ဟေ့ ကလေးခေါင်းက တစ်နေပြီ ညှစ် ဆက်ညှစ်စမ်း
ဖင်ကြီးက ကြွတက်မလာနဲ့ ဖင်ချထား ဖင်ချထား....
ဟုတ်ပြီ မှန်တယ် မှန်တယ် ဆက်ညှစ် ဆက်ညှစ် တော်တယ်
ဆက်ညှစ် ဆက်ညှစ်အုံးလို့။
''ဆရာ ကျမ မရတော့ဘူး ကျမကိုခွဲမွေးပေးပါ''
ဟိတ် ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ ရအောင်ညှစ်
ဒီကလေးထွက်မှ နင့်ဒုက္ခက အေးမှာ။
မောရင် ခဏနားပြီး အားယူထား
နာတဲ့အချိန် ပေါင်ကိုကား လက်၂ဖက်က ပေါင်ကိုဆွဲညှစ်ချပေး
အဲ့ဒါမှ နင့်ကလေးထွက်မှာ ကြားလား။
ဟေ့ နင်မှိန်းပြီး အိပ်မနေနဲ့ နင့်ကလေး အသက်ရှူကြပ်နေပြီ
ကလေးတခုခုဖြစ်လိမ့်မယ် ဒီတခါ အပြတ်သတ်ရအောင်ညှစ်
ဆရာတို့ အောက်ကနေ ကူဆွဲမယ် ဟုတ်ပြီနော်။
''ဆရာရယ် ကျမ တကယ်ကို အားမရှိတော့လို့ ခွဲမွေးပေးပါတော့
ကျမ အစ်မတုန်းကလည်း ခွဲမွေးရတာမို့ပါ''
ဟေ့ နင် အဲ့လိုပြောနေတာနဲ့တင် မောနေလောက်ပီ
ဆရာတို့က စိတ်ပျော့တာမကြိုက်ဘူး
ရအောင်မွေးမယ်ဆိုတဲ့ မိခင်စိတ်မွေးထား ကြားလား
''ဆရာ ကျမ ညှစ်ချင်လာပြီ''
ဟုတ်ပြီ မှန်တယ် တော်လိုက်တာ ဆက်ညှစ် ဆက်ညှစ်
ညှစ် ညှစ် ညှစ် ညှစ် ညှစ် ညှစ်
ဘေးနားက ဆရာမလေးတွေက ကူအော်
လက်ခုပ်လက်ဝါးတွေတီး ဟုတ်တယ် မှန်တယ် ထွက်တော့မယ်
ညှစ် ညှစ် ညှစ်
ဟေး ထွက်ပီကွ
ဟေ ဆရာမရေ ကလေးက မငိုဘူး
ကလေးဆရာဝန်ရောက်ပြီလား
ဆရာရေ့ ကလေးက အူဝဲ အူဝဲလို့ မအော်ပဲ
လူဒိုင်း လူဒိုင်း လူဒိုင်း လူဒိုင်း လူဒိုင်းဆိုပီးအော်နေတယ်။
မျက်နှာလေးကလည်း ပြုံးချိုနေတာပဲဆရာရေ
ဟေ ဟုတ်ပါ့ အဲ့ဒါဆို ဒီကလေးကို နာမည်ပေးရင်
အခုတလော နာမည်ကြီးနေတဲ့ ချမ်းမြေ့မောင်ချိုလို့မှည့်ရအောင်လေ။
ဆရာမတွေထဲက တချို့တဝက် တိတ်ဆိတ်သွားကြလေသည်။
ဆရာမတချို့က သဘောမတူကြလေဟန်။
ကျမတို့က ဖြိုးမြတ်အောင်ရဲ့ ပရိသတ်ပါ။ ဖြိုးမြတ်အောင်နာမည်ပါတာ
လေးမှတ်ပေးပါ။
မရဘူးဆရာ ကျမတို့က ချမ်းမြေ့မောင်ချိုပရိသတ်
ဖြိုးမြတ်အောင်နာမည်မပါစေနဲ့ဆရာ။
မရဘူး ဒို့က ကွီးဖြိုး ဒို့ကမောင်ချို ဆရာမတွေအငြင်းပွားကုန်ကြလေသည်။
လူနာကို တချက်ကြည့်လိုက်တော့ မလှုပ်မယှက်
အချင်းက အခုထိမကျသေး။
ဆရာမရေ Synto လေးထပ်ထိုးပေးပါအုံး။
လူနာက တုပ်တုပ်မျှမလှုပ်။
ဟေ့ လူနာ ဘာဖြစ်လို့တုန်း ဘယ်လိုနေလို့တုန်း?
