multipotentialite (ဘက်စုံထူးချွန်သူ)
ဟိုတလောက မှ Emilie Wapnick ရဲ့ Ted Talk ကို ကြည့်ပြီး ဒီ multipotentialite ဆိုတဲ့ စကားလုံး ကို ကြားဖူးတာပါ
ဒီ စကားလုံး ကို မြန်မာလို ဘယ်လို ဘာသာ ပြန် ရမလဲ သင့်တော်တဲ့ စကားလုံး ရှာမတွေ့သေးပါဘူး
multipotentialite ဆိုတာ နယ်ပယ်တော်တော် များများ ကိုစိတ်ဝင်စားတဲ့ သူ အလုပ် တခုတည်းကို အတိတကျ မလုပ်ချင်တဲ့သူ တခုခု ကို သင်ယူ တတ်ကျွမ်းသွားပြီ ဆိုတာနဲ့ အသစ်သစ်တွေ ကို လေ့လာသင်ယူ ချင်သူ
တချို့ တွေ ဆို ကြားဖူးကြမှာပေါ့ ငယ်ငယ် ကတည်း က ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာသိတယ် အဲ့ဒီ ဖြစ်ချင်တာကိုပဲ တစိုက်မတ်မတ်လုပ်တယ်
အဲ့လို လူမျိုးတွေ ကျတော့ ကံကောင်းတယ်လို့ ပြောလို့ရတယ် ဘာလို့လဲ ဆိုတော့ သူတို့ ဘာ လိုချင်တယ် ဘာဖြစ်ချင်တယ် သူတို့ရဲ့ ပန်းတိုင်က ဘာဆိုတာ အရင်ကတည်း က ရှင်းရှင်းလင်းလင်း သိပြီးသား ဆိုတော့ ကား သူတို့ဘယ်လမ်းသွားမလဲဆိုတာ အလွယ်တကူ ဆုံးဖြတ်လို့ရတယ်
multipotentialite တွေကတော့ အဲ့ဒီ လို မဟုတ်ဘူး သူတို့ မှာ ရေရာတဲ့ ပန်းတိုင် အတိအကျမရှိဘူး လူကြီးတွေ က "ကြီးလာရင်ဘာလုပ်မလဲ" လို့မေးရင် သူတို့မှ ဖြေစရာအဖြေမရှိဘူး ရှိခဲ့ရင်လည်း အချိန် နဲ့ အမျှပြောင်းလဲ နိုင်တယ်
တခုခု ကို ကျွမ်းကျင် တတ်မြောက်သွားပြီဆို multipotentialite တွေက အဲ့ဒီ နယ်ပယ်မှာ မနေချင်တော့ ဘူး အသစ်အဆန်း ဖြစ်တယ်ဆိုတဲ့အရာ ကိုသင်ယူချင်ကြ လုပ်ကိုင်ချင်ကြတယ်
တချို့တွေ ကြ ကိုယ့်ဟာကိုယ် multipotentialite ဖြစ်နေမှန်း မသိဘူး
ဥပမာ ကျမ ဆိုရင် ကိုယ့်ဘာသာကို Attention Deficit ဆိုတဲ့ အာရုံစူးစိုက်မှုအားနည်းခြင်း ဆိုတဲ့ စိတ်ရောဂါ ရနေလား လို့တောင် ထင်တာ ဘာလို့လဲ ဆို ကျမ
ရဲ့ စိတ်က အရာ တခု တည်းကို စွဲစွဲ မြဲမြဲ ရှိမနေတတ်ဘူး အလုပ်ဆို ခု ၂ ခုပြောင်းပြီးပြီး
ကျမ Accounting လည်းတတ်တယ် ၊ Nursing လဲတတ်တယ် ၊ Cooking ဆိုလဲ
တယ် ၊ Management ပိုင်းလဲ စိတ်ဝင်စားတယ်၊ ကဗျာတွေ စာတွေရေးမလား ရတယ်၊
အလှပြင် ပစ္စည်းကြောင်းဆွေးနွေးမလား ၊ Relationship အကြောင်းဆွေးနွေးမလား၊ စိတ်ရောဂါ အကြောင်းဆွေးနွေးမလား အကုန်ရတယ်
ကျမကို ဆို ကောက်ရိုးမီး လို့ခေါ်ကြတယ်
အဲ့လို အရာရာတိုင်း ကို စိတ်ဝင်စားချင်တာ ဖြစ်ချင်တာ ကို တချို့ က ကိုယ့်ကိုယ်ကို တခုခု မှားနေပြီးလား ငါ တကယ်ပဲ ကောက်ရိုးမီး ဖြစ်နေပြီးလားထင်ကြတယ်
