ဘာကြောင့် အမြဲတမ်း ဗိုက်ဆာနေရတာလဲ
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေဖို့အတွက် အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ထဲမှာ တဂွီဂွီ အော်မြည်နေတဲ့အထိ ဆာလောင်နေစဥ်မှာ အစာစားပေးခဲ့ခြင်း မရှိပေးဘူးဆိုရင် ခေါင်းကိုက်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ အာရုံစူးစိုက်၍မရခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ လူအများစုကတော့ အစာစားပြီး နာရီအတော်ကြာတဲ့အထိ ဗိုက်ပြန်ဆာလေ့ မရှိပေမယ့် အချို့ကတော့ အစာစားပြီး အချိန်တိုအတွင်းမှာပဲ ဗိုက်ပြန်ဆာလာလေ့ ရှိကြပါတယ်။ ဒါကြောင့် အမြဲတမ်း ဗိုက်ဆာနေရခြင်းရဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် လုံလောက်မှု မရှိခြင်း
ပရိုတိန်းဓာတ် အနေနဲ့ အစာစားချင်စိတ်ကို လျော့ချပေးနိုင်တဲ့အပြင် ကယ်လိုရီ ပါဝင်တဲ့ အစားအစာတွေ စားသုံးချင်စိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ပရိုတိန်းအနေနဲ့ ဗိုက်ပြည့်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်တွင်း ဆာလောင်စေတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ပရိုတိန်း ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးချင်း မရှိဘူးဆိုရင် ခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ် လုံလောက်မှု ရှိလာတော့မှာ မဟုတ်ပဲ မကြာခဏ ဆာလောင်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
အိပ်ချိန် လုံလောက်မှု မရှိခြင်း
နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ၊ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်သလို အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အိပ်ချိန် လုံလောက်မှု မရှိတဲ့ အခါမှာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ Ghrelin ဟော်မုန်းပမာဏ များပြားလာမှာ ဖြစ်တာကြောင့် မကြာခဏ ဆာလောင်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှု များပြားခြင်း
စိတ်ဖိစီးမှုတွေ များပြားတဲ့ အခါမျိုးတွေမှာ၊ စိတ်ပင်ပန်းဆင်းရဲစရာတွေနဲ့ ရင်ဆိုင်ရတဲ့ အခါတွေမှာ ခန္ဓာကိုယ် အတွင်းကနေ Cortisol လို့အမည်ရတဲ့ ဟော်မုန်းတစ်မျိုး ထွက်ပေါ်လာလေ့ ရှိပါတယ်။ Cortisol ဟော်မုန်းကြောင့် မကြာခဏ ဆာလောင်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ရေဓာတ်ခမ်းခြောက်ခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးပေါင်းများစွာကို ခံစားရမှာ ဖြစ်သလို ခန္ဓာကိုယ်တွင်း ရေဓာတ် လုံလောက်မှု မရှိခြင်းကြောင့် အစာချေစနစ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပဲ မကြာခဏ ဆာလောင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ စားသုံးမှု မရှိခြင်း
အစာချေစနစ် အနေနဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို ချေဖျက်ဖို့အတွက် အချိန်အတော်ကြာ လုပ်ဆောင်ရတာကြောင့် အစာချေဖျက်နေစဉ် အချိန်အတွင်းမှာ ဆာလောင်ခြင်းကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဗိုက်ဆာစေတဲ့ ဟော်မုန်း ထုတ်လွှတ်မှုကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း
လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ဆောင်ခြင်းကြောင့် ကယ်လိုရီလောင်ကျွမ်းမှုနှုန်းလည်း ပိုမိုမြင့်တက်လာမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းမှု မြင့်တက်လာတဲ့ အခါမှာ မကြာခဏ ဆာလောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
အရက် အလွန်အကျွံသောက်သုံးခြင်း
အရက် အလွန်အကျွံသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း ထုတ်လွှတ်မှု နည်းပါးသွားမှာ ဖြစ်တာကြောင့် မကြာခဏ ဆာလောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
ရောဂါဝေဒနာများ ခံစားနေရခြင်း
ဆီးချိုရောဂါ၊ စိတ်ကျဝေဒနာ၊ သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်လည်း မကြာခဏ ဆာလောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
REF: HealthLine, WebMD
enjoy the educations of computer ,phone and medical and other.............
Monday, November 13, 2023
ဘာကြောင့် အမြဲတမ်း ဗိုက်ဆာနေရတာလဲ
အသင့်စား ခေါက်ဆွဲခြောက်များ မကြာခဏ စားသုံးခြင်းရဲ့ ဆိုးကျိုးများ
အသင့်စား ခေါက်ဆွဲခြောက်များ မကြာခဏ စားသုံးခြင်းရဲ့ ဆိုးကျိုးများ
