Friday, September 28, 2018

Copy, URL to Google Drive™






Copy, URL to Google Drive™
အဲ့ EXTENSION ကို ထည့် ပြီး GDRIVE ကို FOLDER အလိုက် ကူးလို့ရ
AUTH လုပ် ပြီး၇င် CODE ပေးလိမ့်  မယ်
CODE ကို ပြန် ထည့် ပေးလိုက်
ပြီးရင် မိမိ လိုတဲ့ FOLDER ကို ကူးလို့ ရ
https://softgateon.herokuapp.com/urltodrive
https://chrome.google.com/webstore/detail/copy-url-to-google-drive/hhkdailooaapiplkadgdkkllbnkjpbel
video guide

https://cloudvideo.tv/d2c2j2uribg9
https://www.facebook.com/zay.arrow/videos/302455140595668/ 

MIUI မြန်မာဖောင့် အမေး အဖြေ

MIUI မြန်မာဖောင့် အမေး အဖြေ
=====================
me: သူငယ်ချင်း ဘာတွေအလုပ်ရှုပ်နေတာလဲ ?

my fri : ငါ့ Mi ဖုန်းကွာ update တင်လိုက်တာမြန်မာဖောင့်မမှန်တော့လို့

me: MIUI Version ဘယ်လောက်ဖြစ်သွားတာလဲ

my fri : MIUI 9.5 ဖြစ်သွားတယ်ကွ

me : ဒါလေးများ "TTA MI Myanmar Font 9.5 to 10" ကိုဒေါင်းလိုက် MIUI 9.5 ကနေ MIUI 10 ထိစမ်းပြီးပြီအဆင်ပြေတယ်

my fri : ဘယ်မှာဒေါင်းရမှာလဲ ?

me : Playstore တို့ Apkpure တို့မှာ "TTA MI Myanmar Font 9.5 to 10" လို့ရှာဒေါင်းလို့ရတယ်လေ

my fri : ဒေါင်းပြီးရင် ဘယ်လိုဖောင့် ချိန်းရမှာလဲ

me : ဒီ link အတိုင်း မြန်မာဖောင့် ချန်းနည်း video ကြည့် ချိန်းလိုက် https://www.facebook.com/thantoeaungat/videos/1208092596013979/

my fri : ဖောင့် ချိန်းရင် Mi Account ရောလိုအပ်လား

me : Mi Account တော့လိုတယ်

my fri : ငါ့မှာ Mi Account မရှိသေးလို့ Mi Account လုပ်နည်းလေးပြောပြပါဦး

me : အောက် က video link အတိုင်း ဝင် ကြည့်လုပ်လိုက်
https://www.facebook.com/thantoeaungat/videos/953758384780736/

my fri : ဖောင့် ချိန်းပြီးရင် စက်ပိတ်ပြီး ပြန်ပြန်ချိန်းနေရသေးလား

me : အခုပေးတဲ့ "TTA MI Myanmar Font 9.5 to 10" ထဲက "Officially Zawgyi Tai V2" ဖောင့်ချိန်းလိုက်ရင် ပြန်ချိန်းစရာမလိုတော့ဘူး အသေပဲ

my fri : အေးအေး ကျေးဇူးပဲသူငယ်ချင်း။ 15min later အဆင်ပြေသွားပြီ သူငယ်ချင်း

me : အေးအေး MIUI 10 ထိစမ်းပြီးပြီပြောတယ် မင်းဒီလို ဖောင့်ချိန်းထားပြီးရင် MIUI 10 ထွက်လို့ update တင်လဲ အေးဆေးပဲပေါ့ကွာ

me : ဒါက China ROM အတွက်ကွ Global ROM ဖုန်းတွေအတွက်က တော့ Region မှာ Myanmar Burmese ထားပေးရမယ် နောက်ပြီး
Theme ထဲကိုသွားပြီး လူပုံပြုံးနေတာလေးကို နှိပ် Font ထဲက "Zawgyi X1 " ချိန်းပေးလိုက်ရင်အဆင်ပြေတယ်ကွ

my fri : ဒါနဲ့ ငါ့ညီမလေးဖုန်းက လဲမြန်မာဖောင့် မရလို့တဲ့ Mi ပဲ

me : MIUI Version ဘယ်လောက်လဲ

my fri : MIUI V8.5

me : MIUI V8.5 ဆိုရင်တော့ " TTA MI Myanmar Font MIUI 7 to 9.2 " ကို ခုနက လိုပဲ Playstore တို့ apkpure တို့မှာ ရှာဒေါင်းလို့ရတယ်
Mi Account လဲမလိုဘူး ဒီဇိုင်းတွေလဲအမျိုးမျိုးချိန်းလို့ရတယ်
MIUI 7 ကနေ 9.2 အထိအလုပ်လုပ်တယ်ကွ China , Global လဲမခွဲဘူး

my fri : ဒါဆို MIUI 9.5 ကစပြီး Mi Account လိုသွားတာပေါ့နော် ဘာလို့လဲ

me : MIUI 9.5 ကနေစပြီး Mi က ထွင်ထားတဲ့ ဖောင့်( third party font ) ဖောင့်တွေ လက်မခံတော့ဘူးကွ သူတို့ theme store က font တွေပဲလက်ခံတော့တယ် Mi Account ထည့်ထားပေးမှအဆင်ပြေတယ် သူတို့ store က font ပဲ ချိန်းခွင့်ပေးတော့လို့

my fri : ဪအေးအေး ကျေးဇူးအများကြီးတင်ပါတယ်ကွာ

မသိသေးတဲ့ Mi Fan သူငယ်ချင်းတွေတွက် like and Share လေးလုပ်သွားပေးဦးနော်

to be continue
Than Toe Aung
https://www.facebook.com/photo.php?fbid=1209191092570796&set=a.106328366190413&type=3

Normal User တွေအတွက် အခက်ကြုံစေတဲ့ Restriction Code ခံထားပီး မေ့နေခဲ့ရင်ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်း ။

Normal User တွေအတွက် အခက်ကြုံစေတဲ့ Restriction Code ခံထားပီး မေ့နေခဲ့ရင်ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်း ။

backup file ထဲကိုဝင်ပီး Search လုပ်ပီး file ရှာလုပ်နေစရာမလို ! Restore လုပ်စရာမလို ! Reset setting လုပ်ဖို့ Restriction code မေ့နေသူများအတွက်အသုံးဝင် မည်ဟုထင်ပါသည် ~

Restriction Code သည် ဖုန်းထဲသို့ဝင်ရန်ခံထားသည့် Passcode မဟုတ်ပါ - 10 ခါထပ်ကျော်ပီး Try မလုပ်ပါနှင့် ။ ယခုနည်းဖြင့်ဖြေရှင်းပါ ....

