Sunday, November 11, 2018

ဆရာဝန်တွေက ဆေးတွေဝယ်ခိုင်းတော့ Facebook ပေါ်မှာ

ဆရာဝန်တွေက ဆေးတွေဝယ်ခိုင်းတော့ Facebook ပေါ်မှာ


ဆရာဝန်တွေက ဆေးတွေဝယ်ခိုင်းတော့ Facebook ပေါ်မှာ
အရှက်မရှိ အော်ဟစ်ဆဲဆိုနေကြတာ။
အဲ့ဆေးတွေကို ဆရာဝန်တွေ ဆရာမတွေ သုံးစားရောင်းစားနေတာလဲ
မဟုတ်ဘူး။ အစိုးရကလည်း အလကားမပေးနိုင်ဘူး။
သူ့ဘာသူ အပြင်မှာ လက်သည်နဲ့ မသေမချင်းဖျက်ချလာ။
ကေသီပန်သောက် ကျား၅ကောင်သောက် ဆေးပြားမျိုးစုံသောက်
စမုတ်တံနဲ့ထိုး ဗိုက်တွေနှိပ် နည်းမျိုးစုံ သမထားပြီး
မနိုင်တော့မှ ဆေးရုံက OGတွေဆီရောက်လာတယ်။
ဆေးရုံကိုရောက်လာတော့လည်း မေးတဲ့အတိုင်း
အမှန်ဖြေလားဆိုတော့ ဒုတ်ထိုးမတွေဖြေနေကျအတိုင်း
ရေအိုးရွက်ရင်း ချော်လဲတာတို့ လှေကားပေါ်ကချော်လဲပီး အချွန်နဲ့
ထိုးမိတာတို့ ရာသီမလာတာ ၂လလောက်ရှိပီ အခုမှသွေးတွေဆင်းလာတာတို့ လိမ်နည်းမျိုးစုံနဲ့ရအောင်လိမ်ကြတာ။
အဆူခံရမှာကြောက်တော့လည်း မရမကလိမ်ကြ ဖုံးဖိကြ။
ဆရာဝန်တွေကိုလိမ်လည်း ဆရာဝန်တွေခံရတာမဟုတ်ဘူး
သူတို့ပဲခံရမှာ။
ဗိုက်ကြီးသည်တွေ ကလေးမွေးဖို့ လုပ်ရကိုင်ရတဲ့ကြားထဲ
အဲ့ဖျက်ချလာတဲ့မိန်းမတွေက အမှန်တိုင်းမဖြေတော့
တရားခံမေးသလို လိုက်မေးနေရ။ OGတွေ အပေါက်ဆိုးတယ်တဲ့
မဆိုးလို့လဲ မရဘူး။ အဲ့လိုမိန်းမတွေကို ဘယ်လောက်ချော့မေးမေး
မေးတဲ့သူသာ အသက်ထွက်သွားမယ် ဘူးခံငြင်းကြတာ။
OGတွေရဲ့လုပ်သက်အတွေ့အကြုံတွေအရရော
ရောဂါလက္ခဏာတွေအရရော
စမ်းသပ်ချက်တွေအရရော
သွေးအဖြေဆီးအဖြေUltrasoundအဖြေတွေအရ ရှင်းနေတာပဲကို။
လူတကိုယ်လုံး ပိုးဆိပ်ပျံ့ပြီး သွေးဆိပ်တက်နေပြီ။
အဲ့လိုပိုးမွှားပေါင်းစုံကို ပုံမှန်ပိုးသတ်ဆေးထိုးလို့ရမယ်များထင်နေလား။
အပြင်းစားပိုးသတ်ဆေးတွေထိုးမှ နိုင်တာမျိုးပါ။
အဲ့လိုအပြင်းစားပိုးသတ်ဆေးတွေကို အစိုးရက အလကားပေးတယ်
ထင်မနေနဲ့။မပေးဘူး ကွကိုယ်ဝယ်ရတာ။
အဝီစိထိကျတော့မယ့်သွေးပေါင်ချိန်တွေက ရိုးရိုး Dripတွေနဲ့
