လူသေအလောင်းများမသဂြိုဟ်မှီ
တာရှည်ခံရန်အသုံးပြုသည့်ဖော်မလင်ဆေးရည်များပါဝင်နေသောပဲပြားနှင့်ပဲသွေးများ
သီရိမင်္ဂလာဈေးဆိုင်များမှသိမ်းဆည်းဖျက်ဆီး
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)
ဇူလိုင်လ ၁၂ နေ့ ညပိုင်း ၁၀ နာရီကျော်က ရှောင်တခင် စစ်ဆေးမှု
တာရှည်ခံရန်အသုံးပြုသည့်ဖော်မလင်ဆေးရည်များပါဝင်နေသောပဲပြားနှင့်ပဲသွေးများ
သီရိမင်္ဂလာဈေးဆိုင်များမှသိမ်းဆည်းဖျက်ဆီး
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)
ဇူလိုင်လ ၁၂ နေ့ ညပိုင်း ၁၀ နာရီကျော်က ရှောင်တခင် စစ်ဆေးမှု
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေဦးစီးဌာနခွဲ-ရန်ကုန်ရုံးမှ သီရိမင်္ဂလာဈေးရှိ ပဲသွေး၊ပဲပြားနမူနာများကို ရွေ့လျားဓါတ်ခွဲယာဉ်(Mobile lab van) ဖြင့် သန်ခေါင်ယံအချိန်တွင် ဈေးကွက်နမူနာများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း!
၁၁.၇.၂၀၁၇တွင် မှော်ဘီမြို့မဈေးမှ စစ်ဆေးတွေ့ရှိရသောပဲသွေး၏ဝယ်ယူသည့်ပင်ရင်းကို ခြေရာခံကောက်၍၁၂.၇.၂၀၁၇ ရက်ည(၁၀:၃၀)တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်ရုံးအဖွဲ့သည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ဝင်များ(မြို့နယ်ပြည်သူ့ကျန်းမာ၊စည်ပင်ကျန်းမာ၊ထွေအုပ်၊ရဲတပ်ဖွဲ့)၊စည်ပင်ဈေးများဌာန၊စာသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူပေါင်း၍ အဖွဲ့(၂)ဖွဲ့ဖြင့် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးတွင် ပဲပြားနှင့်ပဲသွေးနမူနာတို့ကို ကောက်ယူခဲ့ပါသည်။ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ချက်ချင်း စစ်ဆေးခဲ့ရာ ကောက်ယူခဲ့သော ပဲသွေး(၅)မျိုးတွင် Formalin တွေ့ရှိရပြီး ပဲပြား(၁၃)မျိုးတွင်တော့ Formalin မပါရှိကြောင်းတွေ့ရှိရပါသည်။ရောင်းချသူများကို ခံဝန်ထိုးခဲ့ပြီး ပဲသွေး နမူနာများ(၇၀၀၀ခန့်)ကို သိမ်းဆည်း၍ ဖျက်ဆီးခဲ့ပါသည်။ ပဲသွေးထုတ်လုပ်သည့် ပင်ရင်းလုပ်ငန်းကိုလဲ ဆက်လက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားပါမည်။
ရဲပြည့်ဇာနည် The Voice.
credit: YGN FDA
credit: YGN FDA
No comments:
Post a Comment