Xiaomi Anit Rollback and Authentication Problem
********************************************************
Xiaomi ရဲ့ အသစ်ပြောင်းလဲလိုက်တဲ့ Policy အရ Qualcomm ရဲ့ authentication ဖိုင်လိုအပ်မှုအပေါ်မှာ နည်းနည်းထပ်ကွန့်ထားတာပဲ ရှိတာပါ။
Mediatek မှာ Authentication ဖိုင်သုံးတာ ကြာပြီဆိုပေမယ့် Qualcomm မှာတော့ အခုမှ စသုံးလာတာဖြစ်ပါတယ်။
Qualcomm ရဲ့ authentication ဖိုင်လိုအပ်ချက်အရ အောက်မှာရေးထားတဲ့ အကျိုးအပြစ်တွေကို ဖြစ်စေနိုင်ပါတယ်။
- Firehose / Sahara Protocol မှာ သုံးတဲ့ Command တစ်ခုချင်းစီကို Authentication ဖိုင်နဲ့ လှမ်းထိန်းချုပ်နိုင်ပါတယ်။ ဒီတော့ ဘယ် Auth ဖိုင်က ဘယ် Command ကို ထိန်းချုပ်မယ်ဆိုတာကို ကန့်သတ်ပေးလို့ရပါတယ်။
- Authentication ဖိုင်ကို Server ကနေလည်း လှမ်းထိန်းချုပ်နိုင်ပါတယ်။ Qualcomm device တွေ Programmer ဖိုင်ရေးအပြီးမှာ အသစ် Policy အရ key blob တစ်ခုကို request လုပ်ပါတယ်။ ရလာတဲ့ key blob ကို သုံးပြီး RSA Algorithm နဲ့ Auth ဖိုင်ကို encryption လုပ်ပြီး Client ဆီကို လှမ်းပို့ပါတယ်။ Device ကနေ အဲဒါကို decryption ပြန်လုပ်ပြီးတော့မှ handshake လုပ်ဆောင်ချက်ပြီးမြောက်ပါတယ်။
PS- Authentication ဖိုင်မပါဘဲ သုံးလို့ရတာ Command နှစ်ခုပဲရှိပါတယ်။ တစ်ခုက ping command ဖြစ်ပြီးတော့ နောက်တစ်ခုက nop ဖြစ်ပါတယ် :D
AlephSecurity (https://alephsecurity.com/) ရဲ့ အကြံပြုချက်ကို အလေးအနက် တုန့်ပြန်တယ်လို့ ထင်မိပါတယ်
အကျိုးဆက်အနေနဲ့ Xaoimi ဖုန်းတွေမှာ Authorized Account လိုသွားသလို emmcdl ကို ကမ္ဘာမှတ်နေသူတွေ ဘ၀ပျက်ကုန်ပါတယ် :P
Trustzone Environment (TEE) ကို အဆင့်ပိုမြှင့်လိုက်တာကြောင့် Rollback (Downgrade) လုပ်မရဖြစ်ကုန်ပါတယ်။ အတင်းလုပ်ရင်လည်း Device ကို Brick ဖြစ်စေမှာဖြစ်ပါတယ်။
ဒါဟာ တစ်ဘက်တစ်လမ်းက ကြည့်ရင် သူတော်ကောင်းယောင်ဆောင်တဲ့public sharing သမားတွေရဲ့လက်ချက်ကြောင့် ခွက်ဈေးဖြစ်နေတဲ့ မိုဘိုင်းဈေးကွက်ကို ကုစားပေးလိုက်တယ်လို့ မြင်ပါတယ်။
မကြာခင်မှာ တန်ရာတန်ကြေး မိုဘိုင်းလောကကို ပြန်မြင်ရဖွယ်ရှိပါတယ်။
လက်ရှိအချိန်ထိတော့ Authorized Account ၀ယ်တဲ့နည်းလမ်းကလွဲရင် ဘယ် box, ဘယ် dongle နဲ့ ဘယ်သူကမှ support မပေးနိုင်သေးပါ။
crd http://gslink.co/crNf

No comments:
Post a Comment