Saturday, November 24, 2018

သမီးကို နွားအကောင် ၅၀၀၊ ကား ၃ စီး၊ ဒေါ်လာ ၁၀၀၀၀ ဖြင့် ဖေ့စ်ဘုတ်တွင် လေလံတင်ကာ သတို့သားရှာခဲ့သည့် ဖခင် on သမီးကို နွားအကောင် ၅၀၀၊ ကား ၃ စီး၊ ဒေါ်လာ ၁၀၀၀၀ ဖြင့် ဖေ့စ်ဘုတ်တွင် လေလံတင်ကာ သတို့သားရှာခဲ့သည့် ဖခင်



သမီးကို နွားအကောင် ၅၀၀၊ ကား ၃ စီး၊ ဒေါ်လာ ၁၀၀၀၀ ဖြင့် ဖေ့စ်ဘုတ်တွင် လေလံတင်ကာ သတို့သားရှာခဲ့သည့် ဖခင်





တောင်ဆူဒန်နိုင်ငံတွင် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို လေလံတင်ကာ သတို့သားရှာနေသည့် သတင်းအား ဖေ့စ်ဘုတ်ကုမ္ပဏီက ကြားသိခဲ့ပြီးနောက် အဆိုပါဖေ့စ်ဘုတ်ပို့စ်ကို ခြေရာခံရှာဖွေခဲ့ရာ ၁၅ ရက်ခန့် ကြာမြင့်မှ တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဖေ့စ်ဘုတ်တာဝန်ရှိသူတို့က အဆိုပါပို့စ်အား တွေ့ရှိခဲ့ချိန်တွင် မိန်းကလေးငယ်ကိုဈေးအမြင့်ဆုံးပေးခဲ့သူအား ရောင်းချပြီးခဲ့ပြီဖြစ်ပြီး မိန်းကလေး၏ ဖခင်မှာ နွား အကောင် ၅၀၀၊ တိုယိုတာ လန်ခရူဇာ ကား ၃ စီးနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ရရှိသွားခဲ့သည်။
အဆိုပါ မိန်းကလေးကို အမျိုးသား ၅ ဦးက ပါဝင်လေလံဆွဲခဲ့ကြပြီး တောင်ဆူဒန်နိုင်ငံ၏ ထိပ်တန်းအရာရှိများ ပါဝင်ခဲ့သည်ဟု ဆိုသည်။
ဖေ့စ်ဘုတ် တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် “လူကုန်ကူးမှုရဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ဖေ့စ်ဘုတ်မှာ ပို့စ်တင်တာ၊ စာမျက်နှာတွေမှာ တင်တာ၊ ကြော်ငြာတွေလုပ်တာ၊ ဂရုတွေမှာ တင်တာတွေကို ခွင့်မပြုပါဘူး။ ကျွန်မတို့ဟာ အဲဒီပို့စ်ကို ဖျက်လိုက်ပြီးဖြစ်တဲ့အပြင် ဖေ့စ်ဘုတ်ပေါ်တင်ခဲ့သူရဲ့ အကောင့်ကိုလည်း ပိတ်သိမ်းပြီး ဖြစ်ပါတယ်”ဟု ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်မှာ တောင်ဆူဒန်နိုင်ငံသားများအကြား ဂယက်ရိုက်နေပြီး အခြားသော သမီးရှင်များအနေဖြင့်လည်း အလားတူပြုမူလာနိုင်ကြောင်း ရတက်မအေးဖြစ်လျက်ရှိကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှုများ ပြုလုပ်ရန် အာဏာပိုင်တို့နှင့် ဖေ့စ်ဘုတ်ကုမ္ပဏီကို တောင်းဆိုထားကြသည်။
လေလံတင်ခံရသော မိန်းကလေးမှာ တောင်ဆူဒန်၏ အရှေ့ပိုင်းမှဖြစ်ပြီး ပြီးခဲ့သော အောက်တိုဘာလ ၂၅ ရက်က ဖေ့စ်ဘုတ်တွင် စတင်ကာ လေလံတင်ခံခဲ့ရခြင်း ဖြစ်သည်။
အမြင့်ဆုံးဈေးပေးကာ လေလံဆွဲသွားသူမှာ ချမ်းသာကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်က မင်္ဂလာဆောင်ကျင်းပခဲ့သည်။
အဖြူရောင်မင်္ဂလာဝတ်စုံဝတ်ဆင်ထားသည့် မိန်းကလေး၏ပုံမှာ လူမှုကွန်ရက်မျိုးစုံတွင် ပျံ့နှံ့ခဲ့ပြီး အချို့သတင်းမီဒီယာများတွင်မူ “တောင်ဆူဒန်၏ ဈေးအကြီးဆုံးသတို့သမီး”ဟူသော ခေါင်းစဉ်ဖြင့် သတင်းများ ဖော်ပြခဲ့ကြသည်။
ညာလောင်းငေါင်းဒိန်းဟု အမည်ရသော သတို့သမီးကို လေလံတင်ခဲ့သူမှာ သူ၏မိသားစုမှ မဟုတ်ဘဲ အခြားတစ်ဦးက ကိုယ်စားပို့စ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း တောင်ဆူဒါန် အမျိုးသမီးရှေ့နေများအဖွဲ့ (NAWL) က ပြောကြားသည်။
“ကျွန်မတို့အဖွဲ့က အဖွဲ့ဝင်တစ်ချို့ဟာ သတို့သမီးရဲ့ မိခင်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သတို့သမီးမိခင်ကတော့ ဒါကိုသဘောမကျပါဘူး”ဟု (NAWL) မှ ရှေ့နေတစ်ဦးဖြစ်သူ ဆူဇီ နာတာနာက ပြောကြားသည်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သော အချက်အလက်များအရ တောင်ဆူဒန်သည် မိန်းကလေးများ အသက် ၁၈ နှစ်ပြည့်မှ အိမ်ထောင်ပြုခွင့်ပေးထားသော်လည်း ၁၈ နှစ်မပြည့်မီ အိမ်ထောင်ပြုကြရသည့် မိန်းကလေးပေါင်း ၅၂ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားသည်။
credit – Wigwam(shweinnlay)
https://thadinyatkwat.com/archives/12839

Friday, November 23, 2018

ကျွန်​တ်ာလဲဖူး​​​သော EMMC # G610 U00 (MTK)

ကျွန်​တ်ာလဲဖူး​​​သော EMMC # G610 U00 (MTK)



ကျွန်​တ်ာလဲဖူး​​​သော EMMC #1
G610 U00 (MTK)
Emmc read only ဖြစ်နေတာလေး
(factory reset ချလည်း data မပျက်
format ချလည်း ဘာမှမပျက်
firmware flash ရင်​ ​အောင်​မယ်​ သို့​ပေမဲ့ lock ​တောင်​ပြုတ်​မှာမဟုတ်​ဘူး)

CM2နဲ့ ic စစ်ကြည့်​လိုက်​တယ်
EMMC လဲလိုက်ပာတော့တဲ့

ဒီအ​နေအထားမှာဆိုရင်​​တော့
EMMC လဲကိုလဲရ​တော့မဲ့အ​နေအထားပါ
EMMC ကိုခွာလိုက်​ပါတယ်

EMMC ဖြုတ်လျက်အနေထားမှာ
CM2 နဲ့ ရေးကြည့်ရင်​ EMICFG not found ပြမယ်
Flash tool နဲ့ ​ရေးရင်​ 4032 error တက်​မယ်

သူ့မူရင်းEMMC က
SanDisk
SD7DP28C-4G ဖြစ်​ပါတယ်

ကျွန်​​တော့်​ဆီမှာရှိတဲ့ အလားတူ EMMC တစ်​လုံး ​ကောက်​ကပ်​လိုက်​ပါတယ်
(ic ကောင်း မကောင်း မသေချာပါဘူး)

ကပ်​ပြီးသွား​တော့ flashtool နဲ့ format
ချကြည့်​ပါတယ်
အဆင်​မ​ပြေပါ
Flashtool နဲ့ပဲ firmware flash ကြည့်တယ်
error 4032 တဲ့ဗျ

ဒီ​နေရာမှာ စဉ်းစားရမှာက
ဘာ​ကြောင့်​ error 4032 တက်​တာလဲ

(1) EMMC မ​ကောင်းရင်​ 4032 တက်​မယ်
(2) CID မကိုက်​ရင်​ 4032 တက်​မယ်
(3) EMMC ကပ်​တာ မ​အောင်​ရင်​ 4032 တက်​မယ်
(ဒါက ကျွန်​​တော့်​ အကြမ်းဖျင်းထင်​မြင်​ချက်​ပါ
ဒီ့ပြင်​ အ​ကြောင်း​ကြောင့်​လည်းရှိနိုင်​ပါတယ်​)

