Wednesday, October 31, 2018

PanDownload [Baidu File Downoad Program]

PanDownload [Baidu File Downoad Program]
PanDownload [Baidu File Downoad Program]


ပုံမှာပြတဲ့နေရာကို နှိပ်ပြီး မိမိ Baidu Account ဖြင့် Login ၀င်ပါ။ အဲဒါအောင်မြင်သွားရင် .. baidu link မှန်သမျှကို link copy လုပ်လိုက်တာနဲ့ program ထဲ အလိုလို ဖိုင်ကို ဆွဲထည့်ပေးသွားမှာပါ .. ဆွဲထည့်ပေးလိုက်တဲ့ဖိုင်ပေါ်ကို right-click > အပေါ်ဆုံးက တရုတ်စာတန်းကို နှိပ်ပြီး download ပြုလုပ်နိုင်ပါတယ်။

Download > PanDownload_v2.0.4.zip, Size 4.32 MB...
https://my.pcloud.com/publink/show?code=XZgcRM7Zx8aCIpDqbqVE9ulOCWkx9hRhSWW7&fbclid=
https://www.facebook.com/zay.arrow/posts/315739112600604

 PanDownload Portable

- File ကို Download ဆွဲပြီး zip ဖြည်ပါ။
- ပြီးရင် PanDownloadPortable.exe ကို Double-Click နှိပ်ပြီး Run ရုံပါပဲ
- သင့် Baidu Account Login ၀င်ပေးရပါမယ်။
- ပုံမှာပြထားတဲ့ အပြာရောင် Button အကြီးပေါ်ကို နှိပ်ပါ။
- သင့် Baidu Account Login ၀င်ပါ။
- ဒါဆိုရင် PanDownload Program ဖြင့် Baidu File များကို Download ဆွဲနိုင်ပါပြီ ..
 PanDownloadPortable.zip, Size 4.54 MB...
https://my.pcloud.com/publink/show?code=XZOWaM7Z2pmcT69moaHa36Vu0OzkcjJYXWKX
https://www.facebook.com/photo.php?fbid=322243605283488&set=a.244900299684486&type=3

31.10.2018 usd rate


Tuesday, October 30, 2018

0.99 usd google drive unlimited added to your account

ads block collection

facebook ပေါ်မှာ ဖောင်းထု ၀ါသနာပါသူများအတွက်

facebook ပေါ်မှာ ဖောင်းထု ၀ါသနာပါသူများအတွက်

facebook ပေါ်မှာ ဖောင်းထု ၀ါသနာပါသူများအတွက်
fb သုံးတဲ့  အခါ  account ကို တစ်ခုတည်း မသုံးနဲ့ တစ်ခုခုပြသနာဖြစ်၇င်
backup account တွေဆိုတာ၇ှိထားသင့်တယ်
သင်ကို fb က 7 day block လိုက်တယ်
သင်က ၁ နေ့ ၁ နေ့ fb မှာ ဖောင်းထုနေမှအားရနေတဲ့လူမျိုးရင် သေပြီးလေ
၁ ရက်၁ ရက် fb မှာ ဖောင်း မထုရရင်
ဘယ်လောက် အား မရစရာဖြစ်သလဲ ဆိုတာ သင်အသိဆုံး ဖြစ်ပါလိမ့်မယ်
ဒါကြောင့် ဖောင်းထု နိုင် ဖို့
page ဖြစ်ဖြစ်
gp ဖြစ်ဖြစ် လုပ်တဲ့အ ခါ
backup account ကို ဘဲ ဖြစ်ဖြစ်
မိမိ ယုံကြည်ရတဲ့လူ ဘဲ ဖြစ်ဖြစ်
ကိုယ့်ကို admin ပြန် ပေးနိုင်တဲ့ သူမျိုးကို ခန့်ထား ရမယ်
new account နဲ့ ပြန် လာတဲ့ အခါ မှာ fb မှာ သင်ဖောင်း ထု ဖို့ လုံး ၀ မမေ့ပါနဲ့
တစ်နေ့ တစ်နေ့ ဖောင်းထုနေရမှ အားရနေတဲ့သူတွေထဲမှာ ကျွန်တော်လည်း တစ်ပါး အပါ အ၀င်ပါဘဲ ခိခိ

ညီမလေးဖတ်ဖို့

 ညီမလေးဖတ်ဖို့
" ညီမလေးဖတ်ဖို့"

ညီမလေးရေ----------
ဘဝမှာ ပျော်ရွှင်တဲ့လူသားတစ်ယောက်ဖြစ်ဖို့
၁။ ကိုယ့်တာဝန်ကိုယ်ကျေပါ
၂။ လိုချင်တာတွေ လျှော့ချလိုက်ပါ
၃။ စိတ်ကောင်း နှလုံးကောင်းအမြဲမွေးမြူပါ။

ညီမလေးရေ--------
ကိုယ့်မှာ အဆင်းရှိတယ်ဆိုပြီး
မာန်မတတ်လိုက်ပါနဲ့
အချင်းရှိသူနဲ့ ယှဉ်လိုက်ရင်
မင်းရှုံးသွားမှာပေါ့ကွယ်။

ညီမလေးရေ--------
ဘယ်တော့မှနောင်တရတယ်ဆိုတာ
မရှိရလေအောင် ကိုယ့်ရဲ့တစ်နေ့တာကို
ကုသိုလ် ပညာ ဥစ္စာတစ်ခုခု
ရအောင် နေထိုင်လိုက်ပေါ့ကွယ်။

ညီမလေးရေ-------
ချီးမွမ်းစကားတွေ ကဲ့ရဲ့သံတွေကြားမှာ
စိတ်တွေမတုန်လှုပ်လိုက်ပါနဲ့။ ဘယ်သူမှ
ကိုယ့်ရဲ့တစ်နေ့တာလုပ်ရပ်တွေကို
အလုံးစုံမသိကြဘဲကွယ်။

ညီမလေးရေ------
သိက္ခာရင်းပြီးငွေရှာရတဲ့အလုပ်ကို
ဘယ်တော့မှမလုပ်လိုက်ပါနဲ့ကွယ်။
သိက္ခာရင်းပြီဆိုမှတော့ ဒွန်းဇဏ္ဍားနဲ့
ဘာကွာတော့မလဲကွယ်။

ညီမလေးရေ------
ရည်းစားများတာကို ဂုဏ်ယူမနေပါနဲ့။
အလကားချကျွေးထားတဲ့ ထိုးမုန့်ကို
ဝယ်ရရိုးထုံးစံရှိလို့လားကွယ်။

ညီမလေးရေ-------
မင်းရည်မှန်းချက်အတွက်
ကြိုက်တဲ့အသက်မွေးဝမ်းကြောင်းကိုမဆို
ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမယ့်
ဘယ်နေရာမှာပဲဖြစ်ဖြစ်
အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ မမေ့ပါနဲ့။

ညီမလေးရေ--------

ဖြစ်နိုင်ရင်ဘယ်သူ့ရဲ့ အတင်းတွေ
အပြစ်တွေကို မပြောပါနဲ့ကွယ်။
ကိုယ့်ကာယကံ ဝစီကံ မနောကံ
ကိုယ့်ထံပြန်သတဲ့ကွယ်။

ညီမလေးရေ-------
ဣတ္ထိ ရူပံ ဓနံတဲ့
အရွယ်သုံးပါး လူရော စိတ်ရော
လှပနေဖို့ မပျင်းပါနဲ့ကွယ်။

ညီမလေးရေ-----
အလိမ္မာစာမှာရှိဆိုတဲ့ ဆိုရိုးစကားအတိုင်း
စာဖတ်ခြင်းအလုပ်ကို
မပျက်ကွက်ပါစေနဲ့ကွယ်။

ညီမလေးရေ------

လူ့ဘဝရဲ့
ချမ်းသာခြင်းအစစ်အမှန်ဖြစ်တဲ့
ဝိပဿနာတရားအလုပ်ကို
မဖြစ်မနေသိအောင်ကြိုးစားပြီး
အားထုတ်ပါလို့------

ချစ်တဲ့မမ
မဟူရာ (IR)
https://www.facebook.com/ShweTun.17.5/photos/a.492907897778305/606145483121212/?type=3&

လောကဓံတရား ရင်ဆိုင်သွားမယ်

လောကဓံတရား ရင်ဆိုင်သွားမယ်

"လောကဓံတရား ရင်ဆိုင်သွားမယ်"
********************************

လောကလူသားတိုင်း
ရှောင်လို့မလွတ်တာ
လောကဓံရှစ်ပါး တရားတွေပါ။

လောကဓံဆိုလို့
အဆိုးချည်းပဲ မဟုတ်ပါဘူး
အကောင်းလည်း ပါပါတယ်။

လာဘ်ရခြင်း မရခြင်း
အခြွေအရံများခြင်း နည်းခြင်း
ကဲ့ရဲ့ခံခြင်း ချီးကျူးခံရခြင်း
ကိုယ်စိတ်ချမ်းသာခြင်း ဆင်းရဲခြင်း
အားလုံး ရှစ်ပါး ရှိပါတယ်။

များသောအားဖြင့်
အကောင်းလောကဓံနဲ့
ကြုံဆုံရတဲ့အခါ..
အော် လောကဓံပါလားလို့
သတိမပြုမိတတ်ကြပါဘူး။

လာဘ်ရတဲ့အပေါ်မှာ
ကျေနပ်နေကြတယ်။
အခြွေအရံများတဲ့အပေါ်မှာ
ပျော်ရွှင်နေကြတယ်။
ချီးကျူးခံရတဲ့ အပေါ်မှာ
မိန်းမောနေကြတယ်။
ကိုယ်စိတ်ချမ်းသာတဲ့အပေါ်မှာ
ယစ်မူးနေကြတယ်။

အကောင်းလောကဓံကနေ
အဆိုးလောကဓံလည်းဆုံရော
အိပ်မက်က လန့်နိုးလာသလို..
ငါ့မှ ဖြစ်ရလေခြင်းဆိုပြီး
ဆောက်တည်ရာမရ ဖြစ်ကြတယ်။

ဆိုကြပါစို့..
ကျန်းမာရာကနေ ရုတ်တရက်
ကင်ဆာရောဂါတွေ့ပြီ ဆိုကြပါစို့..
အကောင်းလောကဓံကနေ
ချက်ချင်း အဆိုးလောကဓံကို
ကူးပြောင်းသွားပါတော့တယ်။

အဲ့ဒီအချိန်ကျမှ..
လောကဓံတရားကို သတိပြုမိလာပြီး
"ဘုရားသော်မှ မနေရ တို့ကဘာမို့လဲ"
ဆိုတာမျိုးတွေ ရွတ်ဆို ဖြေဖျောက်ရင်း
အောင့်သက်သက်နဲ့ လောကဓံကို
ရင်ဆိုင်ကြရတာများပါတယ်။

တကယ်ဆိုရင်
လောကဓံဆိုတာ ရှောင်လွှဲမရတဲ့
အနတ္တသဘာဝတရားပေပဲ
ရင်မဆိုင် မဖြေရှင်းလို့မှ မရတာ။
တည်တည်ငြိမ်ငြိမ် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့
ရင်ဆိုင်ကျော်လွှားကြရမှာ ဖြစ်တယ်။

လောကဓံမုန်တိုင်းတွေ ဘယ်လိုကြမ်းပါစေ
မိမိတို့တစ်တွေမှာ နှလုံးသွင်းကောင်းနဲ့
ကြံ့ခိုင်တဲ့ စိတ်ဓာတ်ရှိအောင်..
တည်ဆောက်ထားကြရပါမယ်။
ဒါမှလည်း နင်လားဟဲ့ လောကဓံ ဆိုပြီး
အေးအေးဆေးဆေး ရင်ဆိုင်နိုင်မှာဖြစ်တယ်။

