မြန်မာနိုင်ငံသား မြန်မာနိုင်ငံသူများ အတွက် သတိပေးချက်
WHO ရဲ့ နောက်ဆုံးအစီရင်ခံစာအရ နိုင်ငံပေါင်း ၁၉၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၉၀ တဲ့.. (ဦးထွန်းလွင် ပေ့ခ်ျမှ…)
ဒီအတိုင်းဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်မှု အားအနည်းဆုံး၊ ရောဂါဘယအထူပြောဆုံး၊ အသေအပျောက်အများဆုံးမှာ မြန်မာနိုင်ငံ ထိပ်ဆုံးကနေ ဗိုလ်ဆွဲတာပေါ့..
ကျနော်တို့ ချစ်တဲ့နိုင်ငံကြီး သိပ်ဆင်းရဲလွန်းတယ်ဗျာ..
ပညာရေးဘက်မှာလည်း အင်မတန်နိမ့်ကျတယ်..
ပညာမပြည့်တဲ့ကြားထဲ လူတွေကဆင်းရဲတော့ စရိုက်တွေက ကြမ်းတမ်းလာတယ်..
မျက်လုံးချင်းဆိုင်ကြည့်ရုံနဲ့ ဓါးနဲ့ထခုတ်ဖို့ ၀န်မလေးတော့ဘူး..
တက္ကသိုလ်ကျောင်းသားတွေရဲ့ အိတ်တွေထဲမှာ သန္ဓေတားဆေး၊ ကွန်ဒုန်းနဲ့ မူးယစ်ဆေးဝါးတစ်မျိုးမျိုး ရှိနေတတ်တယ်..
လူငယ်တွေဟာ လက်ဘက်ရည်ဆိုင်မထိုင်ပဲ ဘီယာဆိုင်နဲ့ အရက်ဆိုင်ထိုင်ကြတယ်..
ဈေးထဲမှာရောင်းတဲ့ အသားငါးတွေမှန်သမျှ လူသေကိုမပုတ်အောင် သုံးတဲ့ ဖော်မလင်တွေ ဖြန်းထားတယ်..
ငါးပိရည်ထဲမှာ ယူရီးယားအဆိပ်တွေပြည့်နေတယ်..
ငါးခြောက်နဲ့ပုစွန်ခြောက်တွေ၊ မျှစ်တွေဟာ ဆိုးဆေးကြောင့် ရဲရဲနီနေတယ်..
ယင်ကောင်တွေဟာ ယမ်းစိမ်း တွေကြောင့် အသားတွေ၊ ငါးတွေပေါ်မှာ မနားဝံ့တော့ဘူး..
ရွှေရောင်မှည့်ဝင်းနေတဲ့ ငှက်ပျောသီး၊ သဘောင်္သီးတွေဟာ နောက်နေ့မနက်ဆိုရင်ပုပ်ကုန်ကြတယ်..
တိုင်းရင်းဆေးနဲ့ လက်ဘက် မှန်သမျှဟာ ထုတ်ပိုးမှုညံ့ဖျင်းမှုကြောင့် ကင်ဆာဖြစ်စေတဲ့ မှိုတွေစွဲနေတယ်..
ရေချိုကန်တွေ မှန်သမျှ အင်းလေလံပစ်ပြီး ငါးမွေးမြူခွင့်ပြုထားတာကြောင့် ဒိုက်စော်၊ ညှီစော်နံနေတယ်..
ကန်ရေညစ်ညမ်းမှုကြောင့် ငါးတွေရာချီပြီးသေတယ်..အဲဒီ ရောဂါပိုးတွေပြည့်နေတဲ့ ငါးသေတွေဟာ ဈေးတွေထဲကိုရောက်ကုန်တယ်..
