Friday, May 18, 2018

Facebook ရဲ့ Founder ဖြစ်တဲ့ ဇူကာဘက် ပြီးခဲ့တဲ့လနဲ့ ဒီလအတွင်းက ရင်ဆိုင်ခဲ့ရတဲ့

Facebook ရဲ့ Founder ဖြစ်တဲ့ ဇူကာဘက် ပြီးခဲ့တဲ့လနဲ့ ဒီလအတွင်းက ရင်ဆိုင်ခဲ့ရတဲ့
Facebook ရဲ့ Founder ဖြစ်တဲ့ ဇူကာဘက် ပြီးခဲ့တဲ့လနဲ့ ဒီလအတွင်းက ရင်ဆိုင်ခဲ့ရတဲ့ Facebook Data ပေါက်ကြားမှုတွေအတွက် အခုဆိုရင် အမေရိကန်မှာ စုံစမ်းမေးမြန်းမှုတွေ၊ စစ်ဆေးမှုတွေကို ရင်ဆိုင်နေရပါပြီ…

ဒီလိုဖြစ်ခြင်းကြောင့် Facebook ရဲ့ ရှယ်ယာ တွေလည်း ထိုးကျသွားသလို…

Facebook နဲ့ Facebook ပေါ်မှာရှိတဲ့ မိမိ Data တွေရဲ့ လုံခြုံမှုအတွက်လည်း လူတော်တော်များများက စိုးရိမ်လာကြပါပြီ…

တစ်ချို့က မကြာခင်မှာ Facebook ဟာ Shut Down ဖြစ်သွားနိုင်တယ်လို့လဲ ထင်မြင်နေကြပါတယ်...

(ကျွန်တော့်အမြင်တော့ လွယ်လွယ်နဲ့ မဖြစ်နိုင်သေးပါ… အရှိန်အဟုန်ကျသွားတာလောက်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်)

ဘယ်လောက်အထိ စိုးရိမ်ကြသလဲဆိုရင် နဲနဲပါးပါး နှံ့ နှံ့စပ်စပ်ရှိတဲ့သူတွေက Facebook မှာရှိတဲ့ ကိုယ့် Profile ကို Backup အနေနဲ့ Download လုပ်ထားကြတဲ့အထိ ဖြစ်ပါတယ်…

ဒီလုပ်ရပ်ဟာ ဟုတ်သလို ရှိပေမယ့် ရယ်ဖို့တော့ကောင်းပါတယ်…

Facebook ကြီးတစ်ခုလုံးပျက်သွားပါပြီဆိုမှတော့ အဲ့ဒီ့ Back Up ကြီး ဘယ်နားသွားသုံးမလဲ ကျွန်တော် မစဉ်းစားတတ်ပါ…

Download ချထားတဲ့ Back Up File ကို Support (Restore) ပြန်ပေးနိုင်မယ့် နောက်ထပ် Social Network တစ်ခုထပ်ပေါ်လာရင်တော့ မသိဘူးပေါ့လေ…

ထားပါ…

ဒီလို ရှုပ်ရှုပ်ထွေးထွေး လှုပ်လှုပ်ရွရွ ဖြစ်နေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် Tom Hanks ပါဝင်သရုပ်ဆောင်ထားတဲ့ The Circle ဆိုတဲ့ကားကို ကြည့်မိတော့…

Facebook (အပါအဝင်) Social Network တစ်ခုလုံးကို သုံးရခြင်းဟာ ကျောချမ်းစရာ ဖြစ်လာပါတယ်…

Facebook ဟာ တကယ်တမ်းဆိုရင် ကျွန်တော်တို့ရဲ့ Data တွေကို သိသိသာသာတစ်မျိုး မသိမသာ တစ်မျိုး ရယူနေခြင်း (ကျွန်တော်တို့က ဝမ်းသာအားရပေးနေခြင်း) ဖြစ်ပြီး…

သူ့ဆီက ပြန်ပေးတာဆိုလို့ တကယ်ဆို လောက်လောက်လားလား ဘာမှမရှိပါ…

Sharing တွေကြောင့် Information တွေ သိရတယ်ဆိုတာလည်း Facebook က ပေးတာမဟုတ်ပဲ…

Content Creator (Post တင်တဲ့သူ) ကသာ ပေးခြင်း ဖြစ်ပြီး… သူက အဲ့ဒီ့ Information ကို Flow ဖြစ်သွားအောင် လုပ်ပေးရုံထက် မပိုပါ…