> One Click - Code Found in Second

အောက်တွင် Download လုပ်ပါ
Rar Pass=xhine
Apple_Restriction_Finder_Pass=xhine.rar, Size 5.63 MB...
https://mega.nz/#!414TGRgS!OGss4-gGfcyOTYZs0W7tMX_Z0DIvSPcHLkkJ7j2QmTU
https://www.facebook.com/photo.php?fbid=2657833450909595&set=a.1513416265351325&type=3

Xiaomi Code Name (September, 2018)



Xiaomi Code Name (September, 2018)

ပထမဆုံး Fans တွေ သိချင်မှာကတော့ Code Name ဆိုတာ ဘာလဲပါ။

Code name ရဲ့ သဘောကတော့ ဖုန်းတွေကို Firmware တင်တဲ့အခါမျိုးမှာ အမှားအယွင်းမရှိအောင် သီးသန့်နာမည်တစ်ခု ထား ထားပေးတဲ့ သဘောမျိုးပါ။ အားလုံးသိတဲ့အတိုင်း Xiaomi မှာက Mi Series နဲ့ Redmi Series သာမက Mix Series နဲ့ Max Series ကို မှားပြီး မှတ်သားခေါ်ဝေါ်နေတဲ့သူက များနေတော့ MIUI Update ပေးတဲ့အခါ မှားပြီး တင်မိရင် ပြသနာကြီးပါတယ်။ ဒါပေမယ့် Xiaomi Company အနေနဲ့ ဒီလိုမှားယွင်းမယ့် အရေး ကြိုတင်သိလို့ သူရဲ့ ထုတ်ခဲ့သမျှသော Mi/ Redmi ဖုန်းတွေကို Code Name တွေပေးထားပါတယ်။

Mi/ Redmi Series တွေပါ ကွဲကွဲပြားပြားသိရှိအောင် ခွဲရေးပေးထားပါတယ်။
** Setting > About Phone > Model Number မှာ ကြည့်ရှု့နိုင်ပါတယ်။ **
Device Name မှာ မိမိနှစ်သက်ရာ အမည် ပြောင်းလို့ရပါတယ်။

#Mi_Series_Code_Name

Model Code Name
Mi 1/ 1s mione
Mi 2/ 2s aries
Mi 2a taurus_beta
Mi 3/ 4w cancro
Mi 3 TD pisces
Mi 4 LTE CT cancro_lte_ct
Mi 4i ferrari
Mi 4c libra
Mi 4s aqua
Mi 5/ 5 pro gemini
Mi 5s capricorn
Mi 5s plus natrium
Mi 5c song
Mi 5x tiffany
Mi 6 sagit
Mi 6x wayne
Mi 8 dipper
Mi 8 SE sirius
Mi 8 EE ursa

#Mi_Note_Series

Model Code Name
Mi Note virgo
Mi Note LTE virgo_lte_ct
Mi Note pro leo
Mi Note 2 scorpio
Mi Note 3 jason

#Mi_Max_Series

Model Code Name
Mi Max hydrogen
Mi Max pro helium
Mi Max 2 oxygen
Mi Max 3 nitrogen

#Mi_Mix_Series

Model Code Name
Mi Mix lithium
Mi Mix 2 chiron
Mi Mix 2s polaris

#Pure_Android_Xiaomi

Model Code Name
Mi A1 tissot/ tissot_sprout
Mi A2 jasmine-sprout
Mi A2 lite daisy-sprout

#Redmi_Series

Model Code Name
Redmi 1 TD HM2013022
Redmi 1 W HM2013023
Redmi 1S 4G HM2014501
Redmi 1S TD HM2014011
Redmi 1S W armani
Redmi 2 pro TD wt86047
Redmi 2 pro wt88047
Redmi 2 TD HM2014813
Redmi 2 W HM2014811
Redmi 2A lte26007
Redmi 3/ 3 pro ido
Redmi 3s/ 3x land
Redmi 4 prada
Redmi 4 pro markw
Redmi 4A rolex
Redmi 4x santoni
Redmi 5A riva
Redmi 5 rosy
Redmi 5 plus vince
Redmi 6 cereus
Redmi 6A cactus
Redmi 6 pro sakura
Redmi Pro omega

#Redmi_Note_Series
Model Code Name
Redmi Note 1 TD lcsh92_wet_TDD
Redmi Note 1 W lcsh92_wet_jb9
Redmi Note 4G dior
Redmi Note 1S 4G gucci
Redmi Note 2 hermes
Redmi Note 3 (MTK) hennessey
Redmi Note 3 (SD) kenzo
Redmi Note 3 pro kenzo
Redmi Note 3 pro SE kate
Redmi Note 4/ 4x (MTK) nikel
Redmi Note 4/ 4x (SD) mido
Redmi Note 5 (India) vince
Redmi Note 5 pro whyred
Redmi Note 5A ugglite
(Redmi Y1 lite)
Redmi Note 5A prime ugg
(Redmi Y1)
Redmi S2 (Redmi Y2) ysl

#Mi_Pad_Series
Model Code Name
Mi Pad mocha
Mi Pad 2 latte
Mi Pad 3 cappu
Mi Pad 4 clover

#Xiaomi_Subrand_POCO
Model Code Name
Pocophone F1 beryllium

#Update_Xiaomi_Code_Names
#mTechbox
Crd
https://www.facebook.com/698454027169904/photos/a.698521953829778/715997302082243/?type=3&_

Thursday, September 27, 2018

Mobile Bank account ဖွင့်‌ထားသူများသတိထားကြပါမြန်​မာနိုင်​ငံသူ နိုင်​ငံသားနိုင်​ငံသားများ အားလုံးအတွက်​ အ​ရေးကြီးသတင်း​လေးပါ

