Wednesday, October 24, 2018

How to download any blogger site Post data I How to Get XML File of any blogger site I Educ. Purpose



How to download any blogger site Post data I How to Get XML File of any blogger site I Educ. Purpose How_to_download_any_blogger_site_Post_data_I_How_to_Get_XML_File_of_any_blogger_site_I_Educ._Purpose.mp4, Size 31.58 MB... https://cloudvideo.tv/5rq1b657pnd1 https://www.youtube.com/watch?v=P2-fMTFvi4I

atom.xml?redirect=false&start-index=150&max-result=100

Back up your blog



Back up your blog
When you back up your blog, you get an .xml file of the posts and comments:
  1. In the top left, click the Down arrow  .
  2. Click the blog to back up.
  3. In the left menu, click Settings   Other.
  4. In the "Import & back up" section, click Back up Content   Save to your computer.
Save a copy of your blog's theme
  1. In the top left, click the Down arrow  .
  2. Click the blog you want.
  3. In the left menu, click Theme.
  4. In the top right corner, click Backup / Restore.
  5. Click Download theme.
Import posts and comments into your blog
You can import .xml files of your posts and comments into your blog:
  1. In the top left, click the Down arrow  .
  2. Choose the blog you want to import posts and comments to.
  3. In the left menu, click Settings   Other.
  4. In the “Import & back up” section, click Import Content.
  5. Click Import from computer.
  6. Choose the .xml file from your computer.
  7. Click Publish.
Note: There is no file size limit to import a blog, but the number of imports in a day is limited.
Delete your blog
There are two ways to delete a blog:
  • When you delete a blog: you have a short period of time to restore it if you change your mind.
  • When you permanently delete a blog: all of your blog information, posts, and pages will be deleted, and you won’t be able to restore them.
Note: You must be the administrator of a blog to delete it.
Delete a blog
  1. In the top left, click the Down arrow  .
  2. Choose the blog you want to delete.
  3. In the left menu, select Settings   Other.
  4. Under “Delete Blog” next to “Remove your blog,” click Delete blog.
  5. Click Delete This Blog.
Delete a blog permanently
To delete it permanently, follow the steps above, then:
  1. In the top left, click the Down arrow  .
  2. Under "Deleted blogs," click the blog you want to permanently delete.
  3. In the window that opens, click Permanently delete.
Note: After a blog is permanently deleted, the blog’s URL cannot be used again.
Restore a deleted blog
You can restore your blog for a short period after deleting it if you haven’t deleted it permanently:
  1. In the top left, click the Down Arrow .
  2. Under "Deleted blogs," click the blog you want to restore.
  3. Click Undelete.



How To Download Full Backup Of All Posts Of Blogger Blog
How_To_Download_Full_Backup_Of_All_Posts_Of_Blogger_Blog.mp4, Size 39.01 MB...