ဒါတောင် သူတို့ Flow စေချင်တဲ့ဟာဆို သိသိသာသာ Favor ပေးပြီး မ Flow စေချင်တဲ့ဟာဆို ပညာ ပြတာလေးတွေလည်း ရှိပါတယ်…

အထင်ရှားဆုံး ဥပမာကတော့ Page တွေမှာ Sponsor မတင်ရင် Engagement တွေကျ… (Like တွေ Share တွေ Comment တွေ မရ) ဘယ်သူမှ သတိတောင် မထားမိလိုက်တာတွေဟာ အထင်ရှားဆုံး သာဓကတွေပါပဲ…

ဒီလို အယူကြီးပဲ လုပ်နေပြီး အပေးမရှိတဲ့ Facebook ပေါ်မှာ သာမန် End User များအနေနဲ့ ကတော့...

ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ထိတွေ့ ဆက်ဆံခွင့်ရလို့ ကျေနပ်ကြနိုင်ပေမယ့်…

Content Creator လို့ခေါ်တဲ့… တစ်စုံတစ်ခုကို ဖန်တီးကြိုးစားချပြနေတဲ့သူတွေအတွက် စိတ်ပျက်စရာ၊ မျှော်လင့်ချက် မဲ့စရာ ဖြစ်လာပါတယ်…

ဒီလိုအခြေအနေတွေကပဲ Facebook ပေါ်မှာရှိနေတဲ့ Content Creator တော်တော်များများကို YouTube လိုမျိုး Give & Take ရှိတဲ့ Platform တွေပေါ် ပြောင်းရွှေ့ အခြေချစေပါတော့တယ်…

Facebook မှာ Video တစ်ခုတင်ရင် တင်တာပဲ ရှိမယ်… တင်တဲ့သူ ငွေကုန်မယ်… ကြည့်တဲ့သူများရင် View များမယ်… ကြည့်တဲ့သူမရှိရင် View မရှိဘူး ဒါပါပဲ…

YouTube မှာတော့ ဒီလိုမဟုတ်တော့ပါဘူး…

ကိုယ်တင်တဲ့ Video တိုင်းအတွက် View ရရှိမှု အပေါ် မူတည်ပြီး ကိုယ့်ကို တန်ရာတန်ကြေး (အမှန်တော့ မတန်ရာမတန်ကြေးပြောလည်း ရပါတယ်… ဒါပေမယ့် Facebook လိုမျိုး ဘာမှ ပြန်မရတာထက်စာရင် ပြန်ပေးဖော်ရတာကိုက ကျေးဇူးတင်စရာတစ်ခုပါ) တစ်ခုပြန်ပေးပါတယ်…

View ဘယ်လောက်ကို ငွေဘယ်လောက်ဆိုပြီး အတိအကျ သတ်မှတ်ထားတဲ့ မူဝါဒကို တရားဝင်ကြေငြာထားခြင်း မရှိသော်လည်း…

နိုင်ငံတကာက လေ့လာသူတွေရဲ့ တွက်ချက်မှုအရ… 1 View ကို 0.005 ဒေါ်လာနှုန်း ရတယ်လို့ တွက်ချက်ကြပါတယ်… (မြန်မာငွေ ၁၃၀၀ နဲ့တွက်ရင် 1 View ကို ၆ ကျပ်ခွဲရမယ်)

ဒီပမာဏဟာ 1 View ဖြစ်ပြီး နည်းတယ်လို့ သတ်မှတ်လို့ရပေမယ့်…

Casey Neistat လိုမျိုး ဘာတင်တင် ၂၄ နာရီအတွင်း 1 Million Views ရတဲ့ အခြေအနေတစ်ကို အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့မယ်ဆိုရင် (1,000,000 x 0.005 = 5000 US$ Per Day) …

မြန်မာငွေအားဖြင့် တစ်ရက်ကို သိန်း ၇၀ လောက် ဝင်တဲ့ သဘောဖြစ်သွားပါတယ်…

တစ်လကို… သိန်း ၂၁၀ (နေ့တိုင်းတင်ရင်ပေါ့.. သူကတော့ အရင်က နေ့တိုင်းလည်း တင်တယ်… နေ့တိုင်းလည်း အနဲဆုံး 1 Million View ရတယ်… အခုတော့ နေ့တိုင်း မတင်တော့ပါ)