အကောင်းလောကဓံပဲဖြစ်ဖြစ်
အဆိုးလောကဓံပဲဖြစ်ဖြစ်
မမြဲတဲ့ အနိစ္စတရားတွေချည်းပဲမို့
တစ်ချိန်ချိန်မှာ ချုပ်ဆုံးပျောက်ကွယ်သွားမှာပါ။
တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ကြပါစေ။

Credit
https://www.facebook.com/ShweTun.17.5/photos/a.492907897778305/605928549809572/?type=3&

7 day blocked

https://my.pcloud.com/publink/show?code=XZl95M7Zz2LVrUXBBk4VxO7zlOLAUuVnSXpX
အဲ့ပုံကို
ဒေါင်းချ
ပြန်တင်လိုက် fb မှာ
7 day block ဖြစ်တယ်
within 5 min အတွင်း

အားလုံးထားခဲ့ရမှာပါ။

အားလုံးထားခဲ့ရမှာပါ။
အားလုံးထားခဲ့ရမှာပါ။

မအိုချင်ပါလည်း မအိုမရ အနိစ္စ ဒီခန္ဓာ။
မနာချင်ပါလည်း မနာမရ ဒုက္ခ ဒီခန္ဓာ။
မသေချင်ပါလည်း မသေမရ အနတ္တ ဒီခန္ဓာ။

တစ်နေ့နေ့ တစ်ချိန်ချိန်တော့...
ဒီခန္ဓာကို စွန့်ထားခဲ့ရမှာပါ။
ဒါတင်မက
မိမိဆွေမျိုး မိတ်ဆွေ မိသားစု..
ပိုင်ဆိုင်ထားသမျှ ပစ္စည်းဥစ္စာ
ဂုဏ်ထူးပါဝါ ဆိုတာတွေလည်း
အားလုံးထားခဲ့ရမှာပါ။

ဘာတွေကိုများ မက်မောတွယ်တာ
နေရအုံးမှာလဲ.. အခုကတည်းက
အားလုံးလွှတ်ချထားလိုက်တာ
အကောင်းဆုံးပါပဲ။

မိမိတို့နဲ့ အတူပါလာမှာက
ကိုယ်ပြုခဲ့တဲ့ ကံတွေပါပဲ။
ကံကောင်းတွေများများပြုကြပါစို့။

မေတ္တာဖြင့်
Dr Shwe Tun.
Global Hospital,
Chennai, India.
26.10.2016
https://www.facebook.com/ShweTun.17.5/photos/a.492907897778305/605392263196534/?type=3&