LUCIFERအားဆင့်ခေါ်ခြင်း

LUCIFERအားဆင့်ခေါ်ခြင်း
LUCIFERအားဆင့်ခေါ်ခြင်း

Luciferလို့ဆိုရင် လူတွေက မကောင်းတဲ့ နတ်ဘုရားလို့ သတ်မှတ်ကြပါတယ်။ အချို့က luciferနဲ့ satan မကွဲပြားကြပါဘူး။ ကျွန်တော်ကတော့ black magicတွေ ရဲ့ နတ်ဘုရားလို့ဘဲသတ်မှတ်ပါတယ်။ တစ်ခုပြောချင်တာက black magic နဲ့ necromency ဘယ်ဟာက အောက်လမ်းပညာလဲ ဆိုတာပေါ့။ Black magicဆိုတာ အစကမှော်အတတ်ပါ။ လူတွေကမကောင်းတဲ့နေရာမှာ သုံးလို့ အောက်လမ်းလို့ အမည်တွင်သွားပါ။ black magic ဆိုတာ မှော်တစ်မျိုး ဖြစ်ပြီး အတိုက်ပညာ ဟုလည်းခေါ်ပါတယ်။ အောက်လောကမှာ black magic နဲ့ witchcraft ကခွဲလို့မရပါဘူး။ black magicမှာ စုန်းchantမန္တန်တွေ ပါသလို စုန်းတွေကလည်း black magicကို တိုက်ခိုက်ရေးအတွက် သုံးပါတယ်။ မှော်ဆရာတိုင်းမှာ altarရှိတာ သူတို့ ပညာရဲ့နတ်ရှိပါတယ်။ နတ်ဘုရားတွေရဲ့တန်ခိုးနဲ့ လူကို အပြု အတိုက် အစွဲ အစသဖြင့်ပြုလုပ်ကြပါတယ်။ နတ်ရဲ့ အကူမပါဘဲ ကောရလားဆိုရင် ရပါတယ်။ ကိုယ်က ကဝေ ဖြစ်ရင်ပေါ့။ ကဝေဆိုတာ ကဝိ ဆိုတဲ့စကားကနေဆင်းသက်လာပြီး ပညာရှင်ဟုခေါ်ပါတယ်။ ကိုယ့်အောက်ကနတ်တွေကိုပါ စေခိုင်းနိုင်ပါတယ်။ Succubus ဆိုရင် ကဝေနတ်ပါ။
Witchဆိုတာ အချို့ကနတ်ကိုးကွယ်ကြတယ်။ တချို့ က ဝမ်းထဲမှာ ဂန္ဓဗနတ် ကိန်းအောင်းနေပြီး တတ်လာကြပါတယ်။ မြန်မာစုန်းကို ပြောတာပါ။ အောက်လမ်းဆိုရင်လည်း နတ်အသီးသီးရှိကြပါတယ်။ ယောဆရာတွေ ရေယဉ်ကတော် အမေဂျမ်းနတ် ဇော်ဂနီ ဇော်ဂနက် စတဲ့ စုန်းနတ်များ ၃၇မင်းနတ်တို့ရဲ့ အကူဖြင့် တိုက်ကြတာပါ။ အောက်လမ်းမှာ အတိုက်ပဲရှိပြီး အတိုက်ခံရတဲ့သူဟာ ကြမ်းတမ်းလာပြီး ဆဲရေးတိုင်းထွာ ခြင်းများပြုကြပါတယ်။ ကျွန်တော် အနောက်တိုင်း 666ပညာမှာလည်း Lucifer နဲ့ satan နတ်တွေကို ကိုးကွယ်ကြပါတယ်။ နောက်တစ်ခုက Necronomiconအတတ်က အဆင်မြင့်ပြီး အသေကောင်တွေကို ထိန်းချုပ်နိုင်ပါတယ်။ ဗမာတွေနဲ့ တူပါတယ်။ စုန်းနတ်တွေကိုးကွယ်ကြပါတယ်။ Necromencerတွေက symptomsလို့ခေါ် အင်းကွက်တွေကို သုံးပါတယ် runicမဟုတ်ပါဘူး။ runesတွေ germanကပါ။ Symptomsတွေက Madukနတ်ဘုရားကနေ ဆင်းသက်လာတာပါ။ အဲ့ဒီလို မိမိမှော်အတတ်တွေကို အစွမ်းထက်လာအောင် နတ်ခေါ်နည်းများထဲမှ Summoning Lucifer ကိုဖော်ပြရင်း လေကြောရှည်ခြင်းကို နိဂုံးချုပ်အပ်ပါတယ်ဗျာ။

Summoning Lucifer

ညသန်းခေါင်တွင် မှောင်မည်းသောနေရာသို့သွားပါ။ မီးထွန်းထားသေားဖယောင်တိုင်ကို ကိုင်လျှက် မှန်တစ်ချပ်ဆီသို့ ဖြေးဖြေးမှန်မှန်လျှောက်သွားပါ။ မှန်ထဲက ကိုယ့်မျက်နှာရဲ့ ရောင်ပြန်ဟပ်နေတဲ့ အလင်းကိုကြည့်ရင်း အောက်ပါမန္တန်ကို ရွတ်ပါ။

''Lucifer, Ouyar, Chameron, Aliseon, Mandousin, Premy, Oriet, Naydru, Esmony, Eparinesoni, Estiot, Dumosson, Danochar, Casmiel, Hayras, Fabelleronthou, Sodirno, Peatham, Venite, Venite, Lucifer. Shemhamforash!"

