Saturday, June 30, 2018

bitcoadz traffic money

https://www.bitcoadz.io/?rid=31104
mini payout 0.004btc

adcash ဖြင့် ငွေရှာခြင်း

adcash ဖြင့် ငွေရှာခြင်း
web site နှင့် visitors ရှိနေသ၍ နည်းနည်း နည်းနည်း
တနေ့ တနေ့ကို အလကား ငွေ၇နေမှာဖြစ်ပါတယ်
google ads လောက် တော့ အပေးမများဘူး
ဒါပေမယ့် နည်းနည်း အပို ၀င်ငွေ ထပ်ရတာပေါ့
google ads နဲ့တွဲသုံးလို့ ရပါတယ်
ပြသနာမရှိပါ
adcash support myanmar site
google ads don't support myanmar site
  http://bit.ly/adcashfindmoney1
google ads လောက် မရဘူး အရနည်းတယ်
ဒါပေမယ့် မြန်မာ site support ရတယ်
sub domain blogspot တော့ မရဘူး
domain တစ်ခုခု၇ှိရမယ်
site under နဲ့ or responsive ads နဲ့ ရှာနိုင်တယ်
အ၇များခြင် ရင် english site ထောင် google ads လျှောက်နိုင်တယ်












Wednesday, June 27, 2018

MI FIRMWARE DOWNLOADER

MI FIRMWARE DOWNLOADER
 MiFirm.rar, Size 1.02 MB...
https://openload.co/f/7W8Ps5tfml0/MiFirm.rar
https://uptobox.com/6josufdtkzdl
https://mega.nz/#!4w10wAxB!x6gI-teHhutliW4pCnl1ua8HeZi9heLDGKikaeLJEbU
https://my.pcloud.com/publink/show?code=XZVKMf7ZVUP7XERSLo4ugrtynFNo1RF5BDgy

Travel Premium with your pCloud Summer Special

to me
pCloud
Summer Promo
Supercharge your pCloud for all your summer adventures
It's travel season! Pack 500GB for your next adventure with pCloud. Go Premium and get the first 90 days with the season special discount
Thank you for trusting pCloud with your files!
Best wishes,
The pCloud team
P.S. Have a question? Reply to this e-mail and get more info
To ensure delivery to your inbox, please add [info@pcloud.email] to your address book.
If you don’t want to receive this email communication anymore, click here to unsubscribe.
2018 © pCloud AG, 74 Zugerstrasse Str, 6340 Baar, Switzerland.

Tuesday, June 26, 2018

Energy Drinks စွမ်းအားဖြည့်အချိုရည်များ (သို့မဟုတ်) စွမ်းအားနူတ်လူသတ်သမား

Energy Drinks စွမ်းအားဖြည့်အချိုရည်များ (သို့မဟုတ်) စွမ်းအားနူတ်လူသတ်သမား

၁၉၉၆ခု ဝန်းကျင်လောက်က ကျမမိတ်ဆွေပြောပြတဲ့ Red Bull ကျွဲရိုင်းအဖျော်ရည်နဲ့ပတ်သက်တဲ့ တကယ့်အဖြစ်အပျက်လေးပါ။ ကိုရီးယားမှာသွားအလုပ်လုပ်တဲ့ သူ့သူငယ်ချင်းတယောက် ကျွဲရိုင်းအဖျော်ရည်ကို နေ့တိုင်းသောက်၊ လူမလန်းလဲသောက်၊ ပင်ပန်းလဲသောက်နဲ့၊ နောက်တော့ ဘာရောဂါမှမရှိပဲ ရုတ်တရက်ဆုံးသွားတယ်တဲ့။
ကျမမိတ်ဆွေရဲ့သား ဘော်ဒါကျောင်းမှာနေရင်း တနေ့ကို အချိုရည်နှစ်ဗူး၊ သုံးဗူးသောက်ရင်းနဲ့ မကြာခင်မှာပဲ ကျောက်ကပ်ပျက်သွားပါတယ်။ ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားဖြည့်အချိုရည်ဟာ ကျမတိုလူမျိုတွေအတွက်တော့ အမြတ်တနိုးနဲ့ လှူဒါန်းဖွယ်ပစ္စည်း၊ ဧည့်ကောင်းသောင်ကောင်းတွေ ဧည့်ခံစရာပစ္စည်းဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ ကလေးသူငယ်ကအစ ခုံခုံမင်မင်သုံးစွဲနေကြတာပါပဲ။

