Monday, November 19, 2018

သံဝေဂ ရစရ


သံဝေဂ ရစရာသံဝေဂ ရစရာ
•••••••••••••

သီရိမာကို စွဲလန်းမိသော ရဟန်းတော်
******************************
မြတ်စွာဘုရားက
ဖူးရောင်ကြွတက်နေတဲ့ သီရိမာရဲ့ ရုပ်အလောင်းကို အများမြင်အောင်
သုသာန်သင်္ချိုင်းမှာ ထုတ်ပြထား ထားတယ်။အရမ်းလှလွန်းတဲ့ သိရီမာ ကို တပ်မက်စွဲလန်းနေတဲ့
ဲ့ရဟန်းတော်က အလောင်းကောင်ကြီးမြင်လိုက်တာနဲ့ အကြီးကျယ် ထိတ်လန့် တုန်လှုပ်သွားတယ်။

မယုံနိုင်အောင်ဖြစ်မိ မျက်လုံးတွေ ပွတ်ကြည့်ပြီး-
" ဒါ ငါ စွဲလန်းခဲ့တဲ့ အလှမယ်လေးပါလား ဟိုတုန်းက လှခဲ့တဲ့ ဒီကလေးမရဲ့ အလှတွေ ခုတော့ ဘယ်ရောက်ကုန်ပြီလဲ "
လို့တွေးနေချိန်မှာ

မြတ်ဘုရားက-
" အသက်ရှင်စဉ်က တစ်ည အသပြာတစ်ထောင် ပေးမှ ပျော်ပါးခွင့်ရတဲ့ အလှမယ် အခု ဘယ်သူယူ ကြမလဲ " မေး လိုက်ပါတယ်။

ဒီအချိန်မှာ ရဟန်းတော်ဟာ မြတ်စွာဘုရားက-
``ချစ်​သား! သီရိမာကို ယူမလားလို့ ငါ့များ မေးနေရင် ဒုက္ခပါပဲ " လို့တွေးနေမိသတဲ့

ဒီနားလေးမှာ တစ်ချက် ဆင်ခြင်ကြည့်လိုက်ပါ။
မပုတ်မပွ အရမ်းလှနေလို့သာ ခင်တွယ်နေကြတာပါ။ အရမ်းလှ အရမ်းချောနေလို့ လဲ မာန်တက်စရာမလို။

အရမ်းချမ်းသာ ပညာတွေ အရမ်းတတ်နေလို့ လဲ မောက်မာ နေစရာမလို သေရင် ဘာတစ်ခုမှ အသုံးမဝင်တော့ဘူး။

အသုဘကမ္မဋ္ဌာန်း စီးဖြန်းထားရင် မာန်မာနတွေ လျော့ကျ လာမှာပါ မသေခင်တောင် နေ့စဉ် ပြုပြင် ရေချိုးပေးနေရတဲ့ အသုဘ ခန္ဓာ ကိုယ်ကြီးပါ။ ~~~

သီရိမာ နဲ့တွေ့ရမယ်ဆိုလို့
သူ့ခမျာ ဝမ်းသာအားရ ချက်ချင်း ထလိုက်လာမိတာ ခေါ်လာတာက အိမ်လဲမဟုတ် သုသာန်သချုင်္ိင်း
တွေ့လိုက်ရတာက သီရိမာရဲ့ အပုတ်ကောင်

ဒီသီရိမာရဲ့ အပုတ်ကောင်ကို
တုန်လှုပ်စွာကြည့်နေရင်း မြတ်စွာဘုရားဟောတဲ့
တရားကို နာ လိုက် နာကြားရင်း
သောတပတ္တိ မဂ်ဥာဏ်ကို ဆိုက် ရောက်ခဲ့ရ ပါသတဲ့~~

အစွဲလန်းကြီး စွဲလန်းနေကြသူများနှင့် အလှမာန် ဓနမာန် ပညာမန်တက်နေကြသူများ~
ဤစာအား ဖတ်ရင်း ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်ကာ သံဝေဂဥာဏ် ဖြစ်မိပါစေ လို့ ဆန္ဒပြုလျှက်
ဒါနပြုပါသည်။

Credit --ဓမ္မ ​စေတမန်
------------

နောက်​ဆုံးတစ်​​နေ့
***************
သဗ္ဗံ အာ​ရောဂျံ ဗျာဓိပရိ​ယောသာနံ။
ကျန်းမာတယ်​ဆိုတာ အားလုံးနာဖျားမှုအဆုံးရှိတယ်​။

သဗ္ဗံ ​ယောဗ္ဗနံ ဇရာပရိ​ယောသာနံ။
နုပျိုတယ်​ဆိုတာ အားလုံးအိုမင်းမှုအဆုံးရှိတယ်​။

သဗ္ဗံ ဇီဝိတံ မရဏပရိ​ယောသာနံ။
ရှင်​သန်​တယ်​ဆိုတာ အားလုံး​သေခြင်းအဆုံးရှိတယ်​။ Credit by.
https://www.facebook.com/groups/117665805441496/permalink/437149463493127/

No comments:

Post a Comment

300 250