မြန်မာ ပြည်မှာ နေရင် ဘယ်တော့မှ ကမ္ဘာ မကျော်ကြားနိုင် ဘူးဆိုတဲ့ အကြောင်း
ဂျက်ကီချန်း ဟာ မြန်မာပြည် မှာ ကြီးပြင်းခဲ့ရင် တရုတ်ဖြစ်တဲ့ အတွက် ဆရာဝန်ဖြစ်ရင်ဖြစ် မဟုတ်ရင် စီးပွါးရေးသမားဖြစ် ဒီေ လာက် ပါ ပဲ။ စတားလုံးကြီးလည်း မြန်မာပြည်မှာ ကြီးပြင်းခဲ့ရင် မြန်မာကားေ တွ မှာ အခြောက်ဇ တ် လမ်း ရိုက် ချင်ရိုက်နေရပါလိမ့်မယ်
ဆင်းရဲရာက ချမ်းသာကြွယ်ဝသွားကြတဲ့ သန်းကြွယ်သူဌေး လုပ်ငန်းရှင်ကြီးတွေ၊ ငယ်ဘ၀ကို ဆင်းရဲစွာ ရုန်းကန်ဖြတ်သန်းခဲ့ရပြီး လျှမ်းလျှမ်းတောက် အောင်မြင်အောင် လုပ်ပြနိုင်ခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်ကြီးတွေ၊ စတဲ့ အောင်မြင်သူတွေရဲ့ ဘ၀တွေကို ပုံစံအမျိုးမျိုးရေးသားဖေါ်ပြကြ၊ လက်ဆင့်ကမ်းကြတာကို မြင်တော့ စာဖတ်သူတွေ သတိမပြုမိတဲ့ အရာတစ်ခုကို သတိထားမိတယ်။
တချို့တွေလည်း သတိပြုချင်ပြုမိမှာပါ။ ဒါက ဘာလဲဆိုတော့ မြန်မာပြည်မှာ ဂျက်မားလို အကြံအစည်ကြီးမားတဲ့ စွန့်ဦးတီထွင်သူရှိကောင်းရှိမယ်။ သို့သော် ဘယ်တော့မှ ဂျက်မားလို ကမ္ဘာကျော် သန်းကြွယ်သူဌေး ဖြစ်မလာနိုင်ဘူး။ အလားတူပဲ ဂျက်ကီချန်းတို့၊ စတားလုံးတို့လို တော်တဲ့ အောက်ခြေက တက်လာတဲ့ ပါရမီရှင် အနုပညာရှင်တွေ ရှိကောင်းရှိမယ်။ သို့သော် ဘယ်တော့မှ ဟောလီးဝုဒ် တန်းဝင် ဖြစ်မလာနိုင်ဘူး။
ဘာကြောင့်လို့ ထင်ပါသလဲ။
အခုခေတ်မှာ ကျွန်တော်တို့ မြန်မာတွေ ကမ္ဘာ့အလယ်မှာ မြန်မာကွ ဆိုပြီး အရမ်းဂုဏ်ယူနေရတဲ့ သူတွေရှိပါတယ်။ ဒေါ်အောင်ဆန်းဆုကြည်၊ အောင်လ၊ အ၀င်း၊ စသည်ဖြင့် အရေအတွက်က လက်ချိုးရေလို့ ရပါတယ်။ သူတို့အားလုံးမှာ တူညီတဲ့ အရာတစ်ခုရှိပါတယ်။
ပရီးမီးယားလိဂ်မှာ ပထမဆုံးအရှေ့တောင်အာရှကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ ဖိလစ်ပိုင် လက်ရွေးစင်ဂိုးသမား Neil Etheridge အကြောင်းကိုဖတ်ရပါတယ်။ သူ့အကြောင်းကို မဖတ်ခင် ထင်ခဲ့မိတာက ပရီးမီးလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်အသင်းရဲ့ ဂိုးသမားဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကြီးပြင်းခဲ့သူလို့ပဲ ထင်ခဲ့မိပါတယ်။
သို့သော် ဆောင်းပါးကို အစအဆုံး ဖတ်ကြည့်တဲ့အခါမှာ နေးလ်ဟာ အန်းဖီးလ်၊ လန်ဒန်မှာ မွေးဖွါးခဲ့တယ်လို့သိရပါတယ်။ သူဟာ ချယ်ဆီးအသင်းမှာ လေ့ကျင့်ရေးဆင်းခဲ့ပြီး၊ အဲဒီနောက် ဖူဟမ်အသင်းမှာ ကစားခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာဒစ် အသင်းနဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ကစားနေပါတယ်။
အင်္ဂလန်နိုင်ငံမှာမွေး၊ အင်္ဂလန်နိုင်ငံမှာ ကြီးတဲ့ ဖိလစ်ပိုင်လူမျိုး နေးလ် တစ်ယောက် ဖိလစ်ပိုင်မှာပဲမွေးပြီး ကြီးပြင်းခဲ့ရင် ဒီအဆင့်ထိ ရောက်လာနိုင်ပါ့မလား စဉ်းစားမိပါတယ်။
ဒီလိုပဲ ဆက်စပ်စဉ်းစားမိတာက ဒေါ်အောင်ဆန်းစုကြည်ရော မြန်မာပြည်မှာ ကြီးပြင်းပြီးပညာသင်ခဲ့ရရင် နိုဘယ်လ်ဆုရှင်တစ်ယောက်ဖြစ်လာနိုင်ပါ့မလား။ အောင်လ ဟာ အမေရိကားကို ပြောင်းရွှေ့မနေထိုင်ခဲ့ပဲ၊ ကချင်ပြည်နယ်မှာပဲ ကြီးပြင်းခဲ့ရင်ရော ယနေ့ ၀မ်းချန်ပီယံ အောင်လ ဖြစ်လာနိုင်ပါ့မလား။ ဂျပန်မှာ ကြီးပြင်းခဲ့ပြီး ဟောလီးဝုဒ်ထိ ထိုးဖေါက်ဝင်ရောက်နိုင်ခဲ့တဲ့ အ၀င်းတစ်ယောက် မြန်မာပြည်မှာပဲ ကြီပြင်းခဲ့ရရင် လက်ရှိအောင်မြင်မှုမျိုးရနိုင်ပါ့မလား။