Mobile Bank account ဖွင့်‌ထားသူများသတိထားကြပါမြန်​မာနိုင်​ငံသူ နိုင်​ငံသားနိုင်​ငံသားများ အားလုံးအတွက်​ အ​ရေးကြီးသတင်း​လေးပါ

Myanmar Anonymous Hacking News
မြန်​မာနိုင်​ငံသူ နိုင်​ငံသားနိုင်​ငံသားများ အားလုံးအတွက်​ အ​ရေးကြီးသတင်း​လေးပါကျွန်​​တော်​တို့ အားလုံးဆိုးရိမ်​ခဲ့တဲ့အရာ​ရောက်​လာပါပြီ မြန်မာနိုင်​ငံရှိဘဏ်​အသုံးပြုသူ​တွေရဲ့ အ​ကောင့်​​တွေဟာ Crackerနဲ့ Hacker​တွေရဲ့. ပစ်​မှတ်​ဖြစ်​လာပါပြီ
မကြာမီရက်​ပိုင်း နှင့်​လပိုင်း​လောက်​က မြန်​မာနိုင်​ငံ ဘဏ်​တစ်​ချို့ရှိ ဘဏ်​အသုံးပြု သူအ​ကောင့်​များကို ဟက်​ကာများမှ Phishing နှင့်​ တစ်​ခြား​သော နည်းလမ်း​ပေါင်းစုံနဲ့တိုက်​ခိုက်​လာကြပြီး ဘဏ်​ထဲမှ ​ငွေ​ကြေးများထုတ်​ယူမှုများဖြစ်​​ပေါ်​နေပါတယ်
တိုက်​ခိုက်​သူဟာ ဘဏ်​အသုံးပြုသူများစီသို့ message/facebook/Mail/Viber/Whatsappစသည်​တို့မှတစ်​ဆင့်ု​​linkအတုများကို ဘဏ်​​ခေါင်းစဉ်​များတပ်​ပြီး​ပေးပို့ပါတယ်
ဘဏ်​အ​ကောင့်​သုံးစွဲသူမှ ဘဏ်​မှပို့သည်​ထင်​မှတ်​ပြီး မိမိရဲ့ passwordနဲ့ဝင်​​ရောက်​လိုက်​တဲ့အခါ ဟက်​ကာ မှမိမိရဲ့ passwordကိုသိရှိသွားခြင်းဖြစ်​ပါတယ်
ဒီတိုက်​ခိုက်​မှုကို ကာကွယ်​ရန်​ မိမိစီသို့​ပေးပို့လာ​သော linkများအား စစ်​​ဆေးခြင်းမပြုဖဲဝင်​ရန်
မ​သေချာပါက မိမိ​ငွေအပ်​နှံထား​သောဘဏ်​အား ဖုန်ူဆက်​အတည်​ပြု​ပေးရန်
မိမိအားlink​ပေးပို့​သော အ​ကောင့်​ သို့မဟုတ်​ ဖုန်းနံပါတ်​များအား မှတ်​ထားရန်
မိမိလက်​ကျန်​​ငွေကို စစ်​​ဆေး​ပေး​နေရန်​တို့ဖဲဖစ်​ပါတယ်
တိုက်​ခိုက်​သူသည်​ ဘဏ်​ကိုအဓိကထားတိုက်​ခိုက်​တာမဟုတ်​ဖဲ အသုံးပြုသူကိုသာ ပစ်​မှတ်​ထားတိုက်​ခိုက်​တာဖြစ်​လို့ အကယ်​၍တိုက်​ခိုက်​ခံရသူသည်​ ဘဏ်​အ​ကောင့်​ထဲရှိ​ငွေများ ခိုးယူခံရပါက တိုက်​ခိုက်​ခံရသူနှင့်​သာဆိုင်​ပြီးဘဏ်​များနှင့်​ မဆိုင်​သဖြင့်​ ဆုံးရှုံး​ငွေများပြန်​ရဖို့ အခွင့်​​ရေးနည်းပါးလှပါတယ်
ယခုကဲ့သို့တိုက်​ခိုက်​ခံရမှုဟာ တခြားဘဏ်​​တွေမှာ ဖြစ်​​ပေါ်​နေတယ်​လို့ လွန်​ခဲ့​သော လပိုင်းထဲက ကျွန်​​တော်​တို့​ဖော်​ပြ ​ပေးခဲ့​ပေမဲ့ ယုံကြည်​တဲ့သူ နည်းပါးခဲ့ပါတယ်​ ဒါ့ပြင်​တိုက်​ခိုက်​မှုများလည်းရှိလာငဖြင့်​ ကျွန်​​တော်​တို့ postကိုပြနိလည်​ရုတ်​သိမ်းခဲ့ပါတယ်
ယ​နေ့​တော့ က​မ္ဘောဇဘဏ်​မှ ယခုတိုက်​ခိုက်​မှုဟာ တကယ်​ဖြစ်​​နေ​ကြောင်း တရားဝင်​​ကြော်​ငြာခဲ့သဖြင့်​ ကျွန်​​တော်​တို့ ပြန်​လည်​​ဖော်​ပြခြင်းဖြစ်​ပါတယ်
က​မ္ဘောဇဘဏ်​ ရဲ့ တရားဝင်​သတိ​ပေးစာထုတ်​ပြန်​ထား​သော phishing linkနမူနာပုံစံ
 ☺ ☺ ☺

