Sunday, November 11, 2018

“လောကဓံတရား ၈ ပါး”

မင်္ဂလာနံနက်ခင်းပါ။ အားလုံးအတွက် မင်္ဂလာအပေါင်းနဲ့ပြည့် စုံတဲ့နေ့ လေးတနေ့ ဖြစ်ပါစေ...
ဒီနေ့ တော့ မင်္ဂလာသုတ်ထဲက မင်္ဂလာတပါးကို မျှဝေပေးလိုက်ပါတယ်။
“ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ..လောကဓံတရားနှင့်တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်းသည် မင်္ဂလာ”
“လောကဓံတရား ၈ ပါး”
၁။ လာဘ - လာဘ်ရခြင်း၊
၂။ အလာဘ - လာဘ်မရခြင်း၊
၃။ ယသ - အခြွေအရံပေါများခြင်း၊
၎။ အယသ - အခြွေအရံမရှိခြင်း၊
၅။ နိန္ဒ - ကဲ့ရဲ့ခံရခြင်း၊
၆။ ပသံသာ - ချီးမွမ်းခံရခြင်း၊
၇။ သုခ - ချမ်းသာခြင်း၊
၈။ ဒုက္ခ - ဆင်းရဲခြင်း

“လောကဓံ ခံနိုင်ရည်ရှိခြင်း”