အသင့်စား ခေါက်ဆွဲခြောက်တွေကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ နှစ်သက်စွာ စားသုံးလေ့ ရှိကြပါတယ်။ အသင့်စား ခေါက်ဆွဲခြောက်တွေဟာ ဝယ်ယူရ လွယ်ကူသလို စားသုံးဖို့ အတွက်လည်း အလွယ်တကူ ပြင်ဆင်နိုင်တာကြောင့် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အခါမျိုးတွေမှာ လူအများစု အနေနဲ့ ကြိုတင် ဝယ်ယူ စုဆောင်းမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ အဓိကအားဖြင့် ဂျုံ၊ ဆား၊ ရသာမှုန့်နဲ့ စားအုန်းဆီတို့ ပါဝင်ပါတယ်။ အသင့်စား ခေါက်ဆွဲခြောက် အများစုမှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်နဲ့ အမျှင်ဓာတ်တို့လည်း အနည်းငယ်သာ ပါဝင်ပြီး အဆီဓာတ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ ဆိုဒီယမ်တို့ လွန်ကဲစွာ ပါဝင်ပါတယ်။
ဒါ့အပြင် အသင့်စား ခေါက်ဆွဲခြောက်တွေကို အချိန်ကြာမြင့်စွာ အထားခံစေဖို့ အတွက် တာရှည်ခံဆေးတွေ အသုံးပြုထားတာကြောင့် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အစာချေစနစ်ကို ထိခိုက်စေခြင်း
အစာချေစနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေဖို့ အတွက် ခန္ဓာကိုယ်တွင်း အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေ လုံလောက်စွာ တည်ရှိနေဖို့ လိုအပ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကိုသာ အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ သတ္တုဓာတ်တွေကို လုံလောက်စွာ ရရှိနိုင်မှာ မဟုတ်တာကြောင့် အစာချေစနစ်ကို ထိခိုက်စေမှာ ဖြစ်သလို ဝမ်းချုပ်ခြင်း၊ မအီမသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အသည်းပျက်စီးခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ (Propylene Glycol) လို့ အမည်ရတဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ (Propylene Glycol) ဓာတုဒြပ်ပေါင်း အနေနဲ့ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တာကြောင့် အသင့်စား ခေါက်ဆွဲခြောက်တွေကို နေ့စဉ်ရက်ဆက် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အသည်းပျက်စီးခြင်းကို ခံစားရနိုင်ပါတယ်။
ကျောက်ကပ် ပျက်စီးခြင်း
(Propylene Glycol) ဓာတု ဒြပ်ပေါင်းကြောင့် အသည်းပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်သလို ကျောက်ကပ် ပျက်စီးခြင်းကိုလည်း ဖြစ်ပွားစေနိုင်တာကြောင့် အသင့်စား ခေါက်ဆွဲခြောက်များ အလွန်အကျွံ စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
ခေါင်းကိုက်ခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ Monosodium Glutamate (MSG) လို့ အမည်ရတဲ့ ဒြပ်ပေါင်း တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ (MSG) ဒြပ်ပေါင်း ပါဝင်တဲ့ အသင့်စား ခေါက်ဆွဲခြောက်တွေကို အသင့်အတင့်သာ စားသုံးခဲ့မယ်ဆိုရင် ခန္ဓာကိုယ် အတွက် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေမှာ မဟုတ်ပေမယ့် အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင်တော့ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ဦးနှောက် စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေမှာ ဖြစ်ပါတယ်။
ဆီးချိုရောဂါ ဖြစ်ပွားခြင်း
အသင့်စား ခေါက်ဆွဲခြောက်တွေမှာ အနံ့အရသာနဲ့ ပြည့်စုံစေဖို့ အတွက် သကြားဓာတ်တွေ အမြောက်အများ အသုံးပြုထားတာကြောင့် အမြဲလိုလို စားသုံးခဲ့မယ်ဆိုရင် ဆီးချိုရောဂါ၊ နှလုံးရောဂါစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အဝလွန်ခြင်း၊ လိင်စိတ်စွမ်းဆောင်ရည် ကျဆင်းခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် တစ်ပတ်ကို နှစ်ကြိမ်ခန့်သာ အသင့်စား ခေါက်ဆွဲခြောက်တွေကို စားသုံးပေးသင့်ပါတယ်။
REF: HealthLine, SteemIt
Saturday, November 24, 2018
သမီးကို နွားအကောင် ၅၀၀၊ ကား ၃ စီး၊ ဒေါ်လာ ၁၀၀၀၀ ဖြင့် ဖေ့စ်ဘုတ်တွင် လေလံတင်ကာ သတို့သားရှာခဲ့သည့် ဖခင် on သမီးကို နွားအကောင် ၅၀၀၊ ကား ၃ စီး၊ ဒေါ်လာ ၁၀၀၀၀ ဖြင့် ဖေ့စ်ဘုတ်တွင် လေလံတင်ကာ သတို့သားရှာခဲ့သည့် ဖခင်
သမီးကို နွားအကောင် ၅၀၀၊ ကား ၃ စီး၊ ဒေါ်လာ ၁၀၀၀၀ ဖြင့် ဖေ့စ်ဘုတ်တွင် လေလံတင်ကာ သတို့သားရှာခဲ့သည့် ဖခင်





https://thadinyatkwat.com/archives/12839
Friday, November 23, 2018
ကျွန်တ်ာလဲဖူးသော EMMC # G610 U00 (MTK)
ကျွန်တ်ာလဲဖူးသော EMMC #1
G610 U00 (MTK)
Emmc read only ဖြစ်နေတာလေး
(factory reset ချလည်း data မပျက်
format ချလည်း ဘာမှမပျက်
firmware flash ရင် အောင်မယ် သို့ပေမဲ့ lock တောင်ပြုတ်မှာမဟုတ်ဘူး)
CM2နဲ့ ic စစ်ကြည့်လိုက်တယ်
EMMC လဲလိုက်ပာတော့တဲ့
ဒီအနေအထားမှာဆိုရင်တော့
EMMC လဲကိုလဲရတော့မဲ့အနေအထားပါ
EMMC ကိုခွာလိုက်ပါတယ်
EMMC ဖြုတ်လျက်အနေထားမှာ
CM2 နဲ့ ရေးကြည့်ရင် EMICFG not found ပြမယ်
Flash tool နဲ့ ရေးရင် 4032 error တက်မယ်
သူ့မူရင်းEMMC က
SanDisk
SD7DP28C-4G ဖြစ်ပါတယ်
ကျွန်တော့်ဆီမှာရှိတဲ့ အလားတူ EMMC တစ်လုံး ကောက်ကပ်လိုက်ပါတယ်
(ic ကောင်း မကောင်း မသေချာပါဘူး)
ကပ်ပြီးသွားတော့ flashtool နဲ့ format
ချကြည့်ပါတယ်
အဆင်မပြေပါ
Flashtool နဲ့ပဲ firmware flash ကြည့်တယ်