မြန်မာပြည်ကဆရာဝန်တွေပညာမညံ့ပါဘူးညံ့နေတာက



မြန်မာပြည်ကဆရာဝန်တွေ
ပညာမညံ့ပါဘူး
ညံ့နေတာက ?????
Credit to all
ဒီတစ်​​ခေါက်​ ဘန်​​ကောက်​​ရောက်​​တော့...
မိုးလင်းတာနဲ့ လင်​မယားနှစ်​​ယောက်
ဟိုတယ်​က ထွက်​လာ.Taxi တားပြီး...
Bumrungrad Hospital..
နောက်​တစ်​​နေ့လည်း..ဘန်​ရွမ်​ဂလပ်​ ..
နောက်​တစ်​​နေ့လည်း..ဘန်​ရွမ်​ဂလပ်​..
နေ့တိုင်း ဘန်​ရွမ်​ဂလပ်​ကို သွားခဲ့ရပြီး
မိုးချုပ်​မှ ဟိုတယ်​ကို ပြန်​​ရောက်​ကြတာပါ..
ဘန်​ရွမ်​ဂလပ်​ Bumrungrad ဆိုတာက​တော့
ဘန်​​ကောက်​က နာမည်​ကြီး ​ဆေးရုံတစ်​ခုပါပဲ..
ဒီ​နေရာမှာ ကြို​ပြောထားချင်​တာက
ဘန်​​ကောက်​မှာ ​ဆေးသွားကုတယ်​ ​ဆေးသွားစစ်​တယ်​..ဆိုတဲ့..ခပ်​ကြွားကြွား ပို့စ်​မျိုး
မြန်​မာ ဆရာဝန်​​တွေ ​ဆေးရုံ​တွေကို တိုက်​ခိုက်​တဲ့ပို့စ်​မျိုး​ရေး​တော့မယ်​လို့ ကျွန်​မကို မထင်​ကြ​စေချင်​တာပဲဖြစ်​ပါတယ်
ဘန်​ရွမ်​ဂလပ်​ မှာ ကိုယ်​တိုင်​ ​ဆေးမကုဖူး​ပေမဲ့လို့ ဒီ​ဆေးရုံနဲ့ က​တော့ လွန်​ခဲ့တဲ့ ၇နှစ်​ ၈နှစ်​​လောက်
ကတည်းကစပြီး ရင်းနှီးကျွမ်းဝင်​မှ​တွေရှိ​နေခဲ့ပါတယ်
ကျွန်​မရဲ့ခင်​ပွန်းဟာ လွန်​ခဲ့တဲ့ ၁၄နှစ်​​လောက်​ကတည်းက ဒီ​ဆေးရုံကြီးမှာ နှလုံးနဲ့ပတ်​သက်​တဲ့ ကုသမှုတစ်​ခုလုပ်​ခဲ့ဖူးပြီး ယ​နေ့ထက်​တိုင်​ သူ့နှလုံးဆရာဝန်​ကြီးနဲ့ တစ်​နှစ်​ကို အနည်းဆုံးတစ်​ခါ​တော့ ​တွေ့ဆုံ​နေရဆဲပါ
ကျွန်​မ ခင်​ပွန်းကိုအ​ကြောင်းပြုပြီး ဒီ​ဆေးရုံကို​ ပထမဆုံး​ရောက်​ဖူးတဲ့ လွန်​ခဲ့တဲ့ ၇နှစ်​ ၈နှစ်​​လောက်​တုန်းက ​ဆေးရုံမှာ မြန်​မာ လူနာဆိုတာ အ​တော်​ရှားရှားပါးပါးပါပဲ
အခု ​နောက်​ပိုင်း​တော့ ​ဘန်​ရွမ်​ဂလပ်​ဟာ မြန်​မာလူနာ​တွေနဲ့ မြန်​မာ​ဆေးရုံကြီးဖြစ်​​နေပါပြီ
Food Court မှာ တန်းစီပါ..တို့
အိမ်​သာထဲမှာ..အ​ရေး​ပေါ်ခလုတ်​..တို့
စသည်​ဖြင့်​ မြန်​မာလိုစာတမ်း​လေး​တွေ​တွေ့ရသလို
ဆေးရုံရဲ့ ​မြေပုံမှာလည်း မြန်​မာဘာသာနဲ့
ဘယ်​အထပ်​မှာ ဘယ်​ဌာနရှိတယ်​ဆိုတာမျိုး​တွေ
ထည့်​ပြီး​ရေးလာကြပါပြီ
မြန်​မာစကားပြန်​​တွေလည်း ရှိလာပါပြီ..
ဒီတစ်​​ခေါက်​က​တော့ ကျွန်​မခင်​ပွန်းကလည်း လုပ်​စရာ​လေး​တွေ ​တော်​​တော်​များများရှိ​နေတာမို့ ​ဆေးရုံတစ်​ခုလုံး ဟိုဘက်​​ပြေးလိုက်​ ဒီဘက်​​ပြေးလိုက်
အ​ပေါ်တက်​လိုက်​ ​အောက်​ဆင်းလိုက်​နဲ့​ပေါ့
ဘယ်​နားသွားသွား မြန်​မာအမျိုး​တွေနဲ့ ​တွေ့​နေ
မြန်​မာစကားသံ​တွေကြား​နေရတာဆို​တော့..
အို..​ဆေးလာကုကြတာတ​ပျော်​ကြီးပါလား ​တွေးမိပါ​​သေးတယ်
တစ်​အိမ်​လုံးပါလာကြတာကိုး
ကျွန်​မတို့ မြန်​မာ လူမျိုး​တွေ ပြည်​ပထွက်​ပြီး ​ဆေးကုနိုင်​ကြတယ်​ဆိုတာ အရှင်းဆုံး​ပြောရရင်​ ပိုက်​ဆံရှိလာကြလို့ပါပဲ
ဒါ​ပေမဲ့..တခြား
တစ်​ဘက်​ကကြည့်​​တော့ မြန်​မာလူမျိုး​တွေအ​နေနဲ့
မြန်​မာဆရာဝန်​ကြီး​တွေ မြန်​မာ​ဆေးရုံ​တွေ..မြန်​မာပြည်​က ဓာတ်​ခွဲခန်း​တွေ..အ​ပေါ် အယုံအကြည်​မရှိ
အားကိုးအားထားမရှိကြ​တော့ဘူး ဆိုတဲ့ ကိစွက​တော့ ဝမ်းနည်းစရာပဲ ဖြစ်​ပါတယ်
ထိုင်းဆရာဝန်​​တွေဟာ အင်္ဂလိပ်​စကား​ပြော အသံထွက်​ မြန်​မာဆရာဝန်​ကြီး​တွေ​လောက်​ မ​တော်​ကြပါဘူး
မပီသကြပါဘူး..
ဒါ​ပေမဲ့ ကမ္ဘာအရပ်​ရပ်​က လူနာ​တွေကို သူတို့ဆီ​ရောက်​လာ​အောင်​ သူတို့ဆီမြဲ​နေ​အောင်​ လုပ်​ထားနိုင်​တာ..
တနည်းအားဖြင့်​ စီးပွား​ရေး စကားနဲ့​ပြောရရင်
အာရှ ကျန်းမာ​ရေး ​ဈေးကွက်​ရဲ့ market share ကို ရာခိုင်နှုန်းအ​​တော်များများ​ယူထားနိုင်​တဲ့ သ​ဘောပါ
ဘန်​ရွမ်​ဂလပ်​ဟာ အ​မေရိကန်​လို အဖြူ​တွေကြား​ရေပန်းစားတဲ့​ဆေးရုံဖြစ်​ပါတယ်
ကျွန်​မမိတ်​​ဆွေ အ​မေရိကန်​​တွေဟာ ဘမ်​ရွန်​ဂလပ်​က ထိုင်းဆရာ​တွေဆီကိုပဲ အားကိုးတကြီးသွားကြပါတယ်
ပိုက်​ဆံ ချမ်းသာတဲ့ အာရပ်​​စော်​ဘွား​တွေ ဘန်​ရွမ်​ဂလပ်​ကိုလာကြပါတယ်
ဘာလို့ပါလဲ
ထိုင်းဆရာဝန်​​တွေ ​ဆေးကုပုံကိုကျွန်​မ​ပြောပြပါမယ်
လုံးဝ အချိန်​မဆွဲဘဲ ကုတာမျိုးဖြစ်​ပါတယ်
လူနာနဲ့​တွေ့ပြီး ချက်​ချင်း
ဘာလုပ်​ ဘာလုပ်
ဥပမာ X ray လုပ်​ခိုင်းတာ
သွေး​ဖောက်​တာမျိုး..ကို
ချက်​ချင်း သွားလုပ်​ခိုင်းပြီး အ​ဖြေကို ကွန်​ပျူတာ ​ပေါ်ကိုတင်​ လူနာနဲ့ အတူကြည့်​ပြီး..
အထဲမှာ​တော့ ဘယ်​လို​တွေဖြစ်​​နေပြီ
ဘာဆက်​လုပ်​မှသင့်​​တော်​မယ်​ဆိုတာမျိုးကို
တစ်​​နေ့တည်းနဲ့
ပြောပြနိုင်​တာမျိုးဖြစ်​ပါတယ်
လုနာကို​ တစ်​ပတ်​မှပြန်​လာပြပါတို့ ဘာတို့မလုပ်​ဘဲ
one stop service မျိုး​ပေးနိုင်​တာပါ..
ဆေးရုံကလည်း ဆရာဝန်​​တွေ ရဲ့ ကုထုံးညွှန်​ကြားချက်​​တွေကို အချိန်​နဲ့တ​ပြေးညီ အ​ကောင်​အထည်​ ​ဖော်​​ပေးနိုင်​တဲ့ facility ရှိလို့​နေမှာပါပဲ..
ကုတာမြန်​​တော့ လူနာနဲ့ လူနာရှင်​​တွေမှာလည်း
စိတ်​ထဲမတင်​မကျ အီလည်​လည်​ဖြစ်​​နေတာမျိုးမရှိဘဲ
Yes or No
Do or Die
တန်းသိရ​တော့လည်း တစ်​မျိုး​ကောင်းပါတယ်
ကောင်းတာဖြစ်​ဖြစ်​..ဆိုးတာဖြစ်​ဖြစ်​..အကြာကြီး မခံစား​နေရ​တော့ဘူး..
အ​ရေးကြီးတာဆိုရင်​လည်း အ​ရေးကြီးတာဆက်​လုပ်​ဖို့ အချိန်​မ​နှောင့်​​နှေး​တော့ဘူး​ပေါ့
ဆရာ​တွေဟာ ဒီ​လောက်​ကြီးတဲ့​ဆေးရုံကြီးမှာ ဌာန​တွေအများကြီး သွားပြီး ​ရောဂါအမျိုးမျိုးကို ကုသမှုခံ​နေရတဲ့ လူနာတစ်​​ယောက်​ထဲကို ပူး​ပေါင်းပြီး​ဆေးကုနိုင်​ကြတာပါ
ကျွန်​မ ခင်​ပွန်းဟာ ဒီတစ်​ခါ နှလုံး
လည်​ပင်းအကျိတ်​နဲ့ အစာအိမ်​အူလမ်း​ကြောင်း ၃မျိုးကို ကုသစစ်​​ဆေးဖို့သွားခဲ့တာပါ
သူ့ဆရာဝန်​​တွေ အချိတ်​အဆက်​မိ​နေတာ လုံးဝဟာကွက်​မရှိပါဘူး
ဘာပဲလုပ်​လုပ်​ နှလုံးဆရာဝန်​ကြီးရဲ့ သ​ဘောတူ ​ထောက်​ခံ ချက်​ကိုပဲအရယူပြီး..
သူ့နှလုံးအ​ခြေအ​နေအရ ဒီကုထုံးနဲ့ ဖြစ်​ပါ့မလား ဆိုတာမျိုး​တွေကို တိုင်​ပင်​ချိတ်​ဆက်​ပြီး ကုသးပေးကြတာမျိုးပဲဖြစ်​ပါတယ်
ကိုယ့်​ ကိစွပဲကိုယ်​ကြည့်​ပြီး လူနာကို မျက်​နှာလွှဲခဲပစ်​မလုပ်​တတ်​ကြတာ သူတို့ကို အားကိုးမိ​စေတဲ့ အချက်​တစ်​ခုဖြစ်​ပါတယ်
ပြီး​တော့ အားသာချက်တစ်​ခုက ဒီဆရာ​တွေရဲ့ clinic hour ​တွေကိုကြည့်​ရင်း ဒီ​ဆေးရုံတစ်​ခုထဲမှာပဲ တစ်​​နေကုန်
သို့မဟုတ်​ ​မနက်​ပိုင်း ည​နေပိုင်း ထိုင်​​နေကြတာကို​တွေ့ရပါတယ်
ခွဲစိတ်​စရာရှိလည်း ဒီသက်​ဆိုင်​ရာ ဌာန​တွေမှာပဲ လုပ်​လိုက်​ကြပါတယ်
ဒီ​တော့ ​ပြောထားတဲ့အချိန်​သာ​ရောက်​​အောင်​သွားပါ
ဆရာခွဲခန်းအ​ရေးတကြီးဝင်​ရတဲ့ ကိစွ မျိုး​တွေသာမရှိခဲ့ရင်​ ​စောင့်​ရလှ၁၅ မိနစ်​ပါပဲ..
ကျွန်​မတို့ ​တွေ့ရတဲ့ အစာအိမ်​နဲ့ အူလမ်း​ကြောင်းဆရာဝန်​ကို ဆရာ မှန်​​ပြောင်းကြည့်​​နေတဲ့လူနာ​ကြောင့်​ ၁နာရီ​လောက်​​စောင့်​ရ​တော့ ဆရာ့ နပ်​စ်​မ​လေးဟာ ပြာ​နေပါတယ်
Customer care ဆိုတာ complaint လာမှလုပ်​တယ်​ဆို အလကား ပါပဲ
အရာမထင်​ပါဘူး..
ကျွန်​မတို့ကို စား​သောက်​ဆိုင်​​တွေသွားစားပါဆိုပြီး ​ဆေးရုံက ကူပွန်​​လေး​တွေ ထုတ်​​ပေးပါတယ်​..
ကော်​ဖီ ​ဖျော်​​ပေးရမလား ​မေးပါတယ်​..
သူနာပြု​တွေဟာ ​တွေ့တာနဲ့ လက်​အုပ်​က​လေးချီပြီး နှုတ်​ဆက်​တတ်​ကြပါတယ်
ဒီက သူနာပြုတချို့ အ​ဖေအရွယ်​ အ​မေအရွယ်​​တွေကို​တောင်​မှ သံပြတ်​နဲ့ ​ပြောဆို​နေတာ​..
ဆောင့်​​အောင့်​​နေတာ ..​တွေ့ရတာ ဝမ်းနည်းစရာပါပဲ
သူတို့လည်း..
ဟို​ဆေးရုံ ဒီ​ဆေးရုံသာ ​ပြေး​ပြီး လူနာကြည့်ေ​နရမယ်​ဆိုရင်​ Traffic ​ကြောင့်​ ​နောက်​ကျတာမျိုး​တွေဖြစ်​နိုင်​တာပါပဲ​လေ
ဒီအတွက်​ ​ဆေးရုံက ဒီဆရာ​တွေကို လခနှုန်းထားတစ်​ခု​ပေးပြီး ခန့်​ထားတယ်​လို့ထင်​ပါတယ်
လူနာဆီကလည်း စမ်းသပ်​ခရကြပါတယ်
နောက်​တစ်​ခုက သူတို့ဆီမှာ recovery rate အရမ်း​ကောင်းပါတယ်
ကျောက်​ကပ်​​ဆေးတဲ့ လူနာဟာ ​ဆေးပြီးရင်​ အ​မောမဆို့ပါဘူး
ချက်​ချင်း ​ထောင်​လာပါတယ်
မြန်​မာပြည်​မှာ ​ကျောက်​ကပ်​တစ်​ခါ​ဆေးပြီးတိုင်း ၂ရက်​​လောက်​ ​မောပန်းနှုန်းချိ​နေတယ်​လို့ကြားဖူးပါတယ်
ဒူးခွဲတယ်​. ..
ရေခဲ အုံပြီးပြန်​လွှတ်​​ပေးလိုက်​တယ်
မှန်​​ပြောင်းကြည့်​တယ်​..
ပြီးတာနဲ့ အစာစား..
ပြန်​..
တစ်​ခုခုဖြစ်​ရင်​ Ambulance ​ခေါ်လိုက်​..
လူနာကို မလိုဘဲ လုံးဝ ​ဆေးရုံမတက်​ခိုင်းပါဘူး
လိုရင်​လည်း လိုသလိုလုပ်​ပါတယ်
မလိုရင်​လည်းမလုပ်​ပါဘူး
ဆေးကုသမှု စရိတ်​ကို​ပြောမယ်​ဆိုရင်
မြန်​မာပြည်​က နာမည်​ကြီး​နေရာ​တွေမှာ ပြသ​လောက်​ပဲ ကုန်​တာပါ
နေစရိတ်​ စားစရိတ်​ သွားစရိတ်​​လေး​တော့ရှိမယ်​​ပေါ့​လေ...
ဒါ​ပေမဲ့..မြန်​မြန်​သိရတယ်
ကုရတယ်​..
စစ်​တာ​ဆေးတာ​တွေ မှန်​တယ်​ မြန်​တယ်
Communication ​ကောင်းတယ်
ဆို​တော့.. မထူးပါဘူး..
ဘန်​​ကောက်​ သာသွားလိုက်​ပါ​တော့မယ်​လို့ လူ​တွေစိတ်​မှာဖြစ်​လာတယ်​ထင်​ပါရဲ့..
ဆရာ​ဝန်​​တွေဟာ..
လူနာအတွက်​ လိုအပ်​သမျှ ဥပမာ ကျန်းမာ​ရေး အာမခံ နဲ့ပတ်​သက်​တဲ့ စာရွက်​စာတမ်း ​တွေကို ​သေ​သေချာချာ ဖြည့်​​ပေးကြပါတယ်
နောက်​တစ်​ခုက​တော့ အရမ်းသ​ဘော​ကောင်းကြတာပါပဲ
ဆရာဝန်​​တွေဟာ လူနာကို ပြုံးပြုံးချိုချို ဆက်​ဆံ​ပေးကြပါတယ်
အချိန်​​ပေးကြပါတယ်
နားလည်​​အောင်​ ရှင်းပြကြပါတယ်
နင်​ စိတ်​မပူနဲ့​နော်
နင်​ ညအိပ်​​ပျော်​​အောင်​အိပ်
စိတ်​ပူရမှာက ငါ​နော်​..
ငါကနင့်​ကိုကုရမှာ..
ဟုတ်​ပြီလား..
ငါ ဘယ်​​လောက်​ပင်​ပန်းခဲ့ ပင်​ပန်းခဲ့..နင်​​ကောင်း
နေ​တော့ငါ​ပျော်​သွားပြီ
နင်​ ငါ့ဆီလာလည်​​နော်
သိချင်​တာရှိရင်​ အီး​မေး​လေးပို့လိုက်​​နော်​..
လူဆိုတာ​သေမျိုးပဲ​နော်​..
နင်​အရင်​မ​သေဘဲ ..ငါအရင်​​သေချင်​​သေ​နေမှာ​လေ..
ဒါ​ပေမဲ့..ငါ့လူနာ​တွေအကုန်​လုံး ၉၉နှစ်​တို့..၉၂နှစ်​တို့..အသက်​ရှည်​ကြတယ်​..
နင်​က​တော့ ၁၀၀ထိရှည်​​အောင်​လုပ်​ရမယ်​​နော်​...
အဲလို စကား​လေး​တွေကို ချစ်​ချစ်​ခင်​ခင်​တရင်းတနှီး​ပြောတတ်​ပါတယ်
လူနာ​တွေ လူနာရှင်​​တွေဆိုတာ အ​ခြေအ​နေအရပ်​ရပ်​အရ စိတ်​ဖိစီးမှု ​တွေရှိ​နေကြတဲ့သူ​တွေဖြစ်​ပါတယ်
ကိုယ့်​ကိုကြည့်​​ပေးတဲ့ ဆရာက ဒီလိုကြင်​ကြင်​နာနာ
ရင်းရင်းနှီးနှီး ​ပြောဆိုဆက်​ဆံတဲ့အခါ
ကြည်​နူးရတာအမှန်​ပါပဲ..
ဒီလို​ရေး​တော့ ဆရာဝန်​မိတ်​​ဆွေ​တွေကို​တော့ အားနာမိပါတယ်​..
ကျွန်​မကိုယ်​တိုင်​ ဆရာဝန်​မိသားစုထဲက လူပါပဲ..
ဒါ​ပေမဲ့ သူတို့​တွေကပဲ ကျွန်​မကို ဘာဖြစ်​ဖြစ်​ ဘန်​​ကောက်​သာသွားလိုက်​ပါလို့​ပြောလာကြ​တော့ ကျွန်​မလည်း​တွေ​ဝေလာတာအမှန်​ပါပဲ
မြန်​မာပြည်​က ဝိတိုရိယ​ဆေးရုံမှာ အရင်​အပတ်​က ကျွန်​မ​သွေး​ရောဂါကို တိုင်​ပင်​ဖို့ ဆရာဝန်​မကြီးတစ်​​ယောက်​ဆီ appointment ယူပါတယ်
နေ့လည်​၂နာရီချိန်းတာ ၄နာရီထိုးတဲ့အထိ​ရောက်​မလာပါဘူး
သူ့ဘာသူဘာကြီးပဲဖြစ်​​နေပါ​စေ..
ဒီလို ..လူနာကို ငါလာချင်​တဲ့အချိန်​လာမယ်
စောင့်​နိုင်​ရင်​ပြဆိုတဲ့ ဆရာဝန်​မျိုးကို ဘယ်​လိုမှ
မ​လေးစားနိုင်​​တော့တဲ့အတွက်​ complaint letter ​ရေးပြီးထပြန်​လာခဲ့ပါတယ်
ဘန်​ရွမ်​ဂရက်​မှာ ကြုံတုန်းပြလိုက်​ပါ​တော့မယ်​​လေ
ဆိုပြီး ပြ​နေတုန်း ဝိတိုရိယ customer care က ဖုံးလာပါတယ်
တောင်းပန်​ပါတယ်​​ပေါ့
ကျွန်​မက စိတ်​ဆိုး​နေတဲ့သူမဟုတ်​ပါဘူး
စနစ်​ကြီးတစ်​ခုလုံး ဒီလိုဖြစ်​​နေတာမို့လို့ ကျွန်​မလည်း ဘာမှမလုပ်​တတ်​ပါဘူး
မြင်​မိလိုက်​တာက​တော့
မြန်​မာပြည်​က မြန်​မာ​ဆေးရုံတစ်​ခုမှာ သုံးလိုက်​ရမဲ့
မြန်​မာနိုင်​ငံသားတစ်​​ယောက်​ရဲ့ ပိုက်​ဆံ​တွေဟာ
ဘန်​​ကောက်​က ဘန်​ရွမ်​ဂလပ်​ကို ​ရောက်​သွားတာကိုပါပဲ..
ကျွန်​မ ဆရာဝန်​နဲ့ ၂ရက်​​တွေ့
သွေး ၃မျိုးစစ်​ခဲ့ရပြီး
၃လစာ ​သောက်​​ဆေးရ
စုစု​ပေါင်း မြန်​မာ​ငွေ ၂သိန်း​ကျော်​ပဲကျခဲ့ပါတယ်​..
ဒီ၂သိန်းဖိုး​လောက်​ကို​တောင်​ မြန်​မာပြည်​ရဲ့ ပြည်​သူ့ကျန်းမာ​ရေး system ကြီးက ထိုင်းနဲ့ပြိုင်​ပြီး
လူနာတစ်​​ယောက်​ရဲ့ အိပ်​ထဲက ​လျှော​လျှော ရှူရှူ​လေးထွက်​ကျလာ​အောင်​ မလုပ်​နိုင်​ဘူးဆိုတာ
အရမ်းနှ​မျောစရာ​ကောင်းတဲ့အချက်​ဖြစ်​ပါတယ်
သူတို့​တွေက ကျွန်​မတို့ အိတ်​ထဲက ပိုက်​ဆံ​တွေကို ဆဝါဒီခပ်​ ဆိုပြီး လက်​အုပ်​​လေးချီ ပြုံးပြုံး​လေးယူသွားကြပါတယ်
မူရင်း-မွန်​​ဟော်​စီ
၅ သြဂုတ်​ ၂၀၁၈
via Dr Tay Za Kyaw