1 Million Views ဆိုတာ များပါသေးတယ်…

ဘာသာစကားအခက်အခဲ… တိုင်းပြည်အခြေအနေ… လူတန်းစားအသီးသီးအသုံးပြုနိုင်မှု စတဲ့ ကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့ ခင်ဗျားတို့ အနေနဲ့ တစ်ရက် 1 Million View ရဖို့ မလွယ်လှပါ…

(သေချာပေါက် ရမယ့်သူတစ်ချို့တော့ မြင်မိတယ်… ဒါပေမယ့် Facebook ပေါ်မှာ မဟုတ်ပဲ YouTube အပေါ် ရောက်သွားတဲ့အခါ ရ/မရ တော့ မသေချာ)

Video တစ်ခုကို အောက်ထစ် အနဲဆုံး Views 10000 ပဲ ရတယ်ဆိုပါတော့…

(10000 x 0.005 = 50 US$) ဖြစ်တဲ့အတွက် Daily Vlogger တွေလိုမျိုး နေ့စဉ်တင်မယ်ဆိုရင် တစ်ရက် ဝင်ငွေဟာ ၇ သောင်း ကျော်/နီးပါး ဖြစ်နေမှာဖြစ်ပြီး…

တစ်လဝင်ငွေဆိုလျှင်… ၂၁ သိန်း လောက် ရမယ့် အနေအထား ဖြစ်ပါတယ်...

(ဒါ့ကြောင့်လည်း ကျွန်တော်တို့နိုင်ငံမှာ မသိကြသေးပေမယ့် India လို နည်းပညာထွန်းကားပြီး ဘာသာစကား (English) ပေါက်ရောက်တဲ့ နိုင်ငံတွေမှာဆိုရင် (ဖိလစ်ပိုင်လည်းပါ) YouTuber တွေ အမြောက်အများရှိနေပြီ ဖြစ်ပါတယ်၊ အချို့ဆို အပြာခြစ်တွေနဲ့ ကမ္ဘာ့အဆင့်တောင် ဝင်တိုးနေကြပါပြီ)

ကလေးတွေကအစ YouTube channel တွေ ရှိကြပါတယ်...

10,000 view ဆိုတာ နာမည်ကြီး Content Creator ဖြစ်စရာမလို…

သာမန် Quality ကောင်းပြီး လူစိတ်ဝင်စားတဲ့ Content ဆိုလျှင်ပင် လူတိုင်းရနိုင်တဲ့ View အနေအထား ဖြစ်ပါတယ်…

သို့သော် နေ့စဉ် တင်ရမှာမျိုးဖြစ်တဲ့အတွက် ထင်ထားသလောက်တော့ လွယ်ကူမည်မဟုတ်ပါ…

လောဘကြီးရင်တော့ အပင်ပန်းခံရမှာပေါ့…

ဒါမှမဟုတ် တစ်ပါတ်ကို Content ၁ ခုလောက်ပဲ ကောင်းကောင်းလုပ် View 20000 (100US$) လောက်ပဲ ယူပြီး… တစ်လ 400US$ လောက်နဲ့ အေးအေးဆေးဆေး နှပ်နေလို့လဲ ရပါတယ်…

ဒါက View အပေါ်မှာ ရတာပဲ ရှိပါသေးတယ်…

သင့်ရဲ့ Content တွေက ကောင်းလို့ ကြည့်ရှုသူတွေများလာတဲ့အခါမှာ သင့် Video File မလာခင် ကြော်ငြာတွေ ရလာပါလိမ့်မယ်…

အဲ့ဒီ့ ကြော်ငြာတွေကလည်း % အလိုက် YouTube က ပိုက်ဆံထပ်ပေးပါတယ်…

ဆိုတော့ အားလုံးက ကိုယ့် Content ကို ကိုယ် ပိုကောင်းအောင်ပဲ အပြိုင်အဆိုင်လုပ်ကြပါတော့တယ်…

ဒီ့အတွက် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့လဲ အချိန်တွေ ရှားသွားပါတယ်…

Content (အကြောင်းအရာ၊ တင်ဆက်ပုံ) ကောင်းမှ၊ View များမယ်… View များမှ ငွေများများရမယ်…

