လေးစားရပါသော KBZ Online Banking အသုံးပြုသူများ ခင်ဗျာ
Online Banking ကိုအသုံးပြုရာတွင် ပိုမိုရိုးရှင်း၊ လုံခြုံစွာအသုံးပြုနိုင်ရန်အတွက်
လူကြီးမင်းတို့၏ Email သို့ OTP (one time password) ပေးပို့ခြင်းအား
၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၁)ရက် ည (၁၂)နာရီအထိသာ လုပ်ဆောင်သွားမည်ဖြစ်ပြီး
နိုဝင်ဘာလ (၁)ရက် တွင် Email မှ OTP လက်ခံရရှိတော့မည် မဟုတ်ကြောင်း
လေးစားစွာကြိုတင် အသိပေးလိုပါသည်။
KBZ
Online Banking အသုံးပြုသူများအနေဖြင့် SMS မှတဆင့်ရရှိသော OTP အား
စောင့်ဆိုင်း၍ ပြန်လည်ရိုက်ထည့်ရခြင်းများကို လုပ်ဆောင်ရန်မလိုအပ်တော့ဘဲ
Auto OTP ၀န်ဆောင်မှုအား လွယ်ကူစွာ အသုံးပြုနိုင်ပါပြီ။
Auto
OTP ဆိုသည်မှာ KBZ Mobile Banking App သို့ ၀င်ရောက်ခြင်း လုပ်ဆောင်ချက်
(Transaction) များ ပြုလုပ်ခြင်းများအတွက် OTP ကို မဖော်ပြတော့ဘဲ
မှတ်ပုံတင်ထားသော ဖုန်းသို့ တိုက်ရိုက်ပေးပို့ပြီး နောက်ကွယ်မှ
အတည်ပြုပေးသော စနစ်ဖြစ်သည်။ SMS မှ တဆင့်ရရှိသော OTP အား စောင့်ဆိုင်း၍
ပြန်လည်ရိုက်ထည့်ရသည့် အခက်အခဲများကို ကင်းဝေးစေပြီး လွယ်ကူအဆင်ပြေစွာ
အသုံးပြုနိုင်ပါမည်။
အခြားရွေးချယ်စရာတစ်ခုအနေဖြင့်
mobile ဖုန်းအတွင်းတွင် application တစ်ခု install လုပ်ထားရုံဖြင့် OTP
များလက်ခံရရှိနိုင်သော RSA SecurID Software Token
များကိုလည်းရရှိနိုင်ပါကြောင်းအသိပေးလိုပါသည်။
ထို့အပြင် KBZ Online Banking သို့ Login ၀င်ရောက်ရာတွင် Face ID ၊ လက်ဗွေစနစ်စတဲ့ အဆင့်မြင့် လုံခြုံရေးလုပ်ဆောင်ချက်များကိုပါ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။
အသေးစိတ်သိရှိလိုသည်များအတွက်
KBZ Bank Mobile Banking Call Center 01- 370108 ၊ 01- 370109 များသို့
နေ့စဉ် မနက် ၆ နာရီမှ ည ၁၀ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
|
No comments:
Post a Comment