အလားတူ EMMC ကိုရှာကပ်​တာမို့
ပုံစံတူ EMMC ကိုပဲကပ်​တာမို့ CID မကိုက်​စရာအ​ကြောင်းမရှိ
No.(2) ကို ပယ်​မယ်

No.(3) က​တော့ လက်​ဆပိုင်းနဲ့ဆိုင်​တာမို့
ကိုယ့်​လက်​ဆ ကိုယ်​ယုံတဲ့အတွက်
No.(3) ကိုထပ်​ပယ်​မယ်

ဒါဆို No.(1) EMMC မ​ကောင်းလို့​ပေါ့

EMMC လဲပီး firmware ​ရေးတဲ့​နေရာမှာ
အမျိုးအစားတူတဲ့ EMMC ကိုပဲ သုံးမယ်​ဆိုရင်
ပြဿနာသိပ်​မရှိဘူး
အမျိုးအစားမတူတဲ့ EMMC ကိုသုံးဖို့ စဉ်းစားရင်​​တော့ CID ကိုက်​ဖို့​တော့ လိုလိမ့်​မယ်

CID ကိုဘယ်​လိုညှိမလဲ
(​နောက်​ post တစ်​ခုမှာမှ အ​သေးစိတ်​​ရေးပါ့မယ်​)

ကျွန်​​တော့်​မှာ SanDisk မရှိ​တော့ပါဘူး
Samsung B309 အသစ်​ တစ်​လုံး​တော့ရှိတယ်​ဗျ
CID ကိုတိုက်​စစ်​ကြည့်​​တော့ B309ကအ​ဆင်​​ပြေတယ်​ဗျ

B309ကို ကပ်​လိုက်​ပါတယ်
(EMMC မခွာခင်​တုန်းက CM2နဲ့ firmware backup ဆွဲထားလိုက်​တာရှိတယ်​)
အဲဒီ firmware ကိုပဲ flashtool နဲ့ပြန်​​ရေးတယ်
Not enough storage space error ပြပါတယ်

ဒါက​တော့ firmware မှာပါတဲ့ user data size က EMMC မှာ ထည့်​လို့ရတဲ့ user data partition size ထက်​ပိုကြီး​နေလို့ပါ

User data ကိုဖြုတ်​ပြီး ကျန်​တာ အကုန်​ flash လိုက်​ပါတယ်
ဖုန်းက နိုးသွားပါတယ်
ဒါ​ပေမဲ့ Emergency Data ဆိုပြီး box မှာပဲရပ်​​နေမှာပါ

ခု ကျွန်​​တော်​ flash လိုက်​တဲ့ firmware က
G610 U00 ဖြစ်​တယ်
userdata size က 40357KB ရှိတယ်
G610 U00+ ပါတဲ့ firmware မှာပါတဲ့
userdata size က 18781KB ပဲရှိတယ်

G610 U00+ က userdata တစ်​ခုကိုပဲ flash ​ပေးလိုက်​တယ်
ဖုန်းက တက်​လာပါ​တော့တယ်

IMEl ​invalid ဖြစ်​မှာ​နော်
IMEI ကို​တော့ မfix ​တော့ပါဘူး
G610 U00+ firmware ကို CM2 နဲ့ ​ရေး​ပေးလိုက်​တယ်

Done ပါပြီ။

ဤ post သည်​ ကျွန်​​တော့်​လို Services ဘီကင်​နာ ​တွေအတွက်​ ရည်​ရွယ်​ပါတယ်
Online ​ပေါ်မှာ ​တွေ့​နေရတဲ့ ​post​တော်​​တော်​များများဟာ ဘီကင်​နာ​တွေ နားမလည်​တာများပါတယ်
ဒါ​ကြောင့်​ ဤ post ကို ​ရေးဖြစ်​တာပါ
EMMC လဲတဲ့အခာ သိသင့်​တဲ့ အ​တွေးပိုင်း​တွေထည့်​​ပေးထားပါတယ်
တစ်​​ယောက်​​ယောက်​ နားလည်​သွားတယ်​ဆိုရင်​​တောင်​ ​ကျေနပ်​ပါပြီ

အဆင်​​ပြေကြပါ​စေ။

#မင်းလတ်
fOrever PlanB
TagoneGyi
https://www.facebook.com/groups/171645850050871/permalink/343116666237121/

Wednesday, November 21, 2018

75% OFF! Black Friday starts now

75% OFF! Black Friday starts now

Inbox
x

pCloud Team

Nov 21, 2018, 7:53 PM (12 hours ago)



pCloud
Black Friday 75% OFF
Black Friday 75% OFF
The time has come!
Get 2TB secure cloud storage for a lifetime!
You buy it once, you keep it forever!
Thank you for trusting pCloud with your files!
Best wishes,
The pCloud team
P.S. Have a question? Reply to this e-mail and get more info
To ensure delivery to your inbox, please add [team@pcloud.email] to your address book.
If you don’t want to receive this email communication anymore, click here to unsubscribe.
2018 © pCloud AG, 74 Zugerstrasse Str, 6340 Baar, Switzerland.

Tuesday, November 20, 2018

ဘယ်လောက်လှတဲ့ မိန်းမဖြစ်ဖြစ်


ဘယ်လောက်လှတဲ့ မိန်းမဖြစ်ဖြစ်
မလှတဲ့ တစ်ချိန် ဆိုတာရှိတယ်...
အဲဒါ ဘယ်အချိန်လဲ သိလား...
"ကလေးမွေးတဲ့ အချိန်..."

ဗိုက်ကနာ...ချွေးကပျံ...အံကကြိတ်...
လူကအော်...နံကနံ နဲ့...
တခါတလေဆို
ပေါင်ကြားမှာ...ညှင်းကွက်
ဖင်မှာ... ဝဲခြောက်လေးတွေ ကိုယ်စီနဲ့...

ဒီကြားထဲ နာလွန်းလို့ ဟိုဆွဲ ဒီဆွဲ လုပ်ရင် မတော်တရော်
ကိုယ့် လက်တွေဘာတွေ ပိတ်ဆွဲပြီး ညှစ်သေးတာ...
မသိရင် သူ့ယောကျာင်္း လိုလို ဘာလိုလိုနဲ့
"ညှစ်နော်...ညှစ်....."ဆိုပြီး အားပေးရသေး...
တခါတလေ...
"မောလို့ ရေလေးတိုက်ပါဦး.... "ဆိုတာက ပါသေး...

တချို့ဆို ကလေးညှစ်ရင်း
အီးတွေက အတောင့်လိုက် ထွက်ကျ...
ရိုးရိုးမွေးဘူးရင် အီးမကုန်းပေးဘူးတဲ့
ဆရာဝန်ဆိုတာ မရှိလောက်ဘူး...
စေတနာ ဗရပွနဲ့ အီးကုန်းပေးမယ်ဟဲ့ ဆိုပြီး မငုံ့လိုက်နဲ့...
တခါတလေ ကံမကောင်းရင် သေးနဲ့ပန်းခံရသေးတာ...
အားရပါးရနဲ့ မွေးမယ်ဟဲ့ ဆိုပြီး
ပေါင်နှစ်လုံးကြားထဲ ခေါင်းသွားမထည့်မိလေနဲ့ ....
အညှစ်မတော်ရင် တန်းနေမှာ....ပါးစပ်ထဲကို...

အီးနဲ့သေး ရန်က ကင်းပြီထားအုံး....
ရေမွှာရေက ရှိသေးတယ်...
တချို့ဆို မြန်မြန်ထွက်ချင်ဇောနဲ့ ဆောင့်ညှစ်လိုက်ရင်
ဗွမ်းကနဲ ပေါက်တာမျိုးတွေရှိတယ်....
အဲလိုဆို မျက်နှာမှာ
ရေမွှာရေရော သွေးတွေရော စင်လို့စင်....

ပြည်မမှာတုန်းကဆို မိန်းမအချို့က အော်တတ်သေးတယ်...
"အောင်မလေး ဆရာရဲ့ဖြည်းဖြည်းလုပ်ပါတော့...
ဒီမှာ နာလို့သေတော့မယ်...ဟင်းဟင်းဟင်း"ဆိုတာမျိုး...
မွေးခန်းအပြင်က နားထောင်ရင် ဘာလိုလို...

