Tuesday, May 29, 2018

သာသနာကို ခုတုံး လုပ်ပြီး လိုက် လုပ်စားနေတဲ့ လူ တွေ ၇ှိနေကြောင်း


သာသနာကို ခုတုံး လုပ်ပြီး လိုက် လုပ်စားနေတဲ့ လူ တွေ ၇ှိနေကြောင်း
ခုပဲ ရဲလက်​အပ်​လိုက်​တဲ့​ကောင်

၆၅ ကား​ပေါ်တက်​လာတယ်​။ စာအိတ်​​ဝေပြီး ပိုက်​ဆံလိုက်​​တောင်းတယ်​... အများစုလက်​ကာပြတယ်​ မရဘူး အတင်း​ပေးတယ်​ မယူတဲ့သူကို လုပ်​​တော့မယ့်​ရုပ်​နဲ့ ဘုကြည့်​ကြည့်​တယ်​။

ကိုယ့်​အလှည့်​​ရောက်​လာတယ်​ အစကတည်းက သူ့ကို​တောက်​​လျှောက်​စိုက်​ကြည့်​​နေမှန်းသိတယ်​ ... စာရွက်​လာ​ပေးတာ လက်​ကာထားတဲ့တိုင်​ အတင်း​ပေါင်​​ပေါ်လာတင်​တယ်​ ပြန်​​ပေးတယ်​ မယူဘူး ပစ်​ချ​ပေးလိုက်​တယ်​။ တည့်​တည့်​ဘုကြည့်​ကြည့်​ပြီး ပါးစပ်​ကတစ်​ခုခု​ပြောတယ်​။ စာရွက်​လိုက်​သိမ်း​တော့

" ဘာလို့ကြည့်​တာလဲ" တဲ့ ...

" ကြည့်​ချင်​လို့ကြည့်​တာဘာလုပ်​ချင်​လဲ"

" ​အေး ဒကာကြီးကဘာလုပ်​ချင်​လဲ"

"​ဟေ့​ကောင်​ မင်းသင်္ကန်းဝတ်​ ကတုံးတုံးထားတာ​လောက်​နဲ့ ငါ့လာပြီး ဒကာကြီးမ​ခေါ်နဲ့ ရှင်းလား"

ကိုယ့်​​ရှေ့ကိုတိုးလာပြီး လုပ်​​တော့မယ့်​ပုံစံနဲ့

"​ဟေ့​ကောင်​ ခိုးစားတာမဟုတ်​ဘူး ​တောင်းစားတာကွ မင်းကဘာ​ကောင်​လဲ မင်းသတ္တိရှိရင်​ ...ထိပ်​ကိုလာခဲ့ (လှိုင်​သာယာ) မင်းဆင်းမလား" ဆိုပဲ

ထပ်​ပြီး "မင်းက ဘာ​ကောင်​လဲ တစ်​ရာဖိုး ၃ ​ကောင်​လား"

ကိုယ်​ရယ်​လိုက်​ပြီး " ​အေးမင်း​စောင့်​ကြည့်​လိုက်​​ပေါ့ကွာ ... ကားဆရာ ကားရပ်​လိုက်​ပါ" လို့​ပြောလိုက်​​တော့ ကားရပ်​ပြီး ကားဆရာ​ပြေးချလာတယ်​ ညီ​လေးဘာဖြစ်​တာလဲ​ပေါ့ သူ့ကို​ပြောပြ​နေရင်း ရဲကို​ခေါ်လိုက်​တယ်​။

ဒီတစ်​ခါမှာ အားရတာ ကားဆရာနဲ့ ​ဘေးက ခရီးသည်​တချို့ပူး​ပေါင်းတာပဲ အနားလာပြီး အကြံ​တွေ​ပေးကြတယ်​။

သိပ်​မကြာဘူး ရဲကားလာတယ်​ ရဲက ကိုယ့်​ကို​မေးတယ်​ ပြီး​တော့ သာသနာ​ရေးကိုဆက်​တယ်​ သူတန်းဖမ်းလို့မရဘူးတဲ့ ဘာ​ကောင်​လဲသူသိ​ပေမယ့်​ သင်္ကန်းဝတ်​ဖြစ်​​နေလို့ မဟနက ဆရာ​တော်​ကို​စောင့်​ရမယ်​တဲ့ ...

ကိုယ်​က​တော့ ခရီးသည်​​တွေ အားနာဖို့​ကောင်း​နေတယ်​​ပြော​တော့ ခဏပါဆိုပြီး သင်္ကန်းခြုံ​ကောင်​ကို စစ်​​တယ်​။

ဘွဲ့ - မရှိဘူး
ကျောင်း - မရှိဘူး
နေတာက - လှိုင်​သာယာ
သင်္ကန်းဘယ်​ကရ - ဝယ်​ထားတာ

မေးစရာရှိတာ​​မေးပြီး ရဲက ရပြီ မြို့နယ်​မှူးဆီလှမ်း​ပြောပြီး သူဖမ်းသွားမယ်​တဲ့။

အ​ကြောက်​တရားရ​စေ​အောင်​ လူ​တွေကို ​ခြောက်​လှန့်​တဲ့ လူနည်းတစ်​စုကို အမြဲအရှုံး​ပေးထားမယ်​ဆိုရင်​ ဘယ်​​တော့မှ တရားဥပ​ဒေစိုးမိုးမှာမဟုတ်​ဘူး။

နောက်​ပြီး မွန်​မြတ်​သန့်​စင်​တဲ့ အရာ​တွေကိုခုတုံး လုပ်​ပြီး အမြတ်​ထုတ်​​နေသူ​တွေ အတန်းအစား အလိုက်​ရှိတယ်​ စဉ်းစားဆင်​ခြင်​ဆုံးဖြတ်​ကြပါ။

ဧပြီ ၂၇ ၂၀၁၈
crd https://www.facebook.com/kaunghtet.san.100/posts/1118960544910484

No comments:

Post a Comment

300 250