ပြန်တက်လာမယ်များထင်နေလား။
သွေးပေါင်ချိန်တက်တဲ့ဆေးတွေ နှလုံးခုန်တက်လာမယ့်ဆေးတွေ
အဲ့ဒါတွေက ဝယ်ရတာ။ အလကားမရဘူး။
အဲ့ဆေးတွေဝယ်ခိုင်းတော့ ကျမတို့က ပိုက်ဆံမတတ်နိုင်ပါဘူးတို့
တနေ့လုပ်မှတနေ့စားရတာတို့ မျိုးစုံပြောကြတာ။
(ကိုယ်ချင်းမစာလို့မဟုတ်ဘူး ကိုယ်တွေလည်း တနေ့လုပ်မှ
တနေ့စားတဲ့ မိသားစုကနေကြီးပြင်းလာရတာ ပိုတောင်နားလည်သေး)
ဆရာဝန်တွေဝယ်ခိုင်းတဲ့ဆေးတွေ ဝယ်ရတော့
''အမလေး ပြောတော့ အစိုးရက အလကားပေးတယ်ဆို
အလကားလုပ်ပေးတာဆို'' နဲ့ လူမှုကွန်ယက်မှာ တက်အော်နေကြတာ
နေရတိုင်း အလကားမရဘူး။ အလကားရချင်ရင် အလကားပေးမယ်
ဆိုတဲ့အဖေတွေဆီ ကိုယ်တိုင်သွားအော်။
ဆရာဝန်တွေက သွေးစစ်ခိုင်းရင် ဆေးဝယ်ခိုင်းရင်သာ ပိုက်ဆံမရှိတာ
လက်သည်နဲ့ဖျက်ချဖို့ကျ ၅သောင်းပေးရပေးရ ၅သိန်းပေးရပေးရ
ပိုက်ဆံတတ်နိုင်ကြတယ်။
အဲ့လိုပိုက်ဆံအကုန်မခံနိုင်လောက်ရင် ကမြင်းကြောမထကြနဲ့
မနေနိုင်လို့ ကမြင်းကြောထချင်ရင်လည်း ကွန်ဒုံးသုံးမလား
ဆေးစားမလား Depoထိုးမလား သားအိမ်ထဲပစ္စည်းထည့်မလား
လက်မောင်းထဲ ပစ္စည်းထည့်မလား ?
တားနည်းမျိုးစုံရှိပါတယ်။ တားဆေးသုံးရမှာကြတော့ရှက်ကြတယ်
ဖျက်ချရမှာကျ တစက်မှအရှက်မရှိတဲ့သူတွေ။
''ကျမတို့က စာမတတ်လို့ပါ ပညာမတတ်လို့ပါ ''ဆိုတာကပါသေး
စာတတ်တာ မတတ်တာ ပညာတတ်တာ မတတ်တာတွေထက်
ကိုယ့်ရဲ့ခံယူချက်ကသာ အဓိကကျတာပါ။
ဖျက်ချလာတဲ့မိန်းမတွေထဲမှာ educatedတွေလည်းပါသလို
non educatedတွေလည်းပါတယ်
တောနေလူတန်းစားလည်းပါသလို
မြို့နေလူတန်းစားတွေလည်းပါတယ်။
အိမ်ထောင်သည်တွေပါသလို အိမ်ထောင်မကျသေးတဲ့မိန်းမတွေ
လည်းပါတယ်။
လူကြီးသားသမီးတွေပါသလို ကြက်မတွေလည်းပါတာပဲ။
အကုန်လုံးဟာ မှားနည်းမျိုးစုံနဲ့ မှားလာကြတာချည်းပါပဲ။
အကာအကွယ်မသုံးပဲ မှားလာကြတယ်ဆိုလည်း
အရေးပေါ်သန္ဓေတားဆေးတွေကို အချိန်မီသောက်လို့ရပါတယ်။
အခုလို လူလားမြောက်ကာမှ ဖျက်ချလာတတ်တဲ့ သူ့တို့ရဲ့စိတ်ဓာတ်ကိုက ချီးပေနေကြတာ။