ငြင်းလို့မရတာတခုကတော့ multipotentialite တွေမှာ အဲ့ဒီ attention deficit နဲနဲတော့ ရှိတယ် အတိုင်းအတာတခု အထိပေါ့
တချို့ multipotentialite တွေဆို အရမ်းကြီး သင်ယူတာတွေ လေ့လာတာတွေ များသွားရင် Depression (စိတ်ဖိစီးမှုတို့) Bipolar Disorder (စိတ်ဓါတ် အတက်အကျ အရမ်းမြန်တဲ့ရောဂါ) တို့ ရသွားတတ်တယ်
အဲ့ဒါ ကြောင့် ကိုယ့်စိတ်ကို ကိုယ်နားလည်ဖို့ အရေးကြီးတယ်
မြတ်စွာဖုရားပြောခဲ့ တဲ့ အလယ်အလတ် လမ်းစဉ် ကျင့်သုံးရင် အရာရာ ဟာ အကောင်းချည်းပါပဲ
အဓိက က မိမိသည် specialist ( အထူးပြု) အလုပ်ကို လုပ်လို့မရဘူး ဆိုတာ နားလည်ရ
မယ်
အဲ့ဒီတော့ အလုပ်ရွေးချယ်တဲ့ အခါ Generalists ( ယေဘုယသဘောဆန်တဲ့ နယ်ပယ်အများကြီး ကို ခြုံငုံလုပ်ရတဲ့) အလုပ်မျိုးရွေးချယ်သင့်တယ်ဆိုတာ သိထားရမယ်
ဒါပေမယ့် ရှိသမျှ အရည်အချင်း (Skills) တွေ ကို အကုန် လိုက်သင်လို့မရဘူး
အကုန်သာ လိုက်သင်နေလို့ကတော့ ဒီ တသက် သင်ယူ လို့ ဆုံးမှာဟုတ်တော့ဘူး
အဓိက ပြောချင်တာ က skills တခုကို သင်ပြီး ကိုယ်တကယ်တတ်ကျွမ်းကျင်ပြီး ဆိုရင် အဲ့ဒီ skills ကိုလက်တွေ့ အသုံးချ ကြည့် အနဲ ဆုံး ၂နှစ် ၃ နှစ်
ပြီးရင် နောက် skills တခုကို ပြောင်း ၊ အဲ့မှာ ၂နှစ်၃ နှစ်လောက် လုပ် အဲ့လို နဲ့ ကိုယ့်မှာ skills တွေ အများကြီး ပိုင်ဆိုင်လာရင် ကိုယ်လည်း တကယ်တတ် ကျွမ်းလာရင်
အကုန်လုံး ကို အေးအေးဆေးဆေး လုပ်နိုင်လာမှာဖြစ်တယ်
ခုဆို ကျမ full time အလုပ်က တဖက် ၊ စာရေးတာကတဖက် ၊ online shop လေးကတဖက် ၊ တခါတလေ ဟင်းလေးဘာလေး ချက်လိုက်သေးတယ်၊ အလှပြင်တာလေးဘာလေး လုပ်လိုက်သေးတယ်၊ ခုရွေးထားတဲ့ အလုပ်က ကျမနဲ့ နဲနဲ တော့ကိုက်တယ် ဘာလို့လဲ ဆိုတော့ အလုပ်မှာ သူများတွေ ကို ကိုယ့် ပစ္စည်း ဘယ်လိုသုံးရမလဲ ဆိုတဲ့ teaching skill ပါတယ် ၊ Account skills ဖြစ်တဲ့ inventory monitoring ပါတယ်၊
marketing နဲနဲပါတယ်၊ Quality ပိုင်းနဲနဲပါတယ်။
အားလုံးခြုံငုံပြောရရင် အခုထိ ကိုယ့်မှာရည်မှန်းချက် ပန်းတိုင်တခု အတည်တကျမရှိသေးဘူး လို့ထင်နေတဲ့ multipotentialite တွေ စိတ်ဓါတ် မကျပါနဲ့ လို့ မိမိရဲ့ ရှိတဲ့ ပန်းတိုင်အများကြီး ကိုလည်း အားလုံးရောက်အောင်သွားနိုင်ပါတယ် လို့ ကိုယ့်ကိုကိုယ်အချိန် လေးတခုပဲ ပေးဖို့လိုတာပါ လို့
(စိတ်ဝင်စားရင် Emily Wapnick ရဲ့ Ted Talk ကို Youtube မှာဝင်ကြည့်နိုင်ပါတယ်)
https://www.facebook.com/myjourneyreview/posts/238483996915485

No comments:
Post a Comment