ရုပ်ချောတဲ့သူဆိုရင် အလကားကျွေးတဲ့ စားသောက်ဆိုင်

ရုပ်ချောတဲ့သူဆိုရင် အလကားကျွေးတဲ့ စားသောက်ဆိုင်

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်ဟာ ရုပ်ချောသူတွေကို အလကားကျွေးလျက်ရှိပါတယ်။ ဒီဆိုင်ဟာ လာရောက်စားသောက်သူတွေထဲက ရုပ်ချောသူအယောက် ၅၀ ကိုရွေးချယ်ပြီး နေ့စဉ် အလကားကျွေးနေတာ ဖြစ်ပါတယ်။
ဆိုင်လာသူတွေဟာ ဆိုင်ထဲက စက်တစ်ခုမှာ မျက်နှာကို စကင်ဖတ်ရပါတယ်။ပလတ်စတစ်ဆာဂျရီ ဆေးရုံမှာလုပ်တဲ့ အထူးကျွမ်းကျင်သူတွေက မျက်နှာတွေကိုကြည့်ပြီး ရုပ်ချောသူ ဟုတ်မဟုတ် ဆုံးဖြတ်ပေးပါတယ်။
ရုပ်ချောသူဆိုရင်တော့ ထမင်းအလကားစားရမှာဖြစ်ပါတယ်။ ဒီဆိုင်ဟာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟင်နန်ပြည်နယ် ကျင်ကျိုးမြို့က စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိပြုလုပ်နေတဲ့ ရုပ်ချောသူအလကားစား အစီအစဉ်ဟာ ဇန်နဝါရီ ၁၀ ရက်ကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ထိပဲလို့ဆိုပါတယ်။
Credit – Original Uploader

Tuesday, September 25, 2018

google drive unlimited added to your account for free lifetime

google drive unlimited added to your account for free lifetime
blog ထောင်ပြီး shorten and earn သမားများ storage အခက် အခဲများကို ကူညီရန်
shorten လုပ်ပြီးငွေရှာမယ်ဆိုသူများအတွက် အခမဲ့
gdrive unlimited များ မိမိ gmail သို့ တိုး ပေးသည်
စိတ်ဝင်စားပါက ဆက်သွယ်ပြီး အလကား ရယူနိုင်ပါသည်
free share free given
no copyright dmca file allowed
ထို drive သည် မိမိ private ပုံများ တင်သုံးရန် မဟုတ်ပါ
private များ တင်ခြင် ပါ က သီးသန့် ၀ယ်သုံးနိင်ပါသည်
၁ ခုကို ၅ ထောင် ဘဲ ကြိုက်သလောက် သိမ်းနိုင်
blogger များ
shorten and earn သမားများ အတွက် ဖရီး
lifetime

Team Drives access levels

Team Drives access levels

This feature is available with G Suite Enterprise, Enterprise for Education, Drive Enterprise, Business, Education, and Nonprofits edition. Compare editions
Users with G Suite Basic cannot create or access Team Drives unless they are invited by a member
of an external organization that has Team Drives.

User access levels

To manage Team Drives and their contents, users must have the appropriate access levels.
Note: G Suite Basic edition users can only view files in Team Drives in their own organizations, unless those files have been shared with them directly. Learn more about G Suite Basic edition user privileges.
Task Full access  Edit access* Comment access View access
View Team Drives and files
Comment on files in Team Drives
Make, approve, and reject edits in files
Create and upload files and create folders in Team Drives
Add or remove people to or from Team Drives
Approve or deny requests to access Team Drives
Add people to specific files in Team Drives
Move files and folders in Team Drives
Delete files and folders from Team Drives
Restore files from trash (up to 30 days)

* If you have edit access for a Team Drive or any files shared within a Team Drive, you can currently only view these files in Drive File Stream. To edit the files, access them in Drive on the web. For more information, see Known issues and Deploy Drive File Stream.

G Suite Basic edition user privileges

Team Drive privileges for G Suite Basic edition users depend on whether the Team Drive is located inside or outside their organization.

Access to Team Drives inside an organization

G Suite Basic users can only view the Team Drive files that are located in their own organization's Team Drives, unless those files have been shared with them directly. For example, a G Suite Basic user at solarmora.com can only view files on Team Drives from solarmora.com.

Access to Team Drives outside an organization

G Suite Basic users who are outside an organization are allowed to manage Team Drives in that organization if they have the appropriate access levels. For example, a G Suite Basic user at solarmora.com with full access can manage Team Drives from altostrat.com.
Note: Depending on your organization's sharing permissions, you can share files directly with G Suite Basic edition users to let them view, comment on, or edit files. Learn how to control sharing of Team Drives content.

G Suite administrator privileges

To manage Team Drives for your organization, you must be a G Suite administrator with the Drive and Docs privilege.
This privilege lets you:
  • Turn Team Drive creation on or off for your organization. Learn more
  • View and manage the Team Drives in your organization. Learn more
  • Add and remove the people who can access a particular Team Drive. Learn more
  • Control sharing of Team Drives content. Learn more
  • Migrate content to a Team Drive. Learn more

