Friday, August 31, 2018

ဖေ့ဘွတ်ခ်မှာ အဘမ်းခံရလို့ VK ပြောင်းသုံးတာလည်း သုံးပေါ့.

ဖေ့ဘွတ်ခ်မှာ အဘမ်းခံရလို့ VK ပြောင်းသုံးတာလည်း သုံးပေါ့.

ဖေ့ဘွတ်ခ်မှာ အဘမ်းခံရလို့ VK ပြောင်းသုံးတာလည်း သုံးပေါ့.. ဒါပေမယ့် VK ဟာ နာမည်ပျက်ကြီး..

နမူနာဆို ဖေ့ဘွတ်ခ်က ၁၈+ ဇာတ်ကားတွေဆို ဖျက် ဖျက်ပစ်လို့ ကလေးတွေအတွက်လုံခြုံပေမယ့် VK မှာက အပြာကားအစုံရှိတယ်.. ဗမာတွေ ပြောင်းကြပြီဆိုတော့ ဗမာအပြာစာပေတွေလည်း တနင့်တပိုး အဲ့ဝက်ဘ်ဆိုက်မယ် ပေါ်လာဦးမှာ.. အရွယ်ရောက်ပြီးလို့ တကူးတက တခါတလေ ကြည့်တာကို မှတ်ချက်မပေးလိုပေမယ့် ဒါမျိုးကို အားပေးတဲ့ ဝက်ဘ်ဆိုက်မယ်တော့ မရှာလည်း မြင်နေဖို့ကများတော့ မိဘတွေ လူကြီးသူမတွေ သတိထားကြပေါ့.. VK ဟာ ဘယ်လိုဝက်ဘ်ဆိုက်လဲဆိုတာ ဒါတွေက Google တစ်ချက်ခေါက်ရုံနဲ့ ပေါ်ပါတယ်..

အို အညှီအဟောက်လည်း ဘာဖြစ်လဲ ဘာဖြစ်လဲ၊ ညှီလေကြိုက်လေပဲဆိုရင်လည်း အညှီသမားတွေအနေနဲ့ ထပ်သတိထားသင့်တာက VK ရဲ့ private message တွေ အကြောင်းပဲ.. ဖဘက ဒေတာရောင်းစားတယ်ဆိုပြီး အမေရိကလွှတ်တော်မယ် မတ်ဇူကာဘတ်အကင်ခံရတော့တောင် အဲ့ message box privacy မယ်ကျ ငနဲသားက အပြစ်လွတ်တယ်.. ပြီးတော့ ဖဘက အခုထိ အုံလိုက်ကျင်းလိုက် အဟက်ခ်ခံရလို့ ဒေတာတွေ ပါတယ်ဆိုတာ မကြားဖူးသေးဘူး.. VK ကတော့ ၂၀၁၃ မှာ သုံးစွဲသူ ၈၄%ရဲ့ ကိုယ်ရေးအချက်အလက်တွေ Hack ခံရတဲ့အပြင် ၂၀၁၆ မှာ hacker က အဲ့ဒါတွေကို dark web marketplace မှာ ရောင်းစားလိုက်တယ်.. ကိုယ့်အချက်အလက်တွေ ဘယ်လိုပွပွ ဘယ်လိုမှ မနေပေါင်ဆိုရင်တော့လည်း သဘောပါ.. 😁

ပိုဆိုးတာက ၂၀၁၄ မှာ VK CEO Pavel Durov ထွက်ပေးရတဲ့ကိစ္စ.. ၂၀၁၄ ဆိုတာက ရုရှားနဲ့ ယူကရိန်းပြဿနာအကြီးအကျယ်တက်ကြတဲ့နှစ်.. ရုရှားက ယူကရိန်းနယ်ထဲထိပါ ဝင်ခြေကုပ်နေတယ်ဆိုပြီး ယူကရိန်းလွှတ်တော်က ကြေညာရတဲအဆင့်ကို ဖြစ်ကုန်တာ.. ပြောခဲ့တဲ့အတိုင်း VK က ရုရှားစကားပြောနိုင်ငံတွေမှာ ရေပန်းစားတော့ ယူကရိန်းမှာလည်း ရေပန်းစားတယ်.. ယူကရိန်းရဲ့ တရားဝင်ဒုတိယရုံးသုံးဘာသာစကားကိုက ရုရှားစကားကိုး.. ဒီတော့ယူကရိန်းအများစုလည်း VK သုံးတော့ အဲ့ဒီကအချက်အလက်တွေကို ရုရှားက လိုချင်တယ်.. ဒါပေမယ့် VK CEO က အသုံးပြုသူယူဇာတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ရုရှားအစိုးရကို ဆန့်ကျင်သူတွေရဲ့ ကိုယ်ရေးတွေကို Russian Fedral Security Service ကို မပေးခဲ့လေတော့ အဲ့ဒါကိုလည်း ပူတင်က အတော်နှာကစ်ခဲ့ပုံပေါ်တယ်..