error 4032 တဲ့ဗျ
ဒီနေရာမှာ စဉ်းစားရမှာက
ဘာကြောင့် error 4032 တက်တာလဲ
(1) EMMC မကောင်းရင် 4032 တက်မယ်
(2) CID မကိုက်ရင် 4032 တက်မယ်
(3) EMMC ကပ်တာ မအောင်ရင် 4032 တက်မယ်
(ဒါက ကျွန်တော့် အကြမ်းဖျင်းထင်မြင်ချက်ပါ
ဒီ့ပြင် အကြောင်းကြောင့်လည်းရှိနိုင်ပါတယ်)
အလားတူ EMMC ကိုရှာကပ်တာမို့
ပုံစံတူ EMMC ကိုပဲကပ်တာမို့ CID မကိုက်စရာအကြောင်းမရှိ
No.(2) ကို ပယ်မယ်
No.(3) ကတော့ လက်ဆပိုင်းနဲ့ဆိုင်တာမို့
ကိုယ့်လက်ဆ ကိုယ်ယုံတဲ့အတွက်
No.(3) ကိုထပ်ပယ်မယ်
ဒါဆို No.(1) EMMC မကောင်းလို့ပေါ့
EMMC လဲပီး firmware ရေးတဲ့နေရာမှာ
အမျိုးအစားတူတဲ့ EMMC ကိုပဲ သုံးမယ်ဆိုရင်
ပြဿနာသိပ်မရှိဘူး
အမျိုးအစားမတူတဲ့ EMMC ကိုသုံးဖို့ စဉ်းစားရင်တော့ CID ကိုက်ဖို့တော့ လိုလိမ့်မယ်
CID ကိုဘယ်လိုညှိမလဲ
(နောက် post တစ်ခုမှာမှ အသေးစိတ်ရေးပါ့မယ်)
ကျွန်တော့်မှာ SanDisk မရှိတော့ပါဘူး
Samsung B309 အသစ် တစ်လုံးတော့ရှိတယ်ဗျ
CID ကိုတိုက်စစ်ကြည့်တော့ B309ကအဆင်ပြေတယ်ဗျ
B309ကို ကပ်လိုက်ပါတယ်
(EMMC မခွာခင်တုန်းက CM2နဲ့ firmware backup ဆွဲထားလိုက်တာရှိတယ်)
အဲဒီ firmware ကိုပဲ flashtool နဲ့ပြန်ရေးတယ်
Not enough storage space error ပြပါတယ်
ဒါကတော့ firmware မှာပါတဲ့ user data size က EMMC မှာ ထည့်လို့ရတဲ့ user data partition size ထက်ပိုကြီးနေလို့ပါ
User data ကိုဖြုတ်ပြီး ကျန်တာ အကုန် flash လိုက်ပါတယ်
ဖုန်းက နိုးသွားပါတယ်
ဒါပေမဲ့ Emergency Data ဆိုပြီး box မှာပဲရပ်နေမှာပါ
ခု ကျွန်တော် flash လိုက်တဲ့ firmware က
G610 U00 ဖြစ်တယ်
userdata size က 40357KB ရှိတယ်
G610 U00+ ပါတဲ့ firmware မှာပါတဲ့
userdata size က 18781KB ပဲရှိတယ်
G610 U00+ က userdata တစ်ခုကိုပဲ flash ပေးလိုက်တယ်
ဖုန်းက တက်လာပါတော့တယ်
IMEl invalid ဖြစ်မှာနော်
IMEI ကိုတော့ မfix တော့ပါဘူး
G610 U00+ firmware ကို CM2 နဲ့ ရေးပေးလိုက်တယ်
Done ပါပြီ။
ဤ post သည် ကျွန်တော့်လို Services ဘီကင်နာ တွေအတွက် ရည်ရွယ်ပါတယ်
Online ပေါ်မှာ တွေ့နေရတဲ့ postတော်တော်များများဟာ ဘီကင်နာတွေ နားမလည်တာများပါတယ်
ဒါကြောင့် ဤ post ကို ရေးဖြစ်တာပါ
EMMC လဲတဲ့အခာ သိသင့်တဲ့ အတွေးပိုင်းတွေထည့်ပေးထားပါတယ်
တစ်ယောက်ယောက် နားလည်သွားတယ်ဆိုရင်တောင် ကျေနပ်ပါပြီ
အဆင်ပြေကြပါစေ။
#မင်းလတ်
fOrever PlanB
TagoneGyi
https://www.facebook.com/groups/171645850050871/permalink/343116666237121/
Wednesday, November 21, 2018
75% OFF! Black Friday starts now
75% OFF! Black Friday starts now
Inbox
| x | |||
|
Nov 21, 2018, 7:53 PM (12 hours ago)
| |||
| ||||
| ||||
|
||||
| ||||
Tuesday, November 20, 2018
ဘယ်လောက်လှတဲ့ မိန်းမဖြစ်ဖြစ်
ဘယ်လောက်လှတဲ့ မိန်းမဖြစ်ဖြစ်
မလှတဲ့ တစ်ချိန် ဆိုတာရှိတယ်...
အဲဒါ ဘယ်အချိန်လဲ သိလား...
"ကလေးမွေးတဲ့ အချိန်..."
ဗိုက်ကနာ...ချွေးကပျံ...အံကကြိတ်...
လူကအော်...နံကနံ နဲ့...
တခါတလေဆို
ပေါင်ကြားမှာ...ညှင်းကွက်
ဖင်မှာ... ဝဲခြောက်လေးတွေ ကိုယ်စီနဲ့...
ဒီကြားထဲ နာလွန်းလို့ ဟိုဆွဲ ဒီဆွဲ လုပ်ရင် မတော်တရော်
ကိုယ့် လက်တွေဘာတွေ ပိတ်ဆွဲပြီး ညှစ်သေးတာ...
မသိရင် သူ့ယောကျာင်္း လိုလို ဘာလိုလိုနဲ့
"ညှစ်နော်...ညှစ်....."ဆိုပြီး အားပေးရသေး...
တခါတလေ...
"မောလို့ ရေလေးတိုက်ပါဦး.... "ဆိုတာက ပါသေး...
တချို့ဆို ကလေးညှစ်ရင်း
အီးတွေက အတောင့်လိုက် ထွက်ကျ...
ရိုးရိုးမွေးဘူးရင် အီးမကုန်းပေးဘူးတဲ့
ဆရာဝန်ဆိုတာ မရှိလောက်ဘူး...
စေတနာ ဗရပွနဲ့ အီးကုန်းပေးမယ်ဟဲ့ ဆိုပြီး မငုံ့လိုက်နဲ့...
တခါတလေ ကံမကောင်းရင် သေးနဲ့ပန်းခံရသေးတာ...
အားရပါးရနဲ့ မွေးမယ်ဟဲ့ ဆိုပြီး
ပေါင်နှစ်လုံးကြားထဲ ခေါင်းသွားမထည့်မိလေနဲ့ ....
အညှစ်မတော်ရင် တန်းနေမှာ....ပါးစပ်ထဲကို...
အီးနဲ့သေး ရန်က ကင်းပြီထားအုံး....
ရေမွှာရေက ရှိသေးတယ်...
တချို့ဆို မြန်မြန်ထွက်ချင်ဇောနဲ့ ဆောင့်ညှစ်လိုက်ရင်
ဗွမ်းကနဲ ပေါက်တာမျိုးတွေရှိတယ်....
အဲလိုဆို မျက်နှာမှာ
ရေမွှာရေရော သွေးတွေရော စင်လို့စင်....
ပြည်မမှာတုန်းကဆို မိန်းမအချို့က အော်တတ်သေးတယ်...
"အောင်မလေး ဆရာရဲ့ဖြည်းဖြည်းလုပ်ပါတော့...
ဒီမှာ နာလို့သေတော့မယ်...ဟင်းဟင်းဟင်း"ဆိုတာမျိုး...
မွေးခန်းအပြင်က နားထောင်ရင် ဘာလိုလို...
တခါတလေ ကလေးကတစ်နေတတ်သေးတာ...
ထွက်တော့မလို ထွက်တော့မလိုနဲ့လေ...
ကလေးဆံပင်မွှေးလေးတောင် အဝမှာမြင်နေရပြီ...
တော်ယုံမထွက်ဘဲ ပြူတစ်ပြူတစ်လုပ်ပြီး
ကိုယ့်ကို ပြောင်ပြနေသယောင်ယောင်...
နာလေ...ညှစ်လေ...မထွက်လေ...
ဖင်ကြီးပွရှုပ်ပွရှုပ် ဖြစ်လေနဲ့...
ကိုယ်တွေလဲ အားမလို အားမရဖြစ်လေနဲ့ပေါ့...
တချို့မိန်းမတွေဆို ကိုယ်နဲ့မဆိုင်သလို
ညှစ်နေရင်းနဲ့ မောပြီး အိပ်ပျော်သွားတတ်သေးတာ...
