ကျွန်တ်ာလဲဖူးသော EMMC # G610 U00 (MTK)
ကျွန်တ်ာလဲဖူးသော EMMC #1
G610 U00 (MTK)
Emmc read only ဖြစ်နေတာလေး
(factory reset ချလည်း data မပျက်
format ချလည်း ဘာမှမပျက်
firmware flash ရင် အောင်မယ် သို့ပေမဲ့ lock တောင်ပြုတ်မှာမဟုတ်ဘူး)
CM2နဲ့ ic စစ်ကြည့်လိုက်တယ်
EMMC လဲလိုက်ပာတော့တဲ့
ဒီအနေအထားမှာဆိုရင်တော့
EMMC လဲကိုလဲရတော့မဲ့အနေအထားပါ
EMMC ကိုခွာလိုက်ပါတယ်
EMMC ဖြုတ်လျက်အနေထားမှာ
CM2 နဲ့ ရေးကြည့်ရင် EMICFG not found ပြမယ်
Flash tool နဲ့ ရေးရင် 4032 error တက်မယ်
သူ့မူရင်းEMMC က
SanDisk
SD7DP28C-4G ဖြစ်ပါတယ်
ကျွန်တော့်ဆီမှာရှိတဲ့ အလားတူ EMMC တစ်လုံး ကောက်ကပ်လိုက်ပါတယ်
(ic ကောင်း မကောင်း မသေချာပါဘူး)
ကပ်ပြီးသွားတော့ flashtool နဲ့ format
ချကြည့်ပါတယ်
အဆင်မပြေပါ
Flashtool နဲ့ပဲ firmware flash ကြည့်တယ်
error 4032 တဲ့ဗျ
ဒီနေရာမှာ စဉ်းစားရမှာက
ဘာကြောင့် error 4032 တက်တာလဲ
(1) EMMC မကောင်းရင် 4032 တက်မယ်
(2) CID မကိုက်ရင် 4032 တက်မယ်
(3) EMMC ကပ်တာ မအောင်ရင် 4032 တက်မယ်
(ဒါက ကျွန်တော့် အကြမ်းဖျင်းထင်မြင်ချက်ပါ
ဒီ့ပြင် အကြောင်းကြောင့်လည်းရှိနိုင်ပါတယ်)
အလားတူ EMMC ကိုရှာကပ်တာမို့
ပုံစံတူ EMMC ကိုပဲကပ်တာမို့ CID မကိုက်စရာအကြောင်းမရှိ
No.(2) ကို ပယ်မယ်
No.(3) ကတော့ လက်ဆပိုင်းနဲ့ဆိုင်တာမို့
ကိုယ့်လက်ဆ ကိုယ်ယုံတဲ့အတွက်
No.(3) ကိုထပ်ပယ်မယ်
ဒါဆို No.(1) EMMC မကောင်းလို့ပေါ့
EMMC လဲပီး firmware ရေးတဲ့နေရာမှာ
အမျိုးအစားတူတဲ့ EMMC ကိုပဲ သုံးမယ်ဆိုရင်
ပြဿနာသိပ်မရှိဘူး
အမျိုးအစားမတူတဲ့ EMMC ကိုသုံးဖို့ စဉ်းစားရင်တော့ CID ကိုက်ဖို့တော့ လိုလိမ့်မယ်
CID ကိုဘယ်လိုညှိမလဲ
(နောက် post တစ်ခုမှာမှ အသေးစိတ်ရေးပါ့မယ်)
ကျွန်တော့်မှာ SanDisk မရှိတော့ပါဘူး
Samsung B309 အသစ် တစ်လုံးတော့ရှိတယ်ဗျ
CID ကိုတိုက်စစ်ကြည့်တော့ B309ကအဆင်ပြေတယ်ဗျ
B309ကို ကပ်လိုက်ပါတယ်
(EMMC မခွာခင်တုန်းက CM2နဲ့ firmware backup ဆွဲထားလိုက်တာရှိတယ်)
အဲဒီ firmware ကိုပဲ flashtool နဲ့ပြန်ရေးတယ်
Not enough storage space error ပြပါတယ်
ဒါကတော့ firmware မှာပါတဲ့ user data size က EMMC မှာ ထည့်လို့ရတဲ့ user data partition size ထက်ပိုကြီးနေလို့ပါ
User data ကိုဖြုတ်ပြီး ကျန်တာ အကုန် flash လိုက်ပါတယ်
ဖုန်းက နိုးသွားပါတယ်
ဒါပေမဲ့ Emergency Data ဆိုပြီး box မှာပဲရပ်နေမှာပါ
ခု ကျွန်တော် flash လိုက်တဲ့ firmware က
G610 U00 ဖြစ်တယ်
userdata size က 40357KB ရှိတယ်
G610 U00+ ပါတဲ့ firmware မှာပါတဲ့
userdata size က 18781KB ပဲရှိတယ်
G610 U00+ က userdata တစ်ခုကိုပဲ flash ပေးလိုက်တယ်
ဖုန်းက တက်လာပါတော့တယ်
IMEl invalid ဖြစ်မှာနော်
IMEI ကိုတော့ မfix တော့ပါဘူး
G610 U00+ firmware ကို CM2 နဲ့ ရေးပေးလိုက်တယ်
Done ပါပြီ။
ဤ post သည် ကျွန်တော့်လို Services ဘီကင်နာ တွေအတွက် ရည်ရွယ်ပါတယ်
Online ပေါ်မှာ တွေ့နေရတဲ့ postတော်တော်များများဟာ ဘီကင်နာတွေ နားမလည်တာများပါတယ်
ဒါကြောင့် ဤ post ကို ရေးဖြစ်တာပါ
EMMC လဲတဲ့အခာ သိသင့်တဲ့ အတွေးပိုင်းတွေထည့်ပေးထားပါတယ်
တစ်ယောက်ယောက် နားလည်သွားတယ်ဆိုရင်တောင် ကျေနပ်ပါပြီ
အဆင်ပြေကြပါစေ။
#မင်းလတ်
fOrever PlanB
TagoneGyi
https://www.facebook.com/groups/171645850050871/permalink/343116666237121/

No comments:
Post a Comment