Saturday, September 8, 2018

တင်ဘေးသားက ဘာလို့ချိုင့်နေရတာလဲ ?

Hello Ladies ...................
တင်ဘေးသားက ဘာလို့ချိုင့်နေရတာလဲ ?
တင်ဘေးသားက ဘာလို့တစ်ဖက်နဲ့တစ်ဖက် မညီတာလဲ ?
ထမိန်,စကပ်အကျပ်,ဂျင်းဘောင်းဘီအကျပ်တွေ ၀တ်ရင်
တင်ဘေးသားက ချိုင့်နေတော့ ကြည့်ရဆိုးတာကြောင့် အကျပ်တွေတောင် မ၀တ်ချင်လောက်အောင် ဖြစ်နေတဲ့ ပျိုမေတွေ အတွက် MiLaWon က အလွယ်ကူဆုံးနဲ့ အမြန်ဆုံးထိရောက်စေမရ့် တင်ဘေးသားပြည့်စေသည့် ယောဂကျင့်စဉ် (၃)မျိုးကို မျှဝေပေးချင်ပါတရ် !
လူတစ်ယောက်နဲ့တစ်ယောက်က ခန္ဓာကိုယ်အချိုးအစား ခြင်းမတူပါဘူး ! ဘာကြောင့်လဲ ?
ငယ်ငယ်တုန်းက စားခဲ့တဲ့ အစားအသောက်ပုံစံတွေ
ငယ်ငယ်တုန်းက စားခဲတဲ့ အားဆေးတွေ
ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့ အားကစားတွေ
ငယ်ငယ်တုန်းက နေထိုင်ခဲ့တဲ့အပြုအမူတွေကြောင့် နဲ့ မျိုးရိုးလိုက်တာနဲ့ပေါင်းပြီးအသက်အရွယ်တစ်ခု ရောက်လာတော့ လူတစ်ယောက်နဲ့တစ်ယောက်နဲ့က ခန္ဓာကိုယ်အချိုးအစား ကွဲပြားသွားကြပါတရ် !
အဲ့တော့အခု ................................................
သင့်ကိုယ်သင့်သတိထားမိတဲ့အသက်အရွယ်တစ်ခုရောက်လာတော့ သင့်ရဲ့ တင်ပါးဆုံရိုးတွေကျဉ်းတာကြာင့် သင့်ရဲ့ တင်ဘေးသားတွေချိုင့်နေတာဖြစ်ပါတရ် !
အဲ့ဒါကိုဖြေရှင်းဖို့ဆက်ကြည့်လိုက်ရအောင်နော် !
အဲ့အခက်အခဲတွေဖြေရှင်းဖို့
ယောဂကျင့်စဉ် (၃)မျိုးကိုပဲ ကျင့်ပေးဖို့လိုအပ်ပါတရ် !
ယောဂကျင့်စဉ်လို့ ပြောလိုက်တာနဲ့ သင့်သိထားရမှာက -
(၁)ယောဂဖျာနဲ့ယောဂကျင့်ရမှာပါ။
(၂)ယောဂကျင့်စဉ်ပြုလုပ်ချိန်မှာအသက်ရှူသွင်း အသက်ရှူထုတ်တာတွေကိုအာရုံစိုက် ရမှာပါ။
(၃)ဖြည်းဖြည်းချင်းပဲလုပ်ဆောင်ရမှာပါ။
(၄)ကိုယ်နေဟန်မှန်ဖို့အတွက် မှန် နဲ့ကြည့် ကျင့်ပါ။
(၅)ကျင့်စဉ်တစ်ခုကိုအခေါက်အရေအတွက်များများလုပ်ဆောင်နိုင်ရင်ပိုကောင်းပါတရ်။
(အနည်းဆုံးခြေတစ်ဖက်ကိုအခေါက် ၂၀ ကနေစတင်ရပါမရ် ဘယ် ၂၀ လုပ်ဆောင်ပြီးရင် ညာ ၂၀ လုပ်ဆောင်ပါ။)
(၆)ဘယ်ဘက်ရောညာဘက်ခြေထောက်ကိုပါ အားသုံးမှုခြင်းညီမျှမှုရှိပါစေ။
နေ့စဉ်လုပ်ဆောင်မရ်ဆိုရင်တစ်လခွဲလောက်ဆိုတကယ်လုပ်တဲ့သူဆိုတကယ်သိသာပါတရ်။
ပုံနှင့်စာနဲ့တကွ ရှင်းပြပေးထားတဲ့အပြင်
Viedoလေးပါ ပါတာကြောင့် အဆင်ပြေမရ်ထင်ပါတရ် ။
နားမလည်တာရှိရင် မေးမြန်းလို့ရပါတရ်။
အားလုံးကိုကျေးဇူးတင်ပါတရ်။
Namaste



No comments:

Post a Comment

300 250