“လောကဓံ ခံနိုင်ရည်ရှိခြင်း”
•••••••••••••••••••••••••••••••••••
“လောကဓံ”ဆိုတာ လူတိုင်းလူတိုင်း၊ အချိန်တိုင်းအချိန်တိုင်း
တွေ့ကြုံနေကြရတာပါပဲ။ လောကဓံနဲ့ မတွေ့ကြုံရတဲ့
အချိန်ဆိုတာ တစ်စက္ကန့်၊ တစ်မိနစ်ကလေးမှ မရှိပါဘူး။
အများစုက ဆိုးရွားတဲ့ အခြေအနေတွေနဲ့
ကြုံတွေ့နေရတာလည်း လောကဓံပါပဲ။
လူသားတိုင်း တွေ့ကြုံနေရတဲ့ လောကဓံက ရှစ်ပါးရှိပါတယ်။
လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံ ပြည့်စုံခြင်း၊
အခြံအရံ မရှိခြင်းလို့ လောကဓံတရား ရှစ်ပါး ရှိပါတယ်။
အဲဒီထဲမှာ လာဘ်ရခြင်း၊ အခြံအရံပေါခြင်း၊
ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း ဆိုတာက
အကောင်း လောကဓံ ဖြစ်ပါတယ်။
လာဘ်မရခြင်း၊ အခြံအရံကင်းမဲ့ခြင်း၊ ကဲ့ရဲ့ခံရခြင်း၊
ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်း ဆိုတာကတော့
အဆိုးလောကဓံ ဖြစ်ပါတယ်။
●အဆိုးလောကဓံတွေကိုတော့ လူ တော်တော်များများက
အံကြိတ်ပြီးတော့၊ ခါးတောင်းကျိုက်ပြီးတော့
သည်းခံနိုင်စွမ်းရှိ၊ ခံနိုင်စွမ်းရှိကြပါတယ်။
●အကောင်း လောကဓံတွေနဲ့ ကြုံတွေ့လာပြီဆိုရင်တော့
အောက်ခြေလွတ်ပြီးတော့ ပျက်စီးသွားတတ်ကြတယ်။
ဒါကြောင့် အဆိုး လောကဓံတွေကို ခံနိုင်ရည်ရှိရုံနဲ့
လောကဓံ ခံနိုင်တဲ့ ပုဂ္ဂိုလ် ကြာလိုလူ မဖြစ်သေးဘူး။
အကောင်း လောကဓံတွေကိုလည်း ခံနိုင်ရည်ရှိမှ
ကြာလိုလူ ဖြစ်နိုင်ပါတယ်။
လောကဓံရှစ်ပါးနဲ့ ကြုံတွေ့ရတဲ့အခါမှာ
ကြာလိုလူအဖြစ်နဲ့ လောကဓံ ခံနိုင်ရည်ရှိဖို့အတွက်
မြတ်စွာဘုရားရှင်က လောကဓံတွေနဲ့ ကြုံတွေ့လာတဲ့အခါမှာ
အဲဒီကြုံလာတဲ့ လောကဓံကို “အနိစ္စ၊ ဒုက္ခ၊ ၀ိပရိဏာမဓမ္မ”လို့
ဆင်ခြင်နှလုံးသွင်းရမယ်လို့ မိန့်ကြားတော်မူခဲ့ပါတယ်။
■လာဘ်ရလာလို့ရှိရင်လည်းပဲ ဒီလာဘ်ရခြင်းသဘောနဲ့
ရလာတဲ့ လာဘ်လာဘတွေဟာ မမြဲတဲ့သဘောပဲ၊
အခုနေရပေမယ့် နောင်ရချင်မှ ရမှာ။
လာဘ်ရခြင်းဆိုတဲ့ သဘောလည်း မမြဲဘူး။
ရထားတဲ့ လာဘ်လာဘတွေလည်း မမြဲဘူး။
ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ရှိရင် ပျက်စီးသွားနိုင်တယ်။
မသင့်မတော် သုံးစွဲမိလို့ရှိရင်လည်းပဲ ကုန်ဆုံးသွားနိုင်တယ်
စသည်အားဖြင့် လာဘ်ရခြင်းရဲ့ မမြဲခြင်းသဘောကို
ဆင်ခြင်ရမယ်။
အဲဒီလို မဆင်ခြင်ဘူးဆိုရင်တော့ ဒီ
လာဘ်လာဘတွေဟာ အမြဲတမ်း ရနေမှာပဲ။
ဒီ လာဘ်လာဘတွေဟာ အမြဲတမ်း တည်မြဲနေမှာပဲလို့
ယူဆပြီးတော့ မသုံးသင့်တဲ့ ကိစ္စတွေမှာသုံး၊
အကျိုးပျက်စီးရာ၊ ပျက်စီးကြောင်း ကိစ္စတွေမှာ
သုံးစွဲပြီးတော့ ပြဿနာမျိုးစုံတွေဖြစ်၊
ဆင်းရဲဒုက္ခတွေရောက်၊ အဲဒီလို ဖြစ်တတ်တယ်။
မမြဲတဲ့သဘော ဆင်ခြင်ထားတော့ ရလာတဲ့
လာဘ်လာဘပေါ်မှာလည်း မောက်မာခြင်း၊
တက်ကြွခြင်း၊ အလွန်အမင်း ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်း
ဆိုတာ မရှိတော့ဘူး၊ တည်တည်ငြိမ်ငြိမ်၊ ဣနြေ္ဒရရ ဖြစ်တယ်။
လာဘ်ရနေရာကနေ မရတော့တဲ့ အခါမှာလည်း
စိတ်နှလုံး ဖောက်ပြန်ခြင်း မရှိဘဲနဲ့
တည်တည်ငြိမ်ငြိမ်လေးနဲ့ ရင်ဆိုင်နိုင်ပါတယ်။
■အခြံအရံ များလာပြီဆိုရင်လည်း အဲဒီ အခြံအရံများတဲ့
သဘောကို မမြဲတဲ့ သဘောလို့ ဆင်ခြင်ရမယ်။
အခု အခြံအရံတွေ ပြည့်စုံနေရပေမယ့် ၊
နောင်တစ်ချိန်ကျတော့ အခြံအရံတွေ ကင်းမဲ့ချင်
