အမြင်မတော်လို့ ပြောဦးမယ်
ယောက်ျားတန်မဲ့ ဖင်တုံးကြီး ပေါင်ဒါဖြူးပြီး
ကရေကရာတွေ ဆန်တာဆန်တာဆိုတာ
Underwear ထဲလက်နှိုက်ပြီး အမျိုးသားသုံးသန့်စင်ဆေးရည် ကြော်ငြာတယ်တဲ့
ဒီကြားထဲ ရောက်ရာနေရာ ရှုခင်းကြီး နောက်ခံထားပြီး
ဝတ်လစ်စလစ်ရိုက်ပြတဲ့ ခိုခိုဂျီးကတစ်မျိုး
Misterပြိုင်ပွဲဆိုပြီး အဝတ်စကြီးထိုးထည့်ထားသလို အထုတ်လိုက်အထစ်လိုက်နဲ့ မွှေးမျှင်ထူထပ် တောထနေတာကြီးတွေက တစ်ဖုံ
နေပါဦး... နားမလည်လို့ မေးဦးမယ်။
အဲ့လိုရိုက်ပြလိုက်ရင် မိန်းမတွေက ပစ်ကြွေသွားမယ်
အသားတုန်သွားမယ် ထင်လို့လားဟင်။
အတည်ပြောရရင် အမျိုးသမီးတွေရဲ့ လိင်စိတ်နဲ့ ပတ်သက်ပြီး အချို့အမျိုးသားတွေရဲ့ အမြင်အလွဲတွေလို့ ဆိုရမယ်။
အမျိုးသားအများစုဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် ကောက်ကြောင်း နိမ့် မြင့် ရှိုက်ဖို အသွယ်သွယ်ကို
ရင်ခုန်တတ်ကြတယ်။
Two Pieces နဲ့ အမျိုးသမီးပုံတို့၊ မလုံ့တလုံပုံတို့
ဝတ်လစ်စလစ်ပုံတို့ကို စိတ်ဝင်စားကြ ရင်ခုန်ကြ လိင်စိတ်ဖြစ်ကြတယ်။
ဒါပေမယ့် အမျိုးသမီးအများစုအတွက်က (အကုန်လို့ မဆိုလို၊ ဒါပေမယ့် အနည်းစုဆိုတာကလည်း အတော်နည်းနည်းလေး)
အမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း ဒါမှမဟုတ် မလုံ့တလုံပုံ ဝတ်လစ်စလစ်ပုံတွေဟာ အမျိုးသမီးတွေကို ဆွဲဆောင်ဖို့ဆိုတဲ့ အတွေးဟာ အတော်လွဲပါတယ်။
အမျိုးသမီးမဟုတ်သူတွေကို ဆွဲဆောင်ဖို့ဆိုရင်တော့ ကိုယ်လည်းမပြောတတ်။
ရှက်ချင်ယောင်ဆောင်ပြီး ခိုးကြည့်ကြမှာပဲ
ကြိတ်ကြိုက်နေကြမှာပါလို့ မတွေးပါနဲ့။
တကယ်ကြီးကို အမျိုးသမီးအတော်များများအတွက် ဒီလိုဝတ်လစ်စလစ် ဖင်အကိတ်ကြီးတွေနဲ့ ယောက်ျားပုံတွေဟာ မဆွဲဆောင်နိုင်တဲ့အပြင် ရွံစရာပါကောင်းပါတယ်။
အချို့အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး လိင်ဆိုင်ရာ အတွေးအခေါ်အလွဲတွေ၊ စံလွဲစိတ်ဝေဒနာတွေ ရှိတတ်ပါတယ်။
ငါတို့ရဲ့ လျှို့ဝှက်အပ်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းကို အမျိုးသမီးတွေမြင်လိုက်ရင် ကြွေကျသွားမှာထင်ပြီး
လိုက်ပြတဲ့အဆင့်ထိ လွန်လွန်ကဲကဲ စိတ်ရောဂါဆန်ဆန်ပြုမူကြတာမျိုးတွေရှိပါတယ်။