ထို့သိုရွတ်ပြီးလျှင် သင့်မျက်နှာတွင် ရောင်ပြန်ဟပ်နေတဲ့ အလင်းပျောက်သွားပြီး မှန်ထဲမှာ မြူတွေထလာပါလိမ့်မည်။ ပရလောကနဲ့ ဆက်သွယ်တိုင်းဖြစ်တတ်ပါတယ်။ သင်တကိုယ်လုံး အေးစိမ့်လာပြီး ကျောချမ်းလာပါလိမ့်မည်။ ထိုနေရာတွင် သင်တစ်ယောက်တည်း မဟုတ်တော့ပေ။

ထိုအရာ မှန်ရှိရာသို့ သင့် ဦးခေါင်းကိုညွှတ်ပြီး luciferအား ရိုသေစွာစကားပြောပါ။ englishလိုပေါ့။ သင်လိုရာလည်းပြောပြီး တစ်ခုခုကို တောင်းဆိုပါ။ ထိုသို့မပြုက သင့်ဝိညည်နှုတ်ပစ်လိမ့်မည်။
https://www.facebook.com/photo.php?fbid=285560452290643&set=pcb.533215023791240&type=3&__tn__=HH-R&eid=ARDIg5bhKAIBjc-4OGD4RmtsmRlbItDBVNjuKO0VV2tZ158W3k9F-dJEWehfW9H3ePG1AT2YBUR0JjLl

Monday, October 22, 2018

လက်ဖဝါးမှာ ဒီလို M ဆိုတဲ့ သင်္ကေတ ပါသူတွေအကြောင်း

လက်ဖဝါးမှာ ဒီလို M ဆိုတဲ့ သင်္ကေတ ပါသူတွေအကြောင်း

လက်ဖ၀ါး နှစ်ဖက်ကို ပူးကြည့်လိုက်ပါ။ အခုလိုမျိုး M ပုံစံလေး ဖြစ်နေရင်တော့ ဒီစာလေးကို ဖက်ကြည့်လိုက်ဦးနော်။ ဒီလို M ပုံစံမျိး ဖြစ်နေတာနဲ့ ပတ်သက်လို့ တခြားဆောင်းပါးတွေ၊ ၀ဘ်ဆိုက်တွေမှာလည်း အများအပြားဖော်ပြကြပါတယ်ဗျာ
နှလုံးလမ်းကြောင်း၊ အသက်လမ်းကြောင်း၊ Fate Line (ကံကြမ္မာ လမ်းကြောင်း)၊ Head Line ( အဓိကလမ်းကြောင်း) တွေကို ကြည့်လိုက်ပါ။ အဲဒီလမ်းကြောင်းတွေကို ဆက်ကြည့်လိုက်လို့ M ပုံစံမျိုး ဖြစ်နေရင်တော့ သင့်မှာ ကံကြမ္မာကောင်းတွေ ရှိတတ်ပါတယ်
အလွန် စည်းကမ်းရှိပြီး တက်ကြွတဲ့သူ တစ်ယောက်ဖြစ်လို့ အသက်မွေးဝမ်းကြောင်းမှာ အောင်မြင်မှု ရသူတစ်ဦးဖြစ်ပါတယ်။ သူတို့တွေဟာ ကိုယ့်ကိုကိုယ် Motivate လုပ်နိုင်သူတွေ ဖြစ်ပါတယ်။ အလုပ်ကို ကြိုးစားလုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး သူတပါး အပေါ်လည်း စာနာတတ်သူ ဖြစ်ပါတယ်
M ဆိုတဲ့ စာလုံးလေးပါတဲ့ သူတွေဟာ သတင်းထောက်၊ စာရေးဆရာ (သို့) ပညာရေးပိုင်းအလုပ်တွေကို ပိုပြီး ရွေးချယ်လုပ်ကိုင် ကြသူတွေ များပါတယ်။ သင်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက်လို အရည်အချင်းရှိတယ်၊ ချမ်းသာ ကြွယ်ဝနိုင်တယ်၊ ကံကောင်းတဲ့သူ ဖြစ်တယ်၊ အလားအလာကောင်းသူတွေ ဖြစ်ပါတယ်။
တခြားသူတွေရဲ့ စိတ်ကို အလိုလို သိနေတတ်တယ်။ အဲဒါကြောင့် သင့်ရှေ့မှာဆို မဟုတ်တာ သိပ်လုပ်လို့မရဘူး။ အရမ်းလည်း ပါးနပ်တဲ့သူတွေ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က လိမ်နေရင်လည်း သိတယ်
သင့်အပေါ် တခြားသူတွေက သစ္စာဖောက်ရင် မရိုးသားရင်လည်း အလိုလို သိနေတတ်တယ်။ အဲဒီလို အာရုံမျိုးက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး ရှိကြတယ်။
My style myanmar

Sunday, October 21, 2018

သင့်ရဲ့လက်သည်းခွံတွေပေါ်မှာ Lunula လို့ခေါ်တဲ့ အဖြူရောင်လခြမ်းပုံလေးတွေရှိမနေဘူးဆိုလျှင်

သင့်ရဲ့လက်သည်းခွံတွေပေါ်မှာ Lunula လို့ခေါ်တဲ့ အဖြူရောင်လခြမ်းပုံလေးတွေရှိမနေဘူးဆိုလျှင်

သင့်ရဲ့လက်သည်းခွံတွေပေါ်မှာ Lunula လို့ခေါ်တဲ့ အဖြူရောင်လခြမ်းပုံလေးတွေရှိမနေဘူးဆိုလျှင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသပါ!