ကင်းမဲ့သွားနိုင်တာ။တစ်ချိန်တစ်ခါမှာ ဇနီး၊ ခင်ပွန်း၊
သားသမီး တပည့်တပန်းတွေနဲ့ ပြိုင်ပြိုင်ဆိုင်ဆိုင်
သိုက်သိုက်ဝန်းဝန်း ဖြစ်နေပေမယ့် နောင်တစ်ချိန်မှာ
သူတို့နဲ့ ရှင်ကွဲသော်လည်းကောင်း၊ သေကွဲသော်လည်းကောင်း
ကွဲချင်ကွဲရမယ်။ အကြောင်းတစ်မျိုးမျိုးနဲ့လည်းပဲ
မိမိဟာ တစ်ကိုယ်တည်း အထီးကျန်ဖြစ်ရမှာပဲ။
အဲဒီလို အခြံအရံတွေရဲ့ မမြဲခြင်းသဘောကို
ဆင်ခြင်ထားနိုင်မယ်ဆိုရင် အခြံအရံတွေ ကင်းမဲ့သွားတဲ့အခါမှာ
တုန်လှုပ်ခြင်း မရှိတော့ဘူး။ အခြံအရံများခြင်း အပေါ်မှာလည်းပဲ
တုန်လှုပ်ခြင်းမရှိတော့ဘူး။ မဆင်ခြင်နိုင်တဲ့ ပုဂ္ဂိုလ်ကတော့
ဒီအခြံအရံတွေဟာ တစ်သက်လုံး မြဲနေမှာပဲလို့ ယူဆပြီးတော့
မိမိရဲ့ အခြံအရံတွေအပေါ်မှာ မတော်မတရား ပြောဆိုမိ၊
မောက်မောက်မာမာ အထက်စီးကနေ ပြောဆိုမိ မလုပ်သင့်
မလုပ်ထိုက်တာတွေ ပြုလုပ်မိပြီးတော့ အဲဒီ အခြံအရံတွေက
မိမိရဲ့ အခြံအရံတွေမဟုတ်တော့ဘဲ တစ်နေ့မှာ
ဒုက္ခပြန်ပေးလိမ့်မယ်။
အခြံအရံကင်းမဲ့ခြင်းဆိုတဲ့ လောကဓံနဲ့ ကြုံတဲ့အခါမှာလည်း
မမြဲတဲ့သဘောဆင်ခြင်ရမယ်။ အခု အခြံအရံမရှိပေမယ့်
နောင်တစ်ချိန်ကျ ရှိချင်ရှိလာနိုင်တာပဲ စသည်အားဖြင့် ဆင်ခြင်ရမယ်။
■အကဲ့ရဲ့ ခံရတဲ့အခါမှာလည်း ကဲ့ရဲ့ခြင်းဆိုတဲ့ သဘောဟာ
မဆန်းပါဘူး။ လောကမှာ ကဲ့ရဲ့ လွတ်တဲ့ပုဂ္ဂိုလ်ဆိုတာ မရှိပါဘူး။
ကဲ့ရဲ့ခြင်းဆိုတဲ့ သဘောကလည်း မမြဲပါဘူး၊
အခုကဲ့ရဲ့ပေမယ့် နောင်တစ်ချိန် ချီးမွမ်းချင် ချီးမွမ်းမှာ၊
မချီးမွမ်းလည်း ကိစ္စမရှိဘူး။ တကယ်တေ့ ကဲ့ရဲ့တဲ့သူမှာ
ကိုယ့်ကို ကဲ့ရဲ့တဲ့အတွက်ကြောင့် ဒေါသကိလေသာတွေဖြစ်ပြီး ၊
စိတ်ဟာပူလောင် ဆင်းရဲနေတယ်။
ကဲ့ရဲ့တဲ့ အကုသိုလ် အပြစ်လည်း ဖြစ်နေတယ်။
ငါ့ကို ကဲ့ရဲ့နေရတဲ့ အတွက်ကြောင့် သူ့မှာ အကျိုးရှိရာရှိကြောင်း
ကောင်းမြတ်တဲ့ အလုပ်တွေ လုပ်ဖို့ အချိန်တွေလည်း ကုန်သွားပြီ။
သြော် …သနားစရာပဲ ဆိုပြီးတော့ ကဲ့ရဲ့ခြင်းနဲ့
ကဲ့ရဲ့သူအပေါ်မှာလည်း သည်းခံခွင့်လွှတ်နိုင်ရမယ်။
■ချီးမွမ်းခံရခြင်း လောကဓံနဲ့ ကြုံတဲ့အခါမှာလည်း
ချီးမွမ်းခံရခြင်းဆိုတာလည်း မြဲတာမဟုတ်ဘူး။
အခု ချီးမွမ်းပေမယ့် နောင်တစ်ချိန်ကျတော့ ကဲ့ရဲ့စကားတွေ
ထွက်ချင်ထွက်လာမှာ။
အခု ငါ့ကိုဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်ထားတဲ့ပုဂ္ဂိုလ်တွေက
ချီးမွမ်းခံရခြင်း ဆိုတာ မမြဲတဲ့သဘောပဲလို့ ဆင်ခြင်ပြီးတော့
ချီးမွမ်းခံရခြင်း လောကဓံကို ခံနိုင်ရည်ရှိရမယ်။
အဲဒီလိုပါပဲ၊ သုခ-ချမ်းသာခြင်း၊
ဒုက္ခ-ဆင်းရဲခြင်းဆိုတဲ့ လောကဓံတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း
မမြဲခြင်းသဘောကို ဆင်ခြင်ရမယ်။ အဲဒီလို မမြဲခြင်းသဘောကို
ဆင်ခြင်မယ်ဆိုရင် လောကဓံကို ခံနိုင်ရည်ရှိသွားပါပြီ။
☆မြတ်စွာဘုရားရှင်လက်ထက်က
“မလ္လိကာ”ဆိုတဲ့ ဗန္ဓုလစစ်သူကြီးကတော်ဟာ
“ကွဲတတ်တဲ့သဘော ကွဲမှာပဲ၊ ပျက်စီးတတ်တဲ့သဘော
ပျက်စီးမှာပဲ”လို့ နက်နက်နဲနဲ ဆင်ခြင်သွားတဲ့အတွက်ကြောင့်
လောကဓံကို မတုန်မလှုပ် ရင်ဆိုင်နိုင်ခဲ့ပါတယ်။
☆ကွဲတတ်တဲ့သဘောကွဲတယ်၊ မြေအိုးတို့ ဘာတို့ဆိုရင်
ကွဲတတ်တဲ့သဘောရှိတော့ ကွဲတာပါပဲ။
သံအိုးတို့၊ သတ္တုအိုးတို့ကျတော့ မကွဲတတ်တဲ့သဘောရှိတော့