တခါတလေ ကလေးကတစ်နေတတ်သေးတာ...
ထွက်တော့မလို ထွက်တော့မလိုနဲ့လေ...
ကလေးဆံပင်မွှေးလေးတောင် အဝမှာမြင်နေရပြီ...
တော်ယုံမထွက်ဘဲ ပြူတစ်ပြူတစ်လုပ်ပြီး
ကိုယ့်ကို ပြောင်ပြနေသယောင်ယောင်...
နာလေ...ညှစ်လေ...မထွက်လေ...
ဖင်ကြီးပွရှုပ်ပွရှုပ် ဖြစ်လေနဲ့...
ကိုယ်တွေလဲ အားမလို အားမရဖြစ်လေနဲ့ပေါ့...

တချို့မိန်းမတွေဆို ကိုယ်နဲ့မဆိုင်သလို
ညှစ်​နေရင်းနဲ့ မောပြီး အိပ်ပျော်သွားတတ်သေးတာ...
"ဟဲ့...နည်းနည်ပါးပါးညှစ်ဦးလေ..."ဆိုပြီး
ဖင်​ကို ဖြန်းခနဲ ပိတ်ရိုက်လိုက်မှ
"အင်း...အဲ...အီး...အီး....."
ဆိုပြီး တစ်ချက်နှစ်ချက်လောက် ယောင်ယမ်းပြီး ထညှစ်...
ပြီးတော့လဲ ပြန်အိပ်တာဘဲ...

စိတ်မရှည်လို့ ညှပ်ဆွဲရပြီဆို လဲ...
ခြေစုံကန် ပြီး ချွေးပေါက်ပေါက်ကျအောင်ဆွဲရတာ...
တခါတလေ ကိုယ်ကဆွဲလိုက်...
မိန်းမ ဖင်ကြီးက မြောက်တက်လာလိုက်....
သူ့ဆီးခုံနဲ့ ကိုယ့်မေးစေ့နဲ့ ချိတ်မလို ဖြစ်လိုက်နဲ့လေ....

ဒါတင်ပြီးပြီ မထင်နဲ့...
တချို့ကလေး တွေကလဲ ဇ လေးတွေနဲ့
အူဝဲ ဆိုပြီး
ထွက်လာကတည်းက သေးနဲ့ ပန်းသွားတတ်သေးတာ...

ကလေးထွက်ပြီးတော့ ပြီးပြီမထင်နဲ့ဦး...
အချင်းက ကပ်ချင်ကပ်တတ်သေးတာ...
တချို့အချင်းတွေက ပေကပ်ကပ်...
အချင်းကျပြီးတော့လဲ မပြီးသေး...
ကိုယ့်ကိစ္စ ကိုယ်ပြန်ရှင်းရသေးတာ...
ကိုယ်ချဲ့ထားတဲ့ မွေးလမ်းကြောင်း ကိုယ်ပြန်ချုပ်ဘဲ...
တခါတလေ ကလေးကကြီးရင် အထဲမှာ ကွဲတတ်
ပြဲတတ်သေးတာ...
အဲတော့...အဆစ်ပေးရင်ပေးရသေးတာ...

ချုပ်တော့လဲ တချို့က နာလို့ဆိုပြီး
ဖင်ကို ဟိုဘက်ရမ်း ဒီဘက်ရမ်း လုပ်သေးတာ...
သူရမ်းတဲ့ဘက် ကိုယ်ကလိုက်ချုပ်ဘဲ...
အဲလိုရမ်းတဲ့သူတွေတွေ့ရင် စိတ်ထဲတွေးမိတယ်...
ဒါမျိုးကျတော့ ရမ်းတယ်ပေါ့...လို့...😂

အဲလောက် စိတ်ပျက်စရာ ကောင်းတဲ့ အလုပ်ဗျာ...
တခြားသူတော့ မသိဘူး...
ကျွန်တော်တော့ ရိုးရိုးမွေးရမယ်ဆို သိပ်စိတ်မပါ...
ဗိုက် အယောက် ၁၀၀ လောက်သာ ပြေးခွဲချင်မိတယ်...

အဲလို စိတ်မပါတာတောင်
ဒီမှာ မိန်းမ နှစ်ယောက်လောက်ကြုံဘူးတယ်...
တစ်ယောက်က ဝ...
တစ်ယောက်က လားဟူ...

ဆေးရုံ ကလေးလာမွေးတယ်...
ဘယ်လိုမှ ထမိန်လှန်ခိုင်းလို့ မရ...ဆူလဲ မလှန် ဆဲလဲ မရ...
ပုံစံကြည့်တော့လဲ ကိုယ့်အမေလောက်...
မျက်နှာက စူပုပ်ပုပ်...
ဆံပင်က ဖားလား...
ချွေးကတလုံးလုံး...
မည်းမည်းတူးတူး...
ညစ်ညစ်ပတ်ပတ် ...
နံနံစော်စော်နဲ့...
ရေ ၇ရက်လောက် မချိုးရသေးတဲ့ရုပ်...
မသိရင် ကိုယ်ကဘဲ သူ့ဟာကြည့်ချင်လို့ လှန်ခိုင်းသလိုလို...
ပြီးတော့ သားဦးလဲမဟုတ်...

ကိုယ်တွေမျက်နှာက စိုင်းအောင်တင့်လို အဆီတဝင်းဝင်း
ဖြစ်နေလို့လားတော့ မသိ...
သူက မလှန်လေ...
ကိုယ်က လက်အိပ်စွပ်ထားတဲ့လက်၂ချောင်း ပိုထောင်ပြလေဘဲ...

နောက်ဆုံး ဘယ်လိုဘဲပြောပြော...
အသေသာခံမယ်...ရှင်နဲ့တော့ မလှန်ဘူး ဆိုတဲ့ မျက်နာပေး...

ကိုယ်တွေလဲ ဒါမျိုးဆို စိတ်သိပ်ရှည်တာ မဟုတ်...
"မလှန်လဲနေ... သွား...အိမွန် ကိုသွားခေါ်လိုက်..."ဆိုပြီး
လူနာကို
"ခင်ဗျားဟာများ ကြည့်ချင်လွန်းလွန်းလို့..."ဆိုပြီး
ထွက်လာရတယ်...

ချောချောလှလှ ဖြူဖြူဖွေးဖွေးလေး နဲ့
တခြားအချိန်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ...😂

Dr. Thet Khine Min
https://www.facebook.com/253485311683654/photos/a.479648165734033/738985056467008/?type=3

Monday, November 19, 2018

သံဝေဂ ရစရ


သံဝေဂ ရစရာသံဝေဂ ရစရာ
•••••••••••••

သီရိမာကို စွဲလန်းမိသော ရဟန်းတော်
******************************
မြတ်စွာဘုရားက
ဖူးရောင်ကြွတက်နေတဲ့ သီရိမာရဲ့ ရုပ်အလောင်းကို အများမြင်အောင်
သုသာန်သင်္ချိုင်းမှာ ထုတ်ပြထား ထားတယ်။အရမ်းလှလွန်းတဲ့ သိရီမာ ကို တပ်မက်စွဲလန်းနေတဲ့
ဲ့ရဟန်းတော်က အလောင်းကောင်ကြီးမြင်လိုက်တာနဲ့ အကြီးကျယ် ထိတ်လန့် တုန်လှုပ်သွားတယ်။

မယုံနိုင်အောင်ဖြစ်မိ မျက်လုံးတွေ ပွတ်ကြည့်ပြီး-
" ဒါ ငါ စွဲလန်းခဲ့တဲ့ အလှမယ်လေးပါလား ဟိုတုန်းက လှခဲ့တဲ့ ဒီကလေးမရဲ့ အလှတွေ ခုတော့ ဘယ်ရောက်ကုန်ပြီလဲ "
လို့တွေးနေချိန်မှာ

မြတ်ဘုရားက-
" အသက်ရှင်စဉ်က တစ်ည အသပြာတစ်ထောင် ပေးမှ ပျော်ပါးခွင့်ရတဲ့ အလှမယ် အခု ဘယ်သူယူ ကြမလဲ " မေး လိုက်ပါတယ်။

ဒီအချိန်မှာ ရဟန်းတော်ဟာ မြတ်စွာဘုရားက-
``ချစ်​သား! သီရိမာကို ယူမလားလို့ ငါ့များ မေးနေရင် ဒုက္ခပါပဲ " လို့တွေးနေမိသတဲ့

ဒီနားလေးမှာ တစ်ချက် ဆင်ခြင်ကြည့်လိုက်ပါ။
မပုတ်မပွ အရမ်းလှနေလို့သာ ခင်တွယ်နေကြတာပါ။ အရမ်းလှ အရမ်းချောနေလို့ လဲ မာန်တက်စရာမလို။

အရမ်းချမ်းသာ ပညာတွေ အရမ်းတတ်နေလို့ လဲ မောက်မာ နေစရာမလို သေရင် ဘာတစ်ခုမှ အသုံးမဝင်တော့ဘူး။