1. လက်မရဲ့လက်သည်းခွံပေါ်မှာ Lunula ရှိမနေဘူးဆိုလျှင်၊ စိတ်ပိုင်းဆိုင်ရာရောဂါအချို့ရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

2. လက်ညှိုးရဲ့ လက်သည်းခွံပေါ်မှာ Lunula ရဲ့ အရွယ်အစားသေးနေလျှင် / လုံးဝမရှိလျှင် အူလမ်းကြောင်းဆိုင်ရာပြသနာတွေကို ညွှန်ပြခြင်းတစ်ခုဖြစ်နိုင်ပါတယ်။

3. လက်ခလယ် လက်သည်းခွံပေါ်က Lunula ရဲ့အရွယ်အစားကျုံ့သွားလျှင်၊ သွေးဖိအားနှင့်ပတ်သတ်တဲ့ ပြသနာတွေ ဖြစ်နိုင်ပါတယ်။

4. လက်သူကြွယ် လက်သည်းခွံပေါ်မှာ Lunula မရှိလျှင် / အရွယ်အစားလျော့နည်းနေလျှင်၊ သိုင်းရွိက်ဂလင်းနဲ့ပတ်သတ်တဲ့ ပြသနာတွေဖြစ်နိုင်ပါတယ်။

5. လက်သန်း လက်သည်းခွံပေါ်မှာ Lunula မရှိလျှင် အူ၊ ပန်ကရိယနဲ့ အသည်းတို့မှာ ပြသနာရှိနိုင်ပြီး၊ အမျိုးသမီးတွေမှာ မျိုးဆက်ပွားစနစ်နဲ့ပတ်သတ်တဲ့ ပြသနာတွေဖြစ်နိုင်ပါတယ်။

http://usethenature.com/if-you-dont-have-a-half-moon-shape-on-your-nails-immediately-visit-a-doctor/
https://www.facebook.com/photo.php?fbid=1896317883730549&set=a.1896317400397264&type=3&theater
https://brightside.me/inspiration-health/13-health-problems-the-moons-on-your-nails-warn-you-about-335810/
https://www.yourchineseastrology.com/palmistry/fingernail/lunula.htm

Single_Mom ဆိုသည်မှာ ......

Single_Mom ဆိုသည်မှာ ......
#Single_Mom ဆိုသည်မှာ ......

Single Mother ဆိုတဲ့ နာမည်/အသုံးအနှုန်းကို တချို့က လင်ကောင်မပေါ်ပဲ ကလေးမွေးထားတဲ့ အမျိုးသမီးတွေ/မိန်းကလေးတွေကိုခေါ်တာလို့ပဲ အသိလွဲမှားစွာ ထင်မြင်နေကြတာ တွေ့ရတယ်။

တကယ်တော့ ဆင်ဂယ်မားသားဆိုတာ သူတို့ကိုချည်းပဲ ခေါ်တာ မဟုတ်ပါဘူးနော်!

ဆင်ဂယ်မားသားဆိုတာ မိမိအလိုမတူပဲ သားမယားအဖြစ် မတရားအဓ္ဓမကျင့်ခံရလို့ ရလာတဲ့ကလေးဖြစ်စေ၊ ၂ဦးလုံးဆန္ဒကြောင့်ရလာတဲ့ ကလေးဖြစ်စေ၊ အဲဒီ ကျန်နေခဲ့တဲ့ကလေး(တွေ)ကို ကိုယ်တစ်ယောက်တည်းအားနဲ့ လူလားမြောက်အောင် ရှာဖွေကျွေးမွေးစောင့်ရှောက်နေကြတဲ့ မိန်းကလေးကြီး/ငယ်တွေ၊ တစ်ကိုယ်တည်းမိခင်တွေ အားလုံးကို ဆင်ဂယ်မားသားလို့ ခေါ်ပါတယ်...
အဲ့ဒီမှာ မုဆိုးမ သို့မဟုတ် တစ်ခုလပ် အိမ်ထောင်ကွဲ အမျိုးသမီး ကြီး/ငယ်တွေပါ အကုန် ပါပါတယ်...

