Saturday, May 19, 2018

unqualified doctors in Myanmar now Much and Much

unqualified doctors in Myanmar now Much and Much
ဖြစ်နိုင်ပါတယ် ဆရာဝန် တွေလည်း လခရနည်း တာရယ်
တက် သစ်စတွေလည်း စာ အပေါ် စိတ် ၀င်စားမှု မ၇ှိတော့တာ ရယ်
business income ကျလာတဲ့ အတွက် ပညာရေးထက် စားဝတ်နေရေးကို ဦးစားပေးလာတာရတယ်
လောဘကို ရှေ့တန်း တင်တဲ့ ဆရာဝန် တွေကြောင့်ရယ် တစ်ခြားဆရာဝန် ကောင်းတွေ နာမည်ပျက်
ငခုံးမ တစ်ကောင် ကြောင့် တစ်လှေလုံးပုတ်ဆိုတာ
ဆေးလောကတင် မဟုတ်ဘူး
ဘာသာရေး လောကမှာလည်း သာသနာကို သာသနာ့ဘောင်ကလူတွေဘဲ ဖျက်ကြတယ်
ဆရာဝန် အလုပ် လုပ် လို့ စိတ် မပါရင် မလုပ်နဲ့
အခု လို မပါ တစ်ပါ လုပ် တော
လူနာတွေမှာ လာထိ ခိုက်တယ်
စိတ် မပါရင် တစ်ခြား အလုပ် ကို ပြောင်း လုပ်  အသက်နဲ့ ရင်းပြီးလုပ်ရတဲ့ အလုပ် တွေအပေါ် မလုပ်ကြပါနဲ့ ဗျ========================================
မြန်မာပြည် ဆေးကုသမှုလောက ၊ ထိုင်း ဆေးကုသမှုလောက !!
မြန်မာပြည်ကဆြာဝန်က ကင်ဆာ တဲ့ ! (၆)လပဲခံမယ် တဲ့ ! (၈၆)နှစ် အဖွားကို operation လုပ်ရမယ်တဲ့ ! ကင်ဆာဖြစ်နေတဲ့ အသည်းကို လှီးထုတ်ရမယ်တဲ့ ! (၈၆)နှစ်အရွယ်အဖွားကို operation လုပ်ရင် ဖြစ်လာနိုင်မယ့် Risk ကိုမေးတော့ သူ့ပညာကို စော်ကားတာလားတဲ့ ဆြာဝန်က ! လူနာရှင်မှာ second option တောင် considering လုပ်ပိုင်ခွင့်မရှိ ၊ ကြောက်နေရဒယ် ၊ ဒါနဲ့ပဲ အသည်းကင်ဆာဆိုပြီး ON ထားတဲ့ ဆေးတွေ မသောက်ပဲ ထိုင်းကိုသွားပြီးပြဖို့ရှိတာနဲ့ ခဏဆိုင်းထားလိုက်တယ် တဲ့ ၊ ထိုင်းရောက်တယ် စစ်တယ် ပြတယ် check တယ် ၊ ဘာကင်ဆာမှမရှိပါတဲ့ Result ထွက်လာတယ် ၊ မြန်မာပြည်က (၆)လပဲ ခံမယ်ဆိုတဲ့ အဖွား အခု (၂)နှစ်တိုင်အောင် ကျန်းမာစွာ ရှိနေပါတယ်တဲ့ !
(Ref ; ဆောင်းပါးရှင်)

~~~~~~~~~~~~~~~~~~~

⏹ ဒီနေ့ အဖွားကို Bumrungrad မှာ ဆေးထပ်စစ်တယ် MRI ရိုက်တယ် CT Scan ရိုက်တယ်...

ဒီနေရာမှာ ပြောချင်တာလေး ရှိလာတယ်... MRI ရိုက်တော့ သူတို့က အဖွားကို သွေးအရင်စစ်တယ်... သွေးအရင်ဖောက်ပြီး injection ထိုးဖို့လုပ်နေတုန်း ဘယ်လိုကနေ ဘယ်လို လုပ်လိုက်တယ်မသိ ၁၅ မိနစ်လောက်အတွင်း သွေးအဖြေ ထွက်လာတယ် အဲဒီအချိန်မှာ အဖွားက MRI စက်ထဲက ကုတင်ပေါ်မှာ လှဲနေတုန်း... ထားတော့...