အသုဘကမ္မဋ္ဌာန်း စီးဖြန်းထားရင် မာန်မာနတွေ လျော့ကျ လာမှာပါ မသေခင်တောင် နေ့စဉ် ပြုပြင် ရေချိုးပေးနေရတဲ့ အသုဘ ခန္ဓာ ကိုယ်ကြီးပါ။ ~~~

သီရိမာ နဲ့တွေ့ရမယ်ဆိုလို့
သူ့ခမျာ ဝမ်းသာအားရ ချက်ချင်း ထလိုက်လာမိတာ ခေါ်လာတာက အိမ်လဲမဟုတ် သုသာန်သချုင်္ိင်း
တွေ့လိုက်ရတာက သီရိမာရဲ့ အပုတ်ကောင်

ဒီသီရိမာရဲ့ အပုတ်ကောင်ကို
တုန်လှုပ်စွာကြည့်နေရင်း မြတ်စွာဘုရားဟောတဲ့
တရားကို နာ လိုက် နာကြားရင်း
သောတပတ္တိ မဂ်ဥာဏ်ကို ဆိုက် ရောက်ခဲ့ရ ပါသတဲ့~~

အစွဲလန်းကြီး စွဲလန်းနေကြသူများနှင့် အလှမာန် ဓနမာန် ပညာမန်တက်နေကြသူများ~
ဤစာအား ဖတ်ရင်း ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်ကာ သံဝေဂဥာဏ် ဖြစ်မိပါစေ လို့ ဆန္ဒပြုလျှက်
ဒါနပြုပါသည်။

Credit --ဓမ္မ ​စေတမန်
------------

နောက်​ဆုံးတစ်​​နေ့
***************
သဗ္ဗံ အာ​ရောဂျံ ဗျာဓိပရိ​ယောသာနံ။
ကျန်းမာတယ်​ဆိုတာ အားလုံးနာဖျားမှုအဆုံးရှိတယ်​။

သဗ္ဗံ ​ယောဗ္ဗနံ ဇရာပရိ​ယောသာနံ။
နုပျိုတယ်​ဆိုတာ အားလုံးအိုမင်းမှုအဆုံးရှိတယ်​။

သဗ္ဗံ ဇီဝိတံ မရဏပရိ​ယောသာနံ။
ရှင်​သန်​တယ်​ဆိုတာ အားလုံး​သေခြင်းအဆုံးရှိတယ်​။ Credit by.
https://www.facebook.com/groups/117665805441496/permalink/437149463493127/

နိဗ္ဗာန်​ ဆိုတာ


နိဗ္ဗာန်​ ဆိုတာ

** အသင်္ခတ တရားလည်း ဖြစ်​ရပါမည်​။
** ပရမတ်​ တရားလည်း ဖြစ်​ရပါမည်​။
** အနတ္တ တရားလည်း ဖြစ်​ရပါမည်​။
** ဗဟိဒ္ဓ တရားလည်း ဖြစ်​ရပါမည်​။
** ပစ္စည်း တရားလည်း ဖြစ်​ရပါမည်​။
** အ ပစ္စယ တရားလည်း ဖြစ်​ရပါမည်​။
** အဗျာကတ တရားလည်း ဖြစ်​ရပါမည်​။
** အနိမိတ္တ တရားလည်း ဖြစ်​ရပါမည်​။
** နိဗ္ဗာန်​သည်​ ဥပါဒ်​စွန်း ဘင်​စွန်းမရှိ။

နိဗ္ဗာန်​ကို နိဗ္ဗာန်​ဟု မမှတ်​ရ၊
ထူး​သောဉာဏ်​ဖြင့်​ မြင်​မှ တိတိကျကျ သိ၏။
နိဗ္ဗာန်​သည်​ နှစ်​ခုသုံးခု မရှိ၊ တစ်​မျိုးတည်းသာ ရှိ၏။

ရာဂက္ခ​ယော ၌ ခယ - သဒ္ဒါ
၁။ ကုန်​ခြင်း အရ = ကိ​လေသာ မရှိခြင်း
( အဘာဝပညတ်​ ​) ရ၏။
၂။ ကုန်​ရာ အရ = အရဟတ္တဖိုလ်​ ရ၏။
၃။ ကုန်​​ကြောင်းအရ = မဂ်​ဖိုလ်​တို့၏ အာရုံဖြစ်​​သော နိဗ္ဗာန်​ ရ၏။


. နိဗ္ဗာန်​ ဆိုတာ

* ဖြစ်​ မဖြစ်​ ပရမတ်​ အစစ်​ ။
* ဖြစ်​ နှင့်​ မဖြစ်​ သဘာဝနှစ်​မျိုးသာ ရှိ၏။
* ဖြစ်​သ​ဘောကို ခန္ဓာဒုက္ခဟု ​ဟော​တော်​မူ၏။
* မဖြစ်​သ​ဘောကို နိဗ္ဗာန်​ဟု ​ဟော​တော်​မူ၏။
* မဖြစ်​သ​ဘောကို အာရုံပြုပါများလျှင်
ဖြစ်​သ​ဘော ငြိမ်းသွားပါသည်​။
* မဖြစ်​နိဗ္ဗာန်​ အာရုံပြု ဝိပဿနာ ရှုရပါသည်​။
* ဖြစ်​သ​ဘောတို့ ငြိမ်းသည်​ကိုပင်
ခီဏာဇာတိ ဟု ​ဟော​တော်​မူခဲ့ ပါ​ပေ၏။
* မဖြစ်​နိဗ္ဗာန်​ အာရုံပြုလျှင်​ တရားမြင်​သည်​ဟု မိန့်​​တော်​မူ၏။
( ခု.၉၊ ၅၇/၈။ ၁၀၂/၃။ သံ၁. ၁၉၈ )

** ရဟန်းတို့ မဖြစ်​သ​ဘောသည်​ ထင်​ရှားရှိ၏ ။
အကယ်​၍ မဖြစ်​သ​ဘောသည်​ မရှိငြားအံ့၊ ဤ​လောကဖြစ်​သ​ဘောမှ လွတ်​​မြောက်​ရာသည်​ မထင်​ရှားရာ။ အကြင်​​ကြောင့်​ မဖြစ်​သ​ဘောသည်​ ထင်​ရှားရှိ၏။ ထို့​ကြောင့်​ မဖြစ်​သ​ဘောမှ ထွက်​​မြောက်​ရာသည်​ ထင်​ရှား၏ ဟုမိန့်​​တော်​မူ၏။
( ဥဒါန်းပါဠိ​တော်​ ၁၇၈။ ဣတိဝုတ်​ပါဠိ​တော်​ ၂၂၀)

( ပသုံးလုံ )
https://www.facebook.com/groups/117665805441496/permalink/379800422561365/

Sunday, November 18, 2018

2019 ခုနှစ် Mobile Services ဆရာများ၏ ရှေ့ပြေးနိမိတ်များ

2019 ခုနှစ် Mobile Services ဆရာများ၏
ရှေ့ပြေးနိမိတ်များ
2019 ခုနှစ် Mobile Services ဆရာများ၏
ရှေ့ပြေးနိမိတ်များ
======================

မြန်မာနိုင်ငံ၏ တိုးတတ်ပြောင်းလဲ လာမှူနဲ့ လျော်ညီစွာ Mobile Services သမားများရဲ့အရည်အသွေး
နည်းပညာများ.တိုးတတ်မြင့်မားလာအံ့..

မြင့်မားတိုးတတ်လာသော နည်းပညာနဲ့ အညီ
လူတိုင်း ဖုန်းပြင်တတ်ကြအံ့..

ဖုန်းအားကျွမ်းကျင်စွာ မပြင်တတ်သော်လည်း
မတတ်မခြင်းတသက်တာဟူသော ဂျင်းစကားဖြင့်
သင်တန်းများဖွင့်စားလတ္တံ့..

ဖုန်းပြင်သင်တန်းသားများသည်လည်း
မတတ်မခြင်းဆိုသလို မသေမခြင်းသင်ရလတ္တံ့

Mobile services သမားများ
များပြားလာသည်နှင့်အမျှ ဖုန်းဆိုင်များ
အိမ်တိုင်းရှိလတ္တံ့..

ဖုန်းအရောင်းအဝယ်ထက်
ဘုတ်ရောင်း ဘုတ်ဝယ်များ ဝင်ငွေပေါအံ့..

Mobile Services ဆိုင်များ
ခွက်ဈေးများ တောင်းရန်မလိုအောင်
ခွက်ပါ ပျောက်အံ့..

ပညာရှိများ ငြိမ်၍
မတောက်တခေါက်များ ဖင်ခေါင်းကျယ်အံ့..

