Friday, October 12, 2018

kbz phishing attack


  • လတ်တလောအချိန်တွင် ကမ္ဘောဇဘဏ်၏ Customer များသို့ Username / Password ထည့်သွင်း၍ Log In ၀င်ရောက်ရန် (လိမ်လည်ဖြားယောင်းခြင်း) နှိုးဆော်ချက်များအား မသမာသူများမှ   Emailပို့ခြင်းများ  ပြုလုပ်လျက်ရှိပါသည်။
  • ကမ္ဘောဇဘဏ်သည် Customer များ၏ ကိုယ်ရေးအချက်အလက်များနှင့် လုံခြုံရေးအချက်အလက်များကို အစဉ်တန်ဖိုးထား လေးစားလျက်ရှိပြီး Customer များ၏ လုံခြုံမှုအတွက် မည်သည့်အခါတွင်မှ Username / Password များအား ဘဏ်မှ တောင်းခံခြင်းမပြုလုပ်ပါ။

  • Customer များအနေဖြင့် မိမိ၏ Username/ Password များအား မည်သူ့ကိုမျှ အသိပေးပြောပြခြင်း၊ မျှဝေပေးခြင်းများ မပြုလုပ်ကြပါရန် ထပ်မံ၍အကြံပြု အသိပေးလိုပါသည်။

  • Customer များအနေဖြင့် မိမိ၏ Username Password များအား တစ်စုံတစ်ယောက်အား အသိပေးမိခြင်း၊ မျှဝေပေးမိခြင်းများ ရှိခဲ့သော် မိမိ၏ Account လုံခြုံရေးအတွက် User Name Password များအား အလျင်အမြန် ပြန်လည်ပြောင်းလဲခြင်းများ ပြုလုပ်စေလိုပါသည်။ Password ပြောင်းလဲရာတွင် အခက်အခဲရှိပါက iBanking အသုံးပြုသူ Customer များအနေဖြင့် ibanking.support@kbzbank.com သို့ ဆက်သွယ်၍ ယာယီ အကောင့်ပိတ်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။

  • iBanking အသုံးပြုသူများ လိုက်နာသင့်သည့် လုံခြုံရေးဆိုင်ရာ အကြံပြုချက်များကိုလည်း အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
https://ibanking.kbzbank.com/B001/securitytip.html
အသေးစိတ်သိရှိလိုပါက
Phone No: 01-370108, 01-370109

No comments:

Post a Comment

300 250