တကယ်တော့ ဆင်ဂယ်မားသားတွေဟာ အလွန်လေးစားထိုက်တဲ့သူတွေ၊ လူပီသပြီး မိခင်စိတ်လည်း အပြည့်အဝရှိတဲ့သူတွေမို့ ကျမကတော့ သူတို့ကို ချစ်ခင်လေးစားပါတယ်။

ဒီခေတ်မှာ ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုပျိုးထောင်ရတာ အတော်မလွယ်မှန်း လူတိုင်းသိကြမှာပါ။
စုံတွဲအိမ်ထောင်ရှင်တွေတောင် ကြိုးစားရုန်းကန်နေရတဲ့ ဒီလို မလွယ်တဲ့အလုပ်ကို ကိုယ်တစ်ယောက်တည်းကပဲ ငွေလည်းရှာ၊ ကလေးအတွက်လည်း အချိန်ပေး ကြည့်ရှုစောင့်ရှောက်ရင်း ရုန်းကန်နေတဲ့ မိန်းမသားတွေရဲ့ ဘဝဟာ ဘယ်လောက် ခက်ခဲကြမ်းတမ်းမယ်၊ လောကဒါဏ်ပေါင်းစုံကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ သတ္တိနဲ့စိတ်ဓါတ်ခွန်အား ပြည့်ဝမှရမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

ကလေးတွေကို ကိုယ်တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးနေတာ တော်ရုံတာဝန်ယူရဲတဲ့စိတ်နဲ့ သတ္တိတော့ မဟုတ်ပါဘူး။
ဒါကြောင့် ဆင်ဂယ်မားသားတွေကို ကျမ အမှန်တကယ်ကို လေးစားတာပါ။

ဆင်ဂယ်မားသားတွေဆိုတာ အပေါ်မှာပြောခဲ့သလိုပဲ (ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ မိခင်နဲ့ဖခင်ဆိုတဲ့) လူ၂ယောက်စာ တာဝန်ကို တစ်ယောက်တည်းထမ်းနေကြတဲ့ သူတွေဖြစ်ပြီး၊
တာဝန်ယူတတ်တဲ့စိတ်၊ ခေါင်းခံတတ်တဲ့စိတ် အပြည့်ရှိသူတွေ၊ လူပီသပြီး မေတ္တာစိတ်ပြည့်ဝသူတွေ လေးစားထိုက်သူတွေပါ။

ကျမတို့ ပတ်ဝန်းကျင်ဟာ ဒီလိုလူတွေကိုကျ အထင်သေးတဲ့အကြည့်တွေ၊ နှိမ်ချင်တဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။ အပြစ်ပြောချင် မေးငေါ့ချင်ကြတယ်။

သူတို့ဘေးမှာ သူတို့ကိုပိုင်တဲ့ ယောက်ျားသနာတစ်ယောက် အတွဲလိုက်ရှိမနေတာနဲ့ပဲ သူတို့ဟာ ပိုင်ရှင်မဲ့ စွန့်ပစ်ခံပစ္စည်း တစ်ခုလို တန်ဖိုးကျသွားရပြီး လူအထင်သေးစရာပဲ ဖြစ်သွားတော့သလို ကြည့်ကြ၊ မြင်ကြ ဆက်ဆံကြတယ်။

မိခင်တစ်ယောက်၊ (လူ)အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဘေးမှာယောက်ျားတစ်ယောက်ရှိမှ ဖြစ်တည်လာရတာမျိုးလား???
အမျိုးသမီးတွေရဲ့ တန်ဖိုးဆိုတာ ယောက်ျားတွေဆီကမှ တဆင့် ရ,ရတာမျိုးလားလို့ ကျမ မေးချင်တယ်။

ကျမကိုပိုင်တာဘယ်သူပါ၊ ဘယ်ယောက်ျားပါလို့ ပြစရာရှိမှ ကိုယ့်တန်ဖိုးရှိမယ်/တက်မယ်ဆိုရင် တစ်ယောက်တည်းရပ်တည်နေတဲ့ အမျိုးသမီးတွေ၊ မိခင်တွေမှာ (လူသားတစ်ယောက်အနေနဲ့) သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးဆိုတာ မရှိတော့ဘူးတဲ့လား ???