Mobile အပိုပစ္စည်း ဆိုင်များချမ်းသာသော်လည်း
Mobile Service သမားများ ငတ်လတ္တံ့..

ရိုးသားကြိုးစားသော နည်းပညာသင်သမားများ
ဂျောင်ထိုးခံရ၍ ဘောမနည်းပညာသင်သမားများ
နေရာရအံ့..

Mobile Services ဆရာများသည်
Customers များ ၏ ဆရာလုပ်ခြင်းကို ခံရလတ္တံ့..

နောက်ဆုံးတွင် Mobile Services ဆရာများသည်
စိတ်ကုန်ခြင်း စိတ်ပျက်ခြင်း စိတ်နာခြင်းတို့ဖြစ်ကာ
သာသနာဘောင်သို့တတ်ကာ
ဘုန်းကြီးဝတ်သွားကြလတ္တံ့...

ဤကား 2019,ခုနှစ် Mobile Services ဆရာများ၏
ရှေ့ပြေးနိမိတ်များ ဖြစ်၏..

ကံကောင်းလိုလျှင် ကံဘောင်ပေါ်တွင်
ကင်မီးကောက်ထောင်၍ ကောင်းကင်ကို ကြည့်ကာ
ကယ်ပါ ကယ်ပါ ကယ်ပါ ဟူ၍
သက်စေ့အော်ဟစ်ပါ..
သိသိသာသာ ထူးခြားလာမည်ဖြစ်၏။

အဆောင် ။ ။ အရှည်သုံးပေရှိသော ဓားမြှောင် အားလွယ်၍ သွားလေရာ ဆောင်ထားပါ..လေ..
ရောက်လေရာအရပ် လူရိုသေ
အန္တရာယ် ကင်း၍ ဘေးရှင်းစေမည်..

ယတျာ။ ။ ဖင်ကိုကော့ကာ ဖုန်းဖြင့် ဓာတ်ပုံရိုက်၍
ဖေ့ဘုတ်စ်ပေါ် တင်ပါလေ..
ထင်ပေါ်ကျော်ကြားအံ့..

ကံကောင်းစေသောဂဏန်း။ ။ ပင်လယ်ဂဏန်းဖြစ်၏..
ဗိုက်ကို ပြည့်စေလတ္တံ့...

😂😂😂😂😂😜😜😜😜
××××××××××××××××××××××
ပေါက်ကရရေးခြင်းဖြစ်၍
အပျော်သဘောဖြင့်သာ.ဖတ်ကြပါရန်..
မည်သူကိုမျှ စော်ကားလိုခြင်းစိတ်မရှိပါ..
စောင်းသလို ဖြစ်သွားရင်
Sorry....
မရည်ရွယ်ပါဘူး 😁😁😂😂

ငလူးးး ရှောင်တတ်ရတဲ့ဟ! !
ရုပ်ကချောချောနဲ့ လူအမုန်းခံနေရရင် ဒုက္ခ😃😂😜
crd NaingLin
https://www.facebook.com/photo.php?fbid=734251146973226&set=a.115350288863318&type=3

Saturday, November 17, 2018

မပြည့်​တဲ့အိုး


“မပြည့်​တဲ့အိုး "
🎭🎭🎭🎭🎭

လောကမှာ မပြည့်​တဲ့အိုး​တွေက
ဘောင်​ဘင်​ခတ်​ တတ်​ပါတယ်​...

လူတစ်​ချို့က
ကိုယ့်​ကိုယ်​ကို အ​တော်​ဆုံးပါလို့ ထင်​မြင်​ပြီး
တစ်​ဖက်​သားကို အထင်​​သေးတတ်​ကြတယ်​...

ကိုယ့်​ထက်​ မိုးပျံ​အောင်​​ တော်​တတ်​​နေသူ​တွေ
တစ်​ပုံကြီးရှိတယ်​ဆိုတာ
သိထားဖို့ လိုပါတယ်​....

လူတစ်​ချို့က
ကိုယ့်​ကိုယ်​ကို အချမ်းသာဆုံးပါလို့ မှတ်​ထင်​ပြီး
တစ်​ဖက်​သားကို ချိုးနှိမ်​တတ်​ကြတယ်​....

ကိုယ့်​ထက်​ ကျိကျိတက်​ ချမ်းသာသူ​တွေ
ဒုနဲ့​ဒေး ရှိတယ်​ဆိုတာ
သိထားဖို့ လိုပါတယ်​....

လူတစ်​ချို့က
ကိုယ့်​ကိုယ်​ကို ပြည့်​စုံလွန်းသူလို့ သတ်​မှတ်​ပြီး
တစ်​ဖက်​သားကို နှာ​ခေါင်းရှုံ့ တတ်​ကြတယ်​...

ကိုယ့်​ထက်​​ပေါများ ပြည့်​လျှံသူ​တွေ
အ​မြောက်​အများ ရှိတယ်​ဆိုတာ
သိထားဖို့ လိုပါတယ်​....

ဘဝမှာလူတိုင်းက​တော့
သူ့အရည်​အချင်းနဲ့သူ ရှိကြပါတယ်​...

ကိုယ့်​မှာ မရှိတဲ့ အရည်​အချင်း​တွေ
သူ့ဆီမှာ ရှိနိုင်​သလို
သူ့မှာ မရှိတဲ့ အရည်​အချင်း​တွေလည်း
ကိုယ့်​ဆီမှာ ရှိ​နေနိုင်​ပါတယ်​.....

ဘာမှမမြဲတဲ့​ လောကမှာ ဘဝကို
ပုံ​သေတွတ်​မထားပါနဲ့
အောင်​မြင်​ခြင်းနဲ့ ရူံးနိမ့်​ခြင်းဆိုတာ 
ခေါင်းနဲ့ပန်းလိုပဲအနီးဆုံးရှိ​နေတာမို့
ဘယ်​သူ့ကိုမှ အနိမ့်​နဲ့အမြင့်
မခွဲခြားသင့်​တာ​ ကောင်းပါတယ်​....

လောကမှာ မပြည့်​တဲ့ အိုး​တွေက
ဘောင်​ဘင်​ခတ်​ တတ်​ပါတယ်​...

Credit --- Org Uploader
https://www.facebook.com/photo.php?fbid=760304804339544&set=a.265075967195766&type=3

UNLIMITED GOOGLE DRIVE STORAGE FOR YOUR EXISTING ACCOUNT LIFETIME

WE ARE SELLING GOOGLE DRIVE UNLIMITED STORAGE FOR YOUR CURRENT GMAIL ACCOUNT

WE ONLY NEED YOUR GMAIL ADDRESS, NO PASSWORD IS REQUIRED. RELIABLE & SECURE.

ACTIVATION WITHIN 24 HOURS AFTER PAYMENT CONFIRMATION, FAST & RESPONSIVE

* NO MONTHLY OR ANNUAL PAYMENT, ONLY 1-SINGLE PAYMENT FOR LIFETIME ! *

Add a team drive of Unlimited space to any Google account
- add to your existing Google account (you provide me only the account email address and I handle the rest) 
- does not modify your Google account in any way
- use on most updated Google Drive supported apps (with any apps updated in 2017)
- share your data with anyone, have full control over posting your files with users or public
- i will provide support via email or eBay in-msg
- no refund will be entertained after google team drive assigned. do not buy if not agree to this term.

Applications that I tested that work with the unlimited space in this offering:
1. Google Drive for iOS or Android -- make sure to update to latest
2. Google Drive website 
3. Google Drive mobile website
4. Google File Stream App (you must have a G Suite ID, see common questions)
5. Synology Active Backup for Server
6. Rclone (3rd party)
7. Plex (only works when used with Google File Stream, see below question)
8. Google Drive for KODI
9. PERL-CloudSync 
10. Python-GoogleDrive-VideoStream (including EmbyServer)
11. Google Drive API v2/v3
12. Insync -- as of Nov 2017, supported with one-time Team license purchase from Insync
13. Google-Drive-ocamlfuse (mount to PC)

Applications that will NOT work:
1. PlexCloud / PlexDrive
2. QNAP NAS -- developer is working on support
3. Synology Cloud Drive -- developer is working on support
4. Backup & Sync (use Google File Stream App when possible)
5. Google Drive Sync (end of life with Google, no longer maintained and not working)
6. Google Photos -- you can store photos on the drive but it is not tied to or linked to Google Photos in any way
7. Google Photos iOS, android, Mac, Windows -- you cannot use the Google Photos app but you can upload photos using Google Drive iOS / android app

If you want to know whether a specific application works, send me a question.

Common Questions:

Q: Can I move files from my current Google Drive to Team Drive?
YES, for example if you have a song on your current drive to move to the added drive just create a folder grab your file and drag it to the folder in the added team drive, then confirm the message that appears.