ဒီလိုပဲ View များမှ ကြော်ငြာရမယ်… ကြော်ငြာရရင် ငွေထပ်ဝင်မယ်ဆိုတော့…

ဘယ်ပြောကောင်းမလဲ YouTube တစ်ခုလုံး ဝုန်းဒိုင်းကို ကြဲနေကြတာပေါ့…

ဒါပေမယ့် ဒီလို ဝုန်းဒိုင်းကြဲလို့ မကြာလိုက်ခင်မှာပင်…

YouTube က သူ့ရဲ့ ငွေပေးချေမှု မူဝါဒတွေ၊ ကြော်ငြာထည့်မှု၊ ကြော်ငြာပေါ်က ပြန်လည်ခွဲဝေပေးတဲ့ အကျိုးအမြတ်တွေကို ပြင်ဆင်လိုက်တဲ့အခါမှာ (လျော့ချလိုက်တဲ့အခါမှာ) YouTube တစ်ခုလုံး ဝက်ဝက်ကွဲ လှုပ်ရှားမှုတွေ ဖြစ်ကြပြန်ပါတယ်…

(အပေါ်မှာ ပြောခဲ့တဲ့ Rate က နောက်ဆုံးလျော့ချပြီး လက်ရှိပေးနေတယ်လို့ ယူဆရတဲ့ Rate ဖြစ်ပါတယ်)

အဲ့ဒီ့အချိန်မှာ…

တစ်ချိန်က YouTube မှာ Content Creator တစ်ဦးလည်းဖြစ် Musician တစ်ဦးလည်းဖြစ်တဲ့ Jack Conte က အကြံရသွားပြီး…

Patreon ဆိုတဲ့ Website ကို လုပ်လိုက်ပါတော့တယ်…

(ဒီနေရာမှာ စကားဖြတ်၊ YouTube မှာ အဲ့လိုဝင်ငွေရချင်တယ်ဆိုရင် မြန်မာနိုင်ငံ လိပ်စာ၊ Bank Account တွေနဲ့ မရပါ… နိုင်ငံခြားမှာနေတဲ့ ယုံကြည်စိတ်ချရသော မိတ်ဆွေများကို အကူအညီတောင်းဖို့ လိုအပ်ပါလိမ့်မယ်၊ ဒါမှ ရပါမယ်)

Patreon က ဘာလုပ်သလဲဆိုတော့…

Fan Base ကို တည်ထောင်လိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်…

ဥပမာ (ဥပမာ ဘယ်သူ့ပေးရကောင်းပါ့… ကိုယ့်ဟာကိုယ်ပဲ ပေးလိုက်တော့မယ် ဟီ ဟိ)

ဥပမာ ကျွန်တော်က Underwater နဲ့ ပါတ်သတ်တဲ့ Knowledege တွေ မျှဝေတယ်… Photography နဲ့ ပါတ်သတ်တဲ့ Tutorial တွေတင်တယ်…

ကြည့်ရှုတဲ့ သူတွေလည်း များလာမယ်…

ဒါပေမယ့် ဒါတွေကို ဆက်လုပ်ဖို့ ကုန်ကျစားရိတ်တွေလိုလာမယ်…

ဒါတွေကို တစိုက်မတ်မတ် ဆက်လုပ်နိုင်ဖို့ဆိုရင် မိသားစု စားဝတ်နေရေးအဆင်ပြေမှ ရမယ်…

ဒါတွေအားလုံး အဆင်ပြေဖို့ ငွေလိုလာပါတယ်… (ငွေဆို ရိုင်းသွားမလား… ဆိုကြပါတော့ Fund ပေါ့)

အဲ့လိုတွေ လိုလာတဲ့အခါ အရင်တုန်းကဆို Sponsor တို့ CSR တို့ Partner တို့ Fund Raiser တို့ကို သူတောင်းစာ ပမာ မျက်နှာလေး ဇီးရွက်လောက်နဲ့ လိုက်ရှာရပါတယ်…

ကိုယ်တိုင်သော်လည်းကောင်း…. မိဘကသော်လည်းကောင်း ချမ်းသာရင်တော့ တစ်မျိုးပေါ့…

ဘယ်ခွေးမှ လူမထင်ပဲ ထင်တိုင်းကြဲရုံပေါ့….