အပြင်မှာ ဒုတ်တွေနဲ့ထိုးလာပြီးမှ သားအိမ်တွေပေါက်
ဆီးအိမ်တွေပေါက် အူတွေပေါက် သွေးတွေ ဒလဟောဆင်းကာမှ
ဆေးရုံကိုပြေးလာ။
ဆေးရုံရောက်တော့ ညကြီးအချိန်မတော်
သူတို့တွေထင်ထားတဲ့ဆရာဝန်တွေက aircon ခန်းထဲမှာ
တခေါခေါ အိပ်နေကြတယ်ထင်တာ။
အားယားမနေကြဘူး။ ခွဲခန်းဝင်ပီးမွေးတဲ့သူနဲ့
အပြင်မှာရိုးရိုးမွေးပေးနေရတဲ့သူနဲ့။ လေစုပ်မွေးပေးနေရတဲ့သူနဲ့။
အဲ့လိုကြားထဲကနေကြည့်ပေးနေရတဲ့ OGဆရာဝန်မတွေကလေ
လေသံအေးအေးလေးနဲ့ ပြောနိုင်မယ်များထင်နေလား။
အောက်ကဒလဟောဆင်းနေတဲ့သွေးတွေကို တိတ်အောင်လုပ်ဖို့
နည်းလမ်းပေါင်းစုံစဉ်းစားရင်း မေးမြန်းနေရတာ။
အရေးပေါ်သွေးသွင်းနိုင်ဖို့အရေး သွေးအားနည်းမနည်းစစ်ရ
သွေးအလှူရှင်ရှာခိုင်းရ။သွေးလှူဘဏ်ကိုဖုန်းဆက်ရတယ်။
အဲ့လိုမိန်းမကိုလည်း ရမ်းမကိုင်ရဲဘူး။ AIDS Bပိုး Cပိုးရှိနေနိုင်လို့
အရေးပေါ်သွေးစစ်ရတယ်။(မဟုတ်ရင် ဆရာဝန်တွေပါ
အလကားနေရင်း ရောဂါပိုးကူးစက်ခံရမှာ)
သွေးပေါင်ချိန်တွေကျနေလို့ သွေးပေါင်တက်ဆေးတွေစီစဉ်ရတယ်။
သမားတော်ကိုပြရတယ်။
အရေးပေါ်ခွဲခန်းဝင်ပြီး ဗိုက်ဖွင့်ဖို့အရေး
မေ့ဆေးဆရာဝန်နဲ့တိုင်ပင်ရတယ်။
Ultrasound ဆရာဝန်ကို အရေးတကြီးခေါ်ရိုက်ခိုင်းရတယ်။
အူတွေပေါက်ရင် ဖာဖို့အတွက် ခွဲစိတ်ဆရာဝန်ကို
အချိန်မီဖုန်းဆက်ထားရတယ်။
အဲ့အလုပ်တွေကို တခုပီးတခုလုပ်နေရတာမဟုတ်ဘူး
တပြိုင်နက်တည်းလုပ်ရတာ။
(သူ့ဘာသူ အလုပ်မရှိအလုပ်ရှာ ဖျက်ချလာတာက
ဌာနပေါင်းစုံက ဆရာဝန်တွေကို အလုပ်ပိုလုပ်နေရသလို ခံစားရတယ်)
အရေးပေါ်ခွဲခန်းဝင်ဖို့အတွက် သဘောတူကြောင်းလက်မှတ်ရေးထိုး
ခိုင်းရတယ်။ လက်မှတ်မထိုးခင် မေ့ဆေးထုံဆေးရဲ့ အန္တရာယ်
ခွဲစိတ်ခြင်းရဲ့အန္တရာယ် အကုန်ရှင်းပြရတယ်။အဲ့အထိ
ဘယ်လိုမှမနေဘူး Okတယ်။
လိုအပ်ရင် သားဥအိမ်ဖယ်ရနိုင်တယ် သားအိမ်ထုတ်ရနိုင်တယ်
အူလမ်းကြောင်းလွှဲရနိုင်တယ်ဆိုမှ အရှက်မရှိငိုချင်းတွေချကြတာ။
တသက်လုံး ကလေးမရတော့ဘူးဆိုမှ ဝမ်းနည်းပက်လက်တွေဖြစ်။
တကယ်လည်း သားအိမ်ထုတ်လိုက်ရတဲ့မိန်းမတွေရှိပါတယ်။
အဲ့လိုတွေလုပ်ပေးတဲ့ လက်သည်က ဘယ်သူတုန်း
ဘယ်ကလဲလို့မေးကြည့်။
အသက်သာအသေခံသွားမယ် မပြောဘူး သစ္စာရှိတယ်။
ကာကွယ်ရမယ့်နည်းလမ်းကိုမရွေးချယ်ပဲ မဟုတ်မဟဖျက်ချတဲ့
နည်းလမ်းပေါင်းစုံကိုရွေးချယ်တတ်တဲ့ ဒို့မြန်မာနိုင်ငံက
လူတွေရဲ့ လွဲနေတဲ့ခံယူချက်တွေဟာ အံ့သြမိပါရဲ့

အမှန်တိုင်းပြောရင် အခုချိန်ထိ စေတနာထားလို့မရသေးဘူး။
ပြောချင်နေတာတော့ကြာပြီ ဒီနေ့ကျမှ သီးမခံနိုင်တော့လို့
အကုန်သိမ်းကြုံးရင်ဖွင့်ခြင်းမျှသာ။

ဟုတ်ကဲ့ ကျနော်ဟာ စိတ်ထားမတတ်သေးဘူးလို့ပဲ မြင်ပေးကြပါ။
Credit # Hein Zaw
https://www.facebook.com/groups/1044863998962089/permalink/1769058036542678/

No comments:

Post a Comment

300 250