Q: Will this increase my current 15GB space to unlimited?
No, we will add a new Drive to your current Google drive and this new drive added will have unlimited storage (Only you will have access to this drive, it is deprived of your unique access)

Q: Can I use the storage for media / video files?
Yes. You can upload the media using Google Drive tools, Google Drive website or support third party tools. You can playback video files using the Google Drive apps or website (original and transcoded versions). You can also use Google Drive for KODI (gdrive) or Python-GoogleDrive-VideoStream to playback your media on any HTML5-capable device (computer or mobile device). You can also use EmbyServer.

Q: Can I use the space for email storage?
No. The additional unlimited space is for Google Drive storage only. There will be no change to your email storage with gmail.

Q: Can I use Google Photos app?
No. You cannot use any of the Google Photos apps or website to store photos to the drive. You can upload photos to store to the drive using the Google Drive app, Google Drive website or supported third party Google Drive applications.

Q: Do I ever have to pay again? monthly? yearly? ever?
This is a one time purchase. The space is yours for as long as you have your google account.

Q: Can I use this with a G Suite account?
Yes, G Suite accounts work best with this drive, but a G Suite account is not required.

Q: Who has access to my files?
Whomever you define in "manage members" as access.  You can provide others such as friends, family etc, ownership, edit or view access to your drive.  Nobody else will have access

Q: Can I share files and folders?
You can give up to 600 people ownership whom have Google accounts, edit or view access to the entire drive.  In addition, you can give access on a file-by-file basis to anyone else (view or edit access) and you can "share with link" including share with public with or without login required.  You cannot share entire folders but you can share files.

Q: If I move my account, such as delete it or open a different account, can I take the data and unlimited space with me?
Contact me through email at any time for assistance on moving your drive to another account. The process only takes minutes and be completed by you or myself.

Q: Can I use Google Drive API with this unlimited space?
YES. You can use Google Drive API v2 or v3. Any application that was maintained by their developers in 2017 will work.

Q: Can my Google account get banned / deleted?
NO. You

၂၅ နှစ်အရွယ်တုန်းက

*** (၂၅ နဲ့  ၅၂) ***
***********
၂၅ နှစ်အရွယ်တုန်းက
ချစ်တယ်လို့ ပြောလာတဲ့သူကသာ
ကိုယ့်ကိုချစ်တဲ့သူ လို့ ထင်ခဲ့တယ်။
၅၂ နှစ် အရွယ်ရောက်တော့
သူကဘာမှ မပြောပဲလည်း ကိုယ့်ကို
ချစ် တဲ့သူမှန်း သိလာတယ်။

၂၅ နှစ်တုန်းက
ရုပ်အလှ ကို မက်မောခဲ့တယ်။
၅၂ နှစ်ရောက်တော့
စိတ်အလှကို မက်မော လာတယ်။

၂၅ နှစ်တုန်းက
အရယူခြင်းဖြင့် အကောင်းဆုံး
ရယူနိုင်တယ် လို့ ထင်ခဲ့တယ်။
၅၂အရောက်မှာ
ပေးကမ်းခြင်း က အကောင်းဆုံး
ရယူခြင်း လို့ သိလာတယ်။

၂၅ နှစ်တုန်းက
ပညတ် ကို ဦးစားပေးခဲ့တယ်။
၅၂နှစ်မှာ
ပရမတ် ကို ဦးစားပေးရမှန်းသိလာတယ်။

၂၅နှစ်မှာ
မိဘ ဆိုတာ ကိုယ်လိုတာ
ဖြည့်ဆည်းပေးမဲ့သူ လို့ ထင်ခဲ့တယ်။
၅၂ နှစ်မှာ
မိဘဆိုတာ ကိုယ်က
ရာသက်ပန်ဖြည့်ဆည်းပေးရမဲ့
ကျေးဇူးရှင် လို့ သိလာတယ်။

၂၅နှစ် တုန်းက
ဆရာ ဆိုတာ စာသင်ပေးတဲ့သူလို့ 
ထင်ခဲ့တယ်။
၅၂အရောက်မှာ
ဆရာဆိုတာ ပညာသင်ပေးတဲ့
ဒုတိယမိဘ လို့ သိလာတယ်။

၂၅နှစ်တုန်းက
ပညာဆိုတာ ဘွဲ့ လက်မှတ်တွေပဲ လို့
ထင်ခဲ့တယ်။
၅၂နှစ်မှာ
ပညာဆိုတာဝေဘန်ပိုင်းခြားနိုင်စွမ်းသော
အသိ ဆိုတာနားလည်လာတယ်။

၂၅နှစ်တုန်းက
သူငယ်ချင်းဆိုတာ အတူစား
အတူကစားတဲ့သူလို့ ထင်ခဲ့တယ်။
၅၂နှစ် မှာ
သူငယ်ချင်းဆိုတာ
ထာဝရမိတ်ဆွေ ဆိုတာ သိလာတယ်။

၂၅နှစ်တုန်းက
ဥစ္စာကိုရှာချင်ခဲ့တယ်။
၅၂နှစ်မှာ
တရားကိုရှာချင်လာတယ်။

၂၅နှစ်တုန်းက
အိမ်ထောင်ဘက်ဆိုတာ ရာသက်ပန်
လက်တွဲမဲ့သူ လို့ ထင်ခဲ့တယ်။
၅၂နှစ်မှာ
အိမ်ထောင်ဘက်ဆိုတာ
ရေစက်ရှိသလောက်
လက်တွဲရမဲ့သူလို့ သိလာတယ်။

၂၅ နှစ်တုန်းက
တရားရှာတဲ့ အလုပ်က တတိယအရွယ်မှ
လုပ်ရမယ်လို့ ထင်ခဲ့တယ်။
၅၂နှစ် ရောက်တော့
တရား ရှာတဲ့ အလုပ်က
လူဖြစ်ကတည်းက လုပ်ရမဲ့အလုပ်မှန်း
သိလာတယ်။

၂၅နှစ်တုန်းက
ကြိုးစားတိုင်း ဖြစ်ရမယ် လို့ ထင်ခဲ့တယ်။
၅၂နှစ်မှာ
အတိတ်ကံ ပစ္စုပ္ပန် ကံ နှစ်ခု ညီညွတ်စွာ
ကြိုးပမ်းသော ကောင်းမှု ကံကမှ
အောင်မြင်နိုင်မယ်ဆိုတာ သိလာတယ်။

၂၅နှစ်တုန်းက
အားလုံးရဲ့  အချစ်ကို လိုချင်တယ်။
၅၂ နှစ်မှာ
အားလုံးကို ချစ်ပေးချင်လာတယ်။
်( ၅၂၈ အချစ်ကိုဆိုလိုသည် )

၂၅ နှစ်တုန်းက
လက်ထဲရှိသော အရာ အားလုံး
ကိုယ်ပိုင်တယ်လို့  ထင်ခဲ့တယ်။
၅၂နှစ်မှာ
ကိုယ်ပြုသောကုသိုလ် နဲ့ အကုသိုလ် ပဲ
ကိုယ်ပိုင်တယ်လို့ သိလာတယ်။

၂၅နှစ်တုန်းက
ရယူလိုစိတ်များခဲ့တယ်။
၅၂နှစ်မှာ
စွန့် လွှတ်လိုစိတ်များလာတယ်။ ။

(စိတ်တူသူ မည်သူမဆို share ခွင့်ပြုပါသည်)

လေးစားစွာဖြင့်
( နွယ် နီ လတ်)
https://www.facebook.com/photo.php?fbid=2034407423512210&set=a.1865640140388940&type=3

Thursday, November 15, 2018

16.11.2018 (10:04 AM) btc rate


********16.11.2018 (10:04 AM)********
#Sell_BTC 1$ =1655 MMK
#Buy_BTC 1$=1600 MMK
#Sell_ETH 1$ =1655 MMK
#Buy_ETH 1$=1590 MMK (above 100$)
#Sell_PM 1$= 1580 MMK
#Sell_paypal 1$=1580 MMK(only goods and services)
#Accept ~ CB/AYA/KBZ/Yoma/Ok$/Wave Money