သူတို့ဘဝမှာ ပြစရာ ယောက်ျားမရှိတာနဲ့ပဲ သူတို့ဘဝ သူတို့ရပ်တည်မှုဟာ အရမ်း ရှက်စရာကောင်းသွားတယ်၊ နိမ့်ကျသွားတယ်လို့ ထင်မြင်နေကြသေးတယ်ဆိုရင်တော့ မိမိတို့တွေရဲ့အမြင်တွေ၊ ခံယူချက်တွေကို ပြန်သုံးသပ်ကြည့်ကြဖို့ အချိန်ရောက်နေပါပြီ။

တံခွန်မရှိတဲ့ ဘုရား
လင်မရှိတဲ့ မယား
Blah blah blah
တော်ကြပါတော့နော်!

အဲ့တာ လွန်လေခဲ့ပြီးသော ရာစုနှစ်ပေါင်းများစွာတုန်းက တစ်ရွာနဲ့တစ်ရွာကို နွားလှည်းနဲ့ သွားခဲ့ကြရတဲ့ ခေတ်အခြေအနေ၊ မိန်းကလေးဆိုတာ ကြီးလာရင် လင်ယူသားမွေး ချက်ပြုတ်ကျွေး ဆိုတာထက် မပိုခဲ့တဲ့ ခေတ်တုန်းက အမြင်တွေ အယူအဆတွေပါ။

သူ့ခေတ်နဲ့သူ မှန်ခဲ့ပေမယ့် အဲ့ဒီခေတ်က မြင်တောင် မမြင်ဖူးခဲ့ကြတဲ့ လေယာဉ်ပျံဆိုတာကြီးကို ဒီနေ့ခေတ်မှာ အမျိုးသမီးတွေမောင်းနှင်နေကြတာ ဖန်တစ်ရာတောင်တေနေပါပြီ။

မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ ဘေးမှာ လင်ယောက်ျားရှိမှ တင့်တယ်တယ် ယောက်ျားမရှိပဲ တစ်ယောက်တည်းရုန်းကန်ရပ်တည်နေတဲ့ အမျိုးသမီးတွေဟာ မတင့်တယ်ဘူး လူမရိုသေစရာဖြစ်တယ်ဆိုတဲ့ အမြင်တွေ၊ အတွေးတွေကို ဒီနေ့ခေတ်အချိန်ထိ လက်ခံကျင့်သုံးနေကြသေးတယ်ဆိုရင် ကျမတို့ရဲ့ စိတ်တွေ၊ အမြင်တွေ၊ ခံယူချက်တွေဟာ အရမ်းကို သေးသိမ်ကျဉ်းမြောင်းနေကြပြီ မဟုတ်လား???

ခုတော့ ဆင်ဂယ်မားသားတွေကို အထင်တသေးကြည့်ကြ မြင်ကြ ဆက်ဆံကြရုံနဲ့တင် အားမရကြသေးလို့
ဖခင်မရှိပဲ ကြီးပြင်းလာရတဲ့ သူတို့ရဲ့ သနားစရာ ကလေးတွေကိုပါတစ်ခါ ထပ်နှိမ်ကြ အထင်သေးသလို ခွဲခြား ဆက်ဆံကြပြန်တယ်။
အဲ့တော့ ဘာအပြစ်မှ မရှိတဲ့ကလေးတွေမှာ မြွေပူရာ ကင်းမှောင့် နောက်ထပ်တစ်ခါ ပိုနာကျင်ကြရတယ်။

ဆင်ဂယ်မားသားတွေရဲ့ ရုန်းကန်နေရတဲ့အခက်အခဲနဲ့ ဘဝကို မစာနာ မဖေးမတဲ့အပြင် တစ်ဆင့်နှိမ့်ချင်သလိုမြင်နေ ဆက်ဆံနေကြသရွေ့ (ကိုယ့်တာဝန်ကိုယ်မယူရဲတဲ့ ယောက်ျားတွေကြောင့် လင်ကောင်မပေါ်လို့) လမ်းဘေးအမှိုက်ပုံမှာ စွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးငယ်တွေကို တွေ့ခါမှ စွန့်ပစ်သူမိန်းကလေးကိုချည်း တစ်ဘက်သတ် အပြစ်ဝိုင်း မတင်ကြပါနဲ့။

သူတို့ကို ဒီလိုဖြစ်အောင်လုပ်နေကြ၊ တွန်းပို့နေကြတာ ကျမတို့(ပတ်ဝန်းကျင်)ကိုယ်တိုင်ပါပဲဆိုတာ သိကြပါ။

