Thursday, November 8, 2018

Baidu Account အလွယ်တကူ ဖွင့်နည်း

Baidu Account အလွယ်တကူ ဖွင့်နည်း

1> https://pan.baidu.com/ သို့ သွားပါ။
2> 立即注册 စာတန်းပေါ်သို့ နှိပ်ပါ။
3> Account Register ပြုလုပ်တဲ့ Page ကို ရောက်သွားပါမယ်။
4> +95 ကို ရွေးပြီး ရှေ့ ဆုံးမှ 9 ခံပြီး သင့်ဖုန်းနံပါတ်ထည့်သွင်းပါ။
( ဥပမာ - 977xxxxxxx )
5> သင်ကြိုက်နှစ်သက်ရာ username ထည့်ပါ။ (မှတ်မိဖို့ လိုအပ်ပါမယ်)
6> သင်ကြိုက်နှစ်သက်ရာ လျှို့ ဝှက် (password) ထည့်ပါ။ (မှတ်မိဖို့ လိုအပ်ပါမယ်။)
7> ပြီးရင် Verification Code ရယူဖို့ အတွက် 获取短信验证码 စာတန်းရေးထားတဲ့ Button အဖြူရောင် ခလုတ်ကို နှိပ်ပါ။ အဲဒီခလုတ်ကို နှိပ်လိုက်တာနဲ့ သင်ထည့်သွင်းထားတဲ့ သင့်ဖုန်းနံပါတ်ဆီသို့ Verification Code (6) လုံး ကို SMS ပို့ ပေးပါမယ်။
8> SMS Verification Code (6) လုံးသင့်ဖုန်းဆီသို့ ရောက်လာရင် . အဲဒီ code နံပါတ် (6) လုံးကို စောနက Registration Form မှာ မှန်ကန်စွာထည့်သွင်းရေးပေးရပါမယ်။
9> ပြီးရင် checkbox မှာ အမှန်ခြစ် ခြစ်ပေးရပါမယ်။
10> ပြီးရင် အပြာရောင် Button ခလုတ် (注册) ပေါ် နှိပ်လိုက်ပါ။
11> Account လုပ်ခြင်း အောင်မြင်ပြီးစီးကြောင်းကို အမှန်ခြစ်ပုံလေးနဲ့ စာတန်းပြပါလိမ့်မယ်
12> ခဏစောင့်လိုက်ပါ။ သူ့ အလိုလို Account Login ၀င်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

11-8-2018
Best Regards ,
( စက်ရုပ်ကြီး )  https://www.facebook.com/zay.arrow/posts/321617285346120

No comments:

Post a Comment

300 250