"ဟဲ့...နည်းနည်ပါးပါးညှစ်ဦးလေ..."ဆိုပြီး
ဖင်ကို ဖြန်းခနဲ ပိတ်ရိုက်လိုက်မှ
"အင်း...အဲ...အီး...အီး....."
ဆိုပြီး တစ်ချက်နှစ်ချက်လောက် ယောင်ယမ်းပြီး ထညှစ်...
ပြီးတော့လဲ ပြန်အိပ်တာဘဲ...
စိတ်မရှည်လို့ ညှပ်ဆွဲရပြီဆို လဲ...
ခြေစုံကန် ပြီး ချွေးပေါက်ပေါက်ကျအောင်ဆွဲရတာ...
တခါတလေ ကိုယ်ကဆွဲလိုက်...
မိန်းမ ဖင်ကြီးက မြောက်တက်လာလိုက်....
သူ့ဆီးခုံနဲ့ ကိုယ့်မေးစေ့နဲ့ ချိတ်မလို ဖြစ်လိုက်နဲ့လေ....
ဒါတင်ပြီးပြီ မထင်နဲ့...
တချို့ကလေး တွေကလဲ ဇ လေးတွေနဲ့
အူဝဲ ဆိုပြီး
ထွက်လာကတည်းက သေးနဲ့ ပန်းသွားတတ်သေးတာ...
ကလေးထွက်ပြီးတော့ ပြီးပြီမထင်နဲ့ဦး...
အချင်းက ကပ်ချင်ကပ်တတ်သေးတာ...
တချို့အချင်းတွေက ပေကပ်ကပ်...
အချင်းကျပြီးတော့လဲ မပြီးသေး...
ကိုယ့်ကိစ္စ ကိုယ်ပြန်ရှင်းရသေးတာ...
ကိုယ်ချဲ့ထားတဲ့ မွေးလမ်းကြောင်း ကိုယ်ပြန်ချုပ်ဘဲ...
တခါတလေ ကလေးကကြီးရင် အထဲမှာ ကွဲတတ်
ပြဲတတ်သေးတာ...
အဲတော့...အဆစ်ပေးရင်ပေးရသေးတာ...
ချုပ်တော့လဲ တချို့က နာလို့ဆိုပြီး
ဖင်ကို ဟိုဘက်ရမ်း ဒီဘက်ရမ်း လုပ်သေးတာ...
သူရမ်းတဲ့ဘက် ကိုယ်ကလိုက်ချုပ်ဘဲ...
အဲလိုရမ်းတဲ့သူတွေတွေ့ရင် စိတ်ထဲတွေးမိတယ်...
ဒါမျိုးကျတော့ ရမ်းတယ်ပေါ့...လို့...😂
အဲလောက် စိတ်ပျက်စရာ ကောင်းတဲ့ အလုပ်ဗျာ...
တခြားသူတော့ မသိဘူး...
ကျွန်တော်တော့ ရိုးရိုးမွေးရမယ်ဆို သိပ်စိတ်မပါ...
ဗိုက် အယောက် ၁၀၀ လောက်သာ ပြေးခွဲချင်မိတယ်...
အဲလို စိတ်မပါတာတောင်
ဒီမှာ မိန်းမ နှစ်ယောက်လောက်ကြုံဘူးတယ်...
တစ်ယောက်က ဝ...
တစ်ယောက်က လားဟူ...
ဆေးရုံ ကလေးလာမွေးတယ်...
ဘယ်လိုမှ ထမိန်လှန်ခိုင်းလို့ မရ...ဆူလဲ မလှန် ဆဲလဲ မရ...
ပုံစံကြည့်တော့လဲ ကိုယ့်အမေလောက်...
မျက်နှာက စူပုပ်ပုပ်...
ဆံပင်က ဖားလား...
ချွေးကတလုံးလုံး...
မည်းမည်းတူးတူး...
ညစ်ညစ်ပတ်ပတ် ...
နံနံစော်စော်နဲ့...
ရေ ၇ရက်လောက် မချိုးရသေးတဲ့ရုပ်...
မသိရင် ကိုယ်ကဘဲ သူ့ဟာကြည့်ချင်လို့ လှန်ခိုင်းသလိုလို...
ပြီးတော့ သားဦးလဲမဟုတ်...
ကိုယ်တွေမျက်နှာက စိုင်းအောင်တင့်လို အဆီတဝင်းဝင်း
ဖြစ်နေလို့လားတော့ မသိ...
သူက မလှန်လေ...
ကိုယ်က လက်အိပ်စွပ်ထားတဲ့လက်၂ချောင်း ပိုထောင်ပြလေဘဲ...
နောက်ဆုံး ဘယ်လိုဘဲပြောပြော...
အသေသာခံမယ်...ရှင်နဲ့တော့ မလှန်ဘူး ဆိုတဲ့ မျက်နာပေး...
ကိုယ်တွေလဲ ဒါမျိုးဆို စိတ်သိပ်ရှည်တာ မဟုတ်...
"မလှန်လဲနေ... သွား...အိမွန် ကိုသွားခေါ်လိုက်..."ဆိုပြီး
လူနာကို
"ခင်ဗျားဟာများ ကြည့်ချင်လွန်းလွန်းလို့..."ဆိုပြီး
ထွက်လာရတယ်...