သိတ်မကြာခင်ကပဲ အမေရိကန်နိုင်ငံ UT health sports အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ) (Dr John Higgins)က စွမ်းအားဖြည့်အချိုရည်တွေရဲ့ဆိုးကျိုးတွေကို အခုတော့လက်တွေ့ပြနိုင်ပါပြီလို့ ပြောခဲ့ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ဆေးကျောင်းသားလူငယ်၄၇ယောက်ကိုသုံးပြီး လက်တွေ့စမ်းသပ်ပြခဲ့တာပါ။ သူတို့ရဲ့သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေရဲ့ အလုပ်လုပ်နိုင်မူ့စွမ်းရည်တွေကို အရင်တိုင်းတာပါတယ်။ ပြီးတော့ စွမ်းအားဖြည့်အချိုရည်သောက်ခိုင်းပြီး မိနစ်၉ဝအကြာမှာ သူတို့ရဲ့သွေးကြောတွေကို ပြန်စစ်ဆေးခဲ့ပါတယ်။ ပုံမှန်အားဖြင့်ကောင်းကောင်းအလုပ်လုပ်နေတဲ့ သူတို့သွေးကြောတွေရဲ့ စွမ်းရည်တွေဟာ စွမ်းအားဖြည့်အချိုရည်တွေသောက်ပြီးတဲ့နောက် သိသိသာသာထိုးကျသွားပါတယ်။

ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ပြောတာကတော့ စွမ်းအားဖြည့်အချိုရည်သောက်ပြီးနောက် သွေးကြောတွေကျုံ့သွားတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့နေရာကို သွေးမရောက်တော့ပါဘူး။ ဒါဟာ ကျန်းမာရေးပြဿနာအများအပြားဖြစ်စေတဲ့အပြင်၊ နှလုံးခုန်ရပ်ပြီးရုတ်တရက်သေဆုံးသွားတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်တဲ့။ စွမ်းအားဖြည့်အချိုရည်တွေဟာ နှလုံးနဲ့သွေးလည်ပတ်မူ့၊ ဦးနှောက်နဲ့အာရုံကြော၊ အစာအိမ်နဲ့အူလမ်းကြောင်း၊ ကျောက်ကပ်နဲ့ စိတ်ပိုင်းဆိုင်ရာစတဲ့ ခန္ဓာကိုယ်ရဲ့ကဏ္ဍအစုံကို ဒုက္ခပေးနိုင်တာပိုပိုသိလာရသလို၊ ဒီအချိုရည်ကြောင့်အရေးပေါ်ဌာနကိုရောက်လာရတဲ့လူနာတွေကလဲ ပိုပိုများလာပါတယ်လို့ ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ကပြောပါတယ်။

"ရေကတော့ စိတ်အချရဆုံးပဲ၊ ပြီးတော့ sport drinksတွေ (ဥပမာ-100plus, etc.)၊ ဒါပေမဲ့ စွမ်းအားဖြည့်အချိုရေတွေကတော့ လုံးဝ အန္တရာယ်မကင်းပါဘူး။ သူ့ထက် တခြားဖျော်ရည်မှန်သမျှ အားလုံးနီးပါးက ပိုကောင်းပါသေးတယ်"လို့ ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ကပြောပါတယ်။

ဒေါက်တာဂျွန်ဟစ်(ဂ)ဂင်း(စ)ရဲ့တွေ့ရှိချက်တွေကိုသုံးပြီး အမေရိကန်အားကစားနှင့်ကျန်းမာရေးကောလိပ် (American College of Sports Medicine) က စွမ်းအားဖြည့်အချိုရည်တွေနဲ့ပတ်သက်တဲ့ သတိပေးချက်တွေကို အဓိကအချက်လေးချက်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါတွေကတော့