လွတ်ကျပေမယ့် မကွဲဘူး။ ဒီတော့ ကွဲတတ်တဲ့သဘောရှိရင်
ကွဲတယ်၊ ပျက်စီးတတ်တဲ့သဘောရှိရင် ပျက်စီးမှာပဲလို့
နှလုံးသွင်းထားလို့ရှိရင် လောကဓံကို ခံနိုင်ရည် ရှိသွားပါတယ်။
☆အဂ္ဂသာဝကနှစ်ပါးနဲ့တကွ ရဟန်းတော်ငါးရာကို အိမ်မှာ
ဆွမ်းလုပ်ကျွေးပြုစုနေတဲ့အချိန်၊ မင်းချင်းတစ်ယောက်က
ခင်ပွန်းဖြစ်သူ ဗန္ဓုလစစ်သူကြီးနဲ့တကွ
သားသုံးဆယ့်နှစ်ယောက်ကို
ခေါင်းဖြတ် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းရေးထားတဲ့
စာတစ်စောင် လာပြီးတော့ ဆက်သတယ်။
အဲဒီစာကို ဖတ်ပြီးတော့ မလ္လိကာဟာ တုန်လှုပ်ခြင်း မရှိဘူး။
အဲဒီ စာရွက်ကလေး ခေါက်ပြီးတော့ ခါးကြား ထိုးထားလိုက်တယ်။
ပြီးတော့ အဂ္ဂသာဝကနှစ်ပါးနဲ့တကွ သံဃာတော်များကို
ဆွမ်းကပ်ပြီးတော့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရ ၊
ဝမ်းမြောက်ဝမ်းသာ သဒ္ဓါပီတိ အပြည့်အ၀နဲ့
ဆွမ်းလုပ်ကျွေးပြုစုသွားပါတယ်။
အင်မတန် အတုယူစရာကောင်းတဲ့ သဓကပါပဲ။
☆မြတ်စွာဘုရားရှင်လက်ထက်က
“လကုဏ္ဍကဘဒ္ဒိယ”လို့ခေါ်တဲ့ မထေရ်တစ်ပါးလည်းရှိတယ်။
အဲဒီမထေရ်ရဲ့ အားနည်းချက်တစ်ခုက အရပ်ပုတယ်၊
ပုံစံလေးကလည်း ကလေးပုံစံလေး ဖြစ်နေတယ်။
ဒီတော့ ရဟန်းငယ်လေးတွေ၊ ကိုရင်လေးတွေကို
မထေရ်ကြီးကိုတွေ့လို့ရှိရင် ခေါင်းလေး ပုတ်လိုက်၊
နားရွက်လေး လိမ်လိုက်၊ နှာခေါင်းလေး ဆွဲလိုက်နဲ့
စကြနောက်ကြတယ်။
အဲဒီလို စကြနောက်ကြပေမယ့် မထေရ်ကြီးက
တည်တည်ငြိမ်ငြိမ်လေးပဲ၊ မိမိကို ပြုမူတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ
ဒေါသဖြစ်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်တုံ့ရန်မူခြင်း ဘာမှ မပြုဘူး။
အဲဒီအကြောင်း မြတ်စွာဘုရားရှင်ကို လျှောက်တော့
မြတ်စွာဘုရားရှင်က“ရဟန္တာ” ပုဂ္ဂိုလ်ဆိုတာ
ဘယ်လိုလောကဓံနဲ့ ကြုံကြုံ တုန်လှုပ်ခြင်း မရှိတော့ဘူး။
ပညာရှိ သူတော်ကောင်းတွေဟာလည်းပဲ လောကဓံနဲ့
ကြုံတဲ့အခါမှာ အရပ်လေးမျက်နှာက တိုက်ခတ်လာတဲ့
လေကြောင့် ကျောက်သားပကတိရှိတဲ့ ကျောက်တောင်ကြီးဟာ
တုန်လှုပ်ခြင်း မရှိတော့ဘူးလို့ မိန့်ကြားတော်မူပါတယ်။
အဲဒီ မိန့်ကြားချက်အတိုင်း ပြောမယ်ဆိုရင်တော့
လောကဓံကြောင့် မတုန်လှုပ်တဲ့လူဟာ
“ကျောက်တောင်လိုလူ”ပါပဲ။ ကျောက်တောင်လိုလူကိုပဲ
“ကြာလိုလူ”လို့လည်း ပြောနိုင်ပါတယ်။
အရပ်လေးမျက်နှာက လေတွေ ဘယ်လောက်ပဲတိုက်တိုက်၊
ကြာပန်း ကြာပင်တွေဟာ ကျိုးပဲ့ပျက်စီးသွားခြင်း မရှိပါဘူး။
လေကြောအတိုင်း အလိုက်သင့် ယိမ်းနွဲ့
လှုပ်ရှားရင်း လေဒဏ်ကို ကြံ့ကြံ့ခံနိုင်ကြပါတယ်။
လေဒဏ်ကြောင့် မတုန်လှုပ်တဲ့ကြာ၊
ရွှံ့နွံနဲ့မငြိကပ်တဲ့ကြာလို လောကဓံလေကြောင့်
မတုန်လှုပ်တဲ့လူ၊ လောကဓံရွှံ့နွံ့နဲ့ ငြိကပ်ပေကျံခြင်းမရှိတဲ့လူဟာ
“ကြာလိုလူ”ပါပဲ။
အကောင်းလောကဓံကြောင့် လောဘ၊ မာန မဖြစ်ရင်၊
အဆိုးလောကဓံကြောင့် ဒေါသ၊ သောက မဖြစ်ရင်
လောကဓံရွှံ့နွံ မငြိကပ် မပေကျံတာနဲ့ အတူတူပါပဲ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
Posted by
www.facebook.com/youngbuddhistassociation.mm
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “ကြာလိုလူ”နှာ ၇၇- ၈၃ မှ - ကူးယူပူဇော်
မျှဝေပါသည်။】
အပ္ပမာဒေန သမ္ပာဒေထ။ ။