အဖြေက အဖွားမှာ ကျောက်ကပ်ထဲက creatinine level ပုံမှန်ထက် မဆိုသလောက်များနေတယ်.. အဲဒါကြောင့် MRI ရိုက်ရင် ထိုးရတဲ့ injection ကို အဖွားနဲ့ မတည့်မှာစိုးလို့ မထိုးရဲဘူး... ချက်ခြင်း ကျောက်ကပ်နှင့်ဆိုင်သော ဆရာဝန် (nephrology) ရဲ့ အဖြေကိုစောင့်တယ်... အဖွားကိုလည်း ကုတင်ပေါ်ကချ wheel chair ပေါ်တင် (အဖွားကလမ်းကောင်းကောင်းလျှောက်နိုင်ပါတယ်) ပြီးတော့ ဆရာဝန်ဆီကိုသွားပေါ့... ဟိုရောက်တော့ ဆရာဝန်ကိုဖုန်းဆက်တယ်... ချက်ခြင်းရောက်လာတယ် ကားပိတ်တာ ဘာညာနဲ့ ၁၅ မိနစ်လောက် စောင့်လိုက်ရတယ်ပေါ့...

ဆရာဝန်ရောက်တာနဲ့ အဖွားရဲ့ အဖြေကို သူ့ ကွန်ပျူတာမှာ ဖတ်တယ်... ပြီး မစိုးရိန်ဖို့နဲ့ MRI ဆက်ရိုက်လို့ရကြောင်း ရေးပေးလိုက်တယ်.. စာနဲ့တော့ မဟုတ်ဘူး.. ကွန်ပျူတာနဲ့... အဖြေက အောက်က MRI ဌာနဆီ အလိုလိုရောက်သွားတယ်... ပြီးတော့ ဆရာဝန်က အဖွားကို ရန်ကုန်က ဆရာဝန်ပေးလိုက်တဲ့ ဆေးတွေရယ် အခုသောက်နေတဲ့ဆေးတွေရယ်ကို သူကစစ်ချင်တယ်ဆိုပြီး နောက်နေ့ ချိန်းလိုက်တယ်...

အောက်က MRI ဌာနရောက်တော့ ဘာမှ စောင့်ဆိုင်းစရာ မလိုပဲ ချက်ခြင်းကို ဆောင်ရွက်ပေးတယ်... ပြီးတော့ CT လည်း ထပ်ရိုက်ဖို့လိုတယ်ဆိုပြီး CT ရိုက်ပေးတယ် (CT ရိုက်ပေးခကို free of charge) နေ့လည်ကျတော့ ခွဲစိတ်ဆရာဝန်ကြီးက မနက်က အဖြေတွေ အကုန်ကြည့်တယ်... အဖွားက အသဲမှာ ဘာ ကင်ဆာမှ မရှိတော့ကြောင်း နောက်ထပ် Tumor လည်း ထပ်မဖြစ်တော့ကြောင်း အသဲ functions တွေ အကုန်ကောင်းကြောင်း ပြောလိုက်တယ်... မနက်ဖြန်တော့ အသဲဆရာဝန်ရယ် ကျောက်ကပ်ဆရာဝန်ရယ် နဲ့ ထပ်ချိန်းထားတယ်... သူတို့ကလည်း အားဆေးလောက်ပဲ ပေးဖို့ရယ်ပါ...

မြန်မာပြည်မှာ အဖွားကို ဆေးစစ်တယ် ကင်ဆာလို့ပြောတယ် ၆ လအတွင်း သေနိုင်တယ်ပြောတယ်... ကုမယ်ဆိုရင် အသက် ၈၆ နှစ်အရွယ် အဖွားကို operation လုပ်ပြီး အသဲကို ဖြတ်ထုတ်မယ်တဲ့ (ရွှေဥာဏ်တော်စူးရောက်ပုံ) အဲဒါနဲ့ operation အတွက် risk ကိုမေးတော့ မြန်မာပြည်က အလွန်တော်တယ်ဆိုတဲ့ ခွဲစိတ်ဆရာဝန်ကြီးက စိတ်ဆိုးတယ်... သူ့ပညာကို စော်ကားပြီး မေးတာလားတဲ့... လူနာမှာ risk ကို မေးလို့မရ... အခြား ဆရာဝန်ရဲ့ second opinion ယူလို့မရနဲ့...