ကျမကလေးကို ဆရာတို့ ဆရာမတို့ပဲ ယူသွားလိုက်ပါတော့။
ကျမက အဲ့ လူ၂ယောက်အကြောင်းမကြားချင်တော့လို့ပါ။
ဘာဖြစ်လို့တုန်း အဲ့၂ယောက်က ဘာလုပ်နေလို့တုန်း?
ဘာမှတော့မလုပ်ပေမယ့် ကျမယောက်ျားနဲ့ကျမ ဒီကလေးမမွေးခင်
တုန်းက အဲ့၂ယောက်နဲ့ပတ်သက်ပြီး အချေအတင်စကားများထား
လို့ပါ။
ကျမက ဖြိုးမြတ်အောင်ကို အားပေးတာပါ
ကျမယောက်ျားက ချမ်းမြေ့မောင်ချိုကို အားပေးတာပါ။
တကယ်တော့ ကျမတို့ လင်မယား၂ယောက်က ရင်နင့်အောင်ချစ်ကြတာပါ။ အရမ်းချစ်တော့ သဝန်တိုတာမှာလည်း ၂ယောက်မရှိပါဘူး။
အခုလည်း ကျမကို ဖြိုးမြတ်အောင်နဲ့ သဝန်တိုပြီး
ဒီကလေးက ဖြိုးမြတ်အောင်နဲ့ရတာလား ဘာလားဆိုပြီး
စွတ်စွဲပါတယ်။ ကျမလည်း မခံစားနိုင်တော့လို့
သူ့ကိုလည်း ချမ်းမြေ့မောင်ချိုနဲ့သဝန်တိုမိရင်း စကားတွေလွန်ကုန်ရာကနေ အခုတော့ ကျမတို့၂ယောက်ကွဲသွားကြလို့ပါ။
အဲ့ဒါကြောင့် ဒီကလေးကို ဆရာတို့ပဲ ယူလိုက်ပါတော့။
အော် စိတ်တောင်မကောင်းဘူး။
ဒီလိုလေးလုပ်လိုက်ပါလား ခင်ဗျားရော ခင်ဗျားယောက်ျားရော
အဆင်ပြေသွားအောင် ဒီကလေးကို ဖြိုးမြတ်မောင်ချိုလို့မှတ်လိုက်
ယောက်ျားနဲ့ပြန်ပေါင်းလိုက်နော်။ အောက်ကမွေးလမ်းကြောင်းကို
လှလှလေးပြန်ချုပ်ပေးမယ်နော်။ နည်းနည်းလေးတော့နာမယ်။
''အား နာတယ် ဆရာ ''
ဟေ့ ဖင်ကြီးကတွန့်မသွားနဲ့။ အပ်စူးပီး ချုပ်ရိုးတွေမလှပဲဖြစ်လိမ့်
မယ်။
ဆေးရုံမှာ ဖြစ်ပျက်နေတာလေးတွေနဲ့ အခုတလောဖြစ်ပျက်နေတာလေးတွေပါ။ ဟာသအဖြစ်သာ မြင်စေ ဖတ်စေချင်။
crd

No comments:
Post a Comment