တစ်သက်မမေ့စရာ မင်္ဂလာဝတ်စုံကိုမှ ဝတ်ချင်သူများအတွက် နောက်ဆုံးပေါ် Wedding ဖက်ရှင်….
Sponsored
အဖြူရောင်သတို့သမီးဂါဝန်ဟာ ခေတ်အဆက်ဆက်က ဝတ်ဆင်ခဲ့ကြတဲ့ မင်္ဂလာဝတ်စုံဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ သတို့သမီးလေးတွေဟာ အများနဲ့မတူ တမူကွဲပြားပြီး အနက်ရောင်ဂါဝန် ဒါမှမဟုတ် ရောင်စုံဂါဝန်တွေကိုလည်း ဝတ်ဆင်လာကြပါတယ်။ ဒီလိုပုံစံအမျိုးမျိုး ပြောင်းလဲဝတ်ဆင်လာကြတဲ့အထဲကမှ အခုနောက်ဆုံးပေါ် Wedding ဖက်ရှင်ကတော့ Jumpsuit ပုံစံ သတို့သမီးဝတ်စုံပဲဖြစ်ပါတယ်။ လေးလံတဲ့ စကပ်တွေ၊ ဂါဝန်ကြီးတွေကို သယ်နေစရာမလိုတော့ဘဲ သတို့သမီးကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နဲ့ သက်တောင့်သက်သာ လှုပ်ရှားသွားလာစေနိုင်မယ့် ဝတ်စုံဖြစ်ပါတယ်။

ဒီဝတ်စုံကိုတော့ စပိန်မင်္ဂလာဝတ်စုံ ဒီဇိုင်နာအဖွဲ့အစည်းဖြစ်တဲ့ Pronovias က ဖန်တီးထားတာဖြစ်ပြီး မင်းသမီး Cristina Pedroche က 2018 New Year’s Eve မှာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ အသားရောင် အသားကပ်ဘောင်းဘီရှည်ပေါ်မှာမှ ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားတာဖြစ်ပြီး ဝတ်ဆင်လိုက်တဲ့အခါမှာ ချပ်ချပ်ရပ်ရပ်လေးနဲ့ အပိုအလိုမရှိ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေနိုင်တဲ့ ဝတ်စုံဖြစ်ပါတယ်။

Sponsored
ဒီဇိုင်နာဟာ သလင်းကျောက်ပေါင်း ၂၀၀ ကျော်နဲ့အလှဆင်ခဲ့တာဖြစ်ပြီး နာရီပေါင်း ၂၄၄ ကြာအောင် ပြုလုပ်ခဲ့ရတဲ့ ဝတ်စုံဖြစ်ပါတယ်။ အလှဆင်ထားတဲ့ ပန်းပွင့်တွေကအစ တော်တော်လေးကို အနုစိတ်ခဲ့ရတယ်ဆိုတာ သေချာပါတယ်။




ဒီလို ဝတ်စုံဒီဇိုင်းဟာ သတို့သမီးတွေအတွက် နောက်ဆုံးပေါ် မင်္ဂလာဖက်ရှင်ဒီဇိုင်းဖြစ်သလို ထူးထူးခြားခြား ဝတ်ဆင်ရတာ၊ အများနဲ့မတူဘဲ ခွဲထွက်ရတာ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စရာ ဒီဇိုင်းတစ်မျိုးလည်းဖြစ်ပါတယ်။
No comments:
Post a Comment