ဒါနဲ့ ထိုင်းက Bumrungrad ကိုရောက်လာတော့ ၁ နှစ်အတွင်း Tumor လုံးဝမရှိအောင် TACE လုပ်ပေးလိုက်တယ် (ထိုင်းဆရာဝန်ကြီးက အံ့အားသင့်နေတယ် သူတောင် မခွဲရဲဘူးတဲ့ အသက် ၈၆ နှစ်အရွယ်ကို ခွဲမယ်ဆိုရင် လူနာ နလန်ပြန်ထဖို့ မလွယ်သလို လိုလည်း မလိုဘူးတဲ့ TACE က အသင့်တော်ဆုံးပါပဲတဲ့ ပြောတယ်) ... အခု အဖွားလုံးဝ ကောင်းသွားတယ်... (မြန်မာပြည်ကဆရာဝန်တွေ) သူတို့ ၆ လပဲခံမယ် ဆိုတဲ့အဖွားက ၂ နှစ်ရှိပြီ အကုန်ကောင်းနေတယ်...

အဲဒီလောက်နဲ့ မရပ်ဘူး... အဖွားက မြန်မာပြည်ကဆရာဝန်တွေလည်း တစ်ခုခုဆိုရင် ကုပေးလို့ရအောင်ဆိုပြီး အသဲပါမောက္ခ တစ်တေယာက်ကို ပြတယ်... အဖွားကို သွေးတွေစစ် စစ်ဆေးရေးတွေလုပ်နဲ့... အဖွားက အသဲကင်ဆာတော့ မရှိပေမယ့် အသဲခြောက်နေတယ်ပြော အသဲဆေးသောက်ရမယ်ဆိုပြီး ဆေးတွေပေးတယ်... အဲဒီဆေးတွေကို လုံးဝမသောက်နဲ့ဦး အခု Bumrungrad မှာ ဆေးထပ်စစ်ဖို့ အချိန်နီးပြီဆိုပြီး ကျွန်တော်က ဆိုင်းထားတယ်... အခု ထိုင်းလဲရောက်ရော... ဘယ်နားက အသဲခြောက်ရမှာလဲ... ဘာမှ မဖြစ်ဘူး... creatinine နည်းနည်းလေး များတာ တစ်ခုထဲ...

ပြီးတော့ ထိုင်းမှာ ဆရာဝန်တွေက ဆရာဝန်မာန် မာနဆိုပြီး တစ်ခွဲသားမထားဘူး... second opinion ယူတယ်... အသဲဆရာဝန်က တစ်ခုခု ကုတော့မယ်ဆိုရင် online meeting လုပ်ပြီး ဦးနှောက်ဆရာဝန်ရယ်... ခွဲစိတ်ဆရာဝန်ရယ်... နှလုံးဆရာဝန်ရယ် ချိတ်ဆက်ပြီး ကုတယ်... ဒီနေ့ဆိုလည်း ခွဲစိတ်ဆရာဝန်က အဖြေမဖတ်ခင် မနက်က ကျောက်ကပ်ဆရာဝန်နဲ့ ဆွေးနွေးတယ်... ဆရာဝန် ၃၊ ၄ ယောက် တိုင်ပင်ပြီး ကုတယ်.. လူနာက ကုသမှု risk ကို မေးရင်လည်း စိတ်ရှည်ရှည်နဲ့ ပြန်ရှင်းပြတယ်... အချိန်တိကျတယ်... ဒီမှာက နာမည်ကြီး ဟိုအကယ်ဒမီရတဲ့ ရုပ်ရှင်ရိုက်တဲ့ အသည်းဆရာဝန်ဆိုရင် လူနာတစ်ယောက်ကို ဘာမှမလုပ်ပဲ စမ်းသပ်ခ တောင်းတယ် တစ်ပြိုင်နက် လူနာ ၂ ယောက် ပြိုင်ကြည့်တယ် (လူနာအတွက် ဘာမှ privacy မရှိဘူး) ပြီးတော့ သူ့ lab မှာ အတင်းစစ်ခိုင်းတယ်... ပြီးတော့ ပုံစံကြည့်ပြီး တတ်နိုင်တဲ့သူဆိုရင် သူ agent လုပ်နေတဲ့ စင်္ကာပူက ဆေးရုံတွေမှာ သွားပြခိုင်းတယ်...