မာ့ခ်ဇက်ကာဘက်ကို လွှတ်တော်မှာ ကြားနာစစ်ဆေးမှုလုပ်တုံးက လွှတ်တော်အမတ်တစ်ဦးပြောတာ သဘောကြမိပါတယ်။
မင်းဒီလောက်အောင်မြင်မှုရတာ အမေရိကားမှာ နေလို့ မဟုတ်လား လို့ နှပ်ကြောင်းပေးထားတဲ့ မေးခွန်းဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ လူတော်တွေ၊ ပါရမီရှင်တွေ ကမ္ဘာကျော်ဖို့ အခွင့်အလမ်းဘာမှ မရှိကြောင်း သွယ်ဝိုက်သောနည်းနဲ့ သဘောပေါက်စေခဲ့ပါတယ်။
ဂျက်မားကြီးလည်း မြန်မာပြည်မှာ ကြီးပြင်းခဲ့ရင် ကွမ်းယာဆိုင်သို့မဟုတ် စတိုးဆိုင်ပိုင်ရှင်လောက်ဖြစ်ချင်ဖြစ်မှာပေါ့။ ဘွဲ့မရတဲ့ ဘီလ်ဂိတ်ကြီးလည်း ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ဆိုင်ဖွင့်ပြီးအောင်မြင်နေပါလိမ့်မယ်။
မာ့ခ်ဇက်ကာဘက်ကတော့ facebook စတင်တဲ့သူဖြစ်မလာပဲ facebook ပေါ်မှာ ပေါက်ကရ page တွေထောင်ပြီး Like တောင်းစားတဲ့ Like သူတောင်းစားဖြစ်ချင်ဖြစ်နေမှာပါ။ စတိဗ်ဂျော့ကြီးကတော့ ဖုံးပြင်ဆိုင်ဖွင့်နေပြီး၊ KFC သူဌေးကြီးကတော့ ကြက်တွေ ရေထိုးရောင်းစားတဲ့သူ၊ Linkin Park အဆိုတော် Chester Bennington က ကော်ပီ သီချင်းတွေနဲ့ နံမည်ကြီးတဲ့ Rock အဆိုကျော်၊ စသဖြင့် မြန်မာ့နည်း မြန်မာ့ဟန်နဲ့ နံမည်တွေ ကျော်နေကြမှာ သေချာပါတယ်။ ကမ္ဘာကတော့ ဘယ်နည်းနဲ့မှ မကျော်နိုင်ပါဘူး။
ဂျက်ကီချန်းဟာ ဟောင်ကောင်ကြောင့် ကမ္ဘာကျော်ဖြစ်ခဲ့ပါတယ်။ စတားလုံး၊ ဘီလ်ဂိတ်၊ မာ့ခ်ဇက်ကာဘက်၊ KFC Chester Bennington တို့ဟာ အမေရိကားကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford ကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။ အောင်လဟာ အမေရိကားကြောင့် ၀မ်းချန်ပီယံ ဖြစ်ခဲ့သလို၊ အ၀င်းကလည်း ဂျပန်နိုင်ငံကြောင့် ဟောလီးဝုဒ်ထိ ထိုးဖောက်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာကျော်တွေရဲ့ အကြောင်းကို ဖတ်ရတာ အားကျစရာ၊ အားတက်စရာ၊ စိတ်ခွန်အားရစရာပါ။ သို့သော် သူတို့လိုဖြစ်လာဖို့ဆိုတာ ပါရမီဘယ်လောက်ပါ ပါစေ၊ စိတ်ကူးစိတ်သန်းတွေ ဘယ်လောက် ကောင်းလွန်းနေပါစေ၊ ဥာဏ်ရည်ဥာဏ်သွေး ဘယ်လောက် ထက်မြက်လွန်းနေပါစေ၊ အလှမ်းဝေးလွန်းလှတဲ့ အိပ်မက်တစ်ခုဖြစ်နေအုံးမှာပါ။
ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ မွေးတဲ့ မြန်မာတစ်ယောက်အတွက် ဆင်းရဲသည်ဖြစ်ပါစေ၊ ချမ်းသာသည်ဖြစ်ပါစေ၊ တော်သည်ဖြစ်ပါစေ၊ ညံ့ဖျင်းသည်ဖြစ်ပါစေ၊ ကမ္ဘာကျော်သည်အထိ အောင်မြင်မှုရဖို့ရန် မြန်မာပြည်ကြီးက ဘာအခွင့်အလမ်းမှ ဖန်တီးပေးမထားဘူးဆိုတာ သတိရစေချင်ပါတယ်။
မြန်မာပြည်တွင် အိပ်မက်လှလှလေးပဲ မက်နိုင်ပါသေးတယ်။
Credit;
https://www.facebook.com/photo.php?fbid=4614964442690&set=a.105128783234693.1073741827.100012127145420&type=3

No comments:
Post a Comment