Sunday, October 28, 2018

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က
အမြဲပြောနေရင်
တနေ့တခြား ကြပ်တည်းလာတာ
ပိုသိသာလာတယ်

အဆင်မပြေဘူးလို့
ခနခနတွေးနေရင်
ပိုပြီး အဆင်မပြေ ဖြစ်လာတယ်

ဒါ အယူအဆမဟုတ်ဘူး
ဘာသာရေး အတွေးမဟုတ်ဖူး
Psycho သဘောပဲ

ကြားရဖန်မှားရင် အတွေးတွေဖြစ်လာတယ်
ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်

ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း
ကိုယ့်နှုတ်ထွက်စကားတွေ အတိုင်း
ကိုယ့်ဘဝက ပြောင်းသွားတယ်

ဒါ့ကြောင့် အမြဲတမ်း

အကောင်းဘက်ကတွေးပါ
အကောင်းဘက်ကို တွေးပါ
အောင်မြင်သူလိုတွေးပါ
အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့
ပြောကြတာပေါ့

လဲကျတာဟာ ပြသနာ မဟုတ်ဖူးလေ
ပြန်မထချင်တော့တာ or
ငါ ပြန်မထ နိုင်လောက်ပါဘူးလို့တွေးတာ
လက်လျှော့လိုက်တော့မယ်ဆိုတာကသာ
ပြသနာကြီးပါ

မဖြစ်နိုင်ဘူးဆိုတာထက်
ုဖြစ်အောင်ဘယ်လိုလုပ်ရမလဲက
တွေးဖို့ပိုလိုတာပါ

လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေရှိတယ်

ဖြေရှင်းပုံပေါ်မူတည်ပြီး

လူတွေရဲ့ ဘဝ အခြေအနေတွေ
ကွာသွားတာပါ
Credit ##
SHWE PAING

SAMSUNG J2 2016 (SM-J210F) Touch Error fix ...

SAMSUNG J2 2016 (SM-J210F) Touch Error fix ...

Sansung J series ​တွေ မှာ System update ​မှာ Touch နှိပ်​မ၇တဲ့ Bug ပါပါတယ်​...

ဒါက J2 2016 အတွက်​ Touch fix
J210f_touch_error_fix.tar, Size 10.06 MB...
https://my.pcloud.com/publink/show?code=XZB1Ce7ZRh1602RIGOp3zI5PdR89gyOh3kW7
https://www.facebook.com/groups/1720121021618576/permalink/1964740290489980/

J7 Pro ( SM-J730G_GM ) Touch Fix အပြည့်အစုံ

J7 Pro ( SM-J730G_GM ) Touch Fix အပြည့်အစုံ

====================================

ရေးတာကိုတော့ တိုတိုပဲရေးပေးမယ်ဗျာ...အားလုံး သိုင်းလောက သမားတွေပဲဆိုတော့... 😇

J7 Pro တွေမှာ Touch Error တတ်တာက System
Update လုပ်လိုက်လို့ဖြစ်သွားကြတာပါ။Version 8.1.0 လေးသုံးချင်တဲ့သူတွေအတွက်တိုင်ပတ်သွားတာပေါ့။

Version 8.1.0 ကို Update လုပ်လိုက်လို့ Touch မရ
တော့ဘူးဆိုရင်...

(1) OTG ကြိုးဝယ်ပါ။
PC Mouse ကိုသုံးပြီးOEM Unlock ကိုသွားဖွင့်ပေးပါ။

(2) Odin နောက်ဆုံး Version ကိုဒေါင်းပြီး Combination Firmware တင်ပါ။

Odin
https://drive.google.com/file/d/1fwCv1YVNTFNpHl3PytHmSRpOuLlrHxzQ/view

Combination (U5)
[up_vnROM.net]_COMBINATION_OXA_FA70_J730GDXU5ARI1.rar, Size 422.62 MB...
https://drive.google.com/file/d/1ev1_SLwtjwAeT4oCx2rHKzTIOMBOxEMU/view

(3) Combination တင်ပြီးရင် Screen ပေါ်က
Factory Imei ဆော့ဝဲဝင်ပြီး *#0808# လိုရိုက်ပါ
DM+ACM+ADB ကိုရွေးပြီး Reboot နိုပ်ပါ။

(4) Reboot ချပြီးပြီဆိုရင် ဖုန်းကို Power ပိတ်ပြီး
Download Mode ပြန်ဝင်ပါ။ U5 Firmware
ပြန်တင်ပေးပါ။ BL / AP / Home_CSC သုံးခုပဲတင်ပါ။
J730G_U5 Firmware
[up_vnROM.net]_J730GDXU5BRI3_J730GOLB5BRI3_XXV_8.1_FULL.zip, Size 2.28 GB...
BL_J730GDXU5BRI3_CL14309734_QB19676257_REV00_user_low_ship.tar.md5
AP_J730GDXU5BRI3_CL14309734_QB19676257_REV00_user_low_ship_meta.tar.md5
CP_J730GDXU5BRI3_CP10704536_CL14309734_QB19676257_REV00_user_low_ship.tar.md5
HOME_CSC_OLB_J730GOLB5BRI3_CL14309734_QB19676257_REV00_user_low_ship.tar.md5
CSC_OLB_J730GOLB5BRI3_CL14309734_QB19676257_REV00_user_low_ship.tar.md5
https://drive.google.com/file/d/1hWkIEjKfC2Tx2DMzeYbTQ4YWyiVy0Tul/view

(5) U5 Firmware ရေးပြီးပြီဆိုရင်တော့ ...OTG ကြိုး
နဲ့ PC Mouse ကိုသုံးပြီး OEM Unlock ON ပေးပါ။
ပြီးရင် ဖုန်းကို Twrp သွင်းပါမယ်။

J7 Pro Twrp
twrp_3.2.1_1_sm-j730gm_j730gm_Touch_Fix_File_by_gsm4_.zip, Size 11.35 MB...
https://drive.google.com/file/d/1OEh3GHwEkxBBdfwhQtcgh2EYcTNTrxsP/view?usp=drivesdk

(6) Twrp သွင်းပြီးပြီဆိုရင် Twrp ကနေ Format Data လုပ်ပြီး Touch Fix Zip ကို Twrp ကနေရေးပေးလိုက်ပါ။ရေးပြီးလို့ ပါဝါပြန်တက်လာရင် Touch လို့ရပါပြီခဗျ။
Touch Fix Zip
NovaOS_Project_J7Pro_(D)_@GhaithSYR.zip, Size 1.22 GB...
https://drive.google.com/uc?id=1mlfNU4NtIjFgcAP6wHbHNnfaIUsPX2v5&export=download

ကဲ... တစ်ယောက်နဲ့တစ်ယောက် ကျော်ခွနေကြတဲ့ ကျွန်
တော်တို့ သိုင်းလောကကြီးထဲမှာ အားလုံးအဆင်ပြေအောင်နေနိုင်ကြပါစေ။ 😁


https://m.facebook.com/story.php?story_fbid=577200516015155&id=100011756344084
https://www.facebook.com/permalink.php?story_fbid=612391245829415&id=100011756344084

