ခရစ်ယာန်တွေလှူတာ ဘာအသံမှ မကြားရဘူး။
ကုလားတွေလှူတာ ဘာအသံမှ ထွက်မလာဘူး။
ခရစ်ယာန်ရော ကုလားရော မရှိဆင်းရဲသားကို အများဆုံးလှူကြတယ်။
ကုလားဆိုရင် ဘုရားကျောင်းကို မလှူမနေရလို့ မပြောထားပေမယ့်
မရှိဆင်းရဲသားကိုမလှူမနေရဆိုပြီး သတ်မှတ်ချက်တစ်ခု(ဇကဒ်)ရှိတယ်။
အဲဒီတော့ မရှိဆင်းရဲသားတွေနည်းလာတော့ ပလီကျောင်းတွေ၊ချာ့ခ်ျကျောင်းတွေအတွက်
လော်စပီကာ တကားကား၊ခမောက်လေးဆောင်းပြီး ခွက်လေးတစ်လုံးနဲ့ အလှူလိုက်ခံစရာမလိုဘူး။
လိုအပ်လာရင် အောက်ခြေလူတန်းစားကနေစပြီး အလိုက်တသိလာလှူသွားကြတယ်။
အဲလိုလှူတဲ့အတွက် ကမ္ပည်းထိုးပေးစရာမလိုသလို မောင်းတီးပေးစရာလည်း မလိုဘူး။
တစ်နေ့ထမင်းတစ်နပ်စားရဖို့ ခဲယဉ်းနေတဲ့ လူတွေအများကြီးရှိနေတဲ့ နိုင်ငံမှာ
ရှိပြီးသားနေရာတွေမှာပဲ ထပ်ကာတလဲလဲ လှူကြပါရဲ့။
မောင်းတီးချင်တာများသလို ကိုယ့်နာမည်ကို ကမ္ပည်းထိုးချင်ကြတယ်။
ကထိန်လိုနေရာမျိုးမှာ မရှိဆင်းရဲသားကို လှူမယ်ဆိုရင် သုံးနှစ်လောက်မှာ နိုင်ငံဆင်းရဲမှုကနေ တိုးတက်လာပါမယ်။
နောင်ဘ၀ကူးကောင်းအောင်လှူပါတယ်လို့ပြောကြမယ်ဆိုရင်တော့
ဟိုအရင်ကတည်းက မြန်မာနိုင်ငံမှာ နောင်ဘ၀ကောင်းအောင်လှူခဲ့ကြတဲ့သူတွေ
သေသွားပြီးနောက်မှာ နယူးဇီလန်တို့ အမေရိကန်တို့ ဆွစ်ဇာလန်တို့ မှာ လူသွားဖြစ်ကြတာလားလို့ မေးချင်ပါရဲ့။
မျှော်လင့်ချက်များစွာနဲ့လှူကြပါတယ်။
မိမိနာမည်နဲ့မိမိစီးပွားရေးလုပ်ငန်းmarketing ဆင်းတဲ့အနေနဲ့ လှူကြပါတယ်။
ဘယ်လက်ကလှူတာ ညာလက်ကမသိစေနဲ့ စကားလိုမဟုတ်ပဲ နှမ်းစေ့လောက်လှူတာကို တစ်ကမ္ဘာလုံးသိစေချင်ကြပါတယ်။
နောက်ပိုင်းခေတ်စားလာတဲ့ ပရဟိတလုပ်ငန်းတွေတောင် စီးပွားရေးအမြင်တွေနဲ့လုပ်တာ ၇၅%ရှိပါတယ်။
ခမောက်လေးဆောင်းပြီး ကိုယ်ကျိုးတွေစွန့်နေသယောင်ယောင်၊
နေပူမရှောင်၊မိုးရွာမရှောင် ဒုက္ခဆင်းရဲတွေပဲ ခံနေရသလိုလို
တကယ်တော့ ကော်မရှင်နှုတ်လိုက်ရင် စာကလေးအမြီးနှုတ် ခေါင်းဖြုတ်ပြီးကျန်တာပဲ စာရင်းထဲရောက်ပါတယ်။
မိမိလှူချင်တာကို ချွေးနည်းစာနဲ့ရှာပြီးလှူမယ်ဆိုတဲ့ စိတ်မရှိကြပါဘူး။
အလှူခံရုံနဲ့ အလှူငွေရမယ်လို့ပဲ ထင်ထားကြပါတယ်။
ခရစ်ယာန်တွေ ကုလားတွေဆို တစ်အိမ်တက်ဆင်းအလှူခံတာ ရှိကိုမရှိပါ။
ဒီနိုင်ငံမှာမရှိသလို ခရစ်ယာန်နဲ့အစ္စလာမ်ထွန်းကားတဲ့ တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုးမရှိပါ။
ဘုန်းကြီးကျောင်းတို့ဘုရားတို့မှာတောင် နာမည်ထိုးလို့ကောင်းတဲ့ မုခ်ဦးမှာ
ဦးဘယ်သူမိသားစု (ဘာစီးပွားရေးလုပ်ငန်း)ဆိုပြီးထိုးဖို့ပဲ လုပ်ချင်တယ်။
နာမည်ထိုးလို့ မကောင်းတဲ့ အိမ်သာလိုနေရာမျိုးမှာ လှူချင်သူနည်းတယ်။
"ဘာသာခြားဆိုင်မှာမ၀ယ်နဲ့၊သူတို့ဘုရားကျောင်းတွေဆောက်တဲ့အထဲပဲ အဲဒီပိုက်ဆံကသွားမှာ။
ကိုယ့်ဘာသာဆိုင်မှာပဲဈေးဝယ်ကြ၊အဲဒါမှ အဲဒီပိုက်ဆံတွေ ဦးဇင်းတို့ ဆီရောက်ပြီး ဦးဇင်းတို့အေးဆေးနေရမှာ 😀 😛 "
ဆိုတဲ့ ဂျင်းတွေခနခနမိပါတယ်။
ဟိုအရင်တုန်းက ကိုယ်လည်းဂျင်းမိဖူးပါတယ်။
လှူတာတောင် မရှိဆင်းရဲသားကိုလှူတာထက် ဘုရားကိုလှူမှ ကုသိုလ်ရမယ်ဆိုတဲ့လူတွေများပါတယ်။
(မျှော်လင့်ချက်များစွာ)
ကြာတော့လည်းလေပါတယ်။
ကိုယ့်ပေါင်ကိုယ်ခနခနလှန်ထိုးရင်းနဲ့ ဒီဘာသာတရားနဲ့ ဝေးကွာလာလိုက်တာများ....
ခုဆိုရင် ရာသီတွေဘယ်လောက်ပြောင်းကုန်ပြီလဲမသိတော့ပါ။
Credit : Min Khant Nyein
Via: Aye Thant Kyaw
https://www.facebook.com/zaw.bala.1865/posts/513144032539325

No comments:
Post a Comment