Monday, September 24, 2018

ဇိုးတို့၏နယ်မြေ သို့မဟုတ် ရန်ကုန်

ဇိုးတို့၏နယ်မြေ သို့မဟုတ် ရန်ကုန်

၂၀၁၈ စက်တင်ဘာလ ၁၁ ရက် ညနေ ၅ နာရီအချိန်။

တာမွေမြို့နယ် (က)ရပ်ကွက်သည် ရန်ကုန်မြို့လယ်ခေါင်တို့၏ ထုံးစံအတိုင်း လူအများဖြင့် စည်ကားလျက် ရှိသည်။ ထိုအနီးအနားတွင် ညပိုင်းဈေးရောင်းလျက်ရှိသော ကိုတင်မောင်သည် ရုတ်တရက် အော်ဟစ်သံများကြောင့် ဈေဗန်းကို အသာချကာ စပ်စုကြည့်လိုက်သည်။
Alphard အမျိုးအစား ယာဉ်တစ်စီးပေါ်မှ တုတ်၊ ဓားကိုင်ဆောင်သော လူတစ်စုသည် အော်ဟစ်ဆဲဆိုလျက် ပြေးသွားသည်ကို မြင်လိုက်ရသည်။ နောက်ထပ် ယာဉ်နှစ်စီးထပ်ရောက်လာပြီးနောက် တုတ်၊ ဓားကိုင်လူများ ထပ်ဆင်းလာသည်။
မြို့လယ် လူစည်ကားရာအရပ် သွေးစက်တို့ စွန်းထင်းသွားပြီ ဖြစ်သည်။
အဆိုပါရန်ပွဲပြီးသွားသည့်နောက် လဲကျနေသည့် လူနှစ်ဦးနှင့် အမျိုးသမီးများထံ ပထမဆုံးပြေးသွားမိသူမှာ ကိုတင်မောင် ဖြစ်သည်။
“လဲနေတဲ့ ကိုကတုံးကို ကျွန်တော် သိတယ်။ သူ့ကို ကူညီဖို့ ကျွန်တော် သွားခဲ့တာ။ ဒါပေမဲ့ ကားတွေက ရပ်မပေးခဲ့ဘူး” ဟု သူက ဆိုသည်။
ထိုညက တာမွေသည် ကမ္ဘာပျက်သလို ဆူညံပွက်လောရိုက်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး အထိတ်တလန့် ဖြစ်ခဲ့ရသည်။
အဆိုပါရန်ပွဲသည် သာမန်ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့ခြင်း မဟုတ်။
ရန်ကုန်သားတို့က ဗန်းစကားဖြင့် ဇိုးဟု ခေါ်သော လူဆိုးဂိုဏ်းတို့၏ လူသတ်ပွဲတစ်ခု ဖြစ်ခဲ့လေသည်။
ထိုလူသတ်ပွဲတွင် ရန်ကုန်မြို့မှ နာမည်ကျော် လူဆိုးဂိုဏ်းခေါင်းဆောင် ဝင်းထွဋ်ဝင်း၊ အခြားနာမည်ကျော် လူမိုက်ဖြစ်သော ယဉ်မိုးအပါအဝင် လူမိုက်ရှစ်ဦး ပါဝင်ခဲ့လေသည်။
ဖြစ်စဉ်တွင် လူဆိုးအဖွဲ့၏ တိုက်ခိုက်ခံရသူမိသားစုမှ ကတုံးမ(ခ)ဇော်ဟိန်းသူမှာ သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာများ အပြင်းအထန် ရရှိသွားခဲ့သည်။ ကျူးလွန်သူများကိုလည်း ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်အထိ ဖြစ်ခဲ့၏။
အဆိုပါဖြစ်ရပ်မှာ ရန်ကုန်မြို့ တရားဥပဒေစိုးမိုးမှုမျက်နှာစာ၏ တစ်ဖက်ခြမ်းတွင်ရှိသော လူမိုက်လောက (ခေါ်) ဇိုးလောက၏ တိုက်ပွဲများထဲမှ တစ်ခုသာ ဖြစ်သည်။