ဗုဒ္ဓဘာသာဆိုတာ ဘာသာတရား တစ်ခုမဟုတ်ပါဘူးလို့…လက်ဘနွန်နိုင်ငံ စာရေးဆရာမ ဘာကြောင့် ပြောရတာလဲ

ဗုဒ္ဓဘာသာဆိုတာ ဘာသာတရား တစ်ခုမဟုတ်ပါဘူးလို့…လက်ဘနွန်နိုင်ငံ စာရေးဆရာမ ဘာကြောင့် ပြောရတာလဲ

Zawgyi
ဗုဒ္ဓဘာသာဆိုတာ ဘာသာတရား တစ်ခုမဟုတ်ပါဘူးလို့ လက်ဘနွန်နိုင်ငံ စာရေးဆရာမက ပြောခဲ့ပါတယ်..
သူ ဘာကြောင့်ဒီလိုပြောရတာလဲ?
(အရမ်းတန်ဖိုးရှိတဲ့စာလေးမို့ ဆုံးအောင်ဖတ်စေချင်ပါတယ်)
“ငါဘုရားရဲ့ တရားတွေကို တွေးကြံနိုင်စွမ်းရှိသူတွေပဲ သိနိုင်မယ်” — ဗုဒ္ဓ
ကျမက ဘာသာတရား ကိုင်းရှိုင်းလှတယ်မဟုတ်၊ ဗုဒ္ဓတရားကိုပဲ ကျင့်ကြံတယ်လို့ ပြောမိတိုင်း မေးခွန်းပေါင်းများစွာ ပြန်လာလေ့ရှိတယ်။
ကမ္ဘာပေါ်မှာ ဗုဒ္ဓတရားကို ဘာသာ တရပ်လို့ အများက သတ်မှတ်ထားပေမယ့် ကျမအတွက်တော့ ဒီလို မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ ဒီတရားအကြောင်းကို ဘာမှမသိခင်၊ ဒီ အတွေးအမြင်နဲ့ ထုံးထမ်းတွေကို အတွင်းကျကျ မလေ့လာမိခင်တော့ ကျမလည်း ဒီလိုပဲ ထင်ခဲ့တယ်။
ပထမဆုံးအနေနဲ့ “ဘာသာ” ဆိုတာကို အဓိပ္ပါယ် ဖွင့်ရရင် “ယုံကြည်၊ ကိုးကွယ်ရာ စနစ် တခု” နဲ့ “လူသာမာန် မဟုတ်၊ တန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှု” ဆိုရမယ်။ အိန္ဒိယနဲ့ နီပေါကို ခရီးထွက်ပြီး အဲဒီက ဗုဒ္ဓကျောင်းကန်တွေကို လေ့လာကြည့်မိမှ ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုအပေါ်အခြေခံတဲ့ စနစ် မဟုတ်သလို တန်ခိုးရှင်အပေါ်မှီတဲ့ အဖွဲ့အစည်းလဲ မဟုတ်တာတွေ သတိပြုမိလာတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓကို တန်ခိုးရှင် အဖြစ် မသတ်မှတ်ပါဘူး။ သူတို့အတွက်တော့ ဗုဒ္ဓဟာ ကမ္ဘာပေါ်က တခြားသူတွေလိုပဲ လူသား တယောက်ပါပဲ။ ဒါပေမယ့်… သူဟာ ဒုက္ခတွေရဲ့ အကြောင်းရင်း အရှုပ်အထွေးကြီးကို ထုတ်ဖေါ် ရှင်းလင်းခဲ့ပြီး၊ အဲဒီ အရှုပ်အထွေးက လွတ်ရာ လွတ်ကြောင်းအတွက် တိကျသေချာတဲ့ လမ်းကို ပြခဲ့တယ်။
အခုလို သဘာဝ ဓမ္မနဲ့ သံသရာက လွတ်ကြောင်းတွေ ပြသခဲ့တာတောင်၊ သူ့ကို ကိုးကွယ်တာ၊ ဝတ်ပြုဆုတောင်းတာတွေ မလိုချင်ဘူးလို့ အလေးအနက် ဆိုခဲ့သေးတယ်။ တခုပဲ သူတောင်းဆိုတာက … သူ့ရဲ့ တရားတွေကို စူးစမ်းစိတ်ဖြာကြည့်ပါ၊ ကိုယ်နဲ့ ကိုက်ညီရင် ယူပြီး ကျင့်သုံးပါ။ အဲဒီလို မဟုတ်ရင် ဒီတရားကို လက်မခံဖို့ အခွင့်အရေး အပြည့်အဝရှိတယ်။
ဘုရားကျောင်းကန်တွေမှာ ရိုးရာနဲ့ ဘာသာရေး အခမ်းအနားတွေ တွေ့နိုင်ပေမယ့်၊ ဒါတွေဟာ ဝတ်ပြုတာတွေကို အခြေခံတာ မဟုတ်ဘူးလို့ ကျမကို ရှင်းပြတယ်။ “ဝတ်ပြုပွဲ” တွေအဖြစ် ကျမတို့ တွေ့ရတဲ့ အစီအစဉ်တွေဟာ အမှန်တရားကို ဖေါ်ထုတ်သွားတဲ့ လူ တယောက်ကို လေးစား ကျေးဇူးတင်ကြောင်း ပြတာတွေပါပဲ။ ကျမတို့ ကြားနေကြ ဆုတောင်း ရွတ်ဖတ်စာတွေတောင် တကယ်က သတ္တဝါ အားလုံးကို ချွင်းချက်မရှိ အကြင်နာ မေတ္တာ မျှဝေတာတွေပါပဲ။
ဗုဒ္ဓတရားကို ထပ်ပြီး အသေးစိတ် လေ့လာကြည့်ရင် ဘာသာရေး ခေါင်းဆောင်ဆိုတာတောင် တကယ့်တော့ မရှိဘူးဆိုတာ အသေအချာ တွေ့ရမယ်။
Dzongsar Jamyang Khyentse Rinpoche (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) အမြဲပြောသလို ဒလိုင်းလာမားဟာ တိဘက်လူမျိုးတွေအတွက် လောကီရေးရာ ခေါင်းဆောင်၊ ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင်တွေအပါ အဝင် လူအများရဲ့ အယူဝါဒဆိုင်ရာ ဦးဆောင်သူ ဆိုတာတောင် သူ့အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အာဏာပိုင် မဟုတ်သလို ဘယ်သူက ဗုဒ္ဓဘာသာဝင် အစစ်၊ ဘယ်သူက ဗုဒ္ဓဘာသာဝင် အတုဆိုတာတွေ၊ ဘယ်သူတွေက အပြစ်သားတွေ၊ ဘယ်သူတွေကတော့ အပြစ်သားမဟုတ်ဘူး ဆိုတာတွေပါ ဆုံးဖြတ်နိုင်တဲ့ အာဏာ မရှိပါဘူး။
ဒီတော့ ဗုဒ္ဓဘာသာက ဘာသာ မဟုတ်ရင် ဘာလဲ။
ကျမ အမြင်အရ ဗုဒ္ဓဘာသာဆိုတာ ဘဝနေနည်း၊ လောက အမြင်နဲ့ လောက သဘာဝ ဓမ္မ တွေပါပဲ။
မရှက်တမ်း ဝန်ခံရရင် ဗုဒ္ဓဘာသာကြောင့် ကျမကြီးပြင်းခဲ့တဲ့ ဘာသာအပြင် ကမ္ဘာ့ ဘာသာတရားတွေကို ပိုမြင်တတ်လာတယ်။ ဗုဒ္ဓတရားနဲ့ မတွေ့ခင် “ကျမ်းစာအုပ်” ဆိုတာ ကျမအတွက်တော့ တရုတ်စာ ဖတ်နေရသလို ဖြစ်မိတယ်။
ဘာကြောင့် ဝတ်ပြုရတယ်၊ ဘာသာရေးထုံးတမ်းတွေ ဘာကြောင့် လုပ်ရတယ်၊ ဘာသာရေး ဆရာတွေရဲ့ သင်ကြားချက်တွေကို တကယ်နားမလည်ပဲ ဘာကြောင့် လိုက်နာရတယ် ဆိုတာတွေအတွက် အဖြေရှာမရဘူး။ ဗုဒ္ဓတရားနဲ့ မတွေ့ခင်အထိ ကျမဟာ ဘုရားသခင်အပေါ် ကိုးစားမှီခိုရသူ ဖြစ်ခဲ့တယ်။ ကျမ ခန္ဒာရဲ့ အပြင်မှာ တောက်ရှောက် ရှာလာခဲ့တော့ ကျမကို ကျမ ရှာမတွေ့နိုင်ခဲ့ဘူး။
ဗုဒ္ဓတရားကြောင့် အတွင်းကို ပြန်ကြည့်တတ်လာတယ်။ ဗုဒ္ဓတရားကပဲ ကျမရဲ့ လွတ်လပ်မှုနဲ့ သတိကို သင်ပေးတယ်။ ဗုဒ္ဓတရားကပဲ ကျမကို ကျမ ဆင်ခြင်နိုင်ဖို့၊ တန်ခိုးရှင်ကို အားမကိုးပဲ ကိုယ့်အပြုအမူ၊ အတွေးအကြံနဲ့ ခံစားမှုတိုင်းကို ကိုယ်တိုင် တာဝန်ယူနိုင်ဖို့နည်းလမ်းတွေ ကူညီခဲ့တယ်။
ဗုဒ္ဓတရားကြောင့် ဘုရားသခင်ဆိုတာ ကောင်းကင်ဘုံကနေ ကျမတို့ကို ဆုံးဖြတ် စီရင်မယ့်သူ မဟုတ်တာ သိမြင်လာတယ်။ ကိုယ်နဲ့ ဘုရား နှစ်ခုကွဲ ဘဝကို အဆုံးသတ်နိုင်ခဲ့ပြီး ဘုရားဆိုတာ လူတိုင်း၊ အရာဝတ္ထတိုင်း နေရာတိုင်းမှာ ကိန်းဝပ်တယ် ဆိုတာလည်း ဆင်ခြင် နိုင်ခဲ့တယ်။ ဘုရားဆိုတာ အပြင်မှာ မဟုတ်၊ လက်လှမ်းမမီနိုင်တဲ့ အရာလည်း မဟုတ်၊ ကိုယ်တွင်းမှာ ရှိတဲ့ တရားသာ ဖြစ်ပါတယ်။
ဒါဖြင့် ဘာလို့ ဗုဒ္ဓတရားကို လေ့လာကြည့်ဖို့၊ ဒါမှမဟုတ် ကျင့်ကြံကြည့်ဖို့ လိုသလဲလို့ တွေးမိကြမှာပါပဲ။ ဒါကတော့ တယောက်စီရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်တွေ ပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ကြီးမြတ်တဲ့ နှလုံးသားနဲ့ ဖွင့်ထားတဲ့ စိတ်ကြောင့် အသိ တိုးလာမယ်၊ တွေးတော ကြံဆ လာနိုင်မယ်ဆိုတာ အရှုံးမရှိတဲ့ ကိစ္စလို့လည်း ယုံကြည်တယ်။
ဗုဒ္ဓဘာသာရဲ့ တခြားဘာသာတွေနဲ့ မတူတဲ့ အချက်က ဘာသာဝင်တွေအနေနဲ့ သူ့တရားကိုပဲ ဖက်တွယ်ထားရမယ်လို့ မဆိုထားဘူး။ ဗုဒ္ဓဘာသာဝင် တယောက်အတွက် တပါးသူတယောက်က ဘယ်က လာတယ်၊ ဘာကိုယုံကြည်ပြီး ဘာကို ကိုးကွယ်သလဲ ဆိုတာတွေက အရေးမပါဘူး။ သူတို့ အလေးထားတာက သင့်အနေနဲ့ “အရာတိုင်းဟာ မမြဲဘူး” ဆိုတဲ့ ဓမ္မကို မြင်နိုင်ဖို့ဆိုတာပဲ။ (စကားချပ်၊ ဥပမာ ဦးဂိုအင်ကာရဲ့ ကမ္ဘာ အနှံ့က တရား စခန်းတွေမှာ ဗုဒ္ဓဘာသာဝင်ပဲ လာရမယ်လို့ မရှိဘူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်လာဖို့လည်း မတိုက်တွန်းဘူး။ တရားပြသူတွေကလည်း ဘုန်းကြီးတွေ မဟုတ်ဘူး)။
ဗုဒ္ဓတရားကို လေ့လာကြည့်တာ အကျိုးများပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ပန်းတိုင်ကကို ဘာသာကို အကျိုးရှိအောင် မဟုတ်ပဲ ကျင့်ကြံသူကို အကျိုးရှိစေဖို့ ဖြစ်လို့ပါပဲ။ ဗုဒ္ဓတရားရဲ့ အကျိုးတွေကတော့ သဘာဝ ဓမ္မ၊ ဘဝ ရလာပုံနဲ့ မိမိကိုယ်ကို တကယ် နားလည်လာမယ်။
Dzognsar Khyentse (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) ပြောခဲ့တာတခုကိုပဲ ပြန်ပြောရရင် “ဗုဒ္ဓတရားဟာ ယောင်္ကျား မိန်းမ ဘယ်နှစ်ယောက် ယူသင့်တယ်၊ (ဘာသာရေးခွန်) ဘယ်ကို ပေးသင့်တယ်၊ သူခိုးကို ဘယ်လို အပြစ်ပေးရတယ် စတဲ့ လောကီရေးရာ ပြဌာန်းချက်တွေမဟုတ်ဘူး။ ဗုဒ္ဓတရားမှာ မင်္ဂလာ ဘယ်လိုဆောင်ရမယ်ဆိုတဲ့ ထုံးတမ်း သတ်မှတ်ချက်တောင် ရှိတာ မဟုတ်ဘူး”။
ဗုဒ္ဓအနေနဲ့ လူတွေ ကြားချင်တာ ပြောခဲ့တာ မဟုတ်ပါဘူး။ သဘာဝဓမ္မကို မြင်နိုင်အောင် အလင်းဖွင့်ပေးခဲ့ရုံပါပဲ။
သင်လည်း မြင်နိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား။
CREDIT TO >>> Nyein Khant (ဘာသာပြန်သူ)