အဲ့လို မဟုတ်တဲ့သူတွေအတွက်…

Patreon က အဲ့ဒီ့ ပြဿနာတွေကို ဖြေရှင်းပေးလိုက်ပါတယ်…

ရိုးရိုးလေးပါပဲ…

မင်း… သူတင်တဲ့ Content (Video, Photo, Music, Food, Child Care, Education, Guitar Lesson, Etc…) တွေကို ကြိုက်သလား…

သူ့ကို တကယ်အားပေးသလား…

လေနဲ့ အားပေးမလား… တကယ်အားပေးမလား…

တကယ်အားပေးတယ်ဆိုရင် သူ့ကို ကူညီ… ဒါမှ သူဆက်လုပ်နိုင်မယ်…

အဲ့ဒီ့တော့ ဘယ်လို ကူညီမလဲ…

သူ Video တစ်ခါတင်တိုင်း 1$ လှူမလား… 10$ လှူမလား… ဒါမှမဟုတ် 50$ လှူမလား… 100$ လှူမလား… ဆိုတဲ့ ပုံစံနဲ့ ...

Post (Content) အပေါ် မူတည်ပြီး ကူညီမလား…

ဒါမှမဟုတ်…

မင်းက သူ့ကို ယုံကြည်တယ်… သူတင်သမျှဟာ မင်းအပါအဝင် အများအတွက် အကျိုးရှိမယ်လို့ ယုံကြည်တယ်…

ဒါ့ကြောင့် တင်တင် မတင်တင် တစ်လကို 1$ လှူမယ်.. 10$ လှူမယ်… 50$ လှူမယ်… 100$ လှူမယ် ကွာဆိုတဲ့ ပုံစံမျိုးနဲ့ အားပေးမလား…

ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်…

10$ အသာထားလို့ 1$ ပဲ ဆိုကြပါဦး (တစ်ယောက် ၁၀၀၀ ကျပ် ပေါ့လေ)…

အားပေးတဲ့သူ ၅၀၀၀၀ လောက်ရှိတယ်ပေါ့…

ဒါပေမယ့် တကယ်တမ်း ဖွတ်ကလိဒင်္ဂါးလေးနဲ့ပါ အားပေးကြပါဆိုတဲ့ အချိန်မှာ…

အဲ့ဒီ့အယောက် ၅၀၀၀၀ ထဲက လူအယောက် ၁၀၀၀ ပဲ ကျန်တယ်ထား…

(ဒါအနဲဆုံးနော်… ၅၀၀၀၀ မှာမှ ၁၀၀၀ တောင်မကျန်လည်း အဲ့ဒီ့အလုပ်ကို အဲ့ဒီ့ Content Creator ဆိုတဲ့သူ ဆက်မလုပ်သင့်တော့ပါဘူး)

၁၀၀၀ x ၁၀၀၀ = ၁,၀၀၀,၀၀၀ ဖြစ်သွားပါပြီ…

ထားဦးဗျာ... လူအယောက် ၁၀၀ ပဲ လှူတယ်... (ရှက်ဖို့တော့ကောင်းတယ်... လူအယောက် ငါးသောင်းမှာ အယောက် ၁၀၀ ကပဲ လှူတယ်ဆိုတာ ဟီး)

၁၀၀၀ x ၁၀၀ = ၁၀၀,၀၀၀...

ကျပ်ငွေ ၁၀၀၀ ဆိုတာ တစ်ဦးခြင်း တစ်ယောက်ခြင်း လမ်းဘေးမှာ လက်ဘက်ရည်နဲ့ အီကြာကွေး စားသလောက်တောင် မရှိတဲ့ ပမာဏပါ…

ဒါပေမယ့် Content Creator အတွက်ကတော့ တကယ့်ကို မဟာခွန်အားပဲ ဖြစ်ပါတယ်…

အဲ့ဒီ့တော့ Post တစ်ခုတင်တိုင်း ၁၀၀၀ ကျပ် လှူမလား…

ဒါမှမဟုတ် တင်တင် မတင်တင် တစ်လ ၁၀၀၀ ကျပ်လှူမလား…?