ဆရာဝန်တွေက ဆေးတွေဝယ်ခိုင်းတော့ Facebook ပေါ်မှာ

ဆရာဝန်တွေက ဆေးတွေဝယ်ခိုင်းတော့ Facebook ပေါ်မှာ


ဆရာဝန်တွေက ဆေးတွေဝယ်ခိုင်းတော့ Facebook ပေါ်မှာ
အရှက်မရှိ အော်ဟစ်ဆဲဆိုနေကြတာ။
အဲ့ဆေးတွေကို ဆရာဝန်တွေ ဆရာမတွေ သုံးစားရောင်းစားနေတာလဲ
မဟုတ်ဘူး။ အစိုးရကလည်း အလကားမပေးနိုင်ဘူး။
သူ့ဘာသူ အပြင်မှာ လက်သည်နဲ့ မသေမချင်းဖျက်ချလာ။
ကေသီပန်သောက် ကျား၅ကောင်သောက် ဆေးပြားမျိုးစုံသောက်
စမုတ်တံနဲ့ထိုး ဗိုက်တွေနှိပ် နည်းမျိုးစုံ သမထားပြီး
မနိုင်တော့မှ ဆေးရုံက OGတွေဆီရောက်လာတယ်။
ဆေးရုံကိုရောက်လာတော့လည်း မေးတဲ့အတိုင်း
အမှန်ဖြေလားဆိုတော့ ဒုတ်ထိုးမတွေဖြေနေကျအတိုင်း
ရေအိုးရွက်ရင်း ချော်လဲတာတို့ လှေကားပေါ်ကချော်လဲပီး အချွန်နဲ့
ထိုးမိတာတို့ ရာသီမလာတာ ၂လလောက်ရှိပီ အခုမှသွေးတွေဆင်းလာတာတို့ လိမ်နည်းမျိုးစုံနဲ့ရအောင်လိမ်ကြတာ။
အဆူခံရမှာကြောက်တော့လည်း မရမကလိမ်ကြ ဖုံးဖိကြ။
ဆရာဝန်တွေကိုလိမ်လည်း ဆရာဝန်တွေခံရတာမဟုတ်ဘူး
သူတို့ပဲခံရမှာ။
ဗိုက်ကြီးသည်တွေ ကလေးမွေးဖို့ လုပ်ရကိုင်ရတဲ့ကြားထဲ
အဲ့ဖျက်ချလာတဲ့မိန်းမတွေက အမှန်တိုင်းမဖြေတော့
တရားခံမေးသလို လိုက်မေးနေရ။ OGတွေ အပေါက်ဆိုးတယ်တဲ့
မဆိုးလို့လဲ မရဘူး။ အဲ့လိုမိန်းမတွေကို ဘယ်လောက်ချော့မေးမေး
မေးတဲ့သူသာ အသက်ထွက်သွားမယ် ဘူးခံငြင်းကြတာ။
OGတွေရဲ့လုပ်သက်အတွေ့အကြုံတွေအရရော
ရောဂါလက္ခဏာတွေအရရော
စမ်းသပ်ချက်တွေအရရော
သွေးအဖြေဆီးအဖြေUltrasoundအဖြေတွေအရ ရှင်းနေတာပဲကို။
လူတကိုယ်လုံး ပိုးဆိပ်ပျံ့ပြီး သွေးဆိပ်တက်နေပြီ။
အဲ့လိုပိုးမွှားပေါင်းစုံကို ပုံမှန်ပိုးသတ်ဆေးထိုးလို့ရမယ်များထင်နေလား။
အပြင်းစားပိုးသတ်ဆေးတွေထိုးမှ နိုင်တာမျိုးပါ။
အဲ့လိုအပြင်းစားပိုးသတ်ဆေးတွေကို အစိုးရက အလကားပေးတယ်
ထင်မနေနဲ့။မပေးဘူး ကွကိုယ်ဝယ်ရတာ။
အဝီစိထိကျတော့မယ့်သွေးပေါင်ချိန်တွေက ရိုးရိုး Dripတွေနဲ့
ပြန်တက်လာမယ်များထင်နေလား။
သွေးပေါင်ချိန်တက်တဲ့ဆေးတွေ နှလုံးခုန်တက်လာမယ့်ဆေးတွေ
အဲ့ဒါတွေက ဝယ်ရတာ။ အလကားမရဘူး။
အဲ့ဆေးတွေဝယ်ခိုင်းတော့ ကျမတို့က ပိုက်ဆံမတတ်နိုင်ပါဘူးတို့
တနေ့လုပ်မှတနေ့စားရတာတို့ မျိုးစုံပြောကြတာ။
(ကိုယ်ချင်းမစာလို့မဟုတ်ဘူး ကိုယ်တွေလည်း တနေ့လုပ်မှ
တနေ့စားတဲ့ မိသားစုကနေကြီးပြင်းလာရတာ ပိုတောင်နားလည်သေး)
ဆရာဝန်တွေဝယ်ခိုင်းတဲ့ဆေးတွေ ဝယ်ရတော့
''အမလေး ပြောတော့ အစိုးရက အလကားပေးတယ်ဆို
အလကားလုပ်ပေးတာဆို'' နဲ့ လူမှုကွန်ယက်မှာ တက်အော်နေကြတာ
နေရတိုင်း အလကားမရဘူး။ အလကားရချင်ရင် အလကားပေးမယ်
ဆိုတဲ့အဖေတွေဆီ ကိုယ်တိုင်သွားအော်။
ဆရာဝန်တွေက သွေးစစ်ခိုင်းရင် ဆေးဝယ်ခိုင်းရင်သာ ပိုက်ဆံမရှိတာ
လက်သည်နဲ့ဖျက်ချဖို့ကျ ၅သောင်းပေးရပေးရ ၅သိန်းပေးရပေးရ
ပိုက်ဆံတတ်နိုင်ကြတယ်။
အဲ့လိုပိုက်ဆံအကုန်မခံနိုင်လောက်ရင် ကမြင်းကြောမထကြနဲ့
မနေနိုင်လို့ ကမြင်းကြောထချင်ရင်လည်း ကွန်ဒုံးသုံးမလား
ဆေးစားမလား Depoထိုးမလား သားအိမ်ထဲပစ္စည်းထည့်မလား
လက်မောင်းထဲ ပစ္စည်းထည့်မလား ?
တားနည်းမျိုးစုံရှိပါတယ်။ တားဆေးသုံးရမှာကြတော့ရှက်ကြတယ်
ဖျက်ချရမှာကျ တစက်မှအရှက်မရှိတဲ့သူတွေ။
''ကျမတို့က စာမတတ်လို့ပါ ပညာမတတ်လို့ပါ ''ဆိုတာကပါသေး
စာတတ်တာ မတတ်တာ ပညာတတ်တာ မတတ်တာတွေထက်
ကိုယ့်ရဲ့ခံယူချက်ကသာ အဓိကကျတာပါ။
ဖျက်ချလာတဲ့မိန်းမတွေထဲမှာ educatedတွေလည်းပါသလို
non educatedတွေလည်းပါတယ်
တောနေလူတန်းစားလည်းပါသလို
မြို့နေလူတန်းစားတွေလည်းပါတယ်။
အိမ်ထောင်သည်တွေပါသလို အိမ်ထောင်မကျသေးတဲ့မိန်းမတွေ
လည်းပါတယ်။
လူကြီးသားသမီးတွေပါသလို ကြက်မတွေလည်းပါတာပဲ။
အကုန်လုံးဟာ မှားနည်းမျိုးစုံနဲ့ မှားလာကြတာချည်းပါပဲ။
အကာအကွယ်မသုံးပဲ မှားလာကြတယ်ဆိုလည်း
အရေးပေါ်သန္ဓေတားဆေးတွေကို အချိန်မီသောက်လို့ရပါတယ်။
အခုလို လူလားမြောက်ကာမှ ဖျက်ချလာတတ်တဲ့ သူ့တို့ရဲ့စိတ်ဓာတ်ကိုက ချီးပေနေကြတာ။