လူလစ်တာနဲ့ ပုဆိုးလှန်ပြတာတို့၊ ပုဆိုးမှာ အပေါက်ကြီးဖောက်ထားတာတို့ စတဲ့အဆင့်တွေထိ လွန်လွန်ကဲကဲရောဂါဖောက်တာမျိုးတွေ ရှိတတ်ပါတယ်။
အမျိုးသမီးတွေရဲ့ လိင်စိတ်ဟာ သိမ်မွေ့ပါတယ်။
မုဒိမ်းကျင့်ပစ်လိုက်ရင် ပြန်ကြိုက်လာမယ်ထင်တာဟာ 18+ ဖျော်ဖြေရေးတွေက ထည့်ပေးလိုက်တဲ့ လွဲမှားတဲ့အတွေးအခေါ်ပါပဲ။
အမျိုးသမီးတစ်ယောက်ကို ရင်ခုန်စေဖို့ ဆွဲဆောင်နိုင်ဖို့ စိတ်ဝင်စားစေနိုင်ဖို့ Sexy ကျကျရိုက်ပြတဲ့နေရာမှာ ဖင်တုံးကြီး ပေါင်ဒါဖြူးပြီး ကရေကရာဆန်ပြတာမျိုးဟာ အတော်ကို အတုံးလိုက်အတစ်လိုက် ပေးတဲ့ ကုန်ပစ္စည်းရဲ့ Impression ကိုပါ ကျစေတဲ့ ကြော်ငြာခြင်းလို့ ယူဆမိတယ်။
အမျိုးသမီးတစ်ယောက်အတွက် Sexy ကျတယ်ဆိုတာ ဖင်တုံးကြီး မဟုတ်ဘူး။
လက်ဖျံပေါ်က အကြောစိမ်းတွေ
လက်ချောင်းလေးပေါ်က မွှေးညှင်းလေးတွေ
ဂုတ်ပေါ်က တိရိသေသပ်တဲ့ ဆံပင်လေးတွေ
နှုတ်ခမ်းပေါ်က နှုတ်ခမ်းမွှေးရေးရေးလေး
ငေးရီရီ မျက်ဝန်းတစ်စုံ စသဖြင့် စသဖြင့်
အဲ့လောက်ဆို ရပြီရယ်
ကြွေလွန်းလို့ တဖြုတ်ဖြုတ်
လိုက်ကောက်လို့တောင် နိုင်မှာမဟုတ်ဘူး။
Sexy ကျပြချင်ဇောနဲ့ တစ်ခါလာလည်း ဖင်တုံးကြီး
တစ်ခါလာလည်း အထုတ်လိုက်
တစ်ခါလာလည်း တောထပြ
Sexy မကျတဲ့အပြင် နိမိတ်ကြီးလေးပါး
အရှင်လတ်လတ်မြင်ရသလိုမျိုးကြီး
တောပဲ ထွက်ချင်သလို
ကိလေသာပဲကုန်သလိုလို အာသဝေါပဲခန်းသလိုလို
တဏှာပဲ ကင်းသလိုလို
ရှိလက်စ လင်စိတ်သားစိတ်လေးတောင်
ကြက်ပျောက်ငှက်ပျောက် ပျောက်တယ်
ဖင်တုံးကြီး ထုတ်ထုတ်ပြတဲ့ ကျားတွေမြင်ရင်
သိပ်မကြည်ချင်လှဘူး။
ဥသျှစ်တစ်တင်း နှမ်းတစ်တင်း ခေတ်ထဲ
ဈေးကွက်လာလုနေသလိုပဲ ခံစားရတယ်။
မထော်မနန်းတွေအေ😠
သူရေးထားတာတွေ အပြည့်အဝထောက်ခံတယ်လို့ မဆိုလိုပါ ဖင်တုန်းကြီးပြခြင်းကိုသာ မကျေနပ်ခြင်းပါ 😂
Credit to Ei Pencil Lo
https://www.facebook.com/story.php?story_fbid=21152273121915&id=100007040014800
https://www.facebook.com/photo.php?fbid=6193200450045&set=a.138661269817594.1073741826.100010211654118&type=3

No comments:
Post a Comment