Friday, October 26, 2018

" မသိဘူး.. ပေး"

" မသိဘူး.. ပေး"

တနှစ်ကို ဝင်ငွေ ၄၈သိန်း ကျော်လို့ ရှိရင် ဝင်ငွေခွန် ဆောင်ရမယ်တဲ့ ။ ဆောင်တယ်လေ ။
ဝင်ငွေခွန်ဆောင်ပြီးတဲ့ ပိုက်ဆံထဲကမှ ..

ထမင်းချက်စားတယ်ထား..
ဆန်ဖိုးမှာ အခွန်ပါတယ်..
ရေမှာအခွန်ပါတယ်...
မီးဖိုသုံးတဲ့မီးမှာ အခွန်ပါတယ်..

အပြင်မှာသွားဝယ်စားတယ်ထား
ဘာစားစား အခွန်ကပ်တယ်
ပိုဆိုးတာ ဝန်ဆောင်ခ နဲ့ ခုံကြေး ပါ ဆိုင်ကို ထပ်ပေးရတယ်။
အဲ့တော့ငါတို့က ကိုယ့်စားပွဲကိုယ်ယူလာပြီး ကိုယ့်ဟာကိုယ် ဝင်ချက်စားရ မှာလား?

အခွန်ဆောင်ထားတဲ့ သမာအာဇီဝ ငွေဖြူနဲ့ ကိုယ့်ထမင်းကိုယ်စားတာကို ကုန်သွယ်ခွန် ထပ်ပေးနေရတော့ လူကပေါက်ချင်လာပြီ။ မသိရင် ဆိုင်နဲ့ ဗိုက်နဲ့ကို ငါတို့က ကြားက အရှုံးခံပြီး ကုန်သွယ်နေတာ ကျနေတာပဲ..

မီတာခသွားပေးတယ်။ တယူနစ်ဘယ်လောက်ဆိုတာမဟုတ်ဘူး ယူနစ်ဘယ်နှရာကို ဘယ်လောက် တဲ့။ ဒါတောင် ၄ လပိုင်းထပ်တတ်ဦးမယ်ပြောတယ်။ ဘာကြောင့်တတ်သလဲ အခွန်တိုးကောက်ပြီး အာမခံနဲ့ မီးမှန်အောင်ပေးနိုင်မှာလား ဆိုတော့..
" မသိဘူး ပေး" တဲ့

ထားပါ။
ငါသိပ်စိတ်ရှည်တယ် ။ အိမ်ပြန်လာတယ် ..
အမ ရေထိန်းသိမ်းခွန်တဲ့
" ဟဲ့ ငါ့မော်တာနဲ့ငါ အဝီစိက စုပ်တာ နင်တို့က သဘာဝ မြေအောက်ရေကို ဘယ်နား ဘယ်လို ထိန်းသိမ်းရလို့ ငါက အခွန်ဆောင် ရတာလဲဆိုတော့
"မသိဘူး .. ပေး " တဲ့

စိတ်တိုတိုနဲ့ အီးဝင်ပါပြီး ပြန်ထွက်လာတော့ မိလ္လာခွန် တဲ့.. လခွမ်း ငါ့မိလ္လာကန်ပြည့်တော့ နင်တို့ လာစုပ်ပေးလို့လား ပြုပြင်တာ ဘာညာလည်း တခါမှ လာမလုပ်ပဲနဲ့ ။ ငါ့ဖင်နဲ့ ငါ အီးပါတာ နင်တို့အခွန် ဘာလို့ဆောင်ရမှာတုန်း ဆိုတော့
" မသိဘူး ပေး" တဲ့..

တလောကပဲ ကြေငြာတယ် ။ ရှိတဲ့ ကားစုတ်ကလေးကိုတောင် အခွန်ဆောင်ပြီးသားငွေဖြူကို အခွန်ထပ်ပေးပြီး ဆီထည့် ၊ ခရီသွားရင် မိုင်အလိုက် အခွန်ထပ်ကောက်ဖို့ စီစဉ်နေတယ်တဲ့။

သိန်းတစ်သောင်းဆုပေါက်လို့ သိန်း ၁ သောင်းတန်ခြံဝယ်မယ်အခွန်က သိန်း သုံးထောင့်ငါးရာဆောင်ရမယ်။ ဘာဝယ်ဝယ် သိန်းတစ်ထောင် ကျော်ရင် ၃၅%ဆောင် ။ ငွေဖြူတွေ ဘာတွေ လာမပြောနဲ့ မသိဘူး ပေး ပဲ။

ဟူးးးး သက်ပြင်းချပြီး ညစ်ညစ်နဲ့ တီဗွီထဖွင့်တယ် ။ အင်း ဒါကြီးလည်း ဝယ်တုန်းက အခွန်ဆောင်ခဲ့ရတယ်။ channel line တွေလည်းအခွန်ပေးနေရတာပဲ။ လန့်ပြီး ထိုင်နေတဲ့ ဆိုဖာကြီးကြည့်လိုက်တော့ ဒါကြီးလည်း အခွန်ပါတာပဲဟ။

ဇောချွေးတွေပြန်လာလို့ တစ်ရှူးထယူတယ် ဒါလည်း အခွန်ဆာင်ထားရတာပဲ။ တအိမ်လုံး အခွန်လွတ်တာ ဘာမှ မရှိဘူး။
ရင်ပူပြီး ရေခဲသေတ္တာ ထဖွင့်တယ်။ အထဲက အစားအသောက်တွေ မှန်သမျှ အခွန်လွတ်တာ တစ်ခုမှ မရှိဘူး။

ကိုယ်တွေးပြီ။ပြည်သူတစ်ယောက်အနေနဲ့ အခွန်ဆောင်ရတာ ဂုဏ်ယူပါတယ်။ ဒါပေမယ့် နိုင်ငံတကာ စံနှုန်းအရ အခွန်ထမ်း ပြည်သူတစ်ယောက် ပြန်ရပိုင်ခွင့် ဘာတွေ ပြန်ရနေသလဲ ...

1. လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု
2. ပညာသင်ဆု /ပညာသင်ချေးငွေ
3. လူမှုဖူလုံရေး အထောက်အပံ့

ဘာမှလည်း ပြန်မရဘူး။ ဒါသက်သက် ဂျင်းထည့်ခံရတာ ။ မကျေမနပ်နဲ့ Facebook ထပွတ်တော့ .. ဘာမှသာ ပြန်မရတာ အဲ့လောက် ရူးခါနေအောင် အခွန်ဆောင်နေရင်းက ပြည်သူတစ်ယောက်ကို ၈ သိန်းနီးပါး အကြွေးတင်နေတာတဲ့တော် ။ အံ့ကြီးကို သြရော..

မခံနိုင်တဲ့အဆုံး ကာစတန်က သူငယ်ချင်းကို ကုန်သွယ်ခွန် ၅% ပေးပြီး ဘေလ်ဖြည့်ထားတဲ့ ဖုန်းနဲ့ သိချင်တာတွေ ဖုန်းဆက်မေးတာ ဟိုက ဘာပြန်ပြောလည်း သိလား???