အပြင်မှာ ဒုတ်တွေနဲ့ထိုးလာပြီးမှ သားအိမ်တွေပေါက်
ဆီးအိမ်တွေပေါက် အူတွေပေါက် သွေးတွေ ဒလဟောဆင်းကာမှ
ဆေးရုံကိုပြေးလာ။
ဆေးရုံရောက်တော့ ညကြီးအချိန်မတော်
သူတို့တွေထင်ထားတဲ့ဆရာဝန်တွေက aircon ခန်းထဲမှာ
တခေါခေါ အိပ်နေကြတယ်ထင်တာ။
အားယားမနေကြဘူး။ ခွဲခန်းဝင်ပီးမွေးတဲ့သူနဲ့
အပြင်မှာရိုးရိုးမွေးပေးနေရတဲ့သူနဲ့။ လေစုပ်မွေးပေးနေရတဲ့သူနဲ့။
အဲ့လိုကြားထဲကနေကြည့်ပေးနေရတဲ့ OGဆရာဝန်မတွေကလေ
လေသံအေးအေးလေးနဲ့ ပြောနိုင်မယ်များထင်နေလား။
အောက်ကဒလဟောဆင်းနေတဲ့သွေးတွေကို တိတ်အောင်လုပ်ဖို့
နည်းလမ်းပေါင်းစုံစဉ်းစားရင်း မေးမြန်းနေရတာ။
အရေးပေါ်သွေးသွင်းနိုင်ဖို့အရေး သွေးအားနည်းမနည်းစစ်ရ
သွေးအလှူရှင်ရှာခိုင်းရ။သွေးလှူဘဏ်ကိုဖုန်းဆက်ရတယ်။
အဲ့လိုမိန်းမကိုလည်း ရမ်းမကိုင်ရဲဘူး။ AIDS Bပိုး Cပိုးရှိနေနိုင်လို့
အရေးပေါ်သွေးစစ်ရတယ်။(မဟုတ်ရင် ဆရာဝန်တွေပါ
အလကားနေရင်း ရောဂါပိုးကူးစက်ခံရမှာ)
သွေးပေါင်ချိန်တွေကျနေလို့ သွေးပေါင်တက်ဆေးတွေစီစဉ်ရတယ်။
သမားတော်ကိုပြရတယ်။
အရေးပေါ်ခွဲခန်းဝင်ပြီး ဗိုက်ဖွင့်ဖို့အရေး
မေ့ဆေးဆရာဝန်နဲ့တိုင်ပင်ရတယ်။
Ultrasound ဆရာဝန်ကို အရေးတကြီးခေါ်ရိုက်ခိုင်းရတယ်။
အူတွေပေါက်ရင် ဖာဖို့အတွက် ခွဲစိတ်ဆရာဝန်ကို
အချိန်မီဖုန်းဆက်ထားရတယ်။
အဲ့အလုပ်တွေကို တခုပီးတခုလုပ်နေရတာမဟုတ်ဘူး
တပြိုင်နက်တည်းလုပ်ရတာ။
(သူ့ဘာသူ အလုပ်မရှိအလုပ်ရှာ ဖျက်ချလာတာက
ဌာနပေါင်းစုံက ဆရာဝန်တွေကို အလုပ်ပိုလုပ်နေရသလို ခံစားရတယ်)
အရေးပေါ်ခွဲခန်းဝင်ဖို့အတွက် သဘောတူကြောင်းလက်မှတ်ရေးထိုး
ခိုင်းရတယ်။ လက်မှတ်မထိုးခင် မေ့ဆေးထုံဆေးရဲ့ အန္တရာယ်
ခွဲစိတ်ခြင်းရဲ့အန္တရာယ် အကုန်ရှင်းပြရတယ်။အဲ့အထိ
ဘယ်လိုမှမနေဘူး Okတယ်။
လိုအပ်ရင် သားဥအိမ်ဖယ်ရနိုင်တယ် သားအိမ်ထုတ်ရနိုင်တယ်
အူလမ်းကြောင်းလွှဲရနိုင်တယ်ဆိုမှ အရှက်မရှိငိုချင်းတွေချကြတာ။
တသက်လုံး ကလေးမရတော့ဘူးဆိုမှ ဝမ်းနည်းပက်လက်တွေဖြစ်။
တကယ်လည်း သားအိမ်ထုတ်လိုက်ရတဲ့မိန်းမတွေရှိပါတယ်။
အဲ့လိုတွေလုပ်ပေးတဲ့ လက်သည်က ဘယ်သူတုန်း
ဘယ်ကလဲလို့မေးကြည့်။
အသက်သာအသေခံသွားမယ် မပြောဘူး သစ္စာရှိတယ်။
ကာကွယ်ရမယ့်နည်းလမ်းကိုမရွေးချယ်ပဲ မဟုတ်မဟဖျက်ချတဲ့
နည်းလမ်းပေါင်းစုံကိုရွေးချယ်တတ်တဲ့ ဒို့မြန်မာနိုင်ငံက
လူတွေရဲ့ လွဲနေတဲ့ခံယူချက်တွေဟာ အံ့သြမိပါရဲ့

အမှန်တိုင်းပြောရင် အခုချိန်ထိ စေတနာထားလို့မရသေးဘူး။
ပြောချင်နေတာတော့ကြာပြီ ဒီနေ့ကျမှ သီးမခံနိုင်တော့လို့
အကုန်သိမ်းကြုံးရင်ဖွင့်ခြင်းမျှသာ။

ဟုတ်ကဲ့ ကျနော်ဟာ စိတ်ထားမတတ်သေးဘူးလို့ပဲ မြင်ပေးကြပါ။
Credit # Hein Zaw
https://www.facebook.com/groups/1044863998962089/permalink/1769058036542678/

သေပြီးသား လူတစ်ယောက်ကသင့်ကိုအိပ်မက်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားတဲ့ပုံစံ(၇)မျိုး



သေပြီးသား လူတစ်ယောက်ကသင့်ကိုအိပ်မက်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားတဲ့ပုံစံ(၇)မျိုး




ကိုယ့်ဆွေမျိုးသားချင်းတွေထဲက ၊ အသိမိတ်ဆွေတွေထဲက တစ်ယောက်ယောက်သေဆုံးသွားပြီးတဲ့အခါ သူတို့ကို သတိရတဲ့စိတ်ကတော်တော်နဲ့ မလျော့သွားပါဘူး။ ပြီးတော့ သေဆုံးပြီးတဲ့သူက အသက်ရှင်ကျန်ရစ်တဲ့သူတွေကို အိပ်မက်ပေးပြီး ဆက်သွယ်ဖို့ကြိုးစားတတ်ကြတယ်လို့လည်း ယူဆတတ်ကြပါတယ်။ တကယ်ရော အဲ့ဒီလိုအဖြစ်မျိုးရှိပါ့မလားဆိုတာကတော့ စဉ်းစားစရာပါပဲ။ ဘာပဲပြောပြော ဆုံးပါးသွားတဲ့ တစ်စုံတစ်ယောက်က သင့်ကိုအိပ်မက်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားလာရင် ဒီအချက်လေးတွေ ကြုံရတတ်ပါတယ်တဲ့။

(၁) အိပ်မက်ကနိုးလာချိန်မှာတစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတယ်