1. စွမ်းအားဖြည့်အချိုရည်တွေရဲ့ဆိုးကျိုးကိုပိုခံစားရမယ့် ကလေးသူငယ်များကာကွယ်ရေး (ကလေးတွေရဲ့ ခန္ဓာကိုယ်နုနယ်မူ့၊ caffeine ဓာတ်ကို ခံနိုင်ရည်မရှိသေးမူ့ကြောင့် လူကြီးတွေထက်ပိုပြီး ဆိုးကျိုးကိုခံစားရပါတယ်)
2. ကလေးသူငယ်နဲ့ဆယ်ကျော်သက်တွေကိုဆွဲဆောင်မဲ့ ဈေးကွက်ကြော်ငြာခြင်းမပြုရေး (ကံစမ်းမဲပါရင် ကလေး၊လူကြီးဘယ်သူမဆို အားပေးချင်တဲ့ ကျမတို့လူမျိုးအတွက် သားရေကျစရာကောင်းတဲ့ ကံစမ်းမဲတွေနဲ့ဆွဲဆောင်ထားတဲ့ ကြော်ငြာမျိုးလဲ ခွင့်မပြုသင့်ပါဘူး။)
3. ကိုယ်လက်လှုပ်ရှားအားကစား မပြုလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီးစမှာ စွမ်းအားဖြည့်အချိုရည်ကို မသုံးစွဲခြင်း(ကိုယ်လက်လူပ်ရှားလုပ်ပြီး ချွေးဒီးဒီးကျနေတုန်း အမောပြေ အချိုရည်လေးဖောက်သောက်ပြတဲ့ကြော်ငြာကိုကြည့်ပြီး အားကျမခံ အားဖြည့်အဖျော်ရည်ကိုတော့သွားမသောက်မိကြပါစေနဲ့။)
4. ကျန်းမာရေးပညာပေးတွေနဲ့ စွမ်းအားဖြည့်အချိုရည်နဲ့ပတ်သက်ပြီး အချက်အလက်သုတေသနပိုမိုဆောင်ရွက်ရေးတို့ဖြစ်ပါတယ်။ (ကျမတို့တိုင်းပြည်မှာတော့ လုံးဝမရှိသေးပါဘူး။)

ကျမတို့ပြည်သူတွေနဲ့ ကလေးသူငယ်တွေအတွက်ကော ဘာတွေလုပ်ကြမလဲ???

အသေးစိတ်ကိုတော့ အောက်က Ref links တွေမှာဖတ်ရူ့နိုင်ပါတယ်။

https://www.acsm.org/…/…/news-detail/2018/05/15/energydrinks

https://www.click2houston.com/…/new-warning-from-doctors-ab…
https://www.facebook.com/photo.php?fbid=305567599982926&set=a.105038650035823.1073741828.100015890645870&type=3

ခါးနာသက်သာစေမရ့်ယောဂကျင့်စဉ်ရယ်

ခါးနာသက်သာစေမရ့်ယောဂကျင့်စဉ်ရယ်
ခါးညောင်း,ကျောရိုးတောင့်တင်းမှုကိုသက်သာစေမရ့် ယောဂကျင့်စဉ်တွေကိုအားလုံးကိုမျှဝေပေးချင်ပါတရ်

ဘာလို့ခါးနာတာလဲ ?
-
အနေအထိုင်မှားယွင်းမှုများကြောင့်ခါးနာခြင်း
-
လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းကြောင့်ခါးနာခြင်း
-
မတော်တဆထိခိုက်မှုများကြောင့်ခါးနာခြင်း
-
ရုတ်တရပ်ရှေ့သို့ကွေးခြင်း၊လေးသောအရာများ မ ခြင်းကြောင့်ခါးနာခြင်း
-
ဒေါက်အမြင့်စီးခြင်း၊ကြာရှည်စွာလမ်းလျှောက်ခြင်း၊ကြာရှည်စွာမတ်တပ်ရပ်ခြင်းကြောင့်ခါးနာခြင်း
-
ဆိုဖာထိုင်ခုံတို့နဲ့ကြာရှည်စွာထိုင်ခြင်းကြောင့်ခါးနာခြင်း
-
အရမ်းပျော့သောအိပ်ယာနဲ့အိပ်စက်ခြင်းကြောင့်ခါးနာခြင်း
-
ကျောရိုးမကြီးကိုပျော့ပျောင်းအောင်လုပ်ခြင်းကြောင့်ခါးနာခြင်း၊အကြောင်းအမျိုးမျိုးကြောင့်ခါးနာခြင်း
-
ကိုယ်ဝန်ဆောင်တော်တော်များများကတော့ခါးနာနိုင်ပါတရ် !

ခါးမနာအောင်ဘယ်လိုလုပ်ရမလဲ ?