"မသိဘူး.. ပေး " တဲ့ ။
Credit-
မြခွါညို
#​မောင်​စွယ်​စုံကျမ်း
https://www.facebook.com/photo.php?fbid=2227345360869407&set=a.1435367426733875&type=3

Thursday, October 25, 2018

ရောင်းလို့ ရတာ အကုန်လှူမည်

ရောင်းလို့ ရတာ အကုန်လှူမည်
ကျွန်တော် လုံးဝ မယူဘူး
ကုသိုလ်ရအောင် လာဝယ်သူများအောင်
များများ share ပေးခြင်း ဖြင်ကူညီပါ
=============
ကျွန်တော်က ၅ ထောင် အင်အားစိုက်တဲ့ သဘော
လာဝယ်သူကလည်း ၅ထောင် အင်အားစိုက်ပြီး  လှူတယ် သဘောထားပြီး
လူတွေက အလကားဆို မလှူခြင်ကြ ဒါကြောင့် အကျိုးအမြတ်အနေနဲ့ရရှိပြီး
ဝယ်သူလည်း ကုသိုလ်ရ အကျိုး အမြတ် လည်း ၀ယ်သူအတွက်ရှိလာအောင်
ကျွန်တော် က အခုလို ဈေးနဲ့ ချ ပေးတာ
ကျွန်တော်က
မိ ဘမဲ့ ကလေးတွေအတွက် တစ်ဖက်တစ်လမ်းက ၀င်ငွေရှာ ပေးခြင်လို့ပါ
ဈေးကွက်လည်း မပျက်အောင် အယောက် ၅၀ ဘဲ ရောင်း ပေးမယ်
70TB data one year ကို ၁ သောင်း
အယောက် ၅၀ ဆိုတော ၅ သိန်း ၇မယ်
ရတဲ့ ငွေ၅ သိန်းကို ကျွန်တော်လုံးဝ မယူဘဲ
မိဘမဲ့ ကလေးများအား လှူဒါန်း ပေးမည်
အားလုံး ကူညီပြီး Like and share လုပ် ပေးသူ
public share ss ကို အခု post မှာ မန့် ပေးသူအား 1လ အလကား ပေးမည် ဖြစ်သည်
=====================
donation bucket =====>
daw wint thazin phyo
3571 0830 7715 1081 cb bank atm
2011 6005 0003 0767 cb bank  book
ayar
0229201010003191 book
0229223010000581 atm
kbz
9503051889672313 atm
16230116200656502 kbz book
waveနဲ့လည်းလှူနိင်ပါတယ်
09970761095par wave က

ဘေကပ်နဲ့လည်းလှူနိင်ပါတယ်

လှူပီးရင် တစ်ချက်စာရင်းလာပေးပါနော်
မမည်မဖော်လိုသူများကို မဖော်ပေးပါဖူး
လှူထားကြောင်းတော့ အသိလာပေးပေးကြပါနော်
ကျေးဇူးတင်လျှက်🙏

ဘဝလေးအေးချမ်းပီး စီပွားရေးတွေတိုးတတ်ကြပါစေနော်🙏

သီတင်းကျွတ် အထူး ဈေးလျှော့ ပွဲ

သီတင်းကျွတ် အထူး ဈေးလျှော့ ပွဲ

60TB firmware data 1 နှစ်ကို ၁ ထောင် ဘဲ ၁၀ ယောက် ဘဲ ရောင်းပေးမည်
နောက် ၁၀က ၃ထောင်
နောက်ထပ် ၁၀ ယောက်က ၅ ထောင်
နောက် ဆုံးမှ လာတဲ့ သူကို ၁ သောင်း အဲ့လို ရောင်းပေးမယ်

၁ရက် ကို ၁ ထောင် မ၀င် သော ဖုန်း ပြင်သမားများ အား၁ လကူညီခြင်း foundation

၁ရက် ကို ၁ ထောင် မ၀င် သော ဖုန်း ပြင်သမားများ အား၁ လကူညီခြင်း foundation
၁ ရက် ကို ၁ ထောင် မ၀င်သော ဖုန်း ပြင်သမားများ အတွက်
60TB data free ၁ လ ပေးမည်
ကျွန်တော် ဖုန်း ပြင်တာ ၁ရက်ကို ၁ ထောင် မ၀င်ပါ ဆို ပြီး ရေး မန့် ပါ
မိမိ timeline မှာ အခု post အား public share ပြီး ဖရီး ၁ လ အခမဲ့ လာယူပါ
၁ နှစ်ကို ၅ ထောင် ဖြင့် ဈေးသက်သာစွာ ရောင်းပေးပါတယ်
၁ရက်ကို ၁ ထောင် အထက် ၀င်သူများအတွက် paid ဖြစ်ပြီး
၁ရက်ကို ၁ ထောင် တောင် မ၀င်တဲ့ ဖုန်းသမားများအတွက် က free one month ရမည်
ရေးရမယ် မန့်ရမယ် share ရမယ်
like share comment promotion 😂😂😂😊😊😋

FIRMWARE 60TB အထက် ရမယ် ၁ နှစ်

FIRMWARE 60TB အထက် ရမယ် ၁ နှစ်
၅ ထောင် ဘဲ
လက်ဆောင် အနေနဲ့ GOOGLE DRIVE UNLIMITED ADDED TO YOUR ACCOUNT LIFETIME ပေးတယ်
ယခု POST အား 20000 ယောက် PROMO ပေးမယ်
ထို 20000 ယောက် သည် ၁ လ ဖရီး ၇မယ်
until 31.10.2018 12 AM အတွင်းနော်  
နေလည်၁၂ နာရီကျော်ရင်မရ
မြန်မြန်လုပ်ထားကြ
လုပ်ရမယ့် အရာ က
မိမိ TIMELINE မှာ PUBLIC SHARE ရမယ်
SHARE WITH FRIEND မရပါ
PUBLIC SHARE ထားတဲ့ ဟာကို SS ရိုက်ပြီး
မန့် ပြီးရင် cb မှာ ss ရိုက်ပြီးလာတောင်း
GMAIL ပေးပြီး 1 လ 60tb ကျော် ဖန်ဝဲ အခမဲ့ ပေးတယ်
၁ နှစ်မှ ၅ ထောင်ဘဲ နော် ၀ယ်ရင် 
GDRIVE UNLIMITED ADDED TO YOUR ACCOUNT က လက်ဆောင်ရသေးတယ် တန်တယ် ၀ယ်ထားကြ
LIKE SHARE COMMENT PROMOTION

သင့်ကို စိတ်ရင်းနဲ့ပေါင်းတဲ့ သူငယ်ချင်းကောင်းတွေမှာသာ တွေ့ရမယ့် အပြုအမူ (၇)မျိုး


သင့်ကို စိတ်ရင်းနဲ့ပေါင်းတဲ့ သူငယ်ချင်းကောင်းတွေမှာသာ တွေ့ရမယ့် အပြုအမူ (၇)မျိုး

Sponsored
သူငယ်ချင်းကောင်းဆိုတာ သင်မှားနေတာကို မျက်နှာချင်းဆိုင် ပြောရဲ၊ ထောက်ပြရဲတဲ့သူ၊ သင့်အတွက် ကောင်းတဲ့အကြံတွေကို အမုန်းခံပြီး ပေးရဲတဲ့သူတွေပါ။ ပြီးတော့ သင်အခက်အခဲတွေ ကြုံနေရချိန်မှာ ဘယ်တော့မှ စွန့်ခွာမသွားဘဲ သင်ကျရှုံးနေချိန်မှာလည်း သင့်ဘေးနားမှာ အမြဲရှိနေသူတွေပေါ့။ အပေါင်းအသင်းကောင်းရဖို့ မလွယ်တဲ့ခေတ်ထဲမှာ ဒီလိုသူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားရရင်တော့ သင်ဟာ ကံအရမ်းကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး သူတို့ကို တန်ဖိုးထားဖို့ လိုပါတယ်နော်။

(၁) အရက်မူးပြီး ရည်းစားဟောင်းဆီ စာပို့တာမျိုး လုပ်ခွင့်မပြုသူ


shutterstock

TGIF တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ အပေါင်းအသင်းတွေစုပြီး အပျော်တမ်း သောက်စားကြတဲ့အခါမှာပဲဖြစ်ဖြစ် မူးလာရင် ရည်းစားဟောင်းဆီ မက်ဆေ့ပို့တတ်ကြတဲ့ အကျင့်လေးတွေ ရှိတတ်ကြပါတယ်။ သင့်ရဲ့ သူငယ်ချင်းကတော့ သင့်ကို အဲ့လိုလုပ်ဖို့ ခွင့်မပြုဘူး၊ မရရအောင် တားတယ်ဆိုရင် သူက သင့်အတွက် သူငယ်ချင်းကောင်းလေးပါ။

(၂) အရမ်းဖော်လွန်းတဲ့အ၀တ်အစားတွေကို အမြဲရှုံ့ချတတ်သူ


pinterest

Sponsored
သူငယ်ချင်းတွေက အရမ်းချစ်ကြတဲ့အခါ ရည်းစားတွေထက်တောင် သ၀န်တိုတတ်ကြပါသေးတယ်။ သင့်သူငယ်ချင်းက သင့်ရဲ့ အ၀တ်အစားတွေနဲ့ပတ်သက်လို့ ရင်ဘတ်ဟိုက်လွန်းတယ်၊ တိုလွန်းတယ် စသဖြင့်ဝေဖန်တယ်၊ တွန့်တိုနေတယ်ဆိုရင် သူသင့်ကို အရမ်းချစ်တာ ပေါ်လွင်နေပါတယ်။

(၃) အချစ်ရေးနဲ့ပတ်သက်လို့ အတင်းမစပ်စုသူ


shutterstock

သူငယ်ချင်းကောင်းတစ်ယောက်က သင့်ရဲ့ အချစ်ရေးအဆင်မပြေမှုတွေအတွက် ရင်ဖွင့်တိုင်ပင်ဖို့ အကောင်းဆုံးသူတစ်ယောက်ဖြစ်ရင်ဖြစ်ပါမယ်။ ဒါပေမယ့် အချစ်ရေးနဲ့ပတ်သက်လို့ သင်မပြောချင်တဲ့ တချို့သောအကြောင်းအရာတွေကိုတော့ အတင်းစပ်စုမှာမဟုတ်ပါဘူး။ သူ့စည်းကိုယ့်စည်း နားလည်တန်ဖိုးထားတတ်တဲ့ သူငယ်ချင်းမျိုးပါ။

(၄) မလိုက်ဖက်တဲ့ဆံပင်ကေမညှပ်ဖို့ တားတတ်သူ


pinterest

လွန်ခဲ့တဲ့နှစ်နှစ်လောက်က သင့်အရှေ့ဆံမြိတ်တွေကို ညှပ်လိုက်လို့ အပြင်းအထန်စိတ်ဆင်းရဲခဲ့ဖူးရင်၊ အဲ့ဒါမျိုးထပ်မဖြစ်အောင် သူက အတင်းလိုက်တားမှာပါ။ မလိုက်ဖက်တဲ့ ဆံပင်ပုံစံကြောင့် သင်စိတ်ဆင်းရဲနေတာကို သူထပ်မမြင်ချင်တော့ပါဘူး။

(၅) အဆိုး၊အကောင်းခွဲတတ်အောင် ပြောပြပေးသူ

တစ်ခါတစ်ခါ သူငယ်ချင်းတွေကပဲ ကိုယ့်ကို လမ်းပြပေး၊ တချို့အရာတွေကို သင်ကြားပေးသွားတာမျိုးတွေ ရှိပါတယ်။ ဘ၀ရှေ့ရေးအတွက် မရေမရာဖြစ်နေတဲ့ သင့်ကို အကြံကောင်းလေးတွေ ပေးပြီး အကောင်းအဆိုး ခွဲတတ်အောင် သင်ပေးခဲ့တဲ့ သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင့်လောက် ကံကောင်းတဲ့သူ မရှိတော့ပါဘူး။

(၆) ကျန်းမာရေးလိုက်စားဖို့ပြောတဲ့သူ


shutterstock

သူငယ်ချင်းကောင်းဆိုတာ သင့်ခန္ဓာကိုယ်အလှအတွက် အပြင်းအထန်ဝေဖန်တာမျိုး ဘယ်တုန်းကမှ မလုပ်ဖူးပေမယ့် “နင်ကတော့ ဖက်တီးဖြစ်တော့မယ် Gym လေးဘာလေး ကစားဖို့ စိတ်ကူးသင့်နေပြီ”  “အချိုတွေ စားတာ လျှော့သင့်ပြီ” “လမ်းဘေးစာတွေ ရှောင်သင့်ပြီ” စသဖြင့် ကျန်းမာရေးလိုက်စားဖို့ ပြောတတ်တဲ့သူပါ။

(၇) အနာဂတ်အတွက် သတိပေးတတ်တဲ့သူ

မကောင်းတဲ့ သူငယ်ချင်းတွေက သင်မကောင်းတာတွေ လုပ်ဖို့ တွန်းအားပေးနေတဲ့အချိန်မှာ သူငယ်ချင်းကောင်းတွေကတော့ သင့်အတွက် အကျိုးမရှိတာတွေကို မလုပ်ဖို့၊ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ အမြဲသတိပေးတတ်ကြပါတယ်။

တစ်သက်မမေ့စရာ မင်္ဂလာဝတ်စုံကိုမှ ဝတ်ချင်သူများအတွက် နောက်ဆုံးပေါ် Wedding ဖက်ရှင်….