ကိုယ်ချစ်ခင်ရတဲ့သူတွေ ဆုံးပါးသွားခဲ့ပေမယ့် သူတို့တွေကိုယ့်အနားမှာရှိနေတုန်းပဲလို့ စိတ်ထဲကနေထင်နေတတ်ပါတယ်။ ပြီးတော့ ညအိပ်တဲ့အခါ သူတို့ကိုအိပ်မက်မက်ပြီး လန့်နိုးလာတဲ့အချိန်မှာ ဘေးနားကနေတစ်ယောက်ယောက်ကြည့်နေသလိုခံစားချက်မျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တာက သူတို့တွေ သင့်ကိုအိပ်မက်ကနေတဆင့်ဆက်သွယ်ဖို့ ကြိုးစားနေလို့ပါတဲ့။

(၂) အိပ်မက်တဲ့အကြောင်းအရာအသေးစိတ်ကိုမှတ်မိနေတယ်

မနက်နိုးလာတဲ့အချိန်မှာ အိပ်မက်မက်တဲ့အကြောင်းအရာတွေကို မေ့သွားတတ်ကြပါတယ်။ မှတ်မိရင်တောင် ဇဝေဇ၀ါဖြစ်နေတုန်းပါ။ အဲ့ဒီလိုမဟုတ်ဘဲ သေဆုံးပြီးသားသူကိုလည်း အိမ်မက်မက်တယ်၊ အကြောင်းအရာအသေးစိတ်ကိုလည်းမှတ်မိနေတယ်ဆိုရင် သူတို့တွေသင့်ကိုတစ်ခုခုပြောချင်နေလို့ ဆက်သွယ်ဖို့ကြိုးစားနေတာပါ။

(၃) အိပ်မက်တစ်ခုပြီးတစ်ခု ဆက်စပ်ပြီးမက်တယ်

တစ်ညတည်းမှာ အိပ်မက်တစ်ခုနဲ့တစ်ခု အဆက်အစပ်လေးတွေနဲ့မက်နေတယ်ဆိုရင်လည်း ဒါက သင့်ကိုဆက်သွယ်ဖို့အကြောင်းအရာတစ်ခုလို့ပြောလို့ရပါတယ်။

(၄) သူတို့တွေကိုနဂိုထက်ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးတွေ့ရတယ်



အိပ်မက်ထဲမှာ သူတို့သေဆုံးချိန်တုန်းကထက် ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဆိုရင်၊ ကျန်းမာရေးကောင်းတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုရင် သူတို့ကို သတိရနေတာကို သူတို့ကလည်းသိတယ်ဆိုတဲ့အကြောင်း အသိပေးတာပါတဲ့။ ပြီးတော့ သင့်ကိုလည်း ပျော်ပျော်နေစေချင်တယ်လို့ ပြောချင်တာပါတဲ့။

(၅) အိပ်မက်လို့မထင်ရဘူး၊တကယ့်အဖြစ်အပျက်လို့ထင်ရတယ်

တခါတလေ သေသွားပြီးသားလူကိုအိပ်မက်မက်တဲ့အခါ အိပ်မက်လို့မထင်ရဘဲ တကယ့်အဖြစ်အပျက်လို့ထင်ရတဲ့အခါမျိုးတွေရှိပါတယ်။ အနံအသက်၊ အသံ၊ မြင်ကွင်း နဲ့ ခံစားချက်တွေက တကယ့်အပြင်မှာဖြစ်နေသလိုမျိုး ထင်ရရင်သူတို့တွေ သင်နဲ့အနီးနားတ၀ိုက်မှာရှိနေပြီး သင်နဲ့ဆက်သွယ်ချင်လို့ဖြစ်နိုင်ပါတယ်။

(၆) အိပ်ရာနိုးလာတဲ့အခါကြည်လင်လန်းဆန်းနေပြီးသက်တောင့်သက်သာဖြစ်နေမယ်



သေဆုံးပြီးတဲ့သူတွေကိုအိပ်မက်မက်ပြီး မနက်အိပ်ရာနိုးလာတဲ့အခါ ကြည်လင်လန်းဆန်းနေမယ်၊ သက်တောင့်သက်သာဖြစ်နေမယ် ဆိုရင် သူတို့တွေက သင့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့စိုးရိမ်နေပြီး သင့်ကိုမပင်ပန်းစေချင်တာကြောင့် ကောင်းကောင်းအနားရအောင် ကူညီပေးတယ်လို့ ဆိုကြပါတယ်။

(၇) စကားပြောတယ်



သေဆုံးပြီးတဲ့လူက အိပ်မက်ထဲမှာ စကားပြောတယ်ဆိုရင်၊ သူတို့အသံကိုကောင်းကောင်းကြားရတယ်လို့ မက်ရင် သူတို့လက်ရှိရောက်နေတဲ့နေရာမှာ အဆင်ပြေနေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ သူတို့ကိုမစိုးရိမ်ဖို့၊ စိတ်မပူနဲ့တော့လို့ပြောချင်တာပါ။
MAY THAZINHTOO

Saturday, November 10, 2018

💰ကျုပ်တို့ အလုပ်လုပ်မှ ဖြစ်မယ်💰




💰ကျုပ်တို့ အလုပ်လုပ်မှ ဖြစ်မယ်💰
💰"ကျုပ်တို့ အလုပ်လုပ်မှ ဖြစ်မယ်"💰
---------------------------------
အလုပ်လုပ်တဲ့နေရာမှာ တရုတ်ကိုတော့ ကျုပ်တို့မမှီဘူးဗျ။ညနေဘက် Zoey အိမ်လိုက်လည်တော့ သူ့မိန်းမက ကျနော်တို့နဲ့ စကားပြောရင်း လက်က အလုပ်လုပ်နေတာ သတိထားမိတယ်။

ဆားကစ်တုံးလေးတွေဖြစ်အောင် ပင်လေးတွေရိုက်ထည့်နေတာ။ လက်ကလည်း အရမ်းကျွမ်းတယ် တခါကိုင်ရင် လက်တဆုပ်တခါတည်း ထည့်ရိုက်တာ။ ကြည့်စရာမလိုပဲ ပင်မှာချို့ယွင်းချက်ပါရင် သူ့လက်ကသိတယ်။