(မြန်မာပြည်မှာ သွေးတစ်ခါစစ်ရင် ခက်ခဲလို့ ဘာလို့နဲ့ ၁ ပါတ်ကြာတာကို... ဒီနေ့ Bumrungrad မှာ ၁၅ မိနစ်နဲ့ရတာ ဘာလို့လဲ သိပ်မေးချင်တယ်... ဈေးလား မြန်မာပြည်မှာ ၃ သိန်းဆို ဒီမှာ ၅ သိန်းလောက်ပဲ သိပ်မကွာဘူး... အဖြေတိကျတယ်)

မြန်မာပြည်က ကျန်းမာရေးအခြေအနေကတော့ ဒါကျွန်တော်ကိုယ်တိုင် ကြုံတွေ့ရတဲ့ အနေအထားပဲ ရှိပါသေးတယ်... ဒီထက်ဆိုးနိုင်တာတွေ အများကြီး... ကြားမိတယ် မိတ်ဆွေတစ်ယောက် (ဆရာဝန်) ဆို ပြောပြတယ် သူ့ဆေးကျောင်းက သူငယ်ချင်း ဆရာဝန်က သူ့သားနေမကောင်းလို့ နာမည်ကြီး ကလေးဆရာဝန်ကြီးကို သွားပြတယ်တဲ့ ဆရာဝန်ကြီးက ရောဂါ diagnosis လုပ်လို့လွယ်အောင် သူက သူ့သား အခြေအနေတွေ ရှင်းပြတယ်... အဲဒီ ဆရာဝန်ကြီးက မင်းအဲဒီလောက်တတ်နေရင် မင်းပဲကုပါလား ဘာလို့ ငါ့ကိုပြနေသေးလဲလို့ ဟောက်သတဲ့... ဆရာဝန်အခြင်းခြင်း ဘာ respect မှ မရှိ...

ဆိုတော့ ကြားရတာတွေက စိတ်မချမ်းသာစရာကောင်းသလို ကိုယ်တစ်ခုခု ဖြစ်ပြီဆိုလဲ နာမည်ကြီးဆရာဝန်ဆိုတာထက် စိတ်ရှည်ပြီး second opinion ကို ပြသနာမရှာတတ်တဲ့ ဆရာဝန်စိတ် အပြည့်ရှိတဲ့ ဆရာဝန်ကို ကြိုပြီး စုံစမ်းထား ရွေးထားရတယ်... ဆရာဝန်တိုင်းမဟုတ်ပေမယ့် အခုခေတ် နာမည်ကြီး ဆရာဝန်တော်တော်များများက အခုပုံအတိုင်းဖြစ်နေပြီ.. Diagnosis ကို သေချာလုပ်မယ့်အစား သူ့ဘေးက house ဆင်းနေတဲ့ ဆရာဝန်ပေါက်စလေးတွေ MO တွေ ကြားထဲမှာ လူနာကို ဟိုကိုင် ဒီကိုင်လေး လုပ်ပြပြီး ဒါဘာရောဂါဖြစ်တာဆိုပြီး အထင်ကြီးအောင် လက်တည့်စမ်းသွားတဲ့သူတွေ ကျွန်တော် ကြားခဲ့ဖူးတယ်... (ခံရသူကလည်း ကိုယ်တိုင် ဆရာဝန်ကြီးတစ်ယောက်)

ဒါကြောင့် မြန်မာနိုင်ငံမှာ ငွေကြေးတတ်နိုင်သူတွေက နိုင်ငံခြားထွက်ပြီး မတတ်နိုင်သူတွေက အခြား အားကိုးရာရှာ ဆေးမီးတိုတွေနဲ့ ဆေးကုကြ ဘာကြနဲ့ မသေသင့်ပဲ သေကုန်တာ အများကြီး... ဆေးလောကကို ပြောင်းဖို့က ဝန်ကြီးပြောင်း သမ္မတပြောင်းယုံနဲ့တော့ ရမယ်မထင်ကြောင်း ယုံကြည်ရင်း နိဂုံးချုပ်အပ်ပါတယ်

(PS ကျွန်တော်ပြောတဲ့အထဲမှာ မြန်မာပြည်က မလောက်မငှ လစာနဲ့ ဆေးကုနေရတဲ့ မလောက်ငှတဲ့ ဆေးဝါးတွေနဲ့ ဆေးကုသနေရတဲ့ အစိုးရဆေးရုံနဲ့ ဆရာဝန်စိတ်ရှိသော ဆရာဝန်ကောင်းများ မပါဝင်ပါ... သေချာပြန်ဖတ်ကြည့်ရင် ကျွန်တော် ဘယ်လိုလူမျိုးကို ဆိုလို ချင်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်... ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် အဲဒီလို လူမျိုးထဲ ပါပြီး အနာပေါ်ဒုတ်ကျ ဆွေ့ဆွေ့ခုန် နာနေရင်တော့ ကျွန်တော် မသိပါ)

သစ္စာ
၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက် ⏹

Photo by Google
မျှဝေပါသည်
#Yumisanhttps://www.facebook.com/groups/1469898766620657/permalink/22507994397249/

No comments:

Post a Comment

300 250