ကြိုက်တဲ့ နည်းစနစ်ကို ရွေးလို့ရပါတယ်…

ဟာ အဲ့ဒါဆို ကျွန်တော်တို့က အဲ့လို လှူထားပြီးမှ ဒီကောင် Quality တွေ ကျလာမယ်…

ပေါတောတော ပြီးပြီးရော ပိုက်ဆုံများများရအောင် Video တွေ လှိမ့်တင်မယ်…

ဒါမှမဟုတ် Video တွေ မတင်တော့ဘူးဆို ဘယ်လိုလုပ်မလဲ…

ကျွန်တော်တို့ ငွေတွေ အလကား သူတောင်းစားခွက်ထဲ ထည့်သလိုဖြစ်နေမှာပေါ့…

ဆုံးသွားမှာပေါ့…

မပူနဲ့…

အချိန်မရွေး သင့်ရဲ့ Donation ကို Cancel လုပ်လို့ရတယ်… (ထို့အတူ ထပ်တိုးလို့လဲ ရပါတယ်… :D)

ပြီးပြီလေ… ဘာပူစရာလိုတော့လဲ…

အဲ့ဒီ့တော့ Content Creator တွေဟာ သူတို့ကို တကယ်ယုံကြည်အားပေးတဲ့ Fan (ပရိတ်သတ်ပေါ့လေ) ဆီကနေ တိုက်ရိုက် ဝင်ငွေရပါတော့တယ်…

အဲ့ဒီ့ ဝင်ငွေထဲကမှ Patreon က ထိုက်သင့်တဲ့ % ကို ဖြတ်ပြီး ကျန်တဲ့ငွေအားလုံးကို Content Creator တွေဆီ လွှဲပေးလိုက်ပါတယ်…

ဒီနည်းဖြင့် Content Creator တွေဟာ အားပိုရှိလာပြီး ပိုမိုကောင်းမွန်တဲ့ ဖန်တီးမှုတွေကို ပြုလုပ်နိုင်လာပါတယ်…

ဒီအနေအထားကိုကြည့်ရင် စီးပွားရေးလုပ်တာဖြစ်တဲ့ Patreon ကလည်း နည်းပညာနဲ့ Platform စိုက်ရုံနဲ့ ငွေအလုံးလိုက် အရင်းလိုက်ရပါတယ်…

Content Creator တွေကလည်း သူတို့ဖန်တီးတဲ့ Content အတွက် ထိုက်သင့်တဲ့ အကျိုးခံစားခွင့် ပြန်ရပါတယ်….

Fan တွေအနေနဲ့ကလည်း လေနဲ့ အားပေးတာမျိုး မဟုတ်ပဲ တကယ်အားပေးရာ ရောက်ပါတယ်…

မလှူရင် Fan မဟုတ်တော့ဘူးလား…?

ဒီလိုလဲမဟုတ်ပါ…

အကြောင်းအမျိုးမျိုးကြောင့် မလှူနိုင်တဲ့သူတွေအတွက်လည်း ပြဿနာမရှိပါ…

လှူနိုင်တဲ့အင်အားရှိတဲ့သူတွေက လှူနေတဲ့အတွက်…

ဒါဟာ ကိုယ်အားပေးတဲ့ Content Creator အတွက်ရော... လှူနိုင်တဲ့ အနေအထား (ဓန၊ အခြေအနေ၊ နည်းပညာ) မရှိတဲ့သူတွေအတွက်ရော ကူညီရာ ရောက်တဲ့အတွက်…

ကုသိုလ်တောင်ရပါသေးတယ်…

ဒါ့အပြင်လှူတဲ့သူတွေအတွက် အထူးအခွင့်အရေးအနေနဲ့ Content တွေကို Lock လုပ်ထားလို့ရပါတယ်…

ဒီ Content ကတော့ လှူလှူ မလှူလှူ လူတိုင်းကြည့်လို့ရမယ်…

ဒီ Content ကတော့ လှူတဲ့သူတွေသာ ကြည့်လို့ရမယ်ဆိုပြီး သတ်မှတ်ထားလို့ရပါတယ်…

ကြုံတုန်း ကြိုက်တုန်း ကျွန်တော့် Patreon Account လေးပါ တွဲတင်လိုက်ပါတယ်…

ဘာမှ မတင်ရသေးပါ… လှူလို့လဲ မရသေးပါ… ရတဲ့အခါ အလှူခံပါ့မယ်... Follow တော့ လုပ်ထားလို့ရပါတယ်... (ဟဲ ဟဲ)

ဆိုတဲ့အကြောင်း မျှဝေဖော်ပြလိုက်ရပါတယ်…

လေးစားစွာဖြင့်

Pyiet Oo Aung (Black Dream)

https://www.facebook.com/aungm.han.98/posts/984729538346798

No comments:

Post a Comment

300 250