ခါးကို မတ်မတ်ထားပြီး နေပါ။
ကိုယ့်က ခါးမတ်မတ်ထားဖို့ ခက်ခဲတဲ့လူဆိုရင် ခါးပတ်လေး ပတ်ထားပေးပါ။
နူးညံ့ပျော့ပျောင်းသော ဖိနပ်ကိုသာစီးပါ။
ပစ္စည်းအလေးအပင်တွေ မ တော့မရ်ဆိုရင် သတိထားပါ။
ဖြစ်နိုင်ရင် ခါးကို အရှေ့သို့ ကွေးခြင်းကိုရှောင်ပါ။
အကြာကြီးထိုင်မိရင် ခဏလေး လမ်းထလျှောက်ပေးပါ။
အကြာကြီးလမ်းလျှောက်မိရင် ခဏလေး ပြန်ထိုင်ပေးပါ။
ခေါင်းအုံအပါး ခေါင်းအုံတစ်လုံး တည်း၌သာ အိပ်စက်ပါ။
အရမ်းမမာ အရမ်းမပျော့သော မွေ့ယာနဲ့သာ အိပ်စက်ပါ။
အဲယားကွန်း ဖွင့်ပြီး မအိပ်စက်ပါနဲ့။
အချိန်ရရင် ရေနွေးဝတ်ကပ်ပေးခြင်း ရေခဲတုံးကပ်ပေးခြင်း တို့လုပ်ပေးပါ။
တစ်နေ့ကို နာရီဝက် ၄၅မီနစ်လောက် လမ်းလျှောက်ပေးပါ။
ခါးနာသက်သာစေမရ့် ယောဂကျင့်စဉ်ကို ဖြည်းဖြည်းမှန် မှန် ပုံမှန် ကျင့်သွားရင်ရပါတရ်။

ခါးနာသက်သာစေမရ့်ယောဂကျင့်စဉ်ကျင့်မရ်ဆိုရင် ဘာတွေသတိထားရမလဲ ?

ယောဂကျင့်စဉ် ၆ မျိုးတင်ပေးထားပါတရ်
ကျောရိုးတောင့်တင်းနေတဲ့သူတွေက အကုန်လုံး လုပ်ပေးနိုင်သလို ကိုယ့်အဆင်ပြေမရ့်၂မျိုး ၃မျိုးကိုသာ
ရွေးပြီးကျင့်နိုင်ပါတရ်။

ခါးနာတဲ့သူတွေကတော့ ပထမဦးဆုံး တင်ပေးထားသော
ယောဂကျင့်စဉ် ၃မျိုးသာ ကျင့်ပေးရမှာပါ။

ယောဂဖျာနဲ့သာကျင့်ပါ။

မနက်စောစောရေတစ်ခွက်သောက်ပြီးမနက်စာမစားခင်ကျင့်ရင် သင့် ကျန်းမာရေးအတွက် ပိုကောင်းမွန်စေပါတရ်။

ယောဂကျင့်စဉ်လုပ်တဲ့အချိန် ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ပါ။

အသက်ရှူသွင်း အသက်ရှုထုတ်နဲ့သာ လုပ်ဆောင်ပေးပါ။
စိတ်ဖိစီးမှုလျော့ကျပြီး အာရုံစုစည်းမှုပိုကောင်းစေပါတရ်။

ကိုယ့်ရသလောက်ပဲ ကျင့်ပါ အရမ်းမလုပ်ပါနဲ့။

ပုံနဲ့စာနဲ့တကွ တင်ပေးထားပါတရ်
အဆင်မပြေတာ နားမလည်တာရှိရင် မေးလို့ရပါတရ်
ကိုယ့်နောက်သိချင်တဲ့ ယောဂရှိရင် ပြောလို့ရပါတရ်

အားလုံးကိုကျေးဇူးတင်ပါတရ်ရှင့် !

Namaste









ဒီယောဂကျင့်စဉ်က နံရံမှာ မှီပြီး နေရတာပါ။
အဓိက ခါးကျောရိုးမကြီးကို မတ်စေချင်လို့ပါ။
ရပ်ထားတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကို နံရံနဲ့မှီ ထားရပါမရ်။
ခေါင်း ကျောပြင် တင်ပါး ခြေသလုံး ခြေဖနောင့် အကုန်လုံး ကပ်ထားပါ။
ခါးကတော့ နံရံ လက်နှစ်လုံး သုံးလုံးလောက် ကွာနေပါမရ်။
ပခုံးတွေ လက်တွေ ခြေချောင်းလေးတွေကို အားလျော့ထားပါ။
ပုံမှာမြင်ရတဲ့အတိုင်း ၅မီနစ်လောက် အသက်ပုံမှန်ရှူပြီး နေပေးပါ။
 
 
1
ယောဂဖျာပေါ်မှာလဲလိုက်ပါ။
2
အသက်ရှူသွင်းရင်း ခြေထောက်နှစ်ဖက်ကိုထောင်လိုက်ပါ။
3
အသက်ရှူထုတ်ရင်း ခြေထောက်နှစ်ဖက်ကို ပိုက်လိုက်ပါ။
ရှူသွင်းမရ် ပုံ2 အတိုင်း ပြန်ထားမရ် 

