလို့တဲ့ ကြည့်​ဆုံးမဦးဘာညာ ၀ိုင်း​ပြောကြ​တော့ လှမ်း​ဆူ​တော့တာပဲ…ခု​တော့ ​မေ​မေကနားလည်​​ပေးပါပြီ တချို့အမျိုး​တွေ​တော့မရဘူး ခုထိ
နားလည်​​မ​ပေးနိုင်​​သေးဘူး…
နွေ။ ။ခုလုပ်​တဲ့အ​ပေါ် ဆယ်​လီဖြစ်​ချင်​လို့လုပ်​တယ်​တို့ ဘာတို့ ​ကောမန့်​​ပေး​နေတာ​တွေ​တွေ့​နေရတဲ့အ​ပေါ်မှာ​ရော ဘာများ​ပြောချင်​ပါလဲ…
ဝင့်​။ ။ ဘာမှမ​ပြောချင်​ပါဘူး တချို့အမြင်​နဲ့တချို့အမြင်​ မတူပါဘူး သူတို့မန့်​က သူတို့စိတ်​ကို​ဖေိာပြ​ပေးတာပါပဲ … တစ်​ခုပါပဲ ညီမလုပ်​ရပ်​က တခြားသူ​တွေ​ပျော်​ရမယ်​ ။ တခြားသူ​တွေအကျိုးရှိမယ်​ ညီမလည်း​ပျော်​ရမယ်​ဆိုရင်​ ဘယ်​သူ့စကားမှစိတ်​ထဲမထားပါဘူး….
နွေ ။ ။ ​နောက်​ထပ်​​ရော ဒီလိုထူးထူးခြားခြား လုပ်​ဖို့ အစီအစဉ်​ရှိ​သေးလား …
ဝင့်​။ ။မိဘမဲ့က​လေး​တွေကို စာသင်​​ပေးဖို့လုပ်​​နေတာရှိပါတယ်​ သူငယ်​ချင်း​တွေနဲ့တိုင်​ပင်​တုန်းပါ…
နွေ ။ ။ခုလိုပြည့်​ပြည့်​စုံစုံ​ဖြေ​ပေးတာ ​ကျေးဇူးတင်​ပါ
တယ်​ ဒီထက်​မက ​ပျော်​ရွှင်​စရာ​တွေ စိတ်​ချမ်းသာမှု့​တွေနဲ့. ပရဟိတအလုပ်​​တွေလည်းပိုလုပ်​နိုင်​ပါ​စေလို့ ဆု​တောင်း​ပေးပါတယ်​…. ၀င့်​။ ။ ဟုတ်​ ​ကျေးဇူးပါအစ်​မ…. Credit: ​နွေ​နှောင်း ( Wint Thazin Phyo )
https://www.facebook.com/kgma.lay.16100
လူအချို့ကိုပြောချင်တာလေးရှိလို့ပါ
ကျမ challengeကစားပီး မိဘမဲ့ကလေးတွေအတွက်
တောင်းပေးမယ်ပြောတာ
ကျမ အရမ်းအောက်တမ်းကျသွားလို့လား 😢
နိတောင်းတဲ့ငွေက ဘယ်လောက်ရမှာမို့လို့လည်း??
ကျမတောင်းရတဲ့ငွေ ကလေးတစ်ယောက် ဗိုက်ပြည့်သွားရင် ကျမကျေနပ်တယ်😪
အချို့သူတွေကိုမေးချင်တယ် ကျမကိုခင်တာလား
ကျမကိုအဆင့်မြင့်တယ်ဆိုပီးခင်ပေးတာလား?
ကျမသူတောင်းစားမဖြစ်ရင်😖
အရမ်းအောက်တမ်းကျသွားလားမခင်တော့ဖူးလာ?
စေသနာနဲ့ပြောတာကျမနားလည်တယ်😢
ကျမလုပ်တာပရဟိတ အလုပ်ပါ🙏✌️
ပစ်တင်ပြောဆိုနေမဲ့အစား
ကျမအတွက်အားပေးလိုက်ပါ😖
မားမားphဆက်ပီးအသေဆူထားတယ်😪😰
ကျမရအောင်လှုမှာပါ🙏
မိတ်ဆွေသင်နည်းနည်းလောဆိုတဲ့စကားပြောဖူးလား
သေချာပီသင်လည်းတောင်းဖူးပီ😷
လောကမှာခွက်မပါဘဲ တောင်းတဲ့ညစ်ပတ်တဲ့
သူတောင်းစားတွေအများကြီးဘဲ😷
ကျမ ကျမကိုယ် ကျမ ယုံကြည်တယ်
ကျမအဖြူရောင် ပရဟိတ သူတောင်းစားမလေးပါ
အော့ပုံက အမေရိကန် ဂီတပညာရှင်တစ်ဦးပါ
သူ့လိုပညာရှင်ကြီးတောင်မရှက်မကြောက်
ကိုယ်ချင်းစာတရားရှိစွာ အလှုခံပီး
သူတပ်နိင်သလောက်လုပ်ပေးနိင်သေးတာဘဲ
ဟုကဲ့ အလှုခံပီး မိဘမဲ့ကလေးတွေလှုရမှာ ကျမ
မရှက်တော့ပါဖူး ကျမအဆင့်မနှိမ့်သွားပါဖူး
အိမ်မှာဘာမှမလုပ်ရတဲ့ငါ အပူဒဏ်မခံနိင်တဲ့ငါက
မိဘမဲ့ကလေးလေးတွေအတွက်
နေပူခံ အပင်ပန်းခံပီးတောင်းပေးတာ
ငါအောက်တန်းမကျပါဖူးနော်😪   https://www.facebook.com/kgma.lay.16100/posts/763676937314908?__xts__%5

😪

🙏🙏🙏🙏🙏Help Orphans 🙏🙏🙏🙏09970761095
 

No comments:

Post a Comment

300 250