Tuesday, November 13, 2018

ခရစ်ယာန်တွေလှူတာ ဘာအသံမှ မကြားရဘူး။

ခရစ်ယာန်တွေလှူတာ ဘာအသံမှ မကြားရဘူး။
ကုလားတွေလှူတာ ဘာအသံမှ ထွက်မလာဘူး။
ခရစ်ယာန်ရော ကုလားရော မရှိဆင်းရဲသားကို အများဆုံးလှူကြတယ်။
ကုလားဆိုရင် ဘုရားကျောင်းကို မလှူမနေရလို့ မပြောထားပေမယ့်
မရှိဆင်းရဲသားကိုမလှူမနေရဆိုပြီး သတ်မှတ်ချက်တစ်ခု(ဇကဒ်)ရှိတယ်။
အဲဒီတော့ မရှိဆင်းရဲသားတွေနည်းလာတော့ ပလီကျောင်းတွေ၊ချာ့ခ်ျကျောင်းတွေအတွက်
လော်စပီကာ တကားကား၊ခမောက်လေးဆောင်းပြီး ခွက်လေးတစ်လုံးနဲ့ အလှူလိုက်ခံစရာမလိုဘူး။
လိုအပ်လာရင် အောက်ခြေလူတန်းစားကနေစပြီး အလိုက်တသိလာလှူသွားကြတယ်။
အဲလိုလှူတဲ့အတွက် ကမ္ပည်းထိုးပေးစရာမလိုသလို မောင်းတီးပေးစရာလည်း မလိုဘူး။

တစ်နေ့ထမင်းတစ်နပ်စားရဖို့ ခဲယဉ်းနေတဲ့ လူတွေအများကြီးရှိနေတဲ့ နိုင်ငံမှာ
ရှိပြီးသားနေရာတွေမှာပဲ ထပ်ကာတလဲလဲ လှူကြပါရဲ့။
မောင်းတီးချင်တာများသလို ကိုယ့်နာမည်ကို ကမ္ပည်းထိုးချင်ကြတယ်။
ကထိန်လိုနေရာမျိုးမှာ မရှိဆင်းရဲသားကို လှူမယ်ဆိုရင် သုံးနှစ်လောက်မှာ နိုင်ငံဆင်းရဲမှုကနေ တိုးတက်လာပါမယ်။
နောင်ဘ၀ကူးကောင်းအောင်လှူပါတယ်လို့ပြောကြမယ်ဆိုရင်တော့
ဟိုအရင်ကတည်းက မြန်မာနိုင်ငံမှာ နောင်ဘ၀ကောင်းအောင်လှူခဲ့ကြတဲ့သူတွေ
သေသွားပြီးနောက်မှာ နယူးဇီလန်တို့ အမေရိကန်တို့ ဆွစ်ဇာလန်တို့ မှာ လူသွားဖြစ်ကြတာလားလို့ မေးချင်ပါရဲ့။
မျှော်လင့်ချက်များစွာနဲ့လှူကြပါတယ်။
မိမိနာမည်နဲ့မိမိစီးပွားရေးလုပ်ငန်းmarketing ဆင်းတဲ့အနေနဲ့ လှူကြပါတယ်။
ဘယ်လက်ကလှူတာ ညာလက်ကမသိစေနဲ့ စကားလိုမဟုတ်ပဲ နှမ်းစေ့လောက်လှူတာကို တစ်ကမ္ဘာလုံးသိစေချင်ကြပါတယ်။
နောက်ပိုင်းခေတ်စားလာတဲ့ ပရဟိတလုပ်ငန်းတွေတောင် စီးပွားရေးအမြင်တွေနဲ့လုပ်တာ ၇၅%ရှိပါတယ်။
ခမောက်လေးဆောင်းပြီး ကိုယ်ကျိုးတွေစွန့်နေသယောင်ယောင်၊
နေပူမရှောင်၊မိုးရွာမရှောင် ဒုက္ခဆင်းရဲတွေပဲ ခံနေရသလိုလို
တကယ်တော့ ကော်မရှင်နှုတ်လိုက်ရင် စာကလေးအမြီးနှုတ် ခေါင်းဖြုတ်ပြီးကျန်တာပဲ စာရင်းထဲရောက်ပါတယ်။
မိမိလှူချင်တာကို ချွေးနည်းစာနဲ့ရှာပြီးလှူမယ်ဆိုတဲ့ စိတ်မရှိကြပါဘူး။
အလှူခံရုံနဲ့ အလှူငွေရမယ်လို့ပဲ ထင်ထားကြပါတယ်။
ခရစ်ယာန်တွေ ကုလားတွေဆို တစ်အိမ်တက်ဆင်းအလှူခံတာ ရှိကိုမရှိပါ။
ဒီနိုင်ငံမှာမရှိသလို ခရစ်ယာန်နဲ့အစ္စလာမ်ထွန်းကားတဲ့ တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုးမရှိပါ။

ဘုန်းကြီးကျောင်းတို့ဘုရားတို့မှာတောင် နာမည်ထိုးလို့ကောင်းတဲ့ မုခ်ဦးမှာ
ဦးဘယ်သူမိသားစု (ဘာစီးပွားရေးလုပ်ငန်း)ဆိုပြီးထိုးဖို့ပဲ လုပ်ချင်တယ်။
နာမည်ထိုးလို့ မကောင်းတဲ့ အိမ်သာလိုနေရာမျိုးမှာ လှူချင်သူနည်းတယ်။

"ဘာသာခြားဆိုင်မှာမ၀ယ်နဲ့၊သူတို့ဘုရားကျောင်းတွေဆောက်တဲ့အထဲပဲ အဲဒီပိုက်ဆံကသွားမှာ။
ကိုယ့်ဘာသာဆိုင်မှာပဲဈေးဝယ်ကြ၊အဲဒါမှ အဲဒီပိုက်ဆံတွေ ဦးဇင်းတို့ ဆီရောက်ပြီး ဦးဇင်းတို့အေးဆေးနေရမှာ 😀 😛 "
ဆိုတဲ့ ဂျင်းတွေခနခနမိပါတယ်။
ဟိုအရင်တုန်းက ကိုယ်လည်းဂျင်းမိဖူးပါတယ်။

လှူတာတောင် မရှိဆင်းရဲသားကိုလှူတာထက် ဘုရားကိုလှူမှ ကုသိုလ်ရမယ်ဆိုတဲ့လူတွေများပါတယ်။
(မျှော်လင့်ချက်များစွာ)
ကြာတော့လည်းလေပါတယ်။
ကိုယ့်ပေါင်ကိုယ်ခနခနလှန်ထိုးရင်းနဲ့ ဒီဘာသာတရားနဲ့ ဝေးကွာလာလိုက်တာများ....
ခုဆိုရင် ရာသီတွေဘယ်လောက်ပြောင်းကုန်ပြီလဲမသိတော့ပါ။

Credit : Min Khant Nyein
Via: ​Aye Thant Kyaw
https://www.facebook.com/zaw.bala.1865/posts/513144032539325

Monday, November 12, 2018

အတုဗျို့အတု


အတုဗျို့အတု

မနေ့က မြဝတီဘဏ်မှာ ငွေသွားသွင်းတယ်
၅၆သိန်းသွင်းတာ တစ်သောင်းတန်အတုတစ်ရွက်ပါလာတယ်
သူတို့က အတုအစစ်ခွဲတဲ့စက်နဲ့စစ်တာဆိုတော့ လွယ်လွယ်ကူကူဘဲအတုဆိုပြီးထွက်လာတယ် ကျွန်မရှေ့မှာဘဲစစ်တာပါ
အတုထွက်လာတော့ ကျွန်မကိုပြောတယ်
အတုတစ်ရွက်ပါလာတယ်အစ်မ ကျွန်တော်တို့သိမ်းပါမယ်တဲ့ ကျွန်မက နောက်တစ်ရွက်နဲ့ပြန်လဲပြီးပြန်ယူသွားမယ်ပြောတော့
ပြန်ယူလို့မရပါဘူးဆိုပြီးတံဆိပ်တွေရိုက်ပြီးသိမ်းလိုက်တယ် ရဲစခန်းကိုအပ်ရမှာပါလို့ပြောတယ် အဲ့ဒီ့အပြင် ကျွန်မကိုလဲ စာအုပ်မှာ နာမည် မှတ်ပုံတင်အမှတ် နေရပ်တွေရေးပြီး လက်မှတ်ထိုးခိုင်းတယ်
အဲ့ဒီ့တော့ကျွန်မကပြောတယ် ရဲစခန်းအပ်မယ်ဆို ကျွန်မတို့ ကိုယ်တိုင်လိုက်အပ်လို့မရဘူးလားဆိုတော့ မန်နေဂျာနဲ့တွေ့ပါလို့ပြောတယ် ကျွန်မလဲဝင်တွေ့တာပေါ့

မန်နေဂျာနဲ့စကားတွေပြောကြတော့ ကျွန်မလဲပြည်သူတစ်ယောက်အနေနဲ့ဒီလိုပိုက်ဆံကိုမတရားသိမ်းခံရတာခံပြင်းကြောင်းပြောတာပေါ့
သူတို့လဲဝန်ထမ်းဖြစ်တဲ့အကြောင်းနဲ့ ဗဟိုဘဏ်ကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ရတာပါ သူတို့လဲနားလည်ပါတယ်တဲ့ ရဲစခန်းကိုကိုယ်တိုင်သွားရင် ဒီပိုက်ဆံကဘယ်ကရောက်လာမှန်းလဲမသိတော့ပိုအလုပ်ရှုပ်မှာစိုးလို့ပါတဲ့