ကလေးကို စွန့်ပစ်ကြတဲ့ အမှုတွေထဲမှာ မကျွေးနိုင်လို့ စွန့်ပစ်ကြတာထက် ကိုယ့်ဘဝမှာ ပြစရာယောက်ျားမရှိ ရိုင်းရိုင်းပြောရရင် လင်ကောင်မပေါ်တာမို့ ရှင်တို့ ကျမတို့(ပတ်ဝန်းကျင်) ရဲ့ ပါးစပ်တွေ အကြည့်တွေကိုကြောက်လို့ ကလေးနဲ့ သားအမိ၂ယောက်တည်း မရပ်တည်ရဲလို့ စွန့်ပစ်တာတွေက ပိုများပါတယ်။

အဲ့တာကြောင့် ဒီလိုပြဿနာတွရဲ့ အဓိကတရားခံက (သူတို့ရဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့) ကျမတို့တွေကိုယ်တိုင်ပါပဲ။

ကျမတို့တွေ အနေနဲ့ ဆင်ဂယ်မားသားတွေကို တဆင့်နှိမ့်သလို မကြည့်ကြ မဆက်ဆံ မထိုးနှက်ကြပဲ သူတို့အပေါ် သာမာန်လူတွေလိုပဲ ဆက်ဆံတတ်လာကြ, တွေးခေါ် ပြုမူလာတတ်ကြရင် ဒီလို မွေးပြီးစွန့်ပစ်တဲ့ ကလေးတွေအရေအတွက်ဟာလည်း နည်းသထက်နည်းလာမှာပါ။

လူတစ်ယောက်အပေါ် အထင်သေးခြင်း ကြီးခြင်းဆိုတာ သူများတကာရဲ့ ပါဆင်နယ်ကိုယ်ရေးကိုယ်တာဘဝဖြစ်တဲ့ သူတို့ရဲ့ အချစ်ရေး/အိမ်ထောင်ရေး မြဲရေး မမြဲရေး အပေါ် ကြည့်ပြီး မဆုံးဖြတ်သင့်ပါဘူး။

အဲ့ဒီပုဂ္ဂိုလ်ရဲ့ ခံယူချက်၊ သူ့ရဲ့ စိတ်နေစိတ်ထား၊ ခေါင်းခံတတ်မှု၊ လူပီသပြီး သနားကြင်နာတဲ့စိတ်၊ တာဝန်သိတတ်မှု၊ တာဝန်ယူရဲမှု အစရှိတဲ့ အရည်အချင်းတွေနဲ့ သူ့မှာပြည့်စုံနေရင် ကျမတို့အနေနဲ့ အဲ့ဒီလူတစ်ယောက်ကို အထင်ကြီး လေးစားပေးဖို့၊ ရည်ရည်မွန်မွန်ဆက်ဆံပေးဖို့ လုံလောက်နေပါပြီ။

လူတိုင်းမလုပ်နိုင်တဲ့အလုပ်ကို လုပ်၊
လူတိုင်း မယူရဲတဲ့ တာဝန်ကြီးတစ်ခုကို ပုခုံးပေါ်တင်၊
အထင်သေးအမြင်သေးနဲ့ ကြည့်တတ်တဲ့ (မြန်မာပြည်)ပတ်ဝန်းကျင်ရဲ့ အကြည့်တွေ၊ အပြောတွေကို ရင်ဆိုင်အံတုရင်း ဘဝကို ကိုယ့်ကလေးတွေအတွက် လူပီသစွာ ရဲရဲရင့်ရင့်ရပ်တည်နေကြတဲ့ မြန်မာပြည်က ဆင်ဂယ်မိခင်တွေအားလုံးကို ဒီပို့စ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်❤️❤️❤️။

Credit to : May Zin Hlaing
https://www.facebook.com/photo.php?fbid=2219488488080152&set=a.1896317400397264&type=3&theater

ကိုယ်သောက်နေကျ ဆေးတွေနာမည်ကို ဂရုစိုက်ဖတ်ဖူးပါသလား?

ကိုယ်သောက်နေကျ ဆေးတွေနာမည်ကို ဂရုစိုက်ဖတ်ဖူးပါသလား?

တချို့ဆေးတွေရဲ့နာမည်အဆုံးမှာ MR , SR , CD , CR , Retard , XL စသဖြင့် ရှိတာကိုသတိထားမိပါသလား?

