Tuesday, June 5, 2018

အိမ် ကို တီဗီဝယ်လာတော့ စာအုပ်တွေ ဘယ်လိုဖတ်ရလဲ မေ့ကုန်

အိမ် ကို တီဗီဝယ်လာတော့ စာအုပ်တွေ ဘယ်လိုဖတ်ရလဲ မေ့ကုန်
တယ် မော်တော်ကား ဝယ်လိုက်တော့
လမ်းဘယ်လိုလျှောက်ရလဲ
မမှတ်မိတော့ဘူး. . . . 😒

👉လက်ထဲမှာ မိုဘိုင်းဖုန်း ကိုင်နိုင်တော့
ပေးစာ မရေးတတ်တော့ဘူး. . . . . 😒

👉ကွန်ပြူတာ ဆင်လိုက်တော့
စာလုံးပေါင်းသတ်ပုံတွေ မေ့ကုန်တယ်. . .😒

👉အဲယာကွန်း တပ်လိုက်တော့
သစ်ပင်အောက် လေညှင်းခံဖို့ မသွားဖြစ်တော့ဘူး. . . . 😒

👉မြို့ထဲမှာ အနေကြာတော့
ရွှံ့ရနံ့ကို မေ့သွားတယ်. . . . . 😒

👉ဘဏ် တွေ၊ စမတ်ကဒ်တွေ သုံးနေရတော့
ငွေ ရဲ့တန်ဖိုးကို သတိမရဖြစ်ဘူး. . . .😒

👉ရေမွှေးနံ့တွေနဲ့ ရင်းနှီးနေတော့
ပန်းရနံ့သင်းသင်းကို မေ့နေခဲ့တယ်. . . . 😒

👉အသင့်စား Fast Food စနစ်နဲ့ ယဉ်ပါးလာတော့
ကိုယ့်အစားအစာကိုတောင်
ဖြောင့်အောင် မချက်နိုင်ချင်တော့ဘူး. . . 😒😒

👉တချိန်လုံး ပြေးလွှားရုန်းကန်နေရတော့
ခဏရပ်နားဖို့တောင် သတိမေ့နေတယ်...

👉Whatsapp တွေ ပေါ်လာတော့
စကားပြောရတာ မေ့ကုန်ရော. . . . .😒

👉သေတဲ့အခါ
ဘဏ်ထဲမှာ ငွေတွေ ကျန်နေခဲ့တယ်...

👉ရှင်တုန်းကတော့
လောက်လောက်ငှငှ
သုံးစွဲရတယ်လို့ မရှိခဲ့ဘူး. . . . . .

👉ပကတိအဖြစ်မှာတော့ သေရင် ငွေတွေအများကြီး
မသုံးဖြစ်လိုက်ပဲ ကျန်နေခဲ့တယ်. . . ။

👉တရုတ်ပြည်က လုပ်ငန်းရှင်
သူဌေးကြီးတဦး သေဆုံးတော့
မုဆိုးမ ဇနီးသည်က ၁.၉ ဘီလျံ အမွေရခဲ့ပြီး

အိမ်က ဒရိုင်ဘာကို ကောက်ယူလိုက်တယ်။

အဲဒီဒရိုင်ဘာက ပြောတယ်
“တသက်လုံး သူဌေးဖို့ အလုပ်လုပ်ပေးလာတယ် ထင်ခဲ့တာ။

သူဌေးက ကျနော့်အတွက် အလုပ်လုပ်ပေးနေမှန်း
ခုမှ သိရတော့တယ်” တဲ့😔

ရက်စက်တဲ့ အမှန်တရားကတော့
ချမ်းသာဖို့ထက် အသက်ရှည်ကျန်းမာဖို့က ပိုအရေးကြီးတယ်😌

ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းထားဖို့ အားထုတ်ရမယ်။
ဘယ်သူက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာ
သိပ်အရေးမကြီးဘူး။

နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတလုံးရဲ့
၇၀ ရာခိုင်နှုန်းသော
Function တွေကို ကျနော်တို့ မလိုအပ်ဘူး။

မော်တော်ကား အပျံစားရဲ့
အမြန်နှုန်း ၇၀ ရာခိုင်နှုန်းနဲ့
အဆင်တန်ဆာတွေကို ဘယ်တော့မှ မသုံးဖြစ်ဘူး. . . . .။

နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးရဲ့၇၀ ရာခိုင်နှုန်းမှာ
ဘယ်သူမှ မနေဖြစ်ဘူး. . . . . . ။

ဘီရိုထဲက အဝတ်အစား ၇၀ ရာခိုင်နှုန်းကိုလည်း
ဘယ်တော့မှ ထုတ်မဝတ်ဖြစ်ဘူး. . . . ။

တသက်လုံး အလုပ်လုပ်ပြီး
ရှာဖွေစုဆောင်းလာတာရဲ့
၇၀ ရာခိုင်နှုန်းကိုလည်း သူများတွေအတွက်ပဲ

သုံးစွဲပစ်လိုက်ရတာ များတယ်. . . .

ဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းလေးကို
ထိထိရောက်ရောက် သုံးစွဲရမယ်. . .

မဖျားမနာပဲ ရှိရင်တောင်
ဆေးမှန်မှန် သွားစစ်ပါ. . . 😌
ရေမဆာလည်း ရေသောက်ပါ. . . 😌

ပြသနာတွေ သေရေးရှင်ရေးဖြစ်နေစေဦးတော့
မေ့ပျောက် စွန့်လွှတ်တတ်ပါစေ☺️

ကိုယ် မှန်နေစေဦးတော့၊
အလျှော့ပေးဖို့ နောက်မတွန့်ပါနဲ့
အရမ်းချမ်းသာပြီး သြဇာရှိနေရင်တောင် နှိမ်ချပါ. . . . .🙂

မချမ်းသာတဲ့အခါလည်း
ရောင့်ရဲတတ်ပါစေ. . . . . . 🙂

ဘယ်လောက်အလုပ်များများ
စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ခန်း လုပ်ပါစေ
ကိုယ် ဂရုစိုက်အလေးထားသူတွေအတွက် အချိန်ပေးပါ. . . . . . . . 😘😘😘
https://www.facebook.com/permalink.php?story_fbid=175275386652936&id=100025114267362

No comments:

Post a Comment

300 250