Bat File ကနေ ပြောင်းထားတဲ့ EXE ဖိုင်တွေနဲ့ Unicode သုံးထားတဲ့ Bat File တွေကနေ မူရင်း Code ကို ပြန်ကြည့်ကြမယ်
**********************************************************************************************************************************************************
တစ်ခါတစ်လေမှာ Batch File ရေးသားသူတစ်ယောက်ဟာ သူရေးထားတဲ့ Batch File ထဲက Code တွေကို တစ်ပါးသူ မမြင်ရအောင် Bat to EXE ဆိုတဲ့ Software လေးကို သုံးပြီးတော့ ကာကွယ်ထားတတ်ကြပါတယ်။
တစ်ချို့တစ်လေကလည်း Batch File ကနေ ရေးထားတဲ့ Code တွေကို လွယ် လွယ်ကူကူပြန်မဖော်နိုင်အောင် Unicode Character တွေပြောင်းလဲထား တတ်ကြပါတယ်။ အဲဒီလို ပြောင်းလဲထားတဲ့ Unicode Batch File ကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် တရုတ်စာလို၊ ကိုးရီးယားစာလို မြန်မာစာလို အက္ခရာ မျိုးတွေကိုပဲ တွေ့ရမှာဖြစ်ပါတယ်။
ဒီတော့လေ့လာချင်လို့ အဲဒီလိုမျိုး Batch File တွေက ရေးသားတဲ့ Code တွေကို ဘယ်လိုကြည့်မလဲ။ ဒီနည်းကတော့ လွယ်လွယ်လေးပဲဖြစ်သလို ဘယ် Tool ကိုမှလည်း အသုံးပြုစရာမလိုပါဘူး။ အတွေ့အကြုံရှိပြီးသားတွေအတွက် ကတော့ သိပြီးသား အကြောင်းအရာတွေပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မသိသေးသူတွေ အတွက် ရည်ရွယ်ပြီးတော့ ဖော်ပြပေးထားတာဖြစ်ပါတယ်။
လေ့လာနိုင်စေရန် သပ်သပ်သာဖြစ်ပါသည်။
ဒီဖိုင်တွေကို သမရိုးကျဖွင့်ကြည့်မယ်ဆိုရင် exe ဖိုင်ဖြစ်နေပြီးတော့ Notepad, Notepad ++ နဲ့ ဖွင့်ကြည့်လို့မရပါဘူး။ နောက်တစ်ခုက Notepad, Notepad ++ နဲ့ဖွင့်ကြည့်တဲ့အခါမှာ တရုတ်စာသားတွေနဲ့ဖြစ်နေတာကိုပဲ ထူးထူးဆန်းဆန်းတွေ့ရပါမယ်။
EXE ဖိုင်ပြောင်းထားတဲ့ Batch File တွေထဲက Code ကို ကြည့်ဖို့အတွက်
*******************************************************************************
၁။ Coding လေ့လာချင်တဲ့ Batch ဖိုင်ကို မောင်းနှင်ထားပေးပါ။ ဖွင့်ရုံပဲဖွင့်ထားပြီးတော့ ဘာမှနှိပ်စရာမလိုပါဘူး။ ဘာမှမနှိပ်ပါနဲ့။
၂။ Batch ဖိုင် ပွင့်နေတဲ့အခိုက်မှာ Start > Run ကိုသွားပြီးတော့ Run Box မှာ %temp% လို့ရိုက်ထည့်ပေးပါ။ Temp Folder ပွင့်လာမှာဖြစ်ပါတယ်။
၃။ အဲဒီ Temp ဖိုင်ဒါမှာ ကိုယ်ဖွင့်ထားခဲ့တဲ့ Batch File နာမည်နဲ့ ရှာကြည့်ပါ ခင်ဗျာ။ တစ်ခါတစ်လေ နာမည်တူတတ်သလို တစ်ခါတစ်လေလည်း နာမည်မတူတတ်ပါဘူး။ date & time နဲ့လည်း Filter လုပ်ပြီးတော့ ရှာလို့လည်းရပါတယ်။
၎။ တွေ့ပြီဆိုရင်တော့ ရှာတွေ့တဲ့ Batch File လေးမှာ Right Click > Edit လုပ်ပြီးဖွင့်ကြည့်လိုက်ပါ။ ရေးထားတဲ့ Code လေးတွေကို တွေ့ရပါလိမ့်မယ် ခင်ဗျား။
၅။ အဲဒီကနေပြီးတော့ Code တွေကို လေ့လာချင်တာလေ့လာလို့ ရပြီဖြစ်ကြောင်းပါ။
----------------------------------------------------------------------------------------------------------------------------------------------------------------------
Unicode Character ပြောင်းထားတဲ့ BATCH ဖိုင်တွေကို Code ပြန်ကြည့်ဖို့ အတွက်
**********************************************************************************
၁။ ကြည့်ချင်တဲ့ Batch File ကို WinRar နဲ့ Zip ဒါမှမဟုတ် Rar ဖိုင်အဖြစ် Zip ချုံ့လိုက်ပါ။
၂။ ရလာတဲ့ Zip ဖိုင် ဒါမှမဟုတ် Rar ဖိုင်ကို Double Click နှိပ်ဖွင့်ပေးလိုက်ပါ။ Win RAR နဲ့ ပွင့်လာပြီဆိုရင်တော့ တွေ့ရမယ့် Batch File မှာ Right Click နှိပ်ပြီးတော့ View File ကို ရွေးချယ်ပေးလိုက်ပါ။
၃။ မူရင်း Coding တွေ ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ အဲဒီမှာစိတ်ကြိုက်လေ့လာနိုင်ပြီပဲဖြစ်ပါတယ်။
Credit : ဆရာရဲမင်းအောင် (Ray Marm Aung)
https://www.facebook.com/permalink.php?story_fbid=1985500025083702&id=100008711711370&__xts__%5B0%5D=68.ARCzrBP8HEmh_aeuFXe-4fWazUQsmv2Ba1Ck0b6ArdhGpIZAbveHhnlSrZTTXWqjhm8xSojjVisT6wtW-5uan4blmwrj5qNRre8mKgWZsAq61DrZUtPhahbJXbKSIc4pRVLrWAFrGQ9Pq5anqAVxJ13OfLO_4xPZ3_SqaIT7gbf9RLxQcT6NxbC9mVIMAiaWdRm9pkW7w0Kkc0Mz-wg5Segi&__tn__=H-R

No comments:
Post a Comment