ချောချောလှလှ ဖြူဖြူဖွေးဖွေးလေး နဲ့
တခြားအချိန်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ...😂
Dr. Thet Khine Min
https://www.facebook.com/253485311683654/photos/a.479648165734033/738985056467008/?type=3
Monday, November 19, 2018
သံဝေဂ ရစရ
•••••••••••••
သီရိမာကို စွဲလန်းမိသော ရဟန်းတော်
******************************
မြတ်စွာဘုရားက
ဖူးရောင်ကြွတက်နေတဲ့ သီရိမာရဲ့ ရုပ်အလောင်းကို အများမြင်အောင်
သုသာန်သင်္ချိုင်းမှာ ထုတ်ပြထား ထားတယ်။အရမ်းလှလွန်းတဲ့ သိရီမာ ကို တပ်မက်စွဲလန်းနေတဲ့
ဲ့ရဟန်းတော်က အလောင်းကောင်ကြီးမြင်လိုက်တာနဲ့ အကြီးကျယ် ထိတ်လန့် တုန်လှုပ်သွားတယ်။
မယုံနိုင်အောင်ဖြစ်မိ မျက်လုံးတွေ ပွတ်ကြည့်ပြီး-
" ဒါ ငါ စွဲလန်းခဲ့တဲ့ အလှမယ်လေးပါလား ဟိုတုန်းက လှခဲ့တဲ့ ဒီကလေးမရဲ့ အလှတွေ ခုတော့ ဘယ်ရောက်ကုန်ပြီလဲ "
လို့တွေးနေချိန်မှာ
မြတ်ဘုရားက-
" အသက်ရှင်စဉ်က တစ်ည အသပြာတစ်ထောင် ပေးမှ ပျော်ပါးခွင့်ရတဲ့ အလှမယ် အခု ဘယ်သူယူ ကြမလဲ " မေး လိုက်ပါတယ်။
ဒီအချိန်မှာ ရဟန်းတော်ဟာ မြတ်စွာဘုရားက-
``ချစ်သား! သီရိမာကို ယူမလားလို့ ငါ့များ မေးနေရင် ဒုက္ခပါပဲ " လို့တွေးနေမိသတဲ့
ဒီနားလေးမှာ တစ်ချက် ဆင်ခြင်ကြည့်လိုက်ပါ။
မပုတ်မပွ အရမ်းလှနေလို့သာ ခင်တွယ်နေကြတာပါ။ အရမ်းလှ အရမ်းချောနေလို့ လဲ မာန်တက်စရာမလို။
အရမ်းချမ်းသာ ပညာတွေ အရမ်းတတ်နေလို့ လဲ မောက်မာ နေစရာမလို သေရင် ဘာတစ်ခုမှ အသုံးမဝင်တော့ဘူး။
အသုဘကမ္မဋ္ဌာန်း စီးဖြန်းထားရင် မာန်မာနတွေ လျော့ကျ လာမှာပါ မသေခင်တောင် နေ့စဉ် ပြုပြင် ရေချိုးပေးနေရတဲ့ အသုဘ ခန္ဓာ ကိုယ်ကြီးပါ။ ~~~
သီရိမာ နဲ့တွေ့ရမယ်ဆိုလို့
သူ့ခမျာ ဝမ်းသာအားရ ချက်ချင်း ထလိုက်လာမိတာ ခေါ်လာတာက အိမ်လဲမဟုတ် သုသာန်သချုင်္ိင်း
တွေ့လိုက်ရတာက သီရိမာရဲ့ အပုတ်ကောင်
ဒီသီရိမာရဲ့ အပုတ်ကောင်ကို
တုန်လှုပ်စွာကြည့်နေရင်း မြတ်စွာဘုရားဟောတဲ့
တရားကို နာ လိုက် နာကြားရင်း
သောတပတ္တိ မဂ်ဥာဏ်ကို ဆိုက် ရောက်ခဲ့ရ ပါသတဲ့~~
အစွဲလန်းကြီး စွဲလန်းနေကြသူများနှင့် အလှမာန် ဓနမာန် ပညာမန်တက်နေကြသူများ~
ဤစာအား ဖတ်ရင်း ကိုယ်ပိုင်ဥာဏ်ဖြင့် ဆင်ခြင်ကာ သံဝေဂဥာဏ် ဖြစ်မိပါစေ လို့ ဆန္ဒပြုလျှက်
ဒါနပြုပါသည်။
Credit --ဓမ္မ စေတမန်
------------
နောက်ဆုံးတစ်နေ့
***************
သဗ္ဗံ အာရောဂျံ ဗျာဓိပရိယောသာနံ။
ကျန်းမာတယ်ဆိုတာ အားလုံးနာဖျားမှုအဆုံးရှိတယ်။
သဗ္ဗံ ယောဗ္ဗနံ ဇရာပရိယောသာနံ။
နုပျိုတယ်ဆိုတာ အားလုံးအိုမင်းမှုအဆုံးရှိတယ်။
သဗ္ဗံ ဇီဝိတံ မရဏပရိယောသာနံ။
ရှင်သန်တယ်ဆိုတာ အားလုံးသေခြင်းအဆုံးရှိတယ်။ Credit by.
https://www.facebook.com/groups/117665805441496/permalink/437149463493127/
နိဗ္ဗာန် ဆိုတာ
နိဗ္ဗာန် ဆိုတာ
** အသင်္ခတ တရားလည်း ဖြစ်ရပါမည်။
** ပရမတ် တရားလည်း ဖြစ်ရပါမည်။
** အနတ္တ တရားလည်း ဖြစ်ရပါမည်။
** ဗဟိဒ္ဓ တရားလည်း ဖြစ်ရပါမည်။
** ပစ္စည်း တရားလည်း ဖြစ်ရပါမည်။
** အ ပစ္စယ တရားလည်း ဖြစ်ရပါမည်။
** အဗျာကတ တရားလည်း ဖြစ်ရပါမည်။
** အနိမိတ္တ တရားလည်း ဖြစ်ရပါမည်။
** နိဗ္ဗာန်သည် ဥပါဒ်စွန်း ဘင်စွန်းမရှိ။
နိဗ္ဗာန်ကို နိဗ္ဗာန်ဟု မမှတ်ရ၊
ထူးသောဉာဏ်ဖြင့် မြင်မှ တိတိကျကျ သိ၏။
နိဗ္ဗာန်သည် နှစ်ခုသုံးခု မရှိ၊ တစ်မျိုးတည်းသာ ရှိ၏။
ရာဂက္ခယော ၌ ခယ - သဒ္ဒါ
၁။ ကုန်ခြင်း အရ = ကိလေသာ မရှိခြင်း
( အဘာဝပညတ် ) ရ၏။
၂။ ကုန်ရာ အရ = အရဟတ္တဖိုလ် ရ၏။
၃။ ကုန်ကြောင်းအရ = မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန် ရ၏။
. နိဗ္ဗာန် ဆိုတာ
* ဖြစ် မဖြစ် ပရမတ် အစစ် ။
* ဖြစ် နှင့် မဖြစ် သဘာဝနှစ်မျိုးသာ ရှိ၏။
* ဖြစ်သဘောကို ခန္ဓာဒုက္ခဟု ဟောတော်မူ၏။
* မဖြစ်သဘောကို နိဗ္ဗာန်ဟု ဟောတော်မူ၏။
* မဖြစ်သဘောကို အာရုံပြုပါများလျှင်
ဖြစ်သဘော ငြိမ်းသွားပါသည်။
* မဖြစ်နိဗ္ဗာန် အာရုံပြု ဝိပဿနာ ရှုရပါသည်။
* ဖြစ်သဘောတို့ ငြိမ်းသည်ကိုပင်
ခီဏာဇာတိ ဟု ဟောတော်မူခဲ့ ပါပေ၏။
* မဖြစ်နိဗ္ဗာန် အာရုံပြုလျှင် တရားမြင်သည်ဟု မိန့်တော်မူ၏။
( ခု.၉၊ ၅၇/၈။ ၁၀၂/၃။ သံ၁. ၁၉၈ )
** ရဟန်းတို့ မဖြစ်သဘောသည် ထင်ရှားရှိ၏ ။
အကယ်၍ မဖြစ်သဘောသည် မရှိငြားအံ့၊ ဤလောကဖြစ်သဘောမှ လွတ်မြောက်ရာသည် မထင်ရှားရာ။ အကြင်ကြောင့် မဖြစ်သဘောသည် ထင်ရှားရှိ၏။ ထို့ကြောင့် မဖြစ်သဘောမှ ထွက်မြောက်ရာသည် ထင်ရှား၏ ဟုမိန့်တော်မူ၏။
( ဥဒါန်းပါဠိတော် ၁၇၈။ ဣတိဝုတ်ပါဠိတော် ၂၂၀)
( ပသုံးလုံ )
https://www.facebook.com/groups/117665805441496/permalink/379800422561365/
Sunday, November 18, 2018
2019 ခုနှစ် Mobile Services ဆရာများ၏ ရှေ့ပြေးနိမိတ်များ
ရှေ့ပြေးနိမိတ်များ
2019 ခုနှစ် Mobile Services ဆရာများ၏
ရှေ့ပြေးနိမိတ်များ
======================
မြန်မာနိုင်ငံ၏ တိုးတတ်ပြောင်းလဲ လာမှူနဲ့ လျော်ညီစွာ Mobile Services သမားများရဲ့အရည်အသွေး
နည်းပညာများ.တိုးတတ်မြင့်မားလာအံ့..