တာမွေလူသတ်မှုမှ ကျူးလွန်သူများကို တာမွေမြို့နယ် တရားရုံးတွင် ရမန်ရယူခဲ့စဉ်။

ဇိုးလောက

ရန်ကုန်မြို့တွင် ၂၀၀၁ ခုနှစ် နောက်ပိုင်း စကော်ပီယံကဲ့သို့ နာမည်ကြီးလူမိုက်ဂိုဏ်းများကို သက်ဆိုင်ရာက ဖြိုခွင်းခဲ့သဖြင့် ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် လူမိုက်အဖွဲ့များမှာ ပုံစံတစ်မျိုးဖြင့် ပြန်လည်အားကောင်းလာခဲ့သည်။
သက်ဆိုင်ရာမြို့နယ်များအလိုက် နာမည်ကြီးလူမိုက်များနှင့် ၎င်းတို့၏ နောက်လိုက်များက အုပ်စုဖွဲ့ ပြန်လည် စိုးမိုးလာကြသည်။
လူမိုက်အဖွဲ့များသည် ကေတီဗီ၊ အနှိပ်ခန်း၊ ပြည့်တန်ဆာ အစရှိသော လုပ်ငန်းများကို အကာအကွယ်ပေးခြင်း အပြင် ယခုနောက်ပိုင်းတွင် အကြွေးတောင်းပေးခြင်း၊ အငှားလူရိုက်ပေးခြင်း ၊ ကားဖြင့် တိုက်ပေးခြင်း၊ လူစားဝင်ပေးခြင်းအပြင် လူသတ်ပေးခြင်းတို့အထိ တွင်ကျယ်လာခဲ့သည်။
အထူးသဖြင့် ဆင်ခြေဖုံးမြို့နယ်များဖြစ်သော သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့တွင် နာမည်ကျော် လူမိုက်များ ကြီးစိုးလာခဲ့သည်။ သာကေတတွင် မြင့်အောင်၊ နေမျိုးအောင်၊ ဝင်းထွဋ်ဝင်း၊ တင်လင်းထိုက် (ခ) ထိုက်ထိုက်၊ လှိုင်သာယာတွင် အောင်စိုးလေး၊ ဝင်းနိုင် စသော နာမည်ကျော် တစ်ပိုင်စားလူမိုက်များ ပေါ်ပေါက်ခဲ့သည်။
၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ဆင်ခြေဖုံးဒေသများတွင် ကျူးကျော်ကိစ္စများ ပေါ်ပေါက်လာခဲ့ပြီး အစိုးရ ကိုင်တွယ်မရသည့် ကျူးကျော်ပြသနာအချို့တွင် လုပ်ငန်းရှင်များက နယ်မြေခံလူမိုက်အဖွဲ့များ ကို အားကိုးလာကြသည်။
သို့သော်ထူးခြားသည်က ထိုကျူးကျော်များကို ရှင်းလင်းပေးသည်က နယ်မြေခံလူမိုက်အဖွဲ့များ ဖြစ်သကဲ့သို့ ကျူးကျော်ကြသူများမှာလည်း ထိုလူမိုက်အဖွဲ့များနှင့် ပတ်သက်သူများ ဖြစ်နေခြင်းပင်။
ကျူးလူမိုက်များ ဆိုသည့် စကားသည် ဆင်ခြေဖုံးဒေသများတွင် ထွန်းကားခဲ့ပြီး ကျူးကျော်အဖြစ်နေထိုင်ပြီး ဖယ်ရှားပေးရသည့်အခါ လျော်ကြေးယူသည့် စီးပွားရေးပင် ပေါ်ထွန်းလာခဲ့သည်။ အဆိုပါကိစ္စများသည် လှိုင်သာယာတွင်မူ နာမည်ကြီးသည်။ ဥပဒေစိုးမိုးမှုကို မခံစားကြရသည့် ဒေသခံတို့မှာလည်း လူမိုက်တို့အကြောင်း ဟဟမျှပင် မဖွင့်ဟရဲကြ။
ထိုအလေ့အထနှင့်အတူ လူမိုက်ဂိုဏ်းများမှာ ငွေကြေးကြွယ်ဝလာကြပြီး နိုင်ငံ၏ ထိပ်ပိုင်းသူဌေးများ၊ အာဏာပိုင်အချို့၏ လက်စွဲတော်များဖြစ်လာကြသည်ဟု အဆိုပါလောကနှင့် နီးစပ်ခဲ့သူ ရွှေပြည်သာမြို့နယ်နေ လူငယ်တစ်ဦးက ဆိုသည်။
လူမိုက်တို့၏ နောက်ထပ် ဆုံစည်းရာ နေရာမှာ ကြက်တိုက်သည့် လောင်းကစားဝိုင်းများဖြစ်သည်။ ထိုလောင်းကစားဝိုင်းများတွင် သန်းနှင့်ချီသော လောင်းကြေးများ ပါဝင်တတ်ပြီး နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်များပင် လာလေ့ရှိကြသည်။ လူမိုက်အဖွဲ့များသည် သူ့အပိုင်စားအလိုက် ကြက်ဝိုင်းများ ကျင်းပလေ့ရှိကြပြီး  ဝင်ငွေရှာလေ့ရှိကြပြန်သည်။
အင်အားကြီးလူမိုက်အဖွဲ့များသည် မူးယစ်ဆေးဝါးလုပ်ငန်းများအထိပါ နယ်မြေ ချဲ့ထွင် လုပ်ကိုင်လာကြောင်း ကြေးစားလူမိုက်အဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။
နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် အချို့ကလည်း လူမိုက်အဖွဲ့များကို ခါးပိုက်ဆောင်အဖြစ် လက်သပ်မွေးထားလေ့ရှိပြီး ဥပဒေဖြင့် ညှိနှိုင်းမရသော ၎င်းတို့၏ အချို့သော စီးပွားရေး၊ လူမှုရေးကိစ္စများတွင် အဆိုပါ လူမိုက်အဖွဲ့များကို အသုံးချလေ့ရှိကြကြောင်းလည်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ အမည်မခံသည့် လုပ်ငန်းများဖြစ်သည့် နိုက်ကလပ်၊ စင်တင်တေးဂီတ၊ ကေတီဗီ အစရှိသည်တို့တွင်လည်း ယင်းလူမိုက်အဖွဲ့မှ အဖွဲ့ဝင်များကို ဝန်ထမ်းအဖြစ် အသုံးပြုသည်လည်း ရှိသည်ဟု လူမိုက်အဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပွားခဲ့သော နာမည်ကျော် မြောက်ဥက္ကလာပ လူသတ်မှုသည် အခကြေးငွေဖြင့် လူသတ်ပေးသော ကြေးစားလူမိုက်များစွာ ပါဝင်ခဲ့သည့် အမှုတစ်ခုဖြစ်သည်။
အဆိုပါအမှုတွင် ကိုကျော်မင်းဆိုသူအား သတ်ပေးရန်အတွက် လူမိုက်များက ငွေကျပ် သိန်း ၉၀ အခကြေးငွေ အဖြစ် ရယူကာ လက်ခံခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