ရှူထုတ်မရ် ပုံ3 အတိုင်း ပြန်ပိုက်မရ် 

အသက်ရှူသွင်း ရှူထုတ်နဲ့ ၅ခါလုပ်မရ် 
ပြီးရင် ပုံ3 အတိုင်း ၁မီနစ်လောက် နေပေးပါ။

 ဒီကျင့်စဉ်ကို သတိထားပြီး ဖြည်းဖြည်းချင်း လုပ်ပါ။
1
လက်နှစ်ဖက်ကိုခေါင်းရဲ့အောက်မှာထားမရ်။
ဒူးနှစ်ဖက်ကိုကွေးထားမရ်။ တံတောင်နှစ်ဖက်ကို မကြွရပါဘူး။
2
ပုံ2အတိုင်းဒူးတစ်ခုလုံးကို ဘယ်ဘက်ကိုချလိုက်ပါ ဦးခေါင်းကို ညာဘက်ကိုလှည့်လိုက်ပါ အသက်ပုံမှန်ရှူပြီး မိနစ်အနည်းငယ် လောက်နေပေးပါ။
3
ပြီးရင် ပုံ3 အတိုင်း နောက်တဖက်ကို လုပ်ဆောင်ပါ။

 1
ဒူးနှစ်ဖက်ကိုကွေးပြီးထောင်ထားမရ်။
လက်နှစ်ဖက်ကိုအားလျော့ထားပါ

2
ညာဘက်ခြေဖမိုးကိုဘယ်ဘက်ပေါင်ပေါ်ကိုတင်လိုက်ပါ။
3
ဘယ်ဘက်ခြေဖမိုးကိုပါညာဘက်ပေါင်ပေါ်တင်လိုက်ပါ။
တစ်ဖက်ပဲပေါင်ပေါ်တင်လို့ရရင်တဖက်ပဲတင်ပါ။
ရသလောက်ပဲလုပ်ပါ။
4
အဲ့အတိုင်းခြေထောက်ကိုအောက်ကိုချလိုက်မယ်
အသက်ရှူသွင်းပါ ပုံ3 အတိုင်းပြန် မ ပါ 
အသက်ရှူထုတ်ပါ ပုံ4 အတိုင်းပြန်ထားပါ 
အသက်ရှူသွင်း ရှူထုတ်နဲ့ ဖြည်းဖြည်းမှန်မှန် ၁၀ကြိမ် လုပ်ပါ။

 1
ယောဂဖျာပေါ်မှာမှောက်လိုက်ပါ လက်နှစ်ဖက်ကို ရင်ဘတ်ဘေးနားမှာ ထားပါ။ ခြေဖနောင့် နှစ်ခုကို ပူးထားပါ။
2
တတောင့်ကိုဆန့်ထုတ်လိုက်ပါ။
ပခုံးကိုအားလျော့ထားပါ။
အဲ့အတိုင်း အသက်ပုံမှန်ရှူပြီး မီနစ်အနည်းငယ်နေပါ။ 
ကိုယ့်ရသလောက်ပဲလုပ်ပါ။

1
ခြေဖနောင့်ပေါ်မှာထိုင်၍ခဏကိုယ်မှောက်ထားပါ
ခေါင်းမော့ထားပါ။
2
တင်ပါးကခြေဖနောင့်နဲ့ခွာပြီ
းလက်နှစ်ဖက်ကိုအရှေ့ကိုတိုးသွားပါ။
3
ပုံအတိုင်း ခြေဖမိုးကိုအားလျော့ပါ တင်ပါးထိပ်နဲ့ဒူးနဲ့က တစ်တန်းတည်းဖြစ်နေရပါမရ် ရင်ဘတ်နဲ့ကြမ်းနဲ့ထိထားရပါမရ်
အဲ့အတိုင်း အသက်ပုံမှန်ရှူပြီး မီနစ်အနည်းငယ်နေပါ။ 
ကိုယ့်ရသလောက်ပဲလုပ်ပါ။


 
https://www.facebook.com/lawon.htet/posts/1842571932466631

Monday, June 25, 2018

visa master money transfer

https://cbbankcard.com/cb/prod/cbportal/web/user-login.jsp

currency transfer wallet to wallet in each card
visa money to master card
master card money to visa card  
card to card transfer 

300 250