မြင့်မားတိုးတတ်လာသော နည်းပညာနဲ့ အညီ
လူတိုင်း ဖုန်းပြင်တတ်ကြအံ့..
ဖုန်းအားကျွမ်းကျင်စွာ မပြင်တတ်သော်လည်း
မတတ်မခြင်းတသက်တာဟူသော ဂျင်းစကားဖြင့်
သင်တန်းများဖွင့်စားလတ္တံ့..
ဖုန်းပြင်သင်တန်းသားများသည်လည်း
မတတ်မခြင်းဆိုသလို မသေမခြင်းသင်ရလတ္တံ့
Mobile services သမားများ
များပြားလာသည်နှင့်အမျှ ဖုန်းဆိုင်များ
အိမ်တိုင်းရှိလတ္တံ့..
ဖုန်းအရောင်းအဝယ်ထက်
ဘုတ်ရောင်း ဘုတ်ဝယ်များ ဝင်ငွေပေါအံ့..
Mobile Services ဆိုင်များ
ခွက်ဈေးများ တောင်းရန်မလိုအောင်
ခွက်ပါ ပျောက်အံ့..
ပညာရှိများ ငြိမ်၍
မတောက်တခေါက်များ ဖင်ခေါင်းကျယ်အံ့..
Mobile အပိုပစ္စည်း ဆိုင်များချမ်းသာသော်လည်း
Mobile Service သမားများ ငတ်လတ္တံ့..
ရိုးသားကြိုးစားသော နည်းပညာသင်သမားများ
ဂျောင်ထိုးခံရ၍ ဘောမနည်းပညာသင်သမားများ
နေရာရအံ့..
Mobile Services ဆရာများသည်
Customers များ ၏ ဆရာလုပ်ခြင်းကို ခံရလတ္တံ့..
နောက်ဆုံးတွင် Mobile Services ဆရာများသည်
စိတ်ကုန်ခြင်း စိတ်ပျက်ခြင်း စိတ်နာခြင်းတို့ဖြစ်ကာ
သာသနာဘောင်သို့တတ်ကာ
ဘုန်းကြီးဝတ်သွားကြလတ္တံ့...
ဤကား 2019,ခုနှစ် Mobile Services ဆရာများ၏
ရှေ့ပြေးနိမိတ်များ ဖြစ်၏..
ကံကောင်းလိုလျှင် ကံဘောင်ပေါ်တွင်
ကင်မီးကောက်ထောင်၍ ကောင်းကင်ကို ကြည့်ကာ
ကယ်ပါ ကယ်ပါ ကယ်ပါ ဟူ၍
သက်စေ့အော်ဟစ်ပါ..
သိသိသာသာ ထူးခြားလာမည်ဖြစ်၏။
အဆောင် ။ ။ အရှည်သုံးပေရှိသော ဓားမြှောင် အားလွယ်၍ သွားလေရာ ဆောင်ထားပါ..လေ..
ရောက်လေရာအရပ် လူရိုသေ
အန္တရာယ် ကင်း၍ ဘေးရှင်းစေမည်..
ယတျာ။ ။ ဖင်ကိုကော့ကာ ဖုန်းဖြင့် ဓာတ်ပုံရိုက်၍
ဖေ့ဘုတ်စ်ပေါ် တင်ပါလေ..
ထင်ပေါ်ကျော်ကြားအံ့..
ကံကောင်းစေသောဂဏန်း။ ။ ပင်လယ်ဂဏန်းဖြစ်၏..
ဗိုက်ကို ပြည့်စေလတ္တံ့...
😂😂😂😂😂😜😜😜😜
××××××××××××××××××××××
ပေါက်ကရရေးခြင်းဖြစ်၍
အပျော်သဘောဖြင့်သာ.ဖတ်ကြပါရန်..
မည်သူကိုမျှ စော်ကားလိုခြင်းစိတ်မရှိပါ..
စောင်းသလို ဖြစ်သွားရင်
Sorry....
မရည်ရွယ်ပါဘူး 😁😁😂😂
ငလူးးး ရှောင်တတ်ရတဲ့ဟ! !
ရုပ်ကချောချောနဲ့ လူအမုန်းခံနေရရင် ဒုက္ခ😃😂😜
crd NaingLin
https://www.facebook.com/photo.php?fbid=734251146973226&set=a.115350288863318&type=3
Saturday, November 17, 2018
မပြည့်တဲ့အိုး
“မပြည့်တဲ့အိုး "
🎭🎭🎭🎭🎭
လောကမှာ မပြည့်တဲ့အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...
လူတစ်ချို့က
ကိုယ့်ကိုယ်ကို အတော်ဆုံးပါလို့ ထင်မြင်ပြီး
တစ်ဖက်သားကို အထင်သေးတတ်ကြတယ်...
ကိုယ့်ထက် မိုးပျံအောင် တော်တတ်နေသူတွေ
တစ်ပုံကြီးရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....
လူတစ်ချို့က
ကိုယ့်ကိုယ်ကို အချမ်းသာဆုံးပါလို့ မှတ်ထင်ပြီး
တစ်ဖက်သားကို ချိုးနှိမ်တတ်ကြတယ်....
ကိုယ့်ထက် ကျိကျိတက် ချမ်းသာသူတွေ
ဒုနဲ့ဒေး ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....
လူတစ်ချို့က
ကိုယ့်ကိုယ်ကို ပြည့်စုံလွန်းသူလို့ သတ်မှတ်ပြီး
တစ်ဖက်သားကို နှာခေါင်းရှုံ့ တတ်ကြတယ်...
ကိုယ့်ထက်ပေါများ ပြည့်လျှံသူတွေ
အမြောက်အများ ရှိတယ်ဆိုတာ
သိထားဖို့ လိုပါတယ်....
ဘဝမှာလူတိုင်းကတော့
သူ့အရည်အချင်းနဲ့သူ ရှိကြပါတယ်...
ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ
သူ့ဆီမှာ ရှိနိုင်သလို
သူ့မှာ မရှိတဲ့ အရည်အချင်းတွေလည်း
ကိုယ့်ဆီမှာ ရှိနေနိုင်ပါတယ်.....
ဘာမှမမြဲတဲ့ လောကမှာ ဘဝကို
ပုံသေတွတ်မထားပါနဲ့
အောင်မြင်ခြင်းနဲ့ ရူံးနိမ့်ခြင်းဆိုတာ
ခေါင်းနဲ့ပန်းလိုပဲအနီးဆုံးရှိနေတာမို့
ဘယ်သူ့ကိုမှ အနိမ့်နဲ့အမြင့်
မခွဲခြားသင့်တာ ကောင်းပါတယ်....
လောကမှာ မပြည့်တဲ့ အိုးတွေက
ဘောင်ဘင်ခတ် တတ်ပါတယ်...
Credit --- Org Uploader
https://www.facebook.com/photo.php?fbid=760304804339544&set=a.265075967195766&type=3
UNLIMITED GOOGLE DRIVE STORAGE FOR YOUR EXISTING ACCOUNT LIFETIME
၂၅ နှစ်အရွယ်တုန်းက
***********
၂၅ နှစ်အရွယ်တုန်းက
ချစ်တယ်လို့ ပြောလာတဲ့သူကသာ
ကိုယ့်ကိုချစ်တဲ့သူ လို့ ထင်ခဲ့တယ်။
၅၂ နှစ် အရွယ်ရောက်တော့
သူကဘာမှ မပြောပဲလည်း ကိုယ့်ကို
ချစ် တဲ့သူမှန်း သိလာတယ်။
၂၅ နှစ်တုန်းက
ရုပ်အလှ ကို မက်မောခဲ့တယ်။
၅၂ နှစ်ရောက်တော့
စိတ်အလှကို မက်မော လာတယ်။
၂၅ နှစ်တုန်းက
အရယူခြင်းဖြင့် အကောင်းဆုံး
ရယူနိုင်တယ် လို့ ထင်ခဲ့တယ်။
၅၂အရောက်မှာ
ပေးကမ်းခြင်း က အကောင်းဆုံး
ရယူခြင်း လို့ သိလာတယ်။
၂၅ နှစ်တုန်းက
ပညတ် ကို ဦးစားပေးခဲ့တယ်။
၅၂နှစ်မှာ
ပရမတ် ကို ဦးစားပေးရမှန်းသိလာတယ်။
၂၅နှစ်မှာ
မိဘ ဆိုတာ ကိုယ်လိုတာ
ဖြည့်ဆည်းပေးမဲ့သူ လို့ ထင်ခဲ့တယ်။
၅၂ နှစ်မှာ
မိဘဆိုတာ ကိုယ်က
ရာသက်ပန်ဖြည့်ဆည်းပေးရမဲ့
ကျေးဇူးရှင် လို့ သိလာတယ်။
၂၅နှစ် တုန်းက
ဆရာ ဆိုတာ စာသင်ပေးတဲ့သူလို့ 
ထင်ခဲ့တယ်။
၅၂အရောက်မှာ
ဆရာဆိုတာ ပညာသင်ပေးတဲ့
ဒုတိယမိဘ လို့ သိလာတယ်။
၂၅နှစ်တုန်းက
ပညာဆိုတာ ဘွဲ့ လက်မှတ်တွေပဲ လို့
ထင်ခဲ့တယ်။
၅၂နှစ်မှာ
ပညာဆိုတာဝေဘန်ပိုင်းခြားနိုင်စွမ်းသော
အသိ ဆိုတာနားလည်လာတယ်။
၂၅နှစ်တုန်းက
သူငယ်ချင်းဆိုတာ အတူစား
အတူကစားတဲ့သူလို့ ထင်ခဲ့တယ်။
၅၂နှစ် မှာ
သူငယ်ချင်းဆိုတာ
ထာဝရမိတ်ဆွေ ဆိုတာ သိလာတယ်။
၂၅နှစ်တုန်းက
ဥစ္စာကိုရှာချင်ခဲ့တယ်။
၅၂နှစ်မှာ
တရားကိုရှာချင်လာတယ်။
၂၅နှစ်တုန်းက
အိမ်ထောင်ဘက်ဆိုတာ ရာသက်ပန်
လက်တွဲမဲ့သူ လို့ ထင်ခဲ့တယ်။
၅၂နှစ်မှာ
အိမ်ထောင်ဘက်ဆိုတာ
ရေစက်ရှိသလောက်
လက်တွဲရမဲ့သူလို့ သိလာတယ်။
၂၅ နှစ်တုန်းက
တရားရှာတဲ့ အလုပ်က တတိယအရွယ်မှ
လုပ်ရမယ်လို့ ထင်ခဲ့တယ်။
၅၂နှစ် ရောက်တော့
တရား ရှာတဲ့ အလုပ်က
လူဖြစ်ကတည်းက လုပ်ရမဲ့အလုပ်မှန်း
သိလာတယ်။
၂၅နှစ်တုန်းက
ကြိုးစားတိုင်း ဖြစ်ရမယ် လို့ ထင်ခဲ့တယ်။
၅၂နှစ်မှာ
အတိတ်ကံ ပစ္စုပ္ပန် ကံ နှစ်ခု ညီညွတ်စွာ
ကြိုးပမ်းသော ကောင်းမှု ကံကမှ
အောင်မြင်နိုင်မယ်ဆိုတာ သိလာတယ်။
၂၅နှစ်တုန်းက
အားလုံးရဲ့  အချစ်ကို လိုချင်တယ်။
၅၂ နှစ်မှာ
အားလုံးကို ချစ်ပေးချင်လာတယ်။
်( ၅၂၈ အချစ်ကိုဆိုလိုသည် )
၂၅ နှစ်တုန်းက
လက်ထဲရှိသော အရာ အားလုံး
ကိုယ်ပိုင်တယ်လို့  ထင်ခဲ့တယ်။
၅၂နှစ်မှာ
ကိုယ်ပြုသောကုသိုလ် နဲ့ အကုသိုလ် ပဲ
ကိုယ်ပိုင်တယ်လို့ သိလာတယ်။
၂၅နှစ်တုန်းက
ရယူလိုစိတ်များခဲ့တယ်။
၅၂နှစ်မှာ
စွန့် လွှတ်လိုစိတ်များလာတယ်။ ။
(စိတ်တူသူ မည်သူမဆို share ခွင့်ပြုပါသည်)
လေးစားစွာဖြင့်
( နွယ် နီ လတ်)
https://www.facebook.com/photo.php?fbid=2034407423512210&set=a.1865640140388940&type=3
Thursday, November 15, 2018
16.11.2018 (10:04 AM) btc rate
Tuesday, November 13, 2018
ခရစ်ယာန်တွေလှူတာ ဘာအသံမှ မကြားရဘူး။