“ကွဲရုံဆို တစ်သိန်း၊ ကျိုးရုံဆို သုံးသိန်း အစချီပြီး တစ်ဖက်သားအပေါ် ကိုယ်ဖြစ်ချင်တဲ့ အနေအထားကို ဈေး စကားပြောပြီး ညှိလို့ရတယ်။ အပျောက်ရှင်းရင်ကတော့ သူ့ဈေးနဲ့သူ ဆိုပြီး အသီးသီး သတ်မှတ်ထားပါတယ်။ အပျောက်ရှင်းရင်တောင် ပေးရတာ သိန်းတစ်ရာ မကျော်ပါဘူး”ဟု ကြေးစားလူမိုက်ငှားရမ်းခနှုန်းထားများနှင့် ပတ်သက်ပြီး ကိစ္စတစ်ခုတွင် ကြေးစားလူမိုက်များအား ချိတ်ဆက်ငှားရမ်းခဲ့ဖူးသူ လမ်းမတော်မြို့နယ်မှ အသက် ၂၇ နှစ် အရွယ် ကိုရဲလင်းက ရှင်းပြသည်။
လူမိုက်အဖွဲ့များ၏ အခြားဝင်ငွေရှာဖွေသော လုပ်ငန်းတစ်ခုမှာ ပြစ်မှုကျူး လွန်သူများကို လူစားလဲပြီး အမှုရင်ဆိုင်ပေးခြင်းဖြစ်သည်။
“သိန်းနှစ်ဆယ် ပေးခဲ့ရပါတယ်။ ယာဉ်တိုက်မှုမှာပါ။ ကိုယ်က ထောင်ထဲ မနေချင်တော့လည်း တန်တယ်လို့ပဲ ယူဆပါတယ်” ဟု ယာဉ်တိုက်မှုတစ်ခုတွင် လူစားထိုးရန် ငှားရမ်းခဲ့ဖူးသူ မရမ်းကုန်းမြို့နယ်မှ ကိုစိုင်းနောင် (အမည်လွှဲ) က ပြောပြသည် ။
ကိုစိုင်းနောင်သည် ရန်ကုန်မြို့တစ်နေရာတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားရာတွင် တိုက်ခံရသူမှာ သေဆုံးသွားခဲ့ပြီးနောက် ယာဉ်ကို မောင်းပြေးလာခဲ့ကြောင်း၊ ထို့နောက် မြောက်ဥက္ကလာမြို့နယ်ရှိ လူမိုက်အုပ်စုတစ်စုနှင့် ဆက်သွယ်မိကာ ကိုစိုင်းနောင်အစား လူမိုက်အဖွဲ့ဝင်တစ်ဦးက တရားခံအဖြစ် ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုအတွက် လူမိုက်အဖွဲ့ကို ကျပ်သိန်းနှစ်ဆယ်ပေးခဲ့ရပြီး လူစားလဲ အဖမ်းခံပေးသူ၏ တရားစရိတ်နှင့် ထောင်တွင်းစရိတ်များကို ကျခံပေးခဲ့ရကြောင်း ကိုစိုင်းနောင်က ဆိုသည်။
ဩဂုတ်လ ၂၈ ရက်နေ့  နေ့လယ်ခင်းကလည်း သာကေတမြို့နယ် (၁၀) တောင် (၁၃) ရပ်ကွက် ခိုင်ရွှေဝါလမ်းပေါ်တွင် နာမည်ကျော် လူမိုက်အုပ်စု နှစ်စုကြား မင်းမဲ့စရိုက်ဆန်သော ခိုက်ရန် ဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများမှာ သာကေတမြို့နယ်အတွင်းမှ နာမည်ကြီး လူမိုက်မြင့်အောင်အဖွဲ့နှင့် နေမျိုးအောင်၏ လူမိုက်အဖွဲ့အသစ်တို့ကြား ဗိုလ်လုကြခြင်းဖြစ်ကြောင်း သာကေတမြို့နယ် (၁၀) တောင်ရပ်ကွက်နေသူ ရပ်မိရပ်ဖ တစ်ဦးက ပြောပြသည်။
အဆိုပါရန်ပွဲတွင် လူမိုက်အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက သေနတ်နှစ်ချက်ပစ်ဖောက်ခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။ သို့သော်လည်း သာကေတမြို့နယ် နယ်မြေ(၁) ရဲစခန်းကမူ ဗျောက်အိုးဖောက်သံသာ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြန်လည်ရှင်းလင်းခဲ့သည်။
သေနတ်ပစ်ဖောက်သည်ဟု လူအများက ယူဆခဲ့သောအဖွဲ့မှ အဖွဲ့ခေါင်းဆောင်သည် ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော DKBK နှင့် ပတ်သက်မှုရှိသည်ဟု သာကေတမြို့နယ်အတွင်း နာမည်ကျော်သူတစ်ဦး ဖြစ်သည်။
“သူ့ကျောင်းသား၊ ကိုယ့်ကျောင်းသား အချင်းချင်း ငြိကြရာက ခေါင်းဆောင်တွေပါ ပါလာတဲ့သဘောပါ။ နာမည် ထွက်လာတဲ့ အဖွဲ့သစ်နဲ့ ရှိပြီးသားအဖွဲ့တို့ အားစမ်းတဲ့ သဘောလည်း ပါမှာပေါ့” ဟု သာကေမြို့နယ်အတွင်း အဆိုပါနှစ်ဖွဲ့လုံးနှင့် နီးစပ်သူ ကိုကျော်လင်းသူ(အမည်လွှဲ) က ပြောပြသည်။
ကျောင်းသားဟူသော အသုံးအနှုန်းသည် လူမိုက်အဖွဲ့များအတွင်း သုံးနှုန်းလေ့ရှိသော ဗန်းစကားတစ်ခုလည်း ဖြစ်ပြီး ကျောင်းသားဆိုသည်မှာ ရပ်ကွက်အတွင်း လူမိုက်ခေါင်းဆောင်များက  မွေးထားသော လက်ရဲဇက်ရဲ လူငယ်လေးများ၊ ဆိုးသွမ်းခက်ထန်သော လူငယ်လေးများ၊ ပြစ်မှုကျူးလွန်ဖူးသူ လူငယ်လေးများကို ခေါ်ကြခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် အစိုးရသစ်တက်ပြီးနောက်ပိုင်းတွင်မူ သာကေတမြို့နယ်ရှိ လူမိုက်အချို့၏ လှုပ်ရှားမှုများမှာ နိုင်ငံရေးနှင့် ပါဝင်ပတ်သက်လာပြန်သည်။
တရားခံပြေးတစ်ဦးဖြစ်ပြီး သာကေတမြို့နယ်မှ နာမည်ကြီးချဲဒိုင် လူမိုက်တစ်ဦးဖြစ်သူ တင်လင်းထိုက်သည် ယခုအခါ ဖျက်သိမ်းခဲ့ပြီးသော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ၏ အမာခံတစ်ဦး ဖြစ်ခဲ့ပြီး ဆန္ဒပြပွဲများတွင် လူစုပေးရသူတစ်ဦးဖြစ်ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။
၎င်းသည် ဆန္ဒပြပွဲများတွင် နေ့စားနှုန်းထားဖြင့် လူငှားပေးရခြင်းကို ဝင်းထွဋ်ဝင်းကဲ့သို့ လူမိုက်အဖွဲ့များနှင့် ထပ်မံချိတ်ဆက်လုပ်ဆောင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လေယာဉ်ကွင်းတွင် လုပ်ကြံခံရသောအမှုတွင် ပတ်သက်ခဲ့ဖူးသူ နဂါးလေးသည် ဝင်းထွဋ်ဝင်းနှင့် ခင်မင်ရင်းနှီးသည့် မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