တစ်သက်မမေ့စရာ မင်္ဂလာဝတ်စုံကိုမှ ဝတ်ချင်သူများအတွက် နောက်ဆုံးပေါ် Wedding ဖက်ရှင်….

Sponsored
အဖြူရောင်သတို့သမီးဂါဝန်ဟာ ခေတ်အဆက်ဆက်က ဝတ်ဆင်ခဲ့ကြတဲ့ မင်္ဂလာဝတ်စုံဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ သတို့သမီးလေးတွေဟာ အများနဲ့မတူ တမူကွဲပြားပြီး အနက်ရောင်ဂါဝန် ဒါမှမဟုတ် ရောင်စုံဂါဝန်တွေကိုလည်း ဝတ်ဆင်လာကြပါတယ်။ ဒီလိုပုံစံအမျိုးမျိုး ပြောင်းလဲဝတ်ဆင်လာကြတဲ့အထဲကမှ အခုနောက်ဆုံးပေါ် Wedding ဖက်ရှင်ကတော့ Jumpsuit ပုံစံ သတို့သမီးဝတ်စုံပဲဖြစ်ပါတယ်။ လေးလံတဲ့ စကပ်တွေ၊ ဂါဝန်ကြီးတွေကို သယ်နေစရာမလိုတော့ဘဲ သတို့သမီးကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နဲ့ သက်တောင့်သက်သာ လှုပ်ရှားသွားလာစေနိုင်မယ့် ဝတ်စုံဖြစ်ပါတယ်။

Instagram

ဒီဝတ်စုံကိုတော့ စပိန်မင်္ဂလာဝတ်စုံ ဒီဇိုင်နာအဖွဲ့အစည်းဖြစ်တဲ့ Pronovias က ဖန်တီးထားတာဖြစ်ပြီး မင်းသမီး Cristina Pedroche က 2018 New Year’s Eve မှာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ အသားရောင် အသားကပ်ဘောင်းဘီရှည်ပေါ်မှာမှ ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားတာဖြစ်ပြီး ဝတ်ဆင်လိုက်တဲ့အခါမှာ ချပ်ချပ်ရပ်ရပ်လေးနဲ့ အပိုအလိုမရှိ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေနိုင်တဲ့ ဝတ်စုံဖြစ်ပါတယ်။

Instagram

Sponsored
ဒီဇိုင်နာဟာ သလင်းကျောက်ပေါင်း ၂၀၀ ကျော်နဲ့အလှဆင်ခဲ့တာဖြစ်ပြီး နာရီပေါင်း ၂၄၄ ကြာအောင် ပြုလုပ်ခဲ့ရတဲ့ ဝတ်စုံဖြစ်ပါတယ်။ အလှဆင်ထားတဲ့ ပန်းပွင့်တွေကအစ တော်တော်လေးကို အနုစိတ်ခဲ့ရတယ်ဆိုတာ သေချာပါတယ်။

Instagram
Instagram
Instagram
Instagram

ဒီလို ဝတ်စုံဒီဇိုင်းဟာ သတို့သမီးတွေအတွက် နောက်ဆုံးပေါ် မင်္ဂလာဖက်ရှင်ဒီဇိုင်းဖြစ်သလို ထူးထူးခြားခြား ဝတ်ဆင်ရတာ၊ အများနဲ့မတူဘဲ ခွဲထွက်ရတာ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စရာ ဒီဇိုင်းတစ်မျိုးလည်းဖြစ်ပါတယ်။

အချိန်တိုအတွင်း တင်းရင်းလှပတဲ့ရင်သားတွေကို ပိုင်ဆိုင်စေမယ့်ယောဂလေ့ကျင့်ခန်း(၇)မျိုး




အချိန်တိုအတွင်း တင်းရင်းလှပတဲ့ရင်သားတွေကို ပိုင်ဆိုင်စေမယ့်ယောဂလေ့ကျင့်ခန်း(၇)မျိုး

Sponsored
 
လူတိုင်းက ခန္ဓာကိုယ်ကျန်းမာပြီး အချိုးအဆစ် မှန်ကန်လှပချင်ကြပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို အချိန်ပေးပြီး မလုပ်နိုင်တာရယ်၊ အကြောင်းအမျိုးမျိုးကြောင့် အပင်ပန်း မခံနိုင်တာတွေက ခန္ဓာကိုယ်ကျန်းမာလှပဖို့ ၊ကိုယ်လိုချင်တဲ့ ပုံစံမျိုးရဖို့အတွက် အဟန့်အတားဖြစ်နေပါတယ်။ အဲ့ဒီလိုအခက်အခဲတွေရှိကြတဲ့ပျိုမေတို့အတွက် ကျစ်လျစ်လှပတဲ့ရင်သားတွေကို ပိုင်ဆိုင်နိုင်ပြီး ကျန်းမာကြံ့ခိုင်စေဖို့ လွယ်လည်းလွယ် အကျိုးသက်ရောက်မှုလည်း ကောင်းတဲ့ ယောဂကျင့်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Warrior Pose




shutterstock

ခြေထောက်တွေကို ချဲနိုင်သလောက်ချဲပြီးမတ်မတ်ရပ်ပါ။
Sponsored
ဘယ်ခြေထောက်ကို ၉၀ ဒီဂရီကွေးလိုက်ပြီး ညာခြေထောက်ကိုအလိုက်သင့် နိမ့်လိုက်ပါ။ အဲ့ဒီအချိန်မှာ အသက်ရှူထုတ်ရမှာပါ။
လက်မောင်းတွေကို ပခုံးနဲ့တတန်းတည်းမြှောက်လိုက်ပြီး ဦးခေါင်းက ဘယ်ဘက်လက် လက်ကောက်ဝတ်ကိုလှမ်းကြည့်ပါ။
ညာဘက်ကိုလည်း အဲ့ဒီနည်းအတိုင်းလုပ်ပေးပြီ ဘယ်ညာတစ်လှည့်စီ ၁၀ ကြိမ်လုပ်ပေးပါ။

(၂) Triangle Pose




shutterstock

ခြေထောက်နှစ်ဖက်ကို ချဲနိုင်သလောက်ချဲပြီးရပ်ပါ။
ခန္ဓာကိုယ်ကို ဘယ်ဘက်ကိုကိုင်းလိုက်ပြီး လက်ဖျားလေးတွေနဲ့ခြေကျင်းဝတ်ကိုထိအောင်ကြိုးစားပါ။
အဲ့ဒီအချိန်မှာ ညာဘက်လက်တွေကိုအပေါ်ကိုမြှောက်လိုက်ပြီး ဦးခေါင်းကိုအပေါ်ဘက်လှည့်ထားပေးပါ။
ဘယ်ညာတလှည့်စီ ၁၀ ကြိမ်လုပ်ပေးပါ။

(၃) Cobra Pose




shutterstock

ဝမ်းဗိုက်ကိုကြမ်းပြင်နဲ့ထိပြီး မှောက်ရက်အနေအထားနေပါ။
ခန္ဓာကိုယ်အပေါ်ပိုင်းကိုမ တင်လိုက်ပြီး ခေါင်းကိုမော့ကာအသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။
ပြီးရင် အသက်ကိုဖြည်းဖြည်းချင်းပြန်ရှူထုတ်ပြီး နဂိုအနေအထားအတိုင်းပြန်နေပါ။
အဲ့ဒါကို (၁၀) ကြိမ်လုပ်ပေးပါ။

(၄) Bow Pose




shutterstock

မှောက်ရက်အနေအထားကနေ ခြေထောက်တွေကို အနောက်ဘက်ကိုကွေးပြီး ခြေကျင်းဝတ်တွေကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ပါ။
အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်ပြီး ခြေထောက်နှစ်ဖက်ကို ဦးခေါင်းဘက်နီးနိုင်သလောက်နီးအောင်ဆွဲတင်ပါ။
အဲ့ဒီလိုလုပ်တဲ့အခါ ၀မ်းဗိုက်နေရာကပဲ ကြမ်းပြင်နဲ့ထိနေရမှာဖြစ်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်းရော၊ အောက်ပိုင်းရောကကြမ်းပြင်နဲ့လွတ်နေရပါမယ်။
အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ လောက်နေပေးပြီး ၁၀ကြိမ် လုပ်ပေးပါ။

(၅) Wheel Pose




shutterstock

ပက်လက်အနေအထားမှာနေပြီး ခြေထောက်နှစ်ဖက်ကို ပခုံးအကွာအဝေးလောက်ချဲထားပါ။
လက်နှစ်ဘက်ကိုဦးခေါင်းအပေါ်ဘက်မှာထားပြီး ခန္ဓာကိုယ်ကို ပုံမှာပြထားတဲ့အတိုင်းကွေးလိုက်ပါ။
ခြေဖျားထောက်ထားပြီး ရင်ဘတ်နဲ့တင်ပါးဆုံကိုမြှောက်နိုင်သလောက်မြှောက်ပါ။
အဲ့ဒီအနေအထားအတိုင်း စက္ကန့် ၃၀ လောက်နေပေးပါ။ ၇ ကြိမ်လုပ်ပေးပါ။

(၆) Supported Headstand




shutterstock

ဒီပုံစံလုပ်ဖို့အတွက် အရင်ဦးဆုံး ဒူးထောက်လိုက်ပါ။ ပြီးရင် နဖူးနဲ့ကြမ်းပြင်နဲ့ထိလိုက်ပါ။
လက်နှစ်ဖက်ကို ခွက်ပုံစံဖြစ်အောင်ယှက်လိုက်ပြီး ဦးခေါင်းအနောက်ပိုင်းကို အဲ့ဒီလက်နှစ်ဖက်ထဲထိထားလိုက်ပါ။
အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်လိုက်ပြီး ဒူးတွေကိုအပေါ်ဘက်မြှောက်လိုက်ပါ။
အဲ့ဒီအနေအထားအတိုင်း စက္ကန့် ၃၀ ကနေ ၂ မိနစ်အထိနေပေးပါ။
အလွတ်မလုပ်နိုင်သေးရင် တစ်ယောက်ယောက်အကူအညီယူတာမျိုး၊ နံရံနားမှာလုပ်တာမျိုးလုပ်လို့ရပါတယ်။

(၇) Camel Pose




shutterstock

ကြမ်းပြင်မှာ ခြေထောက်နှစ်ဖက်ကိုစေ့ထားပြီး ဒူးထောက်လိုက်ပါ။
ခန္ဓာကိုယ်ကို အနောက်ဘက်ကို ဖြည်းဖြည်းချင်းကွေးပြီး လက်နှစ်ဖက်က ခြေဖ၀ါးကိုထိကိုင်ပေးပါ။ ကျောပြင်ကိုအနောက်ဘက်ကိုကွေးထားတဲ့အချိန်မှာ နံရိုးတွေကိုဖွင့်ထားပြီး ဦးခေါင်းကိုလည်း မတ်နိုင်သမျှမတ်ထားပေးပါ။
ဒီအနေအထားအတိုင်း စက္ကန့် ၃၀ နေပေးပြီး နဂိုပုံစံအတိုင်းပြန်နေပါ။ အဲ့ဒါကို ၁၀ ကြိမ်လုပ်ပေးပါ။

300 250