[ ခွင့်လွှတ်ပေးလိုက်ပါ ]]
===============
အရိပ် နားတယ်၊
အသီး စားတယ်၊
အရွက် စားတယ်၊
ပျံတတ်တဲ့ ငှက်ကို
ခွင့်လွှတ်ပေးရမှာက
သစ်ပင်တို့၏ တရား။
===============
အရိပ် နားတယ်၊
အသီး စားတယ်၊
အရွက် စားတယ်၊
ပျံတတ်တဲ့ ငှက်ကို
ခွင့်လွှတ်ပေးရမှာက
သစ်ပင်တို့၏ တရား။
အမောဖြေတယ်၊
ရေသောက်တယ်၊
မခေါ်ပဲ လာတယ်၊
မနှင်ပဲ ပြန်တယ်၊
ဧည့်သည်တွေပေါ်
ခွင့်လွှတ်ပေးရမှာက
အိမ်ရှင်တို့၏ တရား။
ရေသောက်တယ်၊
မခေါ်ပဲ လာတယ်၊
မနှင်ပဲ ပြန်တယ်၊
ဧည့်သည်တွေပေါ်
ခွင့်လွှတ်ပေးရမှာက
အိမ်ရှင်တို့၏ တရား။
အတွင်း ကောက်မယ်၊
စိတ်ထား ကောက်မယ်၊
အနိုင်ယူမယ်၊ ဗွေယူမယ်။
စိတ်ဓာတ်ညံ့သူတွေ အပေါ်
ခွင့်လွှတ်ပေးရမှာက
မြင့်မြတ်သူတို့၏ တရား။
စိတ်ထား ကောက်မယ်၊
အနိုင်ယူမယ်၊ ဗွေယူမယ်။
စိတ်ဓာတ်ညံ့သူတွေ အပေါ်
ခွင့်လွှတ်ပေးရမှာက
မြင့်မြတ်သူတို့၏ တရား။
တစ်ချို့က ပျံနေတဲ့ငှက်၊
တစ်ချို့က ခဏနားတဲ့ ဧည့်သည်၊
တစ်ချို့က အကောက်များနဲ့ လူ။
သင် မလိုချင်ပေမယ့်
သင့်ထံရောက်လာတဲ့အခါ
တစ်ချို့က ခဏနားတဲ့ ဧည့်သည်၊
တစ်ချို့က အကောက်များနဲ့ လူ။
သင် မလိုချင်ပေမယ့်
သင့်ထံရောက်လာတဲ့အခါ
“ ဘာဖြစ်ဖြစ် ခွင့်လွှတ်ပေးလိုက်ပါ ”
Credit အရှင်သီရိ (မန်း)
No comments:
Post a Comment