ဝိသမတို့၏လက်ပါးစေ

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက် ညနေ ၅ နာရီအချိန် တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သာကေတမြို့နယ်မှ နာမည်ကျော် လူမိုက်ဂိုဏ်းခေါင်းဆောင် ဝင်းထွဋ်ဝင်း ကိုယ်တိုင် ပါဝင်လာခဲ့သည်။
ဝင်းထွဋ်ဝင်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် ညပိုင်းက တိုက်ခန်းပိုင်ဆိုင်မှုအငြင်းပွားနေသော အနော်ရထာလမ်းရှိ Pacific ဓာတ်ပုံတိုက်မှ ပိုင်ရှင်ဖြစ်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားကို လမ်းမတော် ၁၀ လမ်းတွင် ပြန်ပေးဆွဲခဲ့သည့်အမှုတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

လူဆိုးဂိုဏ်းခေါင်းဆောင် ဝင်းထွဋ်ဝင်း
စက်တင်ဘာ ၁၁ ရက်နေ့က ၇၇၇ ဂိမ်းဆိုင်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် ကလေးချင်းစကားများသည့် ကိစ္စမှ ဖြစ်ခဲ့သည်ဟု ထွက်ဆိုကြသော်လည်း နောက်ကွယ်တွင် များစွာသော အကြောင်းအရာများရှိကြောင်း လူမိုက်အဖွဲ့များနှင့် ပတ်သက်နေသည့် အမည်မဖော်လိုသူများက ထုတ်ဖော်ပြောဆိုကြသည်။
မှုခင်းဖြစ်ပွားရာ ဂိမ်းဆိုင်သည် ကျိုက္ကဆံလမ်းမပေါ်တွင် တည်ရှိပြီး ရဲတပ်ဖွဲ့က ဖော်ပြထားသကဲ့သို့ ကလေးကစားသည့် ဂိမ်းဆိုင်မဟုတ်ဘဲ အကြွေစေ့ဖြင့် ကစားရပြီး ငွေကြေးလဲလှယ်ရသော ကာစီနို လောင်းကစားဝိုင်းတစ်ခုဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုကြသည်။
ယင်းကဲ့သို့ ကလေးကစားသည့် ဂိမ်းဆိုင်အသွင်ယူ လောင်းကစားဝိုင်းများမှာ ရန်ကုန်မြို့တွင် ဆယ်ဆိုင်ထက် မနည်း ရှိနေပြန်သည်။
ထိုဆိုင်များကို ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်းအချို့ အမည်ခံထားသည့် ထိုင်ဝမ်နိုင်ငံသားတစ်ဦးက ချုပ်ကိုင်ထားခြင်းဖြစ်သည်။
စည်ပင်သာယာတွင် ကလေးကစားကွင်း လိုင်စင်တင်ထားသော အဆိုပါဆိုင်များမှာ ငါးပစ်ဂိမ်း၊ မိချောင်း ဂိမ်း၊ ဂျက်ဘော့စက်၊ ဖဲစက်၊ အသီးစက် စသည့် ကာစီနိုကစားနည်းများရှိပြီး လောင်းကြေး ကျပ်သိန်းဆယ်ဂဏန်းချီကာ အလောင်းအစားပြုလုပ်ကြခြင်း ဖြစ်သည်။

Photo by yangon police
အဆိုပါ ထိုင်ဝမ်နိုင်ငံသားမှာ နှစ်ရှည်ဗီဇာဖြင့်နေထိုင်ပြီး သူပိုင်ဆိုင်သည့် လောင်းကစားဝိုင်းများတွင် နယ်ခံ လူမိုက်များကို လိုင်းကြေးပေးခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကို လာဘ်ထိုးခြင်းဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာ ဂိမ်းဆိုင်မှာ ဝင်းထွဋ်ဝင်းလူမိုက်အဖွဲ့၏ စောင့်ရှောက်မှုအောက်တွင်ရှိပြီး တစ်လလျှင် စောင့်ရှောက်ခ ရှစ်သိန်း ၊ ဘော်ဒါကြေး တစ်သိန်း ပေးဆောင်ရသည်။
အဆိုပါဆိုင်တွင် လာရောက်ကစားသူများတွင် လူမိုက်အဖွဲ့များပါဝင်ပြီး  နယ်မြေခံ လူမိုက်စရှိသည့် လူငယ်အချို့နှင့် လူမိုက်ဂိုဏ်းများ၏ ကာလရှည်ကြာ အငြိုးအတေးမှ ပွင့်ထွက်သွားသည့် ရန်ပွဲဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
အဆိုပါ လူသတ်မှုတွင် ပါဝင်ခဲ့သည့် လူမိုက်အဖွဲ့များကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နောက်တစ်နေ့  စက်တင်ဘာ ၁၂ ရက် ညနေပိုင်း တာမွေတရားရုံးတွင် ချုပ်ရက် ရမန်ယူရာတွင် အခြားအမှုတွဲများမှာ အချုပ်ယာဉ်များနှင့် ရုံးထုတ်လာကြသော်လည်း နာမည်ကျော်လူမိုက်ခေါင်းဆောင် ဝင်းထွဋ်ဝင်းမှာ ဇိမ်ခံယာဉ် အကောင်းစားဖြင့် ရုပ်ရှင်ဆန်ဆန် ရုံးထုတ်လာခဲ့သည်။
ပြည်သူများအကြား  အဆိုပါမြင်ကွင်းသည် အံ့ဩစရာဖြစ်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များကမူ လူမိုက်ခေါင်းဆောင်နှင့် ဆက်နွှယ်သူများကိုပင် ကျိုးကျိုးနွံနွံ ဆက်ဆံနေကြသည်ကို တွေ့ခဲ့ကြရသည်။

တာမွေလူသတ်မှုမှ ကျူးလွန်သူများကို တာမွေမြို့နယ် တရားရုံးတွင် ရမန်ရယူခဲ့စဉ်။
ယခုဆောင်းပါးပါ အချက်အလက်များသည် ရန်ကုန်မြို့လူမိုက်လောက ခေါ် တစ်နည်းအားဖြင့် ဇိုးလောကနှင့် ပတ်သက်ခဲ့သူများထံမှရရှိသည့် သတင်းအချက်အလက်များသာ ဖြစ်သည်။ တရား ဥပဒေစိုးမိုးမှုကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်နေသည့် လူမိုက်အဖွဲ့များ၏ ခြိမ်းခြောက်ရန်ပြုမည်ကို စိုးရိမ်သောကြောင့် သတင်းရင်းမြစ်များက  အမည်ခံပြောဆိုနိုင်ခြင်း မရှိကြပေ။
မည်သို့ပင်ဆိုစေ ပြည်သူလူထုအတွက် ရန်ကုန်ရှိ လူမိုက်ဂိုဏ်းတို့ နယ်မြေလုစစ်ပွဲများနှင့် ခြိမ်းခြောက်မှုများသည် တရားဥပဒေစိုးမိုးရေးအပေါ်  မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။
အထူးသဖြင့် ပြည်သူ့မျက်မှောက်တွင်ပင် တွေ့မြင်ရသည့် လူမိုက်ဂိုဏ်းခေါင်းဆောင်များနှင့် ရဲတပ်ဖွဲ့ဝင်အချို့၏ ဆက်ဆံရေးအပေါ်  ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်မှာ အမှန်ပင်ဖြစ်တော့သည်။

300 250