လူအများစု ဆေးတွေကို ခြမ်းပြီး ချိုးပြီး သောက်တာမျိုးရှိဖူးမှာပါ။

နောက်ပြီးတော့ ဆေးဆိုင်မှာ ဝယ်တဲ့အခါမှာလဲ
ကိုယ်သောက်နေကျ ပမာဏ mg ပစ္စည်းကုန်နေတာမျိုးကြုံရင်
ဥပမာ ကိုယ်က ၁၀၀မီလီဂရမ်သောက်နေကျ ပေမယ့်
ဆေးကမရှိတဲ့အတွက်
၅၀မီလီဂရမ်၂လုံးသောက်လိုက်တာမျိုး
၂၀၀မီလီဂရမ်ကို တဝက်ခြမ်းသောက်လိုက်တာမျိုး
ဆေးဆိုင်တွေကလဲ ၁၀၀မီလီဂရမ် ပစ္စည်းပြတ်လို့ ၅၀မီလီဂရမ်၂လုံးသောက်လိုက်ပါ ဆိုတာမျိုး လုပ်ဖူးကြမှာပါ။

အဲ့ဒီအခါမှာ ယေဘုယျအားဖြင့်တော့ မှန်ကောင်းမှန်နိုင်ပေမယ့်
အပေါ်မှာ ဆိုခဲ့တဲ့ MR , SR , CD , CR , Retard , XL စသည်တို့နဲ့ အဆုံးသတ်ထားတဲ့ ဆေးနာမည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။

ဒီလိုအတိုကောက် MR , SR တွေကိုဆေးနာမည်မှာ ဘာလို့ထည့်ထားရတာလဲဆိုတော့
တချို့ဆေးတွေမှာ သောက်သောက်ပြီးချင်း အာနိသင်ပြပြီး
ချက်ချင်း အာနိသင် ကုန်မသွားအောင်
ဆေးရဲ့အာနိသင် တနေကုန်ရနေအောင် ဖေါ်စပ် ဖန်တီးထားပါတယ်။ သွေးကျဆေး ဆီးချိုဆေးစတာတွေမှာပေါ့။

MR SR စတာတွေရဲ့ အရှည်ကောက်ကတော့
Modified release, Slow release, substained release ပါတဲ့ ။
ဆိုလိုတာကတော့ ဆေးကို ချက်ချင်း အာနိသင်အကုန်မပြပဲ
တနေကုန် ဖြည်းဖြည်းချင်း ထွက်နေအောင် လုပ်ထားတာပါ။

တနေကုန်အာနိသင်ပြနေတာအောင်
ဒါမှမဟုတ် တရက်၂ကြိမ် ၃ကြိမ်သောက်နေစရာမလိုပဲ
တကြိမ်ထဲနဲ့အဆင်ပြေအောင် ဆေးကိုစတင်ထုတ်လုပ်ကတည်းက တချို့ဆေးတွေကို ဓာတုဗေဒပစ္စည်းပေါင်းထည့်ထားတာမျိုး coat လုပ်ထားပြီး အလွှာအုပ်ထားတာမျိုး ဖန်တီးထားလေ့ရှိပါတယ်တဲ့။

ဆေးကိုချိုးပြီးသောက်လိုက်တာမျိုး ၁၀၀အား မရှိလို့ ၅၀ အား၂လုံး သောက်လိုက်တာမျိုးမှာ
ဖြေးဖြေးစိမ့်ထွက်လာရမယ့် အာနိသင်တွေဟာ
အချိုးအစားမှန်မှန်ကန်ကန်မရပဲ ကမောက်ကမဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့ မိမိသောက်နေကျဆေးတွေရဲ့အနောက်မှာ MR , SR , OD , Retard , XL စသဖြင့်ပါ မပါ ကြည့်ပီး
ပါနေခဲ့ရင် ခါတိုင်းသောက်နေကျ ပုံစံအတိုင်းသာ သောက်ပြီး
တဝက်ခြမ်းသောက်တာမျိုး ၂လုံးသောက်တာမျိုး မလုပ်ပဲနဲ့
ကိုယ်သောက်တဲ့ အား ပမာဏ အတိကျကိုသာ ရှာဝယ်သောက်သင့် ကြောင်းအကြံပြုလိုပါတယ်။

Credit to : Great Heart Myanmar Page
https://www.facebook.com/photo.php?fbid=1947504418611895&set=a.1896317400397264&type=3&theater

300 250