👉"ဒီလို ညဘက် အိမ်မှာလည်း အလုပ်လုပ်ကြတဲ့ တရုတ်ကို ဘယ်လိုလုပ် လိုက်မှီမလဲဗျာ။ "Plow deep while the sluggards sleep" ဆိုတဲ့ စကားပုံကို သူတို့က ပါးစပ်ကမပြောပဲ လက်နဲ့လုပ်ကြတာ။"

🧐 ကျနော်ဘာတွေးမိလဲဆိုတော့ Zoey ဟာကျနော်နဲ့စသိချိန်မှာ သူများစက်ရုံက CNC စက်ကိုင်။ အခု သုံးလေးနှစ်အတွင်းမှာပဲ ကိုယ့်လုပ်ငန်းလေးနဲ့ ကိုယ်ပိုင် CNC တွေနဲ့၊ ကားနဲ့ အိမ်နဲ့ ဖြစ်နေပြီ။

သူနဲ့ ပလတ်စတစ်ပစ္စည်းလုပ်ငန်း၊ သံရည်ကြို မီးဖိုကြီးတွေလုပ်တဲ့ အသေးစားလုပ်ငန်းလေးတွေ လိုက်တွေ့ဖြစ်တယ်။ သံရည်ကြိုအိုးက ကိုခမ်းထီကမှာထားလို့။

👉 "အသေးစား အိမ်တွင်း လုပ်ငန်းရှင်အားလုံးဟာ အသက် ၃၀ ဝန်းကျင်တွေချည်းပဲ။ ကိုယ်ပိုင်အလုပ်၊ ကား၊ စက်တွေ အဆက်အသွယ်တွေနဲ့ အခြေအနေကောင်းကြတယ်။"

👉 "သူတို့ဟာ တရုတ်ရဲ့ ပညာမတတ်တဲ့ မျိုးဆက်သစ်တွေ။ အားလုံး အင်္ဂလိပ်စာမတတ်ဘူး။ ဘွဲ့မရဘူး။"

"ဒီဘွဲ့လည်းမရ၊ သူများစက်ရုံဝန်ထမ်းကနေ ကိုယ်ပိုင်စတည်ခဲ့တဲ့ သူတွေကို လေ့လာကြည့်တာ အကြောင်းရှိပါတယ်။ ဒီလူတွေဟာ တရုတ်ရဲ့ ကုန်ထုတ်စွမ်းအားသန္ဓေတည်တဲ့ အခြေခံအကျဆုံး အင်အားစုပါ။ young uneducated entrepreneurs တွေပါ။ ကျနော်တို့ ရွှေပြည်ကြီးမှာ ဒါမျိုးလိုအပ်နေတာပါ။"

တရုတ်အစိုးရကလည်း ဘာမှ လက်ဗလာကောင်ကိုတော့ မကူညီဘူး။

🧐 "ကျနော်တို့ဆီက ဘွဲ့ရပညာတတ်တွေနဲ့ သူတို့တွေနဲ့ ဘာကွာလဲ?"

"လက်ကြောတင်းတာနဲ့ မတင်းတာကွာတယ်။ ဒါပဲ။"

အသိတယောက် ပြောပြတာ။PhD ဘွဲ့ရကို သူအလုပ်ရှာမရလို့ လာလျှောက်ပါတယ် အလုပ်ပေးပါဆိုလို့ အလုပ်ခန့်မိတာ။ အစက ဂျပန်က စက်မရောက်သေးလို့ ရုံးထိုင်ပေါ့၊ ဖွဘုတ်ပွတ်နေ ဘာမှမပြောဘူး။ နောက်တော့ စက်လည်းရောက်လာရော ရွှေကိုယ်တော်က "သူ့လို PhD ဘွဲ့ရကို စက်ကိုင်ခိုင်းရမလားတဲ့။ ပုသိမ်တက္ကသိုလ်မှာ PhD တွေပေးနေတာ ကျနော်မသိခဲ့ဘူးဗျာ။"

မနေ့ကပဲ စင်ကာပူသူဌေးတယောက်နဲ့တွေ့ဖြစ်တယ်။ မြန်မာပြည်မှာ သကြားစက်ရုံလာတည်တာ စက်ပစ္စည်း အရင်းအနှီးအကုန်ပံ့ပိုးပါလျက် စက်ရုံလည်ဖို့ ဘယ်သူမှ ကြိုးစားပန်စားမလုပ်ကြဘူးတဲ့။

"အင်မတိ အင်မတန်နှေးကွေးတဲ့နိုင်ငံပဲတဲ့။"
လက်ထိပ်ထိတော့ ကျုပ်တကိုယ်လုံးနာမိတာပေါ့ဗျာ။

ကျနော်မျက်နှာပျက်သွားတာမြင်တော့ "Richard, Sorry, you are one of us, don’t get angry please. We need to warn you about this too" တဲ့။ မင်းလည်း မြန်မာပြည်ပြန်ရင် အဲ့ဒီနှေးကွေးတဲ့ကိစ္စကို ရင်ဆိုင်နိုင်အောင်ပြင်ထားပါတဲ့။

"ကဲ... ကျုပ်တို့ အလုပ်လုပ်မှဖြစ်မယ်။"

Richard Myo Thant
10-November-2018
https://www.facebook.com/richard.myothant/posts/2298762040151892

ဒီလို ပလပ် စတစ် ကောက်တဲ့ လူတွေရဲ့ ဘ၀ကို ဘယ်လို ကယ်တင်မလဲ


ဒီလို ပလပ် စတစ် ကောက်တဲ့ လူတွေရဲ့ ဘ၀ကို ဘယ်လို ကယ်တင်မလဲ plastic life.mp4, Size 14.48 MB... https://cloudvideo.tv/3qk26qznmxm4

300 250