အချိန်တိုအတွင်း တင်းရင်းလှပတဲ့ရင်သားတွေကို ပိုင်ဆိုင်စေမယ့်ယောဂလေ့ကျင့်ခန်း(၇)မျိုး
Sponsored
လူတိုင်းက ခန္ဓာကိုယ်ကျန်းမာပြီး အချိုးအဆစ် မှန်ကန်လှပချင်ကြပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို အချိန်ပေးပြီး မလုပ်နိုင်တာရယ်၊ အကြောင်းအမျိုးမျိုးကြောင့် အပင်ပန်း မခံနိုင်တာတွေက ခန္ဓာကိုယ်ကျန်းမာလှပဖို့ ၊ကိုယ်လိုချင်တဲ့ ပုံစံမျိုးရဖို့အတွက် အဟန့်အတားဖြစ်နေပါတယ်။ အဲ့ဒီလိုအခက်အခဲတွေရှိကြတဲ့ပျိုမေတို့အတွက် ကျစ်လျစ်လှပတဲ့ရင်သားတွေကို ပိုင်ဆိုင်နိုင်ပြီး ကျန်းမာကြံ့ခိုင်စေဖို့ လွယ်လည်းလွယ် အကျိုးသက်ရောက်မှုလည်း ကောင်းတဲ့ ယောဂကျင့်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Warrior Pose
ခြေထောက်တွေကို ချဲနိုင်သလောက်ချဲပြီးမတ်မတ်ရပ်ပါ။
Sponsored
ဘယ်ခြေထောက်ကို ၉၀ ဒီဂရီကွေးလိုက်ပြီး ညာခြေထောက်ကိုအလိုက်သင့် နိမ့်လိုက်ပါ။ အဲ့ဒီအချိန်မှာ အသက်ရှူထုတ်ရမှာပါ။
လက်မောင်းတွေကို ပခုံးနဲ့တတန်းတည်းမြှောက်လိုက်ပြီး ဦးခေါင်းက ဘယ်ဘက်လက် လက်ကောက်ဝတ်ကိုလှမ်းကြည့်ပါ။
ညာဘက်ကိုလည်း အဲ့ဒီနည်းအတိုင်းလုပ်ပေးပြီ ဘယ်ညာတစ်လှည့်စီ ၁၀ ကြိမ်လုပ်ပေးပါ။
(၂) Triangle Pose
ခြေထောက်နှစ်ဖက်ကို ချဲနိုင်သလောက်ချဲပြီးရပ်ပါ။
ခန္ဓာကိုယ်ကို ဘယ်ဘက်ကိုကိုင်းလိုက်ပြီး လက်ဖျားလေးတွေနဲ့ခြေကျင်းဝတ်ကိုထိအောင်ကြိုးစားပါ။
အဲ့ဒီအချိန်မှာ ညာဘက်လက်တွေကိုအပေါ်ကိုမြှောက်လိုက်ပြီး ဦးခေါင်းကိုအပေါ်ဘက်လှည့်ထားပေးပါ။
ဘယ်ညာတလှည့်စီ ၁၀ ကြိမ်လုပ်ပေးပါ။
(၃) Cobra Pose
ဝမ်းဗိုက်ကိုကြမ်းပြင်နဲ့ထိပြီး မှောက်ရက်အနေအထားနေပါ။
ခန္ဓာကိုယ်အပေါ်ပိုင်းကိုမ တင်လိုက်ပြီး ခေါင်းကိုမော့ကာအသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။
ပြီးရင် အသက်ကိုဖြည်းဖြည်းချင်းပြန်ရှူထုတ်ပြီး နဂိုအနေအထားအတိုင်းပြန်နေပါ။
အဲ့ဒါကို (၁၀) ကြိမ်လုပ်ပေးပါ။
(၄) Bow Pose
မှောက်ရက်အနေအထားကနေ ခြေထောက်တွေကို အနောက်ဘက်ကိုကွေးပြီး ခြေကျင်းဝတ်တွေကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ပါ။
အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်ပြီး ခြေထောက်နှစ်ဖက်ကို ဦးခေါင်းဘက်နီးနိုင်သလောက်နီးအောင်ဆွဲတင်ပါ။
အဲ့ဒီလိုလုပ်တဲ့အခါ ၀မ်းဗိုက်နေရာကပဲ ကြမ်းပြင်နဲ့ထိနေရမှာဖြစ်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်းရော၊ အောက်ပိုင်းရောကကြမ်းပြင်နဲ့လွတ်နေရပါမယ်။
အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ လောက်နေပေးပြီး ၁၀ကြိမ် လုပ်ပေးပါ။
(၅) Wheel Pose
ပက်လက်အနေအထားမှာနေပြီး ခြေထောက်နှစ်ဖက်ကို ပခုံးအကွာအဝေးလောက်ချဲထားပါ။
လက်နှစ်ဘက်ကိုဦးခေါင်းအပေါ်ဘက်မှာထားပြီး ခန္ဓာကိုယ်ကို ပုံမှာပြထားတဲ့အတိုင်းကွေးလိုက်ပါ။
ခြေဖျားထောက်ထားပြီး ရင်ဘတ်နဲ့တင်ပါးဆုံကိုမြှောက်နိုင်သလောက်မြှောက်ပါ။
အဲ့ဒီအနေအထားအတိုင်း စက္ကန့် ၃၀ လောက်နေပေးပါ။ ၇ ကြိမ်လုပ်ပေးပါ။
(၆) Supported Headstand
ဒီပုံစံလုပ်ဖို့အတွက် အရင်ဦးဆုံး ဒူးထောက်လိုက်ပါ။ ပြီးရင် နဖူးနဲ့ကြမ်းပြင်နဲ့ထိလိုက်ပါ။
လက်နှစ်ဖက်ကို ခွက်ပုံစံဖြစ်အောင်ယှက်လိုက်ပြီး ဦးခေါင်းအနောက်ပိုင်းကို အဲ့ဒီလက်နှစ်ဖက်ထဲထိထားလိုက်ပါ။
အသက်ကိုဖြည်းဖြည်းချင်းရှူထုတ်လိုက်ပြီး ဒူးတွေကိုအပေါ်ဘက်မြှောက်လိုက်ပါ။
အဲ့ဒီအနေအထားအတိုင်း စက္ကန့် ၃၀ ကနေ ၂ မိနစ်အထိနေပေးပါ။
အလွတ်မလုပ်နိုင်သေးရင် တစ်ယောက်ယောက်အကူအညီယူတာမျိုး၊ နံရံနားမှာလုပ်တာမျိုးလုပ်လို့ရပါတယ်။
(၇) Camel Pose
ကြမ်းပြင်မှာ ခြေထောက်နှစ်ဖက်ကိုစေ့ထားပြီး ဒူးထောက်လိုက်ပါ။
ခန္ဓာကိုယ်ကို အနောက်ဘက်ကို ဖြည်းဖြည်းချင်းကွေးပြီး လက်နှစ်ဖက်က ခြေဖ၀ါးကိုထိကိုင်ပေးပါ။ ကျောပြင်ကိုအနောက်ဘက်ကိုကွေးထားတဲ့အချိန်မှာ နံရိုးတွေကိုဖွင့်ထားပြီး ဦးခေါင်းကိုလည်း မတ်နိုင်သမျှမတ်ထားပေးပါ။
ဒီအနေအထားအတိုင်း စက္ကန့် ၃၀ နေပေးပြီး နဂိုပုံစံအတိုင်းပြန်နေပါ။ အဲ့ဒါကို ၁၀ ကြိမ်လုပ်ပေးပါ။