ကုလားတွေလှူတာ ဘာအသံမှ ထွက်မလာဘူး။
ခရစ်ယာန်ရော ကုလားရော မရှိဆင်းရဲသားကို အများဆုံးလှူကြတယ်။
ကုလားဆိုရင် ဘုရားကျောင်းကို မလှူမနေရလို့ မပြောထားပေမယ့်
မရှိဆင်းရဲသားကိုမလှူမနေရဆိုပြီး သတ်မှတ်ချက်တစ်ခု(ဇကဒ်)ရှိတယ်။
အဲဒီတော့ မရှိဆင်းရဲသားတွေနည်းလာတော့ ပလီကျောင်းတွေ၊ချာ့ခ်ျကျောင်းတွေအတွက်
လော်စပီကာ တကားကား၊ခမောက်လေးဆောင်းပြီး ခွက်လေးတစ်လုံးနဲ့ အလှူလိုက်ခံစရာမလိုဘူး။
လိုအပ်လာရင် အောက်ခြေလူတန်းစားကနေစပြီး အလိုက်တသိလာလှူသွားကြတယ်။
အဲလိုလှူတဲ့အတွက် ကမ္ပည်းထိုးပေးစရာမလိုသလို မောင်းတီးပေးစရာလည်း မလိုဘူး။
တစ်နေ့ထမင်းတစ်နပ်စားရဖို့ ခဲယဉ်းနေတဲ့ လူတွေအများကြီးရှိနေတဲ့ နိုင်ငံမှာ
ရှိပြီးသားနေရာတွေမှာပဲ ထပ်ကာတလဲလဲ လှူကြပါရဲ့။
မောင်းတီးချင်တာများသလို ကိုယ့်နာမည်ကို ကမ္ပည်းထိုးချင်ကြတယ်။
ကထိန်လိုနေရာမျိုးမှာ မရှိဆင်းရဲသားကို လှူမယ်ဆိုရင် သုံးနှစ်လောက်မှာ နိုင်ငံဆင်းရဲမှုကနေ တိုးတက်လာပါမယ်။
နောင်ဘ၀ကူးကောင်းအောင်လှူပါတယ်လို့ပြောကြမယ်ဆိုရင်တော့
ဟိုအရင်ကတည်းက မြန်မာနိုင်ငံမှာ နောင်ဘ၀ကောင်းအောင်လှူခဲ့ကြတဲ့သူတွေ
သေသွားပြီးနောက်မှာ နယူးဇီလန်တို့ အမေရိကန်တို့ ဆွစ်ဇာလန်တို့ မှာ လူသွားဖြစ်ကြတာလားလို့ မေးချင်ပါရဲ့။
မျှော်လင့်ချက်များစွာနဲ့လှူကြပါတယ်။
မိမိနာမည်နဲ့မိမိစီးပွားရေးလုပ်ငန်းmarketing ဆင်းတဲ့အနေနဲ့ လှူကြပါတယ်။
ဘယ်လက်ကလှူတာ ညာလက်ကမသိစေနဲ့ စကားလိုမဟုတ်ပဲ နှမ်းစေ့လောက်လှူတာကို တစ်ကမ္ဘာလုံးသိစေချင်ကြပါတယ်။
နောက်ပိုင်းခေတ်စားလာတဲ့ ပရဟိတလုပ်ငန်းတွေတောင် စီးပွားရေးအမြင်တွေနဲ့လုပ်တာ ၇၅%ရှိပါတယ်။
ခမောက်လေးဆောင်းပြီး ကိုယ်ကျိုးတွေစွန့်နေသယောင်ယောင်၊
နေပူမရှောင်၊မိုးရွာမရှောင် ဒုက္ခဆင်းရဲတွေပဲ ခံနေရသလိုလို
တကယ်တော့ ကော်မရှင်နှုတ်လိုက်ရင် စာကလေးအမြီးနှုတ် ခေါင်းဖြုတ်ပြီးကျန်တာပဲ စာရင်းထဲရောက်ပါတယ်။
မိမိလှူချင်တာကို ချွေးနည်းစာနဲ့ရှာပြီးလှူမယ်ဆိုတဲ့ စိတ်မရှိကြပါဘူး။
အလှူခံရုံနဲ့ အလှူငွေရမယ်လို့ပဲ ထင်ထားကြပါတယ်။
ခရစ်ယာန်တွေ ကုလားတွေဆို တစ်အိမ်တက်ဆင်းအလှူခံတာ ရှိကိုမရှိပါ။
ဒီနိုင်ငံမှာမရှိသလို ခရစ်ယာန်နဲ့အစ္စလာမ်ထွန်းကားတဲ့ တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုးမရှိပါ။
ဘုန်းကြီးကျောင်းတို့ဘုရားတို့မှာတောင် နာမည်ထိုးလို့ကောင်းတဲ့ မုခ်ဦးမှာ
ဦးဘယ်သူမိသားစု (ဘာစီးပွားရေးလုပ်ငန်း)ဆိုပြီးထိုးဖို့ပဲ လုပ်ချင်တယ်။
နာမည်ထိုးလို့ မကောင်းတဲ့ အိမ်သာလိုနေရာမျိုးမှာ လှူချင်သူနည်းတယ်။
"ဘာသာခြားဆိုင်မှာမ၀ယ်နဲ့၊သူတို့ဘုရားကျောင်းတွေဆောက်တဲ့အထဲပဲ အဲဒီပိုက်ဆံကသွားမှာ။
ကိုယ့်ဘာသာဆိုင်မှာပဲဈေးဝယ်ကြ၊အဲဒါမှ အဲဒီပိုက်ဆံတွေ ဦးဇင်းတို့ ဆီရောက်ပြီး ဦးဇင်းတို့အေးဆေးနေရမှာ 😀 😛 "
ဆိုတဲ့ ဂျင်းတွေခနခနမိပါတယ်။
ဟိုအရင်တုန်းက ကိုယ်လည်းဂျင်းမိဖူးပါတယ်။
လှူတာတောင် မရှိဆင်းရဲသားကိုလှူတာထက် ဘုရားကိုလှူမှ ကုသိုလ်ရမယ်ဆိုတဲ့လူတွေများပါတယ်။
(မျှော်လင့်ချက်များစွာ)
ကြာတော့လည်းလေပါတယ်။
ကိုယ့်ပေါင်ကိုယ်ခနခနလှန်ထိုးရင်းနဲ့ ဒီဘာသာတရားနဲ့ ဝေးကွာလာလိုက်တာများ....
ခုဆိုရင် ရာသီတွေဘယ်လောက်ပြောင်းကုန်ပြီလဲမသိတော့ပါ။
Credit : Min Khant Nyein
Via: Aye Thant Kyaw
https://www.facebook.com/zaw.bala.1865/posts/513144032539325






