စိုက်ခင်းတွေကနေ ဓါတ်မြေသြဇာအဆိပ်သင့်နေတဲ့ ရေမည်းမည်းတွေဟာ သောက်ရေကန်တွေထဲကို စီးဝင်နေတယ်.. ဒီရေတွေကိုသောက်ပြီး ၀မ်းပျက်ဝမ်းလျှောရောဂါကြောင့် တစ်နှစ်မှာ လူထောင်ပေါင်းများစွာ သေဆုံးနေတယ်..
မြန်မာနိုင်ငံက စားသုံးဆီများရဲ့ ၈၅% ဟာ ရောနှောဆီဖြစ်တယ်လို့ သိရတယ်..
ပြည့်ကျပ်ပြီး အသားချင်းထိနေအောင်စီးရတဲ့ ဘတ်စ်ကားတွေ၊ လူတကာပါးစပ်နဲ့စားထားတဲ့ လမ်းဘေးဆိုင်က ဇွန်းတွေဟာ ဘီပိုး၊ စီပိုးဖြန့်ဖြူးရာ အရင်းအမြစ်ဖြစ်နေတယ်..
WHO ရဲ့ မြန်မာ့သေဆုံးမှု အချက်အလက်ပြ စစ်တမ်းအရ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အာဟာရ ချို့တဲ့နေတဲ့ကလေးတွေ၊ လမစေ့ဘဲ မွေးတဲ့ကလေးတွေနဲ့ ကူးစက်ရောဂါတွေကြောင့် သေဆုံးသူတွေဟာ အများဆုံးလို့သိရတယ်..
ဖြစ်နိုင်ရင် မြေလွတ်ကလေးရှိပါက တပိုင်တနိုင်စိုက်ပျိုးသင့်တယ်..
အမှိုက်ကိုလည်း စနစ်တကျစွန့်ပစ်ရမယ်..
ရောဂါဘယဖြစ်ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြပါ..
ကလေးတွေကို သွားရည်စာ၊ အပြင်စာလုံးဝမကျွေးပါနဲ့..
ကိုယ်တိုင်လည်း တတ်နိုင်သမျှ အိမ်မှာ စင်စင်ကြယ်ကြယ်ချက်ပြုတ်စားသောက်ပါ..
ငါးပိ၊ ငံပြာရည်ကို တတ်နိုင်သမျှ နည်းနည်းပဲသုံးပါ..
အချိုမှုန့်ကိုလုံးဝမသုံးပါနဲ့..
ကျနော်တို့နိုင်ငံဟာ ခင်ဗျားသိထားတာထက် ပိုအခြေအနေဆိုးနေတယ်ဆိုတာ သဘောပေါက်ပြီး ကိုယ့်မိသားစုမှစပြီး ပြုပြင်ပြောင်းလဲပါ..
အထူးသဖြင့်ပြောလိုတာက နောင်အနာဂါတ်မျိုးဆက် ကလေးငယ်တွေကို မိဘများက ကျန်းမာသန့်စင်အောင် သေသေချာချာ စောင့်ရှောက်ပါ..
မြန်မာနိုင်ငံသားတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ၆၀ ခန့် ရှိပြီး လာအိုနဲ့ အရှေ့တီမောပြီးလျှင် အာဆီယံနိုင်ငံတွေမှာ အနိမ့်ဆုံးဖြစ်တယ်လို့သိရတယ်..
ဆိုလိုတာက ခင်ဗျားအသက် အခု ၄၀ ရှိပြီဆိုရင် နောက်ထပ် နှစ် ၂၀ လောက်ပဲ လူ့လောကကို ဒုက္ခပေးခွင့်ရှိတော့မယ်ဆိုပြီး ပညာရှင်များက ခန့်မှန်းထားတယ်..
(မဟာမိုင်း)
CREDIT, Ko Ko Maung
ဥာဏ်လှိုင်(ခ)ရန်ငြိမ်းသူ
Via : ဥာဏ်လှိုင် https://hlataw.com/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%9E%E1%80%AC%E1%80%B8-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC/

No comments:
Post a Comment