VK ကနေဆို ယူကရိန်းတွေ ကိုယ်ရေးအချက်အလက် တကူးတကမစုံစမ်းဘဲ အချီကြီး သိရမှာကိုး.. ဒီကြားထဲ လ်ာဘ်စားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ Alexei Navalny ရဲ့အကောင့်ကိုလည်း ပိတ်ပေးပါဆိုတာကို VK က ပိတ်မပေးတော့ အဲ့မှာတင် VK CEO ကို ဖိအားပေး နှုတ်ထွက်ခိုင်းပြီး ကရင်မ်လင်ကျောထောက်နောက်ခံလို့ ပြောလို့ရတဲ့၊ ဗလာဒီမာပူတင်နဲ့ နီးစပ်တဲ့ Mail.ru က VK ကို ဝယ်ထည့်လိုက်ရော.. ဒီတော့ VK သုံးတာ ကိုယ့်ကိုယ်ရေးအချက်အလက် ရုရှားအစိုးရကို အလကားသွားသတင်းပေးထားတာနဲ့ ဘာမှ မထူးဘူး..ဒါ့အပြင် VK က အီတလီ၊ အိန္ဒိယနဲ့ တရုတ်မှာလည်း ၂နှစ်လောက် ယာယီအပိတ်ခံရဖူးတယ်.. ယူကရိန်းကတော့ VK ကို အခုထိကို ပေးမသုံးဘဲ ဘမ်းထားတုန်းပဲ..

စကားမစပ်ပြောရရင် ဆြာတော်ဝီရသူခမျာ Facebook က အဘမ်းခံရလို့ စိတ်နာပြီး VK ပြောင်းတာ VK ကပါ သူ့အကောင့်ကြီးကို Community Standard နဲ့ မညီဘူးဆိုပြီး ရက်မကူးခင်မှာကို ဘမ်းသွားသတဲ့ကွယ်.. 😁😁 ကာချုပ်ပေ့ခ်ျဘာညာကတော့ တော်ရုံဆို ရုရှားဝက်ဘ်ဆိုမို့ သက်ဆိုးရှည်နေဦးမှာပါပဲ.. ခါတိုင်းလည်း UN မယ် ဖိအားပေးခံရလိုက် တရုတ်ကြီးနဲ့ ရုရှားက ဗမာစစ်တပ်ကို ဝင်ကာလိုက် လုပ်နေမင့်ဟာ.. ရုပ်ပျက်ဆင်းပျက်ဆိုးဆိုးရွားရွားမရှိသ၍ကတော့ ရုရှားဝက်ဘ်ဆိုက်က ချမနင်းလောက်ပါဘူး.. သူ့အကျိုးစီးပွားထိရင်တော့လည်း ဆြာဒေါ်ဝီ့ဘမ်းသလို ဘမ်းဦးမှာပေါ့..

ကိုယ်ကတော့ဖြင့် ဒီလောက် နာမည်ပျက်တွေ အငြင်းပွားစရာတွေနဲ့ မလုံခြုံစိတ်မချရတဲ့ VK ကို သုံးလို့ ပိုက်ဆံရပါမယ်ဆိုတောင် မသုံးချင်ဘူး.. မသုံးဘူး.. သုံးတဲ့သူတွေကိုတော့ ပြုံးပြုံးကြီး အားပေးနေမှာပဲ.. ဖေ့ဘွတ်ခ်မယ် လူသန့်သွားလည်း နည်းလား.. ပေါ်ပင်မယ်ပျော်ရွှင်နိုင်ကြပါစေ အန္ဓလေးတို့ရေ.. တာ့တာ 👋👋

ရေးသားသူ- ပိုးဖြူသန့်
https://www.facebook.com/photo.php?fbid=756465634692444&set=a.121766238162390&type=3

No comments:

Post a Comment

300 250