ပြောချင်တာ ဒီမှာစပြီ
ဘာမှမပြောခင် တစ်ခုကြိုပြောထားချင်တာ ဗဟိုဘဏ်သည် အစိုးရဝန်ကြီးဌာနတွေလက်အောက်ကမဟုတ်သော သီးခြားရပ်တည်နေတဲ့အဖွဲ့အစည်းတစ်ခုဆိုတာ

ဦးနှောက်လေးနဲ့လဲစဉ်းစားပါဦး ဗဟိုဘဏ်ကလူကြီးမင်းတို့ရယ်နော်

တစ်ခုခုဆို ပြည်သူကခံရဘက်ကချည်းဘဲ

ပိုက်ဆံအတုတွေထွက်လာတယ် ဘယ်ကထွက်လာတာလဲ ဘယ်သူတွေရိုက်နှိပ်ထုတ်ဝေနေတာလဲ ပြည်သူကမသိပါဘူး ကျွန်မအခုမိတဲ့အတုဆို ရုတ်တစ်ရက်ကြည့်ကြည့် သေချာကြည့်ကြည့် အတုမှန်းမသိပါဘူး အပြင်မှာဘယ်လောက်တောင်လည်ပတ်ပြီးမှန်းမသိ အတော်တောင်ဟောင်းနွမ်းနေပါပြီ ကျွန်မလက်ထဲရောက်လာမှ ကံဆိုးစွာဘဏ်အပ်တဲ့ထဲပါလာပြီး အတုဆိုပြီးသိမ်းခံရတာပါ
အတု အစစ်ကို ဘဏ်က professional တွေတောင် စက်ကြီးတွေနဲ့စစ်နေရတာပါ ကျွန်မတို့ပြည်သူတွေ တစ်ရွက်ချင်းဘယ်လိုစစ်ရမလဲ ဥပမာ တစ်သောင်းတန်၁၀အုပ်လောက် ငွေပေးငွေယူလုပ်ကြတဲ့အခါ အရွက်တစ်ထောင်လောက်ကို တစ်ရွက်ချင်းဘယ်လိုစစ်ရမလဲ နေရာတစ်ကာ အတုအစစ်ခွဲတဲ့စက်ကြီးသယ်သွားရမှာလား

ထွက်လာတဲ့နေရာတွေကိုတော့သေချာမစုံစမ်းမဖော်ထုတ်ဘဲ ပြည်သူလက်ထဲကပိုက်ဆံကို ဘဏ်တွေကနေ မတရားထိုင်သိမ်းနေတာတော့ ဗဟိုဘဏ်အနေနဲ့ တာဝန်ယူတာဝန်ခံမှုနည်းလွန်းပါတယ် ပြည်သူပေးတဲ့လစာစားနေကြပြီးပြည်သူအပေါ်မှာအနိုင်ကျင့်ရာကျလွန်းပါတယ်

ကျွန်မတို့ပြည်သူတွေက ဒီပိုက်ဆံအတုတွေကျွန်မတို့လက်ထဲဘယ်ကရောက်လာမှန်းမသိပါဘူး ဒါပေမယ့် သေချာတာက အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ကျွန်မတို့လွယ်လွယ်တွင်းထဲကနှိုက်လာကြတာမဟုတ်ပါဘူး ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာထားရတဲ့ချွေးနဲစာတွေပါ ကျွန်မတို့အတွက်တန်ဘိုးကြီးပါတယ် ဒီလိုပိုက်ဆံတွေကို တစ်မိနစ် တစ်စက္ကန့်အတွင်းအတုဆိုပြီးသိမ်းခံလိုက်ရတဲ့အဖြစ်တွေက တစ်ကယ့်ကို ခံပြင်းစရာကောင်းလွန်းပါတယ် တစ်ကယ်ခံစားရပါတယ် မတရားရာကျလွန်းပါတယ် ပြည်သူကိုအနိုင်ကျင့်လို့ရလို့အနိုင်ကျင့်တယ်လို့ထင်ပါတယ်

တစ်ချို့သော ဝန်ထမ်းတွေ လက်လုပ်လက်စားတွေ ပင်စင်စားတွေ မရှိမဲ့ရှိမဲ့ ခြစ်ကုတ်ပြီး ဘဏ်မှာပိုက်ဆံလာစုလို့ ဒီလိုအတုတစ်ရွက်လောက်ပါလာပြီးသိမ်းခံရရင် သူတို့ခံစားချက်ဘယ်လိုတွေဖြစ်သွားမယ်ဆိုတာစဉ်းစားကြည့်ကြပါဦး

ပြီးတော့ ကိုယ့်ချွေးနဲစာလေးဘဏ်လာအပ်တာကို
ကိုယ်လဲမသိ ကိုယ်လုပ်တာလဲမဟုတ်ဘဲနဲ့ လာအပ်တဲ့သူဆိုပြီး ပိုက်ဆံကိုသိမ်းတဲ့အပြင် တရားခံကြီးတစ်ယောက်လို မှတ်တမ်းယူလက်မှတ်ထိုးခိုင်းတာလဲ တော်တော်ကိုလူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့မြင်ပါတယ်

ပိုက်ဆံအတုထုတ်တဲ့ တရားခံအစစ်တွေက ပိုက်ဆံအတုတွေကိုဘယ်တော့မှဘဏ်မှာလာမအပ်ဘူးဆိုတာလောက်တော့ ဗဟိုဘဏ်ကလူတွေအသိဉာဏ်ရှိသင့်ပါတယ်
ပုဇွန်ဦးနှောက်မဟုတ်ရင်ပေါ့လေ

အဲ့ဒီ့တော့မေးခွန်းလေးတွေမေးချင်ပါတယ်

ဗဟိုဘဏ်ရှင့်
အခုလို အတုမှန်းမသိလို့ မျက်စိလည်လမ်းမှားပြီး ဘဏ်ထိရောက်လာတဲ့ပိုက်ဆံအတုတွေကိုထိုင်သိမ်းနေတာ တစ်ကယ်ဘဲ ပိုက်ဆံအတုတွေပပျောက်သွားဖို့အတွက် ထိရောက်တဲ့နည်းလမ်းပါလားရှင့်

ကျွန်မတို့ပြည်သူတွေရဲ့ချွေးနည်းစာတွေကိုဒီလိုဘဲ တာဝန်ယူမှုကင်းစွာထိုင်သိမ်းနေရတာကို တရားမျှတတယ်လို့ထင်ပါသလားရှင့်

အကယ်၍ ဗဟိုဘဏ် သို့မဟုတ် အခြားဘဏ်တစ်ခုခုက ဝန်ထမ်း ဒါမှမဟုတ် ဝန်ထမ်းမိသားစုတစ်ယောက်ယောက်လက်ထဲကို တစ်သောင်းတန်အတုတစ်ရွက်မတော်တဆရောက်လာခဲ့ရင် အတုကြီးမှန်းလဲသိနေပြီဆိုရင် ဘာလုပ်မှာလဲရှင့်
၁၀ရွက်ဆိုရင်ကော ဘာလုပ်မှာလဲရှင့်(အမှန်အတိုင်းဖြေပါ)

ကျွန်မတို့ပြည်သူကတော့ အခါခါသေဘူးပျဉ်းဖိုးနားလည်ပြီမို့ ကိုယ့်လက်ထဲမတော်တဆအတုများရောက်လာလို့ကတော့ ကိုယ့်ချွေးနည်းစာကိုအမိုက်ခံပြီး အဆုံးမခံနိုင်ပါဘူးရှင့် ဈေးတွေမှာထည့်သုံးပလိုက်မယ်ဆိုတာအသိပေးပါရစေ

အဲ့ဒီ့တော့ပြန်စဉ်းစားပါ ပိုက်ဆံအတုနဲ့ပတ်သက်ပြီး အခုထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကပြည်သူအပေါ်တစ်ကယ်ဘဲ တရားမျှတမှု ရှိ/မရှိဆိုတာ နဲ့ ထွက်လာတဲ့ပိုက်ဆံအတုတွေပပျောက်ရေးအတွက်တစ်ကယ်ဘဲ ထိရောက်မှုရှိ/မရှိဆိုတာ
😡😡😡😡😡😡
https://www.facebook.com/photo.php?fbid=1793991890729